iMyanmarHouse.com - Best Property Website for Myanmar
×




Credit:auntymay


#unicdoe version
ခြေဖဝါးတွေဟာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့အလေးချိန်ကိုတော့ သယ်ပိုး ထားရ တာကြောင့် ပင်ပမ်းလွယ် ပျက်စီးလွယ်တတ်ပါတယ်။ခြေဖဝါးတွေခြောက်သွေ့ အက်ကွဲလာတဲ့အခါမျိုးတွေမှာဆိုရင်တော့ အလှအပအ တွက်သာမက တခါ တလေမှာ အရမ်းခြောက်သွေ့ အက်ကွဲလွန်းရင် နာကျင်မှု ကိုပါ ခံစားရတတ်ပါ တယ်။အေးမြတဲ့ဆောင်း ရာ သီတွေမှာ အဖြစ်များတတ် တဲ့ ခြေဖနောင့်ကွဲ တာတွေ ငွေ မကုန်ပဲ နေအိမ် က မီးဖိုချောင်တွေမှာ အသင့်ရနိုင်တဲ့ သဘာဝ ပစ္စည်းလေးတွေ အသုံးပြုပြီး ကုသနို င်ပါတယ်။

အသားမာတတ် အက်ကွဲနေတဲ့ ခြေဖနောင့်ကို ကုစားပေးဖို့အတွက် နို့(နွားနို့) လိုအပ်ပါတယ်။နွားနို့နွေးနွေးလေးနှစ်ခွက်(သို့)တတ်နိုင်ရင်လေးခွက်လောက်ကို ယူပြီး ခြေထောက်စိမ်မယ့် ဇလုံတစ်ခုခုထဲကို ထည့်ပါ။ပြီးရင်တော့မုန့်ဖုတ်ဆိုဒါကိုရောထည့်ပါ။

ပြီးရင်တော့ ခြေထောက်ကို နို့ရေထဲမှာ မိနစ်အနည်းငယ်ကြာအောင် စိမ်ပါ။ စိမ်ပြီးရင်တော့ ခြေထောက်ကိုရေနွေးနွေးလေးနဲ့ဆေးချပေးပါ။တဘက်နဲ့ရေစင်အောင် သုတ်ပြီး အလှဆီ(moisturizer)တစ်ခုခုကို လိမ်းပေးပါ။ဒီနည်းကို တစ်ပတ်မှာ တစ်ကြိမ်၊နှစ်ကြိမ်လောက် ပုံမှန်ပြုလုပ်ပေးခြင်း အားဖြင့် ခြေဖနောင့်ကွဲတာတွေကို သက်သာပျောက်ကင်းစေမှာဖြစ်ပါတယ်။ခြေထောက် ကိုချေးချွတ်ချင်သူတွေအနေနဲ့လည်း ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။


Credit:auntymay


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top