iMyanmarHouse.com - Best Property Website for Myanmar
×

လူတိုင္းဘ၀မွာ ခက္ခဲ့တဲ့အခ်ိန္ဆိုတာ ပိုင္ဆိုင္ဖူးသူခ်ည္းပါ။ ဒီလိုအခ်ိန္မ်ိဳးေတြမွာ ကိုယ့္ဘ၀အတြက္ ႀကီးမားတဲ့ ဆံုးျဖတ္ခ်က္တစ္ခုကို ခ်မွတ္ရေတာ့မယ္ဆိုရင္ ေဘးနားက လူေတြရဲ႕ အႀကံဥာဏ္ကို ယူတာထက္ ကိုယ္တိုင္ဆံုးျဖတ္တာ ပိုသင့္ေတာ္ပါတယ္။ အနည္းဆံုး ကိုယ့္ဆံုးျဖတ္ခ်က္ေၾကာင့္ ေအာင္ျမင္ရင္လည္းကိုယ္၊ က်ရႈံးရင္လည္းကိုယ္မုိ႔ ခံသာတယ္လုိ႔ ေျပာရမွာပါ။ ဒါေပမယ့္ အလြယ္တကူ ျဖစ္ခ်င္ရာျဖစ္ဆိုၿပီး နံၾကားေထာက္ဆံုးျဖတ္ေရြးခ်ယ္တာမ်ိဳးေတြေတာ့ မလုပ္သင့္ဘူးေပါ့။ ဒီေတာ့ ဘ၀အတြက္ ခက္ခဲတဲ့ ဆံုးျဖတ္ခ်က္ခ်ေတာ့မယ္ဆုိရင္ သင့္အေနနဲ႔ ကိုယ့္ကိုယ္ကို ျပန္ေမးသင့္တဲ့ ေမးခြန္း(၄)ခုရွိပါတယ္။ အဲ့ဒါေတြကေတာ့

၁။ ကိုယ္ခ်စ္ရတဲ့သူဆိုရင္ ကိုယ့္အေနနဲ႔ ဘယ္လိုအႀကံမ်ိဳး ေပးလိမ့္မလဲ။

ပထမဆံုးကိုယ့္ကိုယ္ကိုယ္ ေမးရမယ့္ ေမးခြန္းပဲ ျဖစ္ပါတယ္။ လူေတြဟာ ကိုယ္တကယ္ခ်စ္ရတဲ့သူေတြကို အႀကံဥာဏ္ေပးတဲ့အခါ ကိုယ္ျဖစ္ေနသလို ခံစားၿပီး ေပးေလ့ရွိပါတယ္။ ခုလို အေရးႀကီးတဲ့အခ်ိန္မ်ိဳးမွာ ကိုယ္တကယ္ခ်စ္ရတဲ့ ခ်စ္သူ၊ ဒါမွမဟုတ္ မိဘ၊ စသျဖင့္ သူတို႔ေတြသာ ဒီလိုအေျခအေနဆုိရင္ ငါ ဘယ္လိုအႀကံမ်ိဳးေပးမလဲဆိုတာ စဥ္းစားပါ။

၂။ကုိယ့္သားသမီးေတြဆုိရင္ သူတုိ႔ကို ဘယ္လုိျဖစ္ေစခ်င္သလဲ။

ကိုယ့္ဆီမွာ သားသမီး ရွိမယ္ဆုိရင္ေတာ့ ဒီလိုတစ္ခ်က္ စဥ္းစားၾကည့္ႏိုင္ပါတယ္။ ကိုယ့္သားသမီးဆိုရင္ မိဘတိုင္းက အေကာင္းဆံုးေတြသာ ျဖစ္ေစခ်င္တတ္ၾကတယ္မလား။ ဒီေတာ့ ငါ့သားသမီးသာ ခုလိုဆုိရင္ ငါဘယ္လို ျဖစ္ေစခ်င္မလဲ ဆိုတာ စဥ္းစားပါ။

