iMyanmarHouse.com - Best Property Website for Myanmar
×

လူ​ငယ္​ေတြ​ေတာ္​ေတာ္​မ်ား​မ်ား​အ ​လုပ္​ေကာင္း​ေကာင္း​နဲ႕ ​လ​စာ​အ​လြန္ ​ေကာင္း​တဲ့​အ​လုပ္​ကို​လို​ခ်င္​ၾက​ပါ​တယ္။ ​အဲ​ဒီ​အ​တိုင္း​ပဲ ​အ​လုပ္​ရွာ​ေဖြ​တဲ့​အ​ခါ ​လ​စာ ​မ်ား​တဲ့​ကု​မၸ​ဏီ၊ ​အ​လုပ္​ေကာင္း​တဲ့​ကု​မၸ​ဏီ ​ျဖစ္​မွ​အ​လုပ္​လုပ္​ခ်င္​ၾက​တာ​မ်ား​ပါ​တယ္။ ​ကိုယ့္​မွာ​အ​ေတြ႔​အ​ႀကံဳ​ရွိ​လား​ဆို​ေတာ့​လည္း ​မ​ရွိ​ဘူး၊ ​သ​င့္​တ​င့္​တဲ့​က်ြမ္း​က်င္​မႈ​ရွိ​သ​လား ​ဆို​ေတာ့​လည္း​မ​ရွိ​ျပန္​ဘူး။ ​ဒါ​ေပ​မဲ့​ရွာ​ေန ​တာ​က​ေတာ့ ​အ​လုပ္​ေကာင္း​ေကာင္း၊ ​လ​စာ​ေကာင္း​ေကာင္း​ရ​တဲ့​အ​လုပ္​ပဲ။ ​ဒီ​အ​လုပ္​မွ​မ​ရ​လ်ွင္ ​မ​လုပ္​ႏိုင္​ဘူး​ဆို​တဲ့​လူ​ငယ္ ​ေတြ​ကို​ေတြ႔​လာ​ရ​ပါ​တယ္။

​ဒီ​ေတာ့​ၾကား​ဖူး​တဲ့ ​ဆို​႐ိုး​စ​ကား​ေလး ​တစ္​ခု​နဲ႕​ပဲ​ဥ​ပ​မာ​ေပး​ခ်င္​ပါ​တယ္။ ‘‘​ထိပ္​ဆုံး ​က​စ​တယ္​ဆို​တဲ့ ​တစ္​ခု​တည္း​ေသာ​အ​လုပ္ ​က​ေတာ့ ​တြင္း​တူး​တာ​ပါ​ပဲ’’ ​ဆို​တဲ့​စ​ကား ​ေလး​ပါ။ ​ေျပာ​ၾကား​ခဲ့​တဲ့​သူ​ကို​ေတာ့​မ​မွတ္ ​မိ​ေတာ့​ပါ​ဘူး။ ​ဒီ​စ​ကား​ေလး​က ​သိပ္​ကို ​အ​ဓိ​ပၸာယ္​ရွိ​ပါ​တယ္။ ​ဘယ္​အ​လုပ္​မ​ဆို ​ထိပ္​ဆုံး​က​မွ​စ​ခ်င္​တယ္​ဆို​တဲ့ ​လူ​ငယ္​ေတြ ​အ​တြက္​ေတာ့ ​အ​လြန္​ေကာင္း​တဲ့​ဥ​ပ​မာ ​ေလး​တစ္​ခု​ပါ​ပဲ။ ​ဒီ​ဥ​ပ​မာ​ေလး​အ​တိုင္း​ပဲ ​ထိပ္​ဆုံး​က​စ​တယ္​ဆို​တဲ့​အ​လုပ္​က ​တြင္း​တူး ​တာ​တစ္​ခု​က​လြဲ​လ်ွင္ ​ဘယ္​အ​လုပ္​မွ​ထိပ္ ​ဆုံး​က​ေန​အ​စ​ျပဳ​တယ္​ဆို​တာ​မ​ရွိ​ပါ​ဘူး။ ​ကိုယ္ ​တိုင္​ႀကိဳး​စား​အား​ထုတ္​မႈ​ေၾကာင့္​သာ ​အ​ဆ​င့္​ဆ​င့္​ထိပ္​ဆုံး​ေရာက္​သြား​ႏိုင္​တယ္​ဆို ​တဲ့​အ​ခ်က္​ကို ​သ​တိ​ျပဳ​ဆင္​ျခင္​ဖို႕​သာ​လို​တာ ​ပါ။

