iMyanmarHouse.com - Best Property Website for Myanmar
×

 
အကယ္ဒမီေပးပြဲျပီးတဲ့ ေနာက္ပိုင္းမွာ အဲ့ဒီပြဲမွာ Limited Edition အိတ္နဲ႕ ဖိနပ္ေၾကာင့္ ပရိသတ္ၾကားေ၀ဖန္မႈေတြ ခံခဲ့ရသူေလးကေတာ့ ေရႊမႈန္ရတီပါ။

ေရႊမႈန္ရတီဟာ အေရွ႕မွာလဲ Swimsuit ၀တ္ျပီးရိုက္တင္ခဲ့တဲ့ ဓာတ္ပံုအခ်ိဳ႕ေၾကာင့္ ေ၀ဖန္မႈ ျပင္းျပင္းထန္ထန္ခံခဲ့ရသလုိ အခုလက္ရွိမွာလဲ အရင္နဲ႕မတူေတာ့ပဲ အကယ္ဒမီေပးပြဲအျပီးေနာက္ပိုင္းမွာ ပိုမိုေခ်လာတယ္ဆုိျပီး ေျပာၾက၊ ေရးလာၾကတာ ေတြ႕ရမွာပါ။


သူမဟာ မၾကာေသးခင္က ခ်စ္သူကိုလဲ live လႊင့္ကာ ပရိသတ္သိေအာင္ ခ်ျပခဲ့တာမုိ႕ သူမရဲ႕ အခ်စ္ေရးကိုလဲ အား လံုးရဲ႕ စိတ္၀င္စားမႈကို ခံေနရျပန္ေရာ။ ဒါေၾကာင့္ သူမရဲ႕ အခ်စ္ေရး၊ ၂၀၁၇ သၾကၤန္ျဖတ္သန္းမႈအေၾကာင္းအျပင္ ေ၀ ဖန္မႈမ်ားျပားခဲ့တဲ့ ကိစၥရပ္မ်ားနဲ႕လက္ရွိ အႏုပညာလႈပ္ရွားမႈအေၾကာင္းကို သြားေရာက္ေမးျမန္းျဖစ္တဲ့အခါ

-အခုရိုက္ေနတဲ့ကားေလးအေၾကာင္းကို အရင္ေျပာျပေပးပါဦး။

ဒီေန႕ရိုက္ေနတဲ့ကားေလးက စိတ္ၾကီး၀င္ေနတဲ့ မိန္းမဆိုတဲ့ ဗီဒီယိုကားေလးပါ။ မင္းသားက ျမတ္သူေက်ာ္ပါ။ ရာဇ၀င္ကုိက ရုိက္ကူးပါတယ္။

-ဘယ္လိုကာရိုက္တာမ်ိဳးေလးလဲ။

ဒီကားထဲမွာ ကာရိုက္တာကေတာ့ ေတာကတက္လာျပီး မင္းသမီးအရမ္းျဖစ္ခ်င္လြန္းလို႕ ကိုယ့္ဟာကိုပိုက္ဆံထုတ္ ရိုက္ျပီး အရမ္းခ်မ္းသာသြားတဲ့ပံုစံမ်ိဳးပါ။

-ဒီႏွစ္သၾကၤန္ကိုေရာ ဘယ္လိုျဖတ္သန္းျဖစ္မလဲ။

အိမ္မွာပဲရွိမွာပါ။

-ခရီးေတြဘာေတြသြားဖို႕ေရာ စီစဥ္ထားတာမ်ိဳးရွိမလား။

မေသခ်ာေသးပါဘူး။

-အရင္ႏွစ္ေတြကေတာ့ ဘယ္လိုျဖတ္သန္းျဖစ္ခဲ့လဲ။

ဒီအတိုင္းပါပဲ။ ပံုမွန္ပဲ။ ညီမကေတာ့ အျပင္ေတြဘာေတြေတာ့ သိပ္မသြားတတ္ဘူး။ အိမ္မွာပဲေနတာမ်ားတယ္။