၃။ဇာတ္လမ္းတစ္ခုမွာ ကိုယ္ကသာ အဓိကဇာတ္ေဆာင္ဆုိရင္ ၊ ကုိယ့္အေနနဲ႔ ဘာလုပ္လိမ့္မလဲ။ သူရဲေကာင္းစိတ္ဓာတ္အျပည့္နဲ႔ေပါ့။

ရုပ္ရွင္၊ ဇာတ္လမ္း စတာေတြမွာ ကိုယ္က အဓိကဇာတ္ေဆာင္အျဖစ္ ပါ၀င္ေနၿပီး ဒီလိုအျဖစ္မ်ိဳးႀကံဳလာရၿပီဆုိရင္ ကိုယ့္အေနနဲ႔ ဘယ္လိုဆံုးျဖတ္ခ်က္ခ်လိမ့္မလဲဆိုတာလည္း ကိုယ့္ကိုယ္ကိုယ္ ေမးပါ။ ဒီလိုအခ်ိန္မွာ ထည့္ေတြးရမွာက ကိုယ္က အေရးႀကီးတဲ့ အဓိက ဇာတ္ေကာင္အေနနဲ႔ျဖစ္ၿပီး သူရဲေကာင္းဆန္ဆန္ေနရာက ေနပါ။

၄။ကိုယ့္ဘ၀အတြက္ အခ်စ္၊ ေအာင္ျမင္မႈ စတာေတြမွာ ဘယ္အရာက ပိုအေရးပါသလဲ။

ဒီအခ်က္ကလည္း အေရးပါပါတယ္။ သင္ဟာ အခ်စ္၊ မိသားစု၊ စတာေတြအတြက္သာ အသက္ရွင္လာသူဆုိရင္ေတာ့ ေရြးခ်ယ္မႈ၊ ဆံုးျဖတ္ခ်က္ဟာ တစ္မ်ိဳးျဖစ္သြားႏိုင္ပါတယ္။ အျခား ေအာင္ျမင္မႈ၊ ေငြေၾကးစတာေတြကေရာ သင့္အတြက္ ဘယ္ေလာက္အေရးပါပါသလဲ။ ေတြးပါ။ ပိုအေရးပါတဲ့အရာကို ဦးစားေပးလိုက္ပါ။

Credit:trend myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

လူတိုင်းဘဝမှာ ခက်ခဲ့တဲ့အချိန်ဆိုတာ ပိုင်ဆိုင်ဖူးသူချည်းပါ။ ဒီလိုအချိန်မျိုးတွေမှာ ကိုယ့်ဘဝအတွက် ကြီးမားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ရတော့မယ်ဆိုရင် ဘေးနားက လူတွေရဲ့ အကြံဉာဏ်ကို ယူတာထက် ကိုယ်တိုင်ဆုံးဖြတ်တာ ပိုသင့်တော်ပါတယ်။ အနည်းဆုံး ကိုယ့်ဆုံးဖြတ်ချက်ကြောင့် အောင်မြင်ရင်လည်းကိုယ်၊ ကျရှုံးရင်လည်းကိုယ်မို့ ခံသာတယ်လို့ ပြောရမှာပါ။ ဒါပေမယ့် အလွယ်တကူ ဖြစ်ချင်ရာဖြစ်ဆိုပြီး နံကြားထောက်ဆုံးဖြတ်ရွေးချယ်တာမျိုးတွေတော့ မလုပ်သင့်ဘူးပေါ့။ ဒီတော့ ဘဝအတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင် သင့်အနေနဲ့ ကိုယ့်ကိုယ်ကို ပြန်မေးသင့်တဲ့ မေးခွန်း(၄)ခုရှိပါတယ်။ အဲ့ဒါတွေကတော့

၁။ ကိုယ်ချစ်ရတဲ့သူဆိုရင် ကိုယ့်အနေနဲ့ ဘယ်လိုအကြံမျိုး ပေးလိမ့်မလဲ။

ပထမဆုံးကိုယ့်ကိုယ်ကိုယ် မေးရမယ့် မေးခွန်းပဲ ဖြစ်ပါတယ်။ လူတွေဟာ ကိုယ်တကယ်ချစ်ရတဲ့သူတွေကို အကြံဉာဏ်ပေးတဲ့အခါ ကိုယ်ဖြစ်နေသလို ခံစားပြီး ပေးလေ့ရှိပါတယ်။ ခုလို အရေးကြီးတဲ့အချိန်မျိုးမှာ ကိုယ်တကယ်ချစ်ရတဲ့ ချစ်သူ၊ ဒါမှမဟုတ် မိဘ၊ စသဖြင့် သူတို့တွေသာ ဒီလိုအခြေအနေဆိုရင် ငါ ဘယ်လိုအကြံမျိုးပေးမလဲဆိုတာ စဉ်းစားပါ။

၂။ကိုယ့်သားသမီးတွေဆိုရင် သူတို့ကို ဘယ်လိုဖြစ်စေချင်သလဲ။

ကိုယ့်ဆီမှာ သားသမီး ရှိမယ်ဆိုရင်တော့ ဒီလိုတစ်ချက် စဉ်းစားကြည့်နိုင်ပါတယ်။ ကိုယ့်သားသမီးဆိုရင် မိဘတိုင်းက အကောင်းဆုံးတွေသာ ဖြစ်စေချင်တတ်ကြတယ်မလား။ ဒီတော့ ငါ့သားသမီးသာ ခုလိုဆိုရင် ငါဘယ်လို ဖြစ်စေချင်မလဲ ဆိုတာ စဉ်းစားပါ။

၃။ဇာတ်လမ်းတစ်ခုမှာ ကိုယ်ကသာ အဓိကဇာတ်ဆောင်ဆိုရင် ၊ ကိုယ့်အနေနဲ့ ဘာလုပ်လိမ့်မလဲ။ သူရဲကောင်းစိတ်ဓာတ်အပြည့်နဲ့ပေါ့။

ရုပ်ရှင်၊ ဇာတ်လမ်း စတာတွေမှာ ကိုယ်က အဓိကဇာတ်ဆောင်အဖြစ် ပါဝင်နေပြီး ဒီလိုအဖြစ်မျိုးကြုံလာရပြီဆိုရင် ကိုယ့်အနေနဲ့ ဘယ်လိုဆုံးဖြတ်ချက်ချလိမ့်မလဲဆိုတာလည်း ကိုယ့်ကိုယ်ကိုယ် မေးပါ။ ဒီလိုအချိန်မှာ ထည့်တွေးရမှာက ကိုယ်က အရေးကြီးတဲ့ အဓိက ဇာတ်ကောင်အနေနဲ့ဖြစ်ပြီး သူရဲကောင်းဆန်ဆန်နေရာက နေပါ။

၄။ကိုယ့်ဘဝအတွက် အချစ်၊ အောင်မြင်မှု စတာတွေမှာ ဘယ်အရာက ပိုအရေးပါသလဲ။

ဒီအချက်ကလည်း အရေးပါပါတယ်။ သင်ဟာ အချစ်၊ မိသားစု၊ စတာတွေအတွက်သာ အသက်ရှင်လာသူဆိုရင်တော့ ရွေးချယ်မှု၊ ဆုံးဖြတ်ချက်ဟာ တစ်မျိုးဖြစ်သွားနိုင်ပါတယ်။ အခြား အောင်မြင်မှု၊ ငွေကြေးစတာတွေကရော သင့်အတွက် ဘယ်လောက်အရေးပါပါသလဲ။ တွေးပါ။ ပိုအရေးပါတဲ့အရာကို ဦးစားပေးလိုက်ပါ။

Credit:trend myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။


မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top