လူငယ္ေတြေတာ္ေတာ္မ်ားမ်ားအ လုပ္ေကာင္းေကာင္းနဲ႕ လစာအလြန္ ေကာင္းတဲ့အလုပ္ကိုလိုခ်င္ၾကပါတယ္။ အဲဒီအတိုင္းပဲ အလုပ္ရွာေဖြတဲ့အခါ လစာ မ်ားတဲ့ကုမၸဏီ၊ အလုပ္ေကာင္းတဲ့ကုမၸဏီ ျဖစ္မွအလုပ္လုပ္ခ်င္ၾကတာမ်ားပါတယ္။ ကိုယ့္မွာအေတြ႔အႀကံဳရွိလားဆိုေတာ့လည္း မရွိဘူး၊ သင့္တင့္တဲ့က်ြမ္းက်င္မႈရွိသလား ဆိုေတာ့လည္းမရွိျပန္ဘူး။ ဒါေပမဲ့ရွာေန တာကေတာ့ အလုပ္ေကာင္းေကာင္း၊ လစာေကာင္းေကာင္းရတဲ့အလုပ္ပဲ။ ဒီအလုပ္မွမရလ်ွင္ မလုပ္ႏိုင္ဘူးဆိုတဲ့လူငယ္ ေတြကိုေတြ႔လာရပါတယ္။
ဒီေတာ့ၾကားဖူးတဲ့ ဆို႐ိုးစကားေလး တစ္ခုနဲ႕ပဲဥပမာေပးခ်င္ပါတယ္။ ‘‘ထိပ္ဆုံး ကစတယ္ဆိုတဲ့ တစ္ခုတည္းေသာအလုပ္ ကေတာ့ တြင္းတူးတာပါပဲ’’ ဆိုတဲ့စကား ေလးပါ။ ေျပာၾကားခဲ့တဲ့သူကိုေတာ့မမွတ္ မိေတာ့ပါဘူး။ ဒီစကားေလးက သိပ္ကို အဓိပၸာယ္ရွိပါတယ္။ ဘယ္အလုပ္မဆို ထိပ္ဆုံးကမွစခ်င္တယ္ဆိုတဲ့ လူငယ္ေတြ အတြက္ေတာ့ အလြန္ေကာင္းတဲ့ဥပမာ ေလးတစ္ခုပါပဲ။ ဒီဥပမာေလးအတိုင္းပဲ ထိပ္ဆုံးကစတယ္ဆိုတဲ့အလုပ္က တြင္းတူး တာတစ္ခုကလြဲလ်ွင္ ဘယ္အလုပ္မွထိပ္ ဆုံးကေနအစျပဳတယ္ဆိုတာမရွိပါဘူး။ ကိုယ္ တိုင္ႀကိဳးစားအားထုတ္မႈေၾကာင့္သာ အဆင့္ဆင့္ထိပ္ဆုံးေရာက္သြားႏိုင္တယ္ဆို တဲ့အခ်က္ကို သတိျပဳဆင္ျခင္ဖို႕သာလိုတာ ပါ။
လူငယ္အမ်ားစုအလုပ္ရွာၾကတဲ့အ ခါ ကိုယ့္နီးစပ္ရာပတ္ဝန္းက်င္ကမိတ္ေဆြ အေပါင္းအသင္းေတြကိုေျပာေနက်စကား က အလုပ္ေကာင္းေကာင္းနဲ႕လစာေကာင္း တဲ့အလုပ္ရွိလ်ွင္ေျပာပါဆိုတာမ်ိဳးပါ။ အ လုပ္ေကာင္းေကာင္းနဲ႕လစာေကာင္းေကာင္း အလုပ္ေတြကရွိပါတယ္။ ဒါေပမဲ့ထိုက္တန္ တဲ့ရင္းႏွီးျမႇဳပ္ႏွံမႈမလုပ္ထားဘဲနဲ႕ေတာ့ အလုပ္ေကာင္းေကာင္း၊ လစာေကာင္း ေကာင္းဆိုတာမ်ိဳးကို ေမ်ွာ္မွန္းေနလို႕မရပါ ဘူး။ အလုပ္ေကာင္းေကာင္း၊ လစာ ေကာင္းရဖို႕ကိုယ့္ဘက္က ဘာေတြလိုအပ္ ေနေသးတယ္၊ ဘာေတြျဖည့္ဆည္းထားဖို႕ လိုအပ္တယ္ဆိုတာကို ေဖာ္ျပေပးခ်င္ပါတယ္။