-သၾကၤန္ျပီးရင္ေရာ ဘာေတြလက္ခံထားတာရွိဦးမလဲ။

ဒီကားက ၁၀ ရက္ေန႕ေလာက္မွျပီးမယ္။ ျပီးရင္သၾကၤန္ေပါ့။ သၾကၤန္ျပီးရင္ေတာ့ ရုပ္ရွင္ကားၾကီးတစ္ကားလက္ခံထားတ ယ္။ ဒါရိုက္တာကေတာ့ ဦးမိုးဦးပါ။ မင္းသားက အန္ကယ္ေလးရယ္၊ကုိၾကံ့ရယ္ပါ။ ကာရိုက္တာကေတာ့ ေတာသူမပါ။

-ဗီဒီယိုေတြနည္းသြားျပီးကားၾကီးေတြ အရိုက္မ်ားတဲ့အေပၚမွာေရာ ဘယ္လိုျမင္မိလဲ။

ဒါကေတာ့ အခုခ်ိန္ထိမတည္ျငိမ္ေသးဘူးေပါ့။ ကားၾကီးဆုိေတာ့လဲ ကားၾကီးေပါ့။ ဗီဒီယိုဆိုေတာ့လဲ ဗီဒီယိုေပါ့။ သူ႕ေခတ္အလိုက္ေပါ့။

-အႏုပညာရွင္တစ္ေယာက္အေနနဲ႕ အကယ္ဒမီနဲ႕ပတ္သက္ျပီးေတာ့ေရာ ဘယ္လုိစိတ္ခံစားခ်က္ရွိလဲ။

တကူးတၾကီးရယ္ေတာ့ ငါအကယ္ဒမီရေအာင္ရိုက္မယ္ဆုိတဲ့ ဇာတ္မ်ိဳးေတာ့မရွိဘူး။ လက္ခံထားတဲ့အ လုပ္အေပၚ မွာေတာ့ တာ၀န္ေက်ေအာင္ေတာ့ အျမဲလုပ္ျဖစ္တယ္။

-ႏွစ္ဆန္းတစ္ရက္ေန႕မွာေရာ ဘာလုပ္ျဖစ္မလဲ။

ကားရိုက္တန္း၀င္ရမွာပါ။ သၾကၤန္တြင္း ၅ ရက္စလံုးေတာ့ အေမတို႕ေတြအလွဴလုပ္ၾကမွာပါ။ ဒါကေတာ့ ႏွစ္စဥ္ႏွစ္တုိင္း လုပ္ေနၾကေပါ့။

-အေရွ႕မွာရံုတင္ျပသခဲ့တဲ့ ငါ့အကယ္ဒမီဇာတ္ကားေအာင္ျမင္မႈအေပၚမွာေရာ ဘယ္လိုခံစားရလဲ။

၀မ္းသာပါတယ္။ ပရိသတ္ၾကိဳက္တယ္ဆိုတဲ့အတြက္ေၾကာင့္မို႕လို႕ ေနာက္ျပီးေတာ့ တိုက္ေတြအတြက္လဲ ဒီကားေလးက ေပါက္တယ္ဆိုေတာ့ ကုိယ္ေတြ၀မ္းသာ ရတာေပါ့။

-ခ်စ္သူကို ပရိသတ္သိေအာင္ live လႊင့္ျပီးျပျဖစ္တာကေရာ ဘယ္လိုေၾကာင့္လဲ။

ဒါကေတာ့ ပါဆင္နယ္က်ေတာ့လဲ ကုိယ္ေတြကအႏုပညာသမားျဖစ္ေပမဲ့ ကုိယ့္ personal နဲ႕ကုိယ္ရွိတာေပါ့။ ကုိယ့္ ပါဆင္နယ္ေပၚမွာကုိယ့္ဟာကိုစိတ္ၾကိဳက္ဆံုးျဖတ္ပိုင္ခြင့္ရွိတယ္ေလ။

-တခ်ိဳ႕မင္းသမီးေတြဆို အခ်စ္ေရးကို လွ်ိဳ႕၀ွက္ၾကတာမ်ားတယ္။ ပရိသတ္ေတြၾကားခ်ျပျဖစ္တာကေရာ ဘယ္လိုေၾကာင့္လဲ။

ဒါကေတာ့ လူတစ္ေယာက္နဲ႕တစ္ေယာက္မတူဘူးေလ။ ေမြးထားတဲ့တစ္မေအထဲမွာရွိတဲ့ ေမာင္ႏွမေတြေတာင္ စိတ္ ခ်င္းတူတာမွမဟုတ္တာ ကုိယ္လဲကုိယ္စိတ္နဲ႕ကုိယ္ပဲေပါ့။

-ခ်စ္သူကိုခ်ျပလိုက္တဲ့အတြက္ ပရိသတ္ေလ်ာ့မွာေတြဘာေတြေရာ မစိုးရိမ္ဘူးလား။

မစိုးရိမ္ပါဘူး။

-အိမ္ကေရာ ေရႊမႈန္အခ်စ္ေရးကို ဖြင့္ဟျပလိုက္တဲ့အေပၚ ၾကိဳက္ၾကလား။

မိဘသေဘာတူလို႕၊ မိဘကလက္ခံထားလို႕ပါ။ မိဘမသိပဲနဲ႕ဘာမွလုပ္ခဲ့တာမရွိပါဘူး။ အကုန္လံုး အေမ့ကိုအ သိေ ပးျပီးမွလုပ္ခဲ့တာေတြၾကီးပါပဲ။

-ခ်စ္သူသက္တမ္းကေရာ ဘယ္ေလာက္ရွိသြားျပီလဲ။

အဲ့ဒါကေတာ့ မေျပာျပႏုိင္ပါဘူး။

-ေခ်တယ္လို႕ေျပာေနၾကတဲ့ ပရိသတ္ေတြရဲ႕ ေ၀ဖန္မႈေတြနဲ႕ပတ္သက္ျပီး ဘယ္လိုခံစားရလဲ။

ဘယ္လိုမွ မခံစားရပါဘူး။ အားေပးသည္ျဖစ္ေစ၊ မအားေပးသည္ျဖစ္ေစ ညီမသည္ ညီမပံုစံအတုိင္း ပဲေနထုိ င္တာျဖစ္ ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend.com.mm

#Unicode Version
အကယ်ဒမီပေးပွဲပြီးတဲ့ နောက်ပိုင်းမှာ အဲ့ဒီပွဲမှာ Limited Edition အိတ်နဲ့ ဖိနပ်ကြောင့် ပရိသတ်ကြားဝေဖန်မှုတွေ ခံခဲ့ရသူလေးကတော့ ရွှေမှုန်ရတီပါ။

ရွှေမှုန်ရတီဟာ အရှေ့မှာလဲ Swimsuit ဝတ်ပြီးရိုက်တင်ခဲ့တဲ့ ဓာတ်ပုံအချို့ကြောင့် ဝေဖန်မှု ပြင်းပြင်းထန်ထန်ခံခဲ့ရသလို အခုလက်ရှိမှာလဲ အရင်နဲ့မတူတော့ပဲ အကယ်ဒမီပေးပွဲအပြီးနောက်ပိုင်းမှာ ပိုမိုချေလာတယ်ဆိုပြီး ပြောကြ၊ ရေးလာကြတာ တွေ့ရမှာပါ။

သူမဟာ မကြာသေးခင်က ချစ်သူကိုလဲ live လွှင့်ကာ ပရိသတ်သိအောင် ချပြခဲ့တာမို့ သူမရဲ့ အချစ်ရေးကိုလဲ အား လုံးရဲ့ စိတ်ဝင်စားမှုကို ခံနေရပြန်ရော။ ဒါကြောင့် သူမရဲ့ အချစ်ရေး၊ ၂၀၁၇ သင်္ကြန်ဖြတ်သန်းမှုအကြောင်းအပြင် ေ၀ ဖန်မှုများပြားခဲ့တဲ့ ကိစ္စရပ်များနဲ့လက်ရှိ အနုပညာလှုပ်ရှားမှုအကြောင်းကို သွားရောက်မေးမြန်းဖြစ်တဲ့အခါ

-အခုရိုက်နေတဲ့ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။

ဒီနေ့ရိုက်နေတဲ့ကားလေးက စိတ်ကြီးဝင်နေတဲ့ မိန်းမဆိုတဲ့ ဗီဒီယိုကားလေးပါ။ မင်းသားက မြတ်သူကျော်ပါ။ ရာဇဝင်ကိုက ရိုက်ကူးပါတယ်။

-ဘယ်လိုကာရိုက်တာမျိုးလေးလဲ။

ဒီကားထဲမှာ ကာရိုက်တာကတော့ တောကတက်လာပြီး မင်းသမီးအရမ်းဖြစ်ချင်လွန်းလို့ ကိုယ့်ဟာကိုပိုက်ဆံထုတ် ရိုက်ပြီး အရမ်းချမ်းသာသွားတဲ့ပုံစံမျိုးပါ။

-ဒီနှစ်သင်္ကြန်ကိုရော ဘယ်လိုဖြတ်သန်းဖြစ်မလဲ။

အိမ်မှာပဲရှိမှာပါ။

-ခရီးတွေဘာတွေသွားဖို့ရော စီစဉ်ထားတာမျိုးရှိမလား။

မသေချာသေးပါဘူး။

-အရင်နှစ်တွေကတော့ ဘယ်လိုဖြတ်သန်းဖြစ်ခဲ့လဲ။

ဒီအတိုင်းပါပဲ။ ပုံမှန်ပဲ။ ညီမကတော့ အပြင်တွေဘာတွေတော့ သိပ်မသွားတတ်ဘူး။ အိမ်မှာပဲနေတာများတယ်။

-သင်္ကြန်ပြီးရင်ရော ဘာတွေလက်ခံထားတာရှိဦးမလဲ။

ဒီကားက ၁၀ ရက်နေ့လောက်မှပြီးမယ်။ ပြီးရင်သင်္ကြန်ပေါ့။ သင်္ကြန်ပြီးရင်တော့ ရုပ်ရှင်ကားကြီးတစ်ကားလက်ခံထားတ ယ်။ ဒါရိုက်တာကတော့ ဦးမိုးဦးပါ။ မင်းသားက အန်ကယ်လေးရယ်၊ကိုကြံ့ရယ်ပါ။ ကာရိုက်တာကတော့ တောသူမပါ။

-ဗီဒီယိုတွေနည်းသွားပြီးကားကြီးတွေ အရိုက်များတဲ့အပေါ်မှာရော ဘယ်လိုမြင်မိလဲ။

ဒါကတော့ အခုချိန်ထိမတည်ငြိမ်သေးဘူးပေါ့။ ကားကြီးဆိုတော့လဲ ကားကြီးပေါ့။ ဗီဒီယိုဆိုတော့လဲ ဗီဒီယိုပေါ့။ သူ့ခေတ်အလိုက်ပေါ့။

-အနုပညာရှင်တစ်ယောက်အနေနဲ့ အကယ်ဒမီနဲ့ပတ်သက်ပြီးတော့ရော ဘယ်လိုစိတ်ခံစားချက်ရှိလဲ။

တကူးတကြီးရယ်တော့ ငါအကယ်ဒမီရအောင်ရိုက်မယ်ဆိုတဲ့ ဇာတ်မျိုးတော့မရှိဘူး။ လက်ခံထားတဲ့အ လုပ်အပေါ် မှာတော့ တာဝန်ကျေအောင်တော့ အမြဲလုပ်ဖြစ်တယ်။

-နှစ်ဆန်းတစ်ရက်နေ့မှာရော ဘာလုပ်ဖြစ်မလဲ။

ကားရိုက်တန်းဝင်ရမှာပါ။ သင်္ကြန်တွင်း ၅ ရက်စလုံးတော့ အမေတို့တွေအလှူလုပ်ကြမှာပါ။ ဒါကတော့ နှစ်စဉ်နှစ်တိုင်း လုပ်နေကြပေါ့။

-အရှေ့မှာရုံတင်ပြသခဲ့တဲ့ ငါ့အကယ်ဒမီဇာတ်ကားအောင်မြင်မှုအပေါ်မှာရော ဘယ်လိုခံစားရလဲ။

ဝမ်းသာပါတယ်။ ပရိသတ်ကြိုက်တယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ နောက်ပြီးတော့ တိုက်တွေအတွက်လဲ ဒီကားလေးက ပေါက်တယ်ဆိုတော့ ကိုယ်တွေဝမ်းသာ ရတာပေါ့။

-ချစ်သူကို ပရိသတ်သိအောင် live လွှင့်ပြီးပြဖြစ်တာကရော ဘယ်လိုကြောင့်လဲ။

ဒါကတော့ ပါဆင်နယ်ကျတော့လဲ ကိုယ်တွေကအနုပညာသမားဖြစ်ပေမဲ့ ကိုယ့် personal နဲ့ကိုယ်ရှိတာပေါ့။ ကိုယ့် ပါဆင်နယ်ပေါ်မှာကိုယ့်ဟာကိုစိတ်ကြိုက်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လေ။

-တချို့မင်းသမီးတွေဆို အချစ်ရေးကို လျှို့ဝှက်ကြတာများတယ်။ ပရိသတ်တွေကြားချပြဖြစ်တာကရော ဘယ်လိုကြောင့်လဲ။

ဒါကတော့ လူတစ်ယောက်နဲ့တစ်ယောက်မတူဘူးလေ။ မွေးထားတဲ့တစ်မအေထဲမှာရှိတဲ့ မောင်နှမတွေတောင် စိတ် ချင်းတူတာမှမဟုတ်တာ ကိုယ်လဲကိုယ်စိတ်နဲ့ကိုယ်ပဲပေါ့။

-ချစ်သူကိုချပြလိုက်တဲ့အတွက် ပရိသတ်လျော့မှာတွေဘာတွေရော မစိုးရိမ်ဘူးလား။

မစိုးရိမ်ပါဘူး။

-အိမ်ကရော ရွှေမှုန်အချစ်ရေးကို ဖွင့်ဟပြလိုက်တဲ့အပေါ် ကြိုက်ကြလား။

မိဘသဘောတူလို့၊ မိဘကလက်ခံထားလို့ပါ။ မိဘမသိပဲနဲ့ဘာမှလုပ်ခဲ့တာမရှိပါဘူး။ အကုန်လုံး အမေ့ကိုအ သိေ ပးပြီးမှလုပ်ခဲ့တာတွေကြီးပါပဲ။

-ချစ်သူသက်တမ်းကရော ဘယ်လောက်ရှိသွားပြီလဲ။

အဲ့ဒါကတော့ မပြောပြနိုင်ပါဘူး။

-ချေတယ်လို့ပြောနေကြတဲ့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ဘယ်လိုခံစားရလဲ။

ဘယ်လိုမှ မခံစားရပါဘူး။ အားပေးသည်ဖြစ်စေ၊ မအားပေးသည်ဖြစ်စေ ညီမသည် ညီမပုံစံအတိုင်း ပဲနေထို င်တာဖြစ် ပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



Credit : trend.com.mm
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top