​လူ​ငယ္​အ​မ်ား​စု​အ​လုပ္​ရွာ​ၾက​တဲ့​အ ​ခါ ​ကိုယ့္​နီး​စပ္​ရာ​ပတ္​ဝန္း​က်င္​က​မိတ္​ေဆြ ​အ​ေပါင္း​အ​သင္း​ေတြ​ကို​ေျပာ​ေန​က်​စ​ကား ​က ​အ​လုပ္​ေကာင္း​ေကာင္း​နဲ႕​လ​စာ​ေကာင္း ​တဲ့​အ​လုပ္​ရွိ​လ်ွင္​ေျပာ​ပါ​ဆို​တာ​မ်ိဳး​ပါ။ ​အ ​လုပ္​ေကာင္း​ေကာင္း​နဲ႕​လ​စာ​ေကာင္း​ေကာင္း ​အ​လုပ္​ေတြ​က​ရွိ​ပါ​တယ္။ ​ဒါ​ေပ​မဲ့​ထိုက္​တန္ ​တဲ့​ရင္း​ႏွီး​ျမႇဳပ္​ႏွံ​မႈ​မ​လုပ္​ထား​ဘဲ​နဲ႕​ေတာ့ ​အ​လုပ္​ေကာင္း​ေကာင္း၊ ​လ​စာ​ေကာင္း ​ေကာင္း​ဆို​တာ​မ်ိဳး​ကို ​ေမ်ွာ္​မွန္း​ေန​လို႕​မ​ရ​ပါ ​ဘူး။ ​အ​လုပ္​ေကာင္း​ေကာင္း၊ ​လ​စာ ​ေကာင္း​ရ​ဖို႕​ကိုယ့္​ဘက္​က ​ဘာ​ေတြ​လို​အပ္ ​ေန​ေသး​တယ္၊ ​ဘာ​ေတြ​ျဖည့္​ဆည္း​ထား​ဖို႕ ​လို​အပ္​တယ္​ဆို​တာ​ကို ​ေဖာ္​ျပ​ေပး​ခ်င္​ပါ​တယ္။

​ရွိ​သ​င့္​ရွိ​ထိုက္​တဲ့​အ​ရည္​အ​ခ်င္း​ျပည့္​မီ​ေအာင္ ​ႀကိဳး​စား​ပါ

​အ​လုပ္​က​လည္း​ေကာင္း​ရ​မယ္၊ ​လ ​စာ​က်​ေတာ့​လည္း​ေကာင္း​ေကာင္း​ရ​တဲ့ ​အ​လုပ္​က်​မွ​လုပ္​ခ်င္​တယ္​ဆို​လ်ွင္​ေတာ့ ​ကိုယ့္​ဘက္​က​လည္း ​ျပည့္​စုံ​လုံ​ေလာက္​တဲ့ ​အ​ရည္​အ​ခ်င္း​ေကာင္း​ေတြ၊ ​အ​ေတြ႔​အ​ႀကံဳ ​ေကာင္း​ေတြ​ရွိ​ဖို႕​လို​အပ္​ပါ​ေသး​တယ္။ ​ဘယ္ ​အ​ရာ​က​မွ ​အ​လ​ကား​မ​ရ​ႏိုင္​သ​လို ​ထိုက္ ​တန္​တဲ့​ရင္း​ႏွီး​ျမႇဳပ္​ႏွံ​မႈ​မ​ရွိ​ဘဲ​နဲ႕​ေတာ့ ​အ​လုပ္ ​ေကာင္း​ေကာင္း၊ ​လ​စာ​ေကာင္း​ေကာင္း​ဆို ​တာ ​အိပ္​မက္​မက္​ေန​႐ုံ​ပဲ​တတ္​ႏိုင္​မွာ​ပါ။ ​ကိုယ္​စိုက္​ပ်ိဳး​သ​မ်ွ ​ကိုယ္​တိုင္​ပဲ​ရိတ္​သိမ္း ​ၾက​ရ​ပါ​တယ္။ ​ကိုယ့္​ဘက္​က​ျဖည့္​ဆည္း ​ႏိုင္​သ​မ်ွ​ ဝမ္း​စာ​အ​ျပည့္​ျဖည့္​ထား​မယ္​ဆို​လ်ွင္ ​အ​လုပ္​ေကာင္း​ေတြ၊ ​လ​စာ​ေကာင္း​ေတြ​က ​ကိုယ့္​ကို​ရွာ​ေဖြ​သြား​ၾက​ပါ​လိမ့္​မယ္။

​လူ​ငယ္​တ​ခ်ိဳ႔​လြဲ​မွား​ေန​ၾက​တဲ့​အ​ရာက ​ကိုယ့္​ဘက္​က​တတ္​ႏိုင္​သ​ေလာက္​မ​ျဖည့္ဆည္း​ထား​ဘဲ ​အ​လုပ္​ေကာင္း​ေကာင္း၊ ​လ​စာ​ေကာင္း​ေကာင္း​ရ​တဲ့​အ​လုပ္​ကို​ရွာ​ေဖြ ​ေန​ၾက​တာ​ပါ​ပဲ။ ​ခ​ရီး​မိုင္​ေပါင္း​မ်ား​စြာ​က ​ေျခ​တစ္​လွမ္း​က​ေန​အ​စ​ျပဳ​ခဲ့​ရ​တယ္​ဆို​တာ​ကို ​သ​တိ​မ​ျပဳ​မိ​ၾက​တာ​လည္း​ျဖစ္​ႏိုင္​ပါ​တယ္။ ​အ​လုပ္​ေကာင္း​ေကာင္း၊ ​လ​စာ​ေကာင္း ​ေကာင္း​လို​ခ်င္​ၿပီ​ဆို​ရင္ ​ကိုယ့္​ဘက္​က​လည္း ​သ​င့္​တင့္​ေလ်ာက္​ပတ္​တဲ့​အ​ရည္​အ​ခ်င္း​ေတြ၊ ​အ​ရည္​အ​ေသြး​ေတြ၊ ​အ​ေတြ႔​အ​ႀကံဳ​ေတြ​ကို ​စု​ေဆာင္း​ထား​ဖို႕​ေတာ့ ​လို​အပ္​ပါ​လိမ့္​မယ္။

​အ​လုပ္​ေကာင္း​ေကာင္း၊ ​လ​စာ​ေကာင္းေကာင္း​အ​လုပ္​ေတြ​ရဲ႔ ​အ​ရည္​အ​ခ်င္း​လို ​အပ္​ခ်က္​ေတြ​ကို​ေလ့​လာ​ပါ

​လုပ္​ငန္း​ခြင္​ေတြ​မွာ ​စာ​ေတြ႔​အ​ေတြ႔ ​အ​ႀကံဳ​ထက္၊ ​လက္​ေတြ႔​လုပ္​ငန္း​ခြင္​နယ္ ​ပယ္​မွာ ​လုပ္​ကိုင္​ေန​သူ​ရဲ႔​အ​ေတြ႔​အ​ႀကံဳ​က ​ပို​ၿပီး​ေတာ့​မ်ား​ျပား​တာ​ကို​ေတြ႔​ရ​ပါ​တယ္။ ​ဘာ​သင္​တန္း​ဆင္း၊ ​ညာ​သင္​တန္း​ဆင္း​ဆို ​ၿပီး ​လက္​မွတ္​ႀကီး​ေတြ​ကိုင္​ၿပီး ​အ​လုပ္​ခြင္​ထဲ ​ကို​ရာ​ထူး​ႀကီး​ႀကီး​ေတာင္း​ဖို႕ ​ဝင္​လာ​တတ္​ပါ ​တယ္။ ​လ​စာ​က​လည္း​အ​ျမ​င့္​ကို​မွန္း​ထား ​တယ္။ ​သ​င့္​တ​င့္​တဲ့​ေန​ရာ၊ ​သ​င့္​တ​င့္​တဲ့​ရာ ​ထူး၊ ​သ​င့္​တင့္​တဲ့​လ​စာ​အ​တြက္​ေတာ့ ​သူ​တို႕ ​ေမ်ွာ္​မွန္း​မ​ထား​ပါ​ဘူး။ ​ထိပ္​ဆုံး​ေန​ရာ​တစ္​ခု ​ကို​သာ ​အ​မ်ား​စု​က​ေမ်ွာ္​လ​င့္​ထား​ၾက​ပါ ​တယ္။

​အ​လုပ္​ေကာင္း​ေကာင္း​ဆို​တာ​က ​လည္း​အ​ေတြ႔​အ​ႀကံဳ​ေကာင္း​ေကာင္း​ရွိ​ဖို႕ ​လို​အပ္​ပါ​တယ္။ ​အ​ေတြ႔​အ​ႀကံဳ​ေကာင္း ​ေကာင္း​မ​ရွိ​ဘဲ​နဲ႕​အ​လုပ္​ေကာင္း​ေကာင္း​မ​ရ ​ႏိုင္​ပါ​ဘူး။ ​အ​လုပ္​ေခၚ​စာ​ေတြ​မွာ​ေလ့​လာ ​ၾကည့္​ပါ။ ​ရာ​ထူး​ႀကီး​ႀကီး​ေန​ရာ​ေတြ​အ​တြက္ ​အ​လုပ္​ေခၚ​ယူ​တဲ့​အ​ခါ ​အ​ရည္​အ​ခ်င္း​တစ္ ​ခု​ကို​ပဲ ​အ​ဓိ​က​မ​ထား​ပါ​ဘူး။ ​အ​ေတြ႔​အ​ႀကံဳ ​က​လည္း​မ​ရွိ​မ​ျဖစ္​လို​အပ္​ပါ​ေသး​တယ္။ ​ဒါ ​ေၾကာင့္ ​အ​လုပ္​ေကာင္း​ေကာင္း၊ ​လ​စာ ​ေကာင္း​ေကာင္း​တစ္​ခု​ကို​ထိုင္​ေစာင့္​မ​ေန​ပါ ​နဲ႕။ ​ေျခ​လွမ္း​ငယ္​ေလး​တစ္​ခု​က​လည္း ​မိုင္ ​ေပါင္း​ရာ​ေထာင္​ခ်ီ​ခ​ရီး​ရဲ႔ ​အ​စ​ျဖစ္​ေန​လို႕​ပါ။

​ပ​ညာ​မာ​န​ထား​ရွိ​ပါ၊ ​အ​လြန္​အ​က်ြံ​မ​ျဖစ္​ေစ​ရန္ ​သ​တိ​ထား​ပါ

​ကိုယ္​က ​ဘြဲ႔​ေတြ၊ ​ဒီ​ပ​လို​မာ​ေတြ၊ ​ဟို​ႏိုင္​ငံ၊ ​ဒီ​ႏိုင္​ငံ​က​အ​သိ​အ​မွတ္​ျပဳ​လက္ ​မွတ္​ေတြ​အ​မ်ား​ႀကီး​ရ​ထား​တာ​ေၾကာင့္ ​အ​လုပ္​ဆို​လ်ွင္ ​ရာ​ထူး​ႀကီး​ႀကီး​ရ​မွ​လုပ္​ႏိုင္ ​မယ္​ဆို​တာ​မ်ိဳး ​ပ​ညာ​မာ​န​ထား​လို႕​မ​ရ​ပါ ​ဘူး။ ​ကိုယ္​က​လုပ္​ငန္း​ခြင္​မွာ​သင္​ယူ​ေလ့ ​လာ​ဖို႕​လို​အပ္​တာ​မ်ိဳး​ရွိ​ပါ​တယ္။ ​လုပ္​ငန္း​ခြင္ ​အ​တြင္း​မွာ ​သူ​က​ေတာ့​ငါ့​ေလာက္​ေတာင္ ​ပ​ညာ​တတ္​တာ​မ​ဟုတ္​ဘူး၊ ​သူ​ေပး​တဲ့ ​အ​ႀကံ​ဉာဏ္​ေတြ​ယူ​စ​ရာ​မ​လို​ဘူး၊ ​သူ​ေျပာ ​တာ​ေတြ​လုပ္​စ​ရာ​မ​လို​ဘူး​ဆို​တဲ့ ​တ​လြဲ​မာ​န ​မ်ိဳး​မ​ထား​ဖို႕​လို​အပ္​ပါ​တယ္။

​တစ္​ခါ​တစ္​ရံ​မွာ ​ကိုယ့္​လို​မ်ိဳး​ႏိုင္​ငံ​ျခား ​အ​သိ​အ​မွတ္​ျပဳ​ဘြဲ႔​လက္​မွတ္​ေတြ​ရ​မထား​ေပ​မဲ့ ​လုပ္​ငန္း​သ​ေဘာ​သ​ဘာ၀​ကို ​ကိုယ့္​ထက္​ပို​ၿပီး​အ​ေတြ႔​အ​ႀကံဳ​ရွိ​ေန​တာ​မ်ိဳးကို​ လက္​ခံ​သင္​ယူ​ႏိုင္​ရ​ပါ​မယ္။ ​သူ​တစ္​ပါး ​က​ကိုယ့္​ေလာက္​မ​တတ္​ဘူး​ဆို​ၿပီး ​လုပ္​ငန္း ​ခြင္​မွာ​သင္​ယူ​လို​စိတ္​မ​ရွိ​တာ​က​လည္း ​လြဲ​မွား​တဲ့​ပ​ညာ​မာ​န​တစ္​ခု​သာ​ျဖစ္​ပါ​တယ္။

​အ​ခြ​င့္​အ​လမ္း​ကို​ထိုင္​ေစာင့္​မ​ေန​ပါ​နဲ႕၊ ​အ​ခြ​င့္​အ​လမ္း​ဆီ​ကို​သြား​ပါ

​အ​လုပ္​ေကာင္း​ေကာင္း၊ ​လ​စာ ​ေကာင္း​ေကာင္း​လို​ခ်င္​ေပ​မဲ့ ​ကိုယ့္​ဘက္​က ​ႀကိဳး​စား​အား​ထုတ္​မႈ​ဘာ​မွ​မ​ရွိ​ဘဲ​နဲ႕​ေတာ့ ​အဲ​ဒီ​အ​လုပ္​ေတြ​က ​အ​လို​အ​ေလ်ာက္​ကိုယ့္ ​ဆီ​ကို​လိုက္​လာ​မွာ​ေတာ့​မ​ဟုတ္​ပါ​ဘူး။ ​ကိုယ္​က​အ​ခြ​င့္​အ​လမ္း​ကို​ထိုင္​ေစာင့္​ေန​သူ ​တစ္​ေယာက္​ျဖစ္​ေန​သ​လား။ ​အ​ခြ​င့္​အ​လမ္း ​ကို​ထိုင္​မ​ေစာင့္​ပါ​နဲ႕။ ​အ​ခြ​င့္​အ​လမ္း​က​ကိုယ့္ ​ဆီ​ကို​မ​လာ​လ်ွင္ ​ကိုယ္​က​အ​ခြ​င့္​အ​လမ္း​ဆီ ​ကို​သြား​ရ​မယ္​ဆို​တာ​ကို ​မ​ေမ့​ပါ​နဲ႕။ ​အဲ​ဒီ​လို ​သြား​ဖို႕​အ​တြက္​ေတာ့ ​ကိုယ့္​ဘက္​က​လမ္း ​ေၾကာင္း​မွန္​မွန္​ကန္​ကန္​ျဖစ္​ဖို႕​လို​ပါ​တယ္။

​အ​လုပ္​တစ္​ခု​ဝင္​တဲ့​အ​ခါ ​မိတ္​ေဆြ၊ ​အ​ႀကီး​အ​ကဲ​ေၾကာင့္ ​ဒီ​ေန​ရာ​ဒီ​ရာ​ထူး​ကို ​ရ​ရွိ​ခဲ့​တာ​လား၊ ​ဒီ​ေန​ရာ၊ ​ဒီ​ရာ​ထူး​က ​ကိုယ္ ​နဲ႕​ထိုက္​တန္​ရဲ႔​လား​ဆို​တာ​ကို​ေတာ့ ​ျပန္ ​လည္​သုံး​သပ္​ဖို႕​လို​ပါ​တယ္။ ​ဒါ​ေၾကာင့္ ​အ​ခြ​င့္​အ​လမ္း​ကို​သြား​တဲ့​လမ္း​ေၾကာင္း​က ​မွန္​ကန္​တဲ့​လမ္း​ေၾကာင္း​ျဖစ္​ဖို႕​လို​ပါ​ေသး ​တယ္။ ​ဒီ​ေန​ရာ​ကို​ဘာ​ေၾကာင့္​ရ​လာ​သ​လဲ ​လို႕​ေမး​လာ​တဲ့​အ​ခါ ​ကိုယ့္​ဘက္​က ​လိပ္​ျပာ ​သန္႕​သန္႕​နဲ႕​ေျဖ​ႏိုင္​ေအာင္​ႀကိဳး​စား​အား​ထုတ္ ​သ​င့္​ပါ​တယ္။

​အ​ခ်ဳပ္​ဆို​ရ​လ်ွင္ ​လူ​တိုင္း​က​ေတာ့ ​လ​စာ​ေကာင္း​ေကာင္း၊ ​အ​လုပ္​ေကာင္း ​ေကာင္း​လို​ခ်င္​ၾက​ပါ​တယ္။ ​ဒါ​ေပ​မဲ့ ​အ​လုပ္ ​ေကာင္း​ေကာင္း၊ ​လ​စာ​ေကာင္း​ေကာင္း​ဆို ​တာ​က​လည္း ​လူ​တိုင္း​မ​ရ​ႏိုင္​ၾက​ပါ​ဘူး။ ​ဘာ​ေၾကာင့္​မ​ရ​ႏိုင္​သ​လဲ​လို႕​သုံး​သပ္​ၾကည့္​လိုက္ ​လ်ွင္ ​နံ​ပါတ္​တစ္​အ​ခ်က္​က ​အ​ရည္​အ​ခ်င္း ​ေၾကာင့္​ပါ။ ​နံ​ပါတ္​ႏွစ္​အ​ခ်က္​က​ေတာ့ ​လုပ္​ငန္း​အ​ေတြ႔​အ​ႀကံဳ​ပါ။ ​နံ​ပါတ္​သုံး ​အ​ခ်က္​က​ေတာ့​ႀကိဳး​စား​အား​ထုတ္​မႈ​နဲ႕ ​လုံ႕​လ​ဝီ​ရိ​ယ​လို႕​ပဲ​ေျပာ​ခ်င္​ပါ​တယ္။

‘‘​ထိုက္​တန္​တဲ့​ရင္း​ႏွီး​မႈ​ေတာ့​ရွိ​ရ​မယ္၊ ​မ​ယုတ္​မ​လြန္​တဲ့​ႀကိဳး​စား​မႈ​ေတာ့​စိုက္​ရမယ္...​နတ္​စီ​တဲ့​အိပ္​မက္​လွ​လွ​မ်ား ​လြယ္​လြယ္​နဲ႕​ေတာ့​မ​ရ...’’ ​ဆို​တဲ့ ​သီ​ခ်င္း ​ေလး​အ​တိုင္း​ပဲ ​ရင္း​ႏွီး​ျမွဳပ္​ႏွံ​မႈ​ရယ္၊ ​ႀကိဳး​စားအား​ထုတ္​မႈ​ရယ္​ရွိ​ဖို႕​လို​ပါ​တယ္။

Credit - ေက်ာ႔ေကခိုင္ (Myanmar-Network)

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

လူငယ်တွေတော်တော်များများအ လုပ်ကောင်းကောင်းနဲ့ လစာအလွန် ကောင်းတဲ့အလုပ်ကိုလိုချင်ကြပါတယ်။ အဲဒီအတိုင်းပဲ အလုပ်ရှာဖွေတဲ့အခါ လစာ များတဲ့ကုမ္ပဏီ၊ အလုပ်ကောင်းတဲ့ကုမ္ပဏီ ဖြစ်မှအလုပ်လုပ်ချင်ကြတာများပါတယ်။ ကိုယ့်မှာအတွေ့အကြုံရှိလားဆိုတော့လည်း မရှိဘူး၊ သင့်တင့်တဲ့ကျွမ်းကျင်မှုရှိသလား ဆိုတော့လည်းမရှိပြန်ဘူး။ ဒါပေမဲ့ရှာနေ တာကတော့ အလုပ်ကောင်းကောင်း၊ လစာကောင်းကောင်းရတဲ့အလုပ်ပဲ။ ဒီအလုပ်မှမရလျှင် မလုပ်နိုင်ဘူးဆိုတဲ့လူငယ် တွေကိုတွေ့လာရပါတယ်။

ဒီတော့ကြားဖူးတဲ့ ဆိုရိုးစကားလေး တစ်ခုနဲ့ပဲဥပမာပေးချင်ပါတယ်။ ‘‘ထိပ်ဆုံး ကစတယ်ဆိုတဲ့ တစ်ခုတည်းသောအလုပ် ကတော့ တွင်းတူးတာပါပဲ’’ ဆိုတဲ့စကား လေးပါ။ ပြောကြားခဲ့တဲ့သူကိုတော့မမှတ် မိတော့ပါဘူး။ ဒီစကားလေးက သိပ်ကို အဓိပ္ပာယ်ရှိပါတယ်။ ဘယ်အလုပ်မဆို ထိပ်ဆုံးကမှစချင်တယ်ဆိုတဲ့ လူငယ်တွေ အတွက်တော့ အလွန်ကောင်းတဲ့ဥပမာ လေးတစ်ခုပါပဲ။ ဒီဥပမာလေးအတိုင်းပဲ ထိပ်ဆုံးကစတယ်ဆိုတဲ့အလုပ်က တွင်းတူး တာတစ်ခုကလွဲလျှင် ဘယ်အလုပ်မှထိပ် ဆုံးကနေအစပြုတယ်ဆိုတာမရှိပါဘူး။ ကိုယ် တိုင်ကြိုးစားအားထုတ်မှုကြောင့်သာ အဆင့်ဆင့်ထိပ်ဆုံးရောက်သွားနိုင်တယ်ဆို တဲ့အချက်ကို သတိပြုဆင်ခြင်ဖို့သာလိုတာ ပါ။

လူငယ်အများစုအလုပ်ရှာကြတဲ့အ ခါ ကိုယ့်နီးစပ်ရာပတ်ဝန်းကျင်ကမိတ်ဆွေ အပေါင်းအသင်းတွေကိုပြောနေကျစကား က အလုပ်ကောင်းကောင်းနဲ့လစာကောင်း တဲ့အလုပ်ရှိလျှင်ပြောပါဆိုတာမျိုးပါ။ အ လုပ်ကောင်းကောင်းနဲ့လစာကောင်းကောင်း အလုပ်တွေကရှိပါတယ်။ ဒါပေမဲ့ထိုက်တန် တဲ့ရင်းနှီးမြှုပ်နှံမှုမလုပ်ထားဘဲနဲ့တော့ အလုပ်ကောင်းကောင်း၊ လစာကောင်း ကောင်းဆိုတာမျိုးကို မျှော်မှန်းနေလို့မရပါ ဘူး။ အလုပ်ကောင်းကောင်း၊ လစာ ကောင်းရဖို့ကိုယ့်ဘက်က ဘာတွေလိုအပ် နေသေးတယ်၊ ဘာတွေဖြည့်ဆည်းထားဖို့ လိုအပ်တယ်ဆိုတာကို ဖော်ပြပေးချင်ပါတယ်။

ရှိသင့်ရှိထိုက်တဲ့အရည်အချင်းပြည့်မီအောင် ကြိုးစားပါ

အလုပ်ကလည်းကောင်းရမယ်၊ လ စာကျတော့လည်းကောင်းကောင်းရတဲ့ အလုပ်ကျမှလုပ်ချင်တယ်ဆိုလျှင်တော့ ကိုယ့်ဘက်ကလည်း ပြည့်စုံလုံလောက်တဲ့ အရည်အချင်းကောင်းတွေ၊ အတွေ့အကြုံ ကောင်းတွေရှိဖို့လိုအပ်ပါသေးတယ်။ ဘယ် အရာကမှ အလကားမရနိုင်သလို ထိုက် တန်တဲ့ရင်းနှီးမြှုပ်နှံမှုမရှိဘဲနဲ့တော့ အလုပ် ကောင်းကောင်း၊ လစာကောင်းကောင်းဆို တာ အိပ်မက်မက်နေရုံပဲတတ်နိုင်မှာပါ။ ကိုယ်စိုက်ပျိုးသမျှ ကိုယ်တိုင်ပဲရိတ်သိမ်း ကြရပါတယ်။ ကိုယ့်ဘက်ကဖြည့်ဆည်း နိုင်သမျှ ဝမ်းစာအပြည့်ဖြည့်ထားမယ်ဆိုလျှင် အလုပ်ကောင်းတွေ၊ လစာကောင်းတွေက ကိုယ့်ကိုရှာဖွေသွားကြပါလိမ့်မယ်။

လူငယ်တချို့လွဲမှားနေကြတဲ့အရာက ကိုယ့်ဘက်ကတတ်နိုင်သလောက်မဖြည့်ဆည်းထားဘဲ အလုပ်ကောင်းကောင်း၊ လစာကောင်းကောင်းရတဲ့အလုပ်ကိုရှာဖွေ နေကြတာပါပဲ။ ခရီးမိုင်ပေါင်းများစွာက ခြေတစ်လှမ်းကနေအစပြုခဲ့ရတယ်ဆိုတာကို သတိမပြုမိကြတာလည်းဖြစ်နိုင်ပါတယ်။ အလုပ်ကောင်းကောင်း၊ လစာကောင်း ကောင်းလိုချင်ပြီဆိုရင် ကိုယ့်ဘက်ကလည်း သင့်တင့်လျောက်ပတ်တဲ့အရည်အချင်းတွေ၊ အရည်အသွေးတွေ၊ အတွေ့အကြုံတွေကို စုဆောင်းထားဖို့တော့ လိုအပ်ပါလိမ့်မယ်။

အလုပ်ကောင်းကောင်း၊ လစာကောင်းကောင်းအလုပ်တွေရဲ့ အရည်အချင်းလို အပ်ချက်တွေကိုလေ့လာပါ

လုပ်ငန်းခွင်တွေမှာ စာတွေ့အတွေ့ အကြုံထက်၊ လက်တွေ့လုပ်ငန်းခွင်နယ် ပယ်မှာ လုပ်ကိုင်နေသူရဲ့အတွေ့အကြုံက ပိုပြီးတော့များပြားတာကိုတွေ့ရပါတယ်။ ဘာသင်တန်းဆင်း၊ ညာသင်တန်းဆင်းဆို ပြီး လက်မှတ်ကြီးတွေကိုင်ပြီး အလုပ်ခွင်ထဲ ကိုရာထူးကြီးကြီးတောင်းဖို့ ဝင်လာတတ်ပါ တယ်။ လစာကလည်းအမြင့်ကိုမှန်းထား တယ်။ သင့်တင့်တဲ့နေရာ၊ သင့်တင့်တဲ့ရာ ထူး၊ သင့်တင့်တဲ့လစာအတွက်တော့ သူတို့ မျှော်မှန်းမထားပါဘူး။ ထိပ်ဆုံးနေရာတစ်ခု ကိုသာ အများစုကမျှော်လင့်ထားကြပါ တယ်။

အလုပ်ကောင်းကောင်းဆိုတာက လည်းအတွေ့အကြုံကောင်းကောင်းရှိဖို့ လိုအပ်ပါတယ်။ အတွေ့အကြုံကောင်း ကောင်းမရှိဘဲနဲ့အလုပ်ကောင်းကောင်းမရ နိုင်ပါဘူး။ အလုပ်ခေါ်စာတွေမှာလေ့လာ ကြည့်ပါ။ ရာထူးကြီးကြီးနေရာတွေအတွက် အလုပ်ခေါ်ယူတဲ့အခါ အရည်အချင်းတစ် ခုကိုပဲ အဓိကမထားပါဘူး။ အတွေ့အကြုံ ကလည်းမရှိမဖြစ်လိုအပ်ပါသေးတယ်။ ဒါ ကြောင့် အလုပ်ကောင်းကောင်း၊ လစာ ကောင်းကောင်းတစ်ခုကိုထိုင်စောင့်မနေပါ နဲ့။ ခြေလှမ်းငယ်လေးတစ်ခုကလည်း မိုင် ပေါင်းရာထောင်ချီခရီးရဲ့ အစဖြစ်နေလို့ပါ။

ပညာမာနထားရှိပါ၊ အလွန်အကျွံမဖြစ်စေရန် သတိထားပါ

ကိုယ်က ဘွဲ့တွေ၊ ဒီပလိုမာတွေ၊ ဟိုနိုင်ငံ၊ ဒီနိုင်ငံကအသိအမှတ်ပြုလက် မှတ်တွေအများကြီးရထားတာကြောင့် အလုပ်ဆိုလျှင် ရာထူးကြီးကြီးရမှလုပ်နိုင် မယ်ဆိုတာမျိုး ပညာမာနထားလို့မရပါ ဘူး။ ကိုယ်ကလုပ်ငန်းခွင်မှာသင်ယူလေ့ လာဖို့လိုအပ်တာမျိုးရှိပါတယ်။ လုပ်ငန်းခွင် အတွင်းမှာ သူကတော့ငါ့လောက်တောင် ပညာတတ်တာမဟုတ်ဘူး၊ သူပေးတဲ့ အကြံဉာဏ်တွေယူစရာမလိုဘူး၊ သူပြော တာတွေလုပ်စရာမလိုဘူးဆိုတဲ့ တလွဲမာန မျိုးမထားဖို့လိုအပ်ပါတယ်။

တစ်ခါတစ်ရံမှာ ကိုယ့်လိုမျိုးနိုင်ငံခြား အသိအမှတ်ပြုဘွဲ့လက်မှတ်တွေရမထားပေမဲ့ လုပ်ငန်းသဘောသဘာဝကို ကိုယ့်ထက်ပိုပြီးအတွေ့အကြုံရှိနေတာမျိုးကို လက်ခံသင်ယူနိုင်ရပါမယ်။ သူတစ်ပါး ကကိုယ့်လောက်မတတ်ဘူးဆိုပြီး လုပ်ငန်း ခွင်မှာသင်ယူလိုစိတ်မရှိတာကလည်း လွဲမှားတဲ့ပညာမာနတစ်ခုသာဖြစ်ပါတယ်။

အခွင့်အလမ်းကိုထိုင်စောင့်မနေပါနဲ့၊ အခွင့်အလမ်းဆီကိုသွားပါ

အလုပ်ကောင်းကောင်း၊ လစာ ကောင်းကောင်းလိုချင်ပေမဲ့ ကိုယ့်ဘက်က ကြိုးစားအားထုတ်မှုဘာမှမရှိဘဲနဲ့တော့ အဲဒီအလုပ်တွေက အလိုအလျောက်ကိုယ့် ဆီကိုလိုက်လာမှာတော့မဟုတ်ပါဘူး။ ကိုယ်ကအခွင့်အလမ်းကိုထိုင်စောင့်နေသူ တစ်ယောက်ဖြစ်နေသလား။ အခွင့်အလမ်း ကိုထိုင်မစောင့်ပါနဲ့။ အခွင့်အလမ်းကကိုယ့် ဆီကိုမလာလျှင် ကိုယ်ကအခွင့်အလမ်းဆီ ကိုသွားရမယ်ဆိုတာကို မမေ့ပါနဲ့။ အဲဒီလို သွားဖို့အတွက်တော့ ကိုယ့်ဘက်ကလမ်း ကြောင်းမှန်မှန်ကန်ကန်ဖြစ်ဖို့လိုပါတယ်။

အလုပ်တစ်ခုဝင်တဲ့အခါ မိတ်ဆွေ၊ အကြီးအကဲကြောင့် ဒီနေရာဒီရာထူးကို ရရှိခဲ့တာလား၊ ဒီနေရာ၊ ဒီရာထူးက ကိုယ် နဲ့ထိုက်တန်ရဲ့လားဆိုတာကိုတော့ ပြန် လည်သုံးသပ်ဖို့လိုပါတယ်။ ဒါကြောင့် အခွင့်အလမ်းကိုသွားတဲ့လမ်းကြောင်းက မှန်ကန်တဲ့လမ်းကြောင်းဖြစ်ဖို့လိုပါသေး တယ်။ ဒီနေရာကိုဘာကြောင့်ရလာသလဲ လို့မေးလာတဲ့အခါ ကိုယ့်ဘက်က လိပ်ပြာ သန့်သန့်နဲ့ဖြေနိုင်အောင်ကြိုးစားအားထုတ် သင့်ပါတယ်။

အချုပ်ဆိုရလျှင် လူတိုင်းကတော့ လစာကောင်းကောင်း၊ အလုပ်ကောင်း ကောင်းလိုချင်ကြပါတယ်။ ဒါပေမဲ့ အလုပ် ကောင်းကောင်း၊ လစာကောင်းကောင်းဆို တာကလည်း လူတိုင်းမရနိုင်ကြပါဘူး။ ဘာကြောင့်မရနိုင်သလဲလို့သုံးသပ်ကြည့်လိုက် လျှင် နံပါတ်တစ်အချက်က အရည်အချင်း ကြောင့်ပါ။ နံပါတ်နှစ်အချက်ကတော့ လုပ်ငန်းအတွေ့အကြုံပါ။ နံပါတ်သုံး အချက်ကတော့ကြိုးစားအားထုတ်မှုနဲ့ လုံ့လဝီရိယလို့ပဲပြောချင်ပါတယ်။

‘‘ထိုက်တန်တဲ့ရင်းနှီးမှုတော့ရှိရမယ်၊ မယုတ်မလွန်တဲ့ကြိုးစားမှုတော့စိုက်ရမယ်...နတ်စီတဲ့အိပ်မက်လှလှများ လွယ်လွယ်နဲ့တော့မရ...’’ ဆိုတဲ့ သီချင်း လေးအတိုင်းပဲ ရင်းနှီးမြှုပ်နှံမှုရယ်၊ ကြိုးစားအားထုတ်မှုရယ်ရှိဖို့လိုပါတယ်။

Credit - ကျော့ကေခိုင် (Myanmar-Network)

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top