ေခြးေလးတစ္ေကာင္ကို ေထြးပိုက္ထားတဲ့ပံုေတြကို လူေတြက ဆိုရွယ္မီဒီယာေတြေပၚ
တင္တတ္ၾကပါတယ္။ သူတို႔ပိုင္တဲ့ ေခြးေလးကို ဘယ္ေလာက္ခ်စ္ေၾကာင္းလည္း
ေရးသားတတ္ၾကပါတယ္။ ေခြးေတြသာ ေျပာျပတတ္မယ္ဆုိ
သူတို႔သခင္ေပၚခ်စ္တဲ့အခ်စ္ကလည္း လူေတြထက္ေတာ့ မေလ်ာ့ပါဘူး။ လူေတြထက္ေတာင္
ပိုပါတယ္။ ေခြးတစ္ေကာင္ဆီက သင္ယူလို႔ရတဲ့ အခ်စ္ေတြ ရွိပါတယ္။
၁ - ခြင့္လြတ္တဲ့ အခ်စ္
သူတို႔ကို
ေကၽြးဖို႔ ေမ့သြားေပမယ့္ သင့္ကို ေတြ႕ရင္ သင့္ရင္ခြင္ထဲ
တိုးေဝွ႕ဝင္ေရာက္ဆဲပါ။ သူတို႔နဲ႔ အတူလမ္းေလွ်ာက္ဖို႔ ေမ့သြားေပမယ့္ သင့္ကို
ျမင္ရင္ ရင္ခြင္ထဲ တိုးေဝွ႕ဝင္ေရာက္ဆဲပါ။ တစ္ေန႔လံုးသူတို႔ကို
တစ္ခ်က္ေလးေတာင္ အေရးမလုပ္မိေပမယ့္ ခဏေလးၾကည့္မိတာနဲ႔
သင့္ဆီေျပးလာတတ္ပါတယ္။ ေန႔စဥ္ေနတိုင္း ျပည့္စံုတဲ့ခြင့္လြတ္မႈနဲ႔ သင့္ကို
ခ်စ္တာပါ။
၂ - ရိုးရွင္းတဲ့အခ်စ္
ေခြးေတြရဲ႕ ဒႆနက ဒီလိုပါ။
သူက ငါနဲ႔ ကစားေပးတယ္၊ လိုအပ္လာရင္ သူ႔အတြက္ ငါေသေပးမယ္။ ဒီလိုအခ်စ္မ်ိဳးက
လူေတြအတြက္ ရယ္စရာျဖစ္ေနႏုိင္ပါတယ္။ သူတို႔အတြက္ကေတာ့
တစ္ဦးတစ္ေယာက္ေပၚထားတဲ့ အခ်စ္က အဲ့လို ရိုးရိုးၾကီးျဖစ္ပါတယ္။ သင့္ကို
ရိုးရိုးၾကီးခ်စ္တာပါ။ အဲ့အခ်စ္အတြက္ ေၾကာက္စိတ္လည္း မရွိပါဘူး။
၃ - သစၥာရွိတဲ့ အခ်စ္
သစၥာရွိတဲ့အခ်စ္ဆိုတာ
ဘယ္သူ႔ကိုမွ မခ်စ္ဘဲ သင့္တစ္ေယာက္တည္းကိုပဲ ခ်စ္ေနတယ္ဆိုတာမ်ိဳး
မဟုတ္ပါဘူး။ အရာရာအားလံုးသင္ဆံုးရႈံးသြားေနပါေစ
ေဘးနားလွည့္ၾကည့္လိုက္တဲ့အခ်ိန္မွာ သင့္ဘက္မွာ တစ္ေယာက္တည္း ရပ္ေပးေနသူပါ။
ေခြးတစ္ေကာင္ကေတာ့ ဒီလို ခ်စ္ႏုိင္ပါတယ္။ ဒါေၾကာင့္ တခ်ိဳ႕လူေတြဟာ
အလုပ္မွာအဆင္မေျပ၊ ပတ္ဝန္းက်င္မွာ အဆင္မေျပတဲ့အခ်ိန္ေတြမွာ
အိမ္ကိုျပန္လာျပီး သူတို႔ခ်စ္တဲ့ေခြးေလးတစ္ေကာင္ကိုေထြးေပြ႕ျပီး
တိတ္တိတ္ဆိတ္ဆိတ္ေနလိုက္တတ္ၾကပါတယ္။
၄ - အဆိုးမျမင္တဲ့ အခ်စ္
ဒီလူနဲ႔
ရွိရတာ ေပ်ာ္တယ္ဆိုရင္ သူတို႔က ဒီလူကိုေတြ႕တုိင္း အျမဲေပ်ာ္ေနတာပါ။
သင့္ကိုေတြ႕ရင္ အျမဲေပ်ာ္ေနတဲ့ သူ႔ပံုစံေၾကာင့္ သင္ကို္ယ္တုုိင္လည္း
အဆိုးျမင္စိတ္ေတြ ေပ်ာက္သြားရတတ္ပါတယ္။ သူတို႔ရဲ႕ အခ်စ္မွာ
အဆုိးျမင္သြားတယ္ဆိုတာမရွိပါဘူး။ သင့္ကိုေတြ႕တာနဲ႔ အျမီးေလးတယမ္းယမ္းနဲ႔
အျမဲတမ္းၾကိဳဆုိေနသူ ျဖစ္ပါတယ္။
Credit:duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ခွေးလေးတစ်ကောင်ကို ထွေးပိုက်ထားတဲ့ပုံတွေကို လူတွေက ဆိုရှယ်မီဒီယာတွေပေါ်
တင်တတ်ကြပါတယ်။ သူတို့ပိုင်တဲ့ ခွေးလေးကို ဘယ်လောက်ချစ်ကြောင်းလည်း
ရေးသားတတ်ကြပါတယ်။ ခွေးတွေသာ ပြောပြတတ်မယ်ဆို
သူတို့သခင်ပေါ်ချစ်တဲ့အချစ်ကလည်း လူတွေထက်တော့ မလျော့ပါဘူး။ လူတွေထက်တောင်
ပိုပါတယ်။ ခွေးတစ်ကောင်ဆီက သင်ယူလို့ရတဲ့ အချစ်တွေ ရှိပါတယ်။
၁ - ခွင့်လွတ်တဲ့ အချစ်
သူတို့ကို
ကျွေးဖို့ မေ့သွားပေမယ့် သင့်ကို တွေ့ရင် သင့်ရင်ခွင်ထဲ
တိုးဝှေ့ဝင်ရောက်ဆဲပါ။ သူတို့နဲ့ အတူလမ်းလျှောက်ဖို့ မေ့သွားပေမယ့် သင့်ကို
မြင်ရင် ရင်ခွင်ထဲ တိုးဝှေ့ဝင်ရောက်ဆဲပါ။ တစ်နေ့လုံးသူတို့ကို
တစ်ချက်လေးတောင် အရေးမလုပ်မိပေမယ့် ခဏလေးကြည့်မိတာနဲ့
သင့်ဆီပြေးလာတတ်ပါတယ်။ နေ့စဉ်နေတိုင်း ပြည့်စုံတဲ့ခွင့်လွတ်မှုနဲ့ သင့်ကို
ချစ်တာပါ။
၂ - ရိုးရှင်းတဲ့အချစ်
ခွေးတွေရဲ့ ဒဿနက ဒီလိုပါ။
သူက ငါနဲ့ ကစားပေးတယ်၊ လိုအပ်လာရင် သူ့အတွက် ငါသေပေးမယ်။ ဒီလိုအချစ်မျိုးက
လူတွေအတွက် ရယ်စရာဖြစ်နေနိုင်ပါတယ်။ သူတို့အတွက်ကတော့
တစ်ဦးတစ်ယောက်ပေါ်ထားတဲ့ အချစ်က အဲ့လို ရိုးရိုးကြီးဖြစ်ပါတယ်။ သင့်ကို
ရိုးရိုးကြီးချစ်တာပါ။ အဲ့အချစ်အတွက် ကြောက်စိတ်လည်း မရှိပါဘူး။
၃ - သစ္စာရှိတဲ့ အချစ်
သစ္စာရှိတဲ့အချစ်ဆိုတာ
ဘယ်သူ့ကိုမှ မချစ်ဘဲ သင့်တစ်ယောက်တည်းကိုပဲ ချစ်နေတယ်ဆိုတာမျိုး
မဟုတ်ပါဘူး။ အရာရာအားလုံးသင်ဆုံးရှုံးသွားနေပါစေ
ဘေးနားလှည့်ကြည့်လိုက်တဲ့အချိန်မှာ သင့်ဘက်မှာ တစ်ယောက်တည်း ရပ်ပေးနေသူပါ။
ခွေးတစ်ကောင်ကတော့ ဒီလို ချစ်နိုင်ပါတယ်။ ဒါကြောင့် တချို့လူတွေဟာ
အလုပ်မှာအဆင်မပြေ၊ ပတ်ဝန်းကျင်မှာ အဆင်မပြေတဲ့အချိန်တွေမှာ
အိမ်ကိုပြန်လာပြီး သူတို့ချစ်တဲ့ခွေးလေးတစ်ကောင်ကိုထွေးပွေ့ပြီး
တိတ်တိတ်ဆိတ်ဆိတ်နေလိုက်တတ်ကြပါတယ်။
၄ - အဆိုးမမြင်တဲ့ အချစ်
ဒီလူနဲ့
ရှိရတာ ပျော်တယ်ဆိုရင် သူတို့က ဒီလူကိုတွေ့တိုင်း အမြဲပျော်နေတာပါ။
သင့်ကိုတွေ့ရင် အမြဲပျော်နေတဲ့ သူ့ပုံစံကြောင့် သင်ကိုယ်တိုုင်လည်း
အဆိုးမြင်စိတ်တွေ ပျောက်သွားရတတ်ပါတယ်။ သူတို့ရဲ့ အချစ်မှာ
အဆိုးမြင်သွားတယ်ဆိုတာမရှိပါဘူး။ သင့်ကိုတွေ့တာနဲ့ အမြီးလေးတယမ်းယမ်းနဲ့
အမြဲတမ်းကြိုဆိုနေသူ ဖြစ်ပါတယ်။
Credit:duwun
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ေခြးတစ္ေကာင္ဆီက သင္ယူႏုိင္တဲ့ ခ်စ္ျခင္းေမတၱာ (၄) မ်ိဳး
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။