ရွိသင့္ရွိထိုက္တဲ့အရည္အခ်င္းျပည့္မီေအာင္ ႀကိဳးစားပါ
အလုပ္ကလည္းေကာင္းရမယ္၊ လ စာက်ေတာ့လည္းေကာင္းေကာင္းရတဲ့ အလုပ္က်မွလုပ္ခ်င္တယ္ဆိုလ်ွင္ေတာ့ ကိုယ့္ဘက္ကလည္း ျပည့္စုံလုံေလာက္တဲ့ အရည္အခ်င္းေကာင္းေတြ၊ အေတြ႔အႀကံဳ ေကာင္းေတြရွိဖို႕လိုအပ္ပါေသးတယ္။ ဘယ္ အရာကမွ အလကားမရႏိုင္သလို ထိုက္ တန္တဲ့ရင္းႏွီးျမႇဳပ္ႏွံမႈမရွိဘဲနဲ႕ေတာ့ အလုပ္ ေကာင္းေကာင္း၊ လစာေကာင္းေကာင္းဆို တာ အိပ္မက္မက္ေန႐ုံပဲတတ္ႏိုင္မွာပါ။ ကိုယ္စိုက္ပ်ိဳးသမ်ွ ကိုယ္တိုင္ပဲရိတ္သိမ္း ၾကရပါတယ္။ ကိုယ့္ဘက္ကျဖည့္ဆည္း ႏိုင္သမ်ွ ဝမ္းစာအျပည့္ျဖည့္ထားမယ္ဆိုလ်ွင္ အလုပ္ေကာင္းေတြ၊ လစာေကာင္းေတြက ကိုယ့္ကိုရွာေဖြသြားၾကပါလိမ့္မယ္။
လူငယ္တခ်ိဳ႔လြဲမွားေနၾကတဲ့အရာက ကိုယ့္ဘက္ကတတ္ႏိုင္သေလာက္မျဖည့္ဆည္းထားဘဲ အလုပ္ေကာင္းေကာင္း၊ လစာေကာင္းေကာင္းရတဲ့အလုပ္ကိုရွာေဖြ ေနၾကတာပါပဲ။ ခရီးမိုင္ေပါင္းမ်ားစြာက ေျခတစ္လွမ္းကေနအစျပဳခဲ့ရတယ္ဆိုတာကို သတိမျပဳမိၾကတာလည္းျဖစ္ႏိုင္ပါတယ္။ အလုပ္ေကာင္းေကာင္း၊ လစာေကာင္း ေကာင္းလိုခ်င္ၿပီဆိုရင္ ကိုယ့္ဘက္ကလည္း သင့္တင့္ေလ်ာက္ပတ္တဲ့အရည္အခ်င္းေတြ၊ အရည္အေသြးေတြ၊ အေတြ႔အႀကံဳေတြကို စုေဆာင္းထားဖို႕ေတာ့ လိုအပ္ပါလိမ့္မယ္။
အလုပ္ေကာင္းေကာင္း၊ လစာေကာင္းေကာင္းအလုပ္ေတြရဲ႔ အရည္အခ်င္းလို အပ္ခ်က္ေတြကိုေလ့လာပါ
လုပ္ငန္းခြင္ေတြမွာ စာေတြ႔အေတြ႔ အႀကံဳထက္၊ လက္ေတြ႔လုပ္ငန္းခြင္နယ္ ပယ္မွာ လုပ္ကိုင္ေနသူရဲ႔အေတြ႔အႀကံဳက ပိုၿပီးေတာ့မ်ားျပားတာကိုေတြ႔ရပါတယ္။ ဘာသင္တန္းဆင္း၊ ညာသင္တန္းဆင္းဆို ၿပီး လက္မွတ္ႀကီးေတြကိုင္ၿပီး အလုပ္ခြင္ထဲ ကိုရာထူးႀကီးