iMyanmarHouse.com - Best Property Website for Myanmar
×




Credit:trend myanmar



#Unicode Version

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ တီဗီရှေ့မှာ အစားစားလေ့ရှိရင် မွေးလာတဲ့ကလေးတွေကို အဝလွန်စေတယ်လို့ သုတေသနသစ်တစ်ရပ်က ဆိုပါတယ်။ အစားစားတုန်း တီဗီကြည့်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ တီဗီရှေ့မှာ အထိုင်များတယ်လို့ သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိပါတယ်။

ကလေးက အစာဝမှန်းမသိ မဝမှန်းမသိ သတိမမူမိဘဲ အစာဆက်ကျွေးနေမိတတ်တာကြောင့် ဒါမျိုးမလုပ်သင့်ပါဘူး။ ကလေးတွေ လိုအပ်တဲ့ အစာပမာဏထက် ကျော်တဲ့အခါ ကလေးတွေက အဝလွန်လာတော့တာပါပဲ။

“ကိုယ်ဝန်ဆောင်တုန်းမှာ မိခင်က ကျန်းမာရေးနဲ့ကိုက်ညီတဲ့ မီဒီယာအလေ့အကျင့်ကို အားပေးလိုက်မယ်ဆိုရင် မွေးကင်းစ ကလေးငယ်ရဲ့ အစာစားချိန်၊ မီဒီယာ ထိတွေ့မှု နဲ့ မီဒီယာကြည့်တဲ့ ရေရှည် အကျင့်တွေကို လျှော့ချပေးနိုင်ပါတယ်။ မိခင်ဖြစ်မယ့်သူက ကိုယ်ဝန်ဆောင်နေတုန်း တီဗွီကြည့်ပြီး အစာစားတဲ့ အကျင့်ကို လျှော့ချပေးခြင်းဟာ မွေးကာစကလေး အဝလွန် တားဆီးရေး အစီအစဉ်တွေအတွက် သိပ်ကို အရေးပါပါတယ်။” သုတေသနစာတမ်းပြု ခေါင်းဆောင် ဒေါက်တာ Mary Jo Messito ကပြောပါတယ်။


Credit:trend myanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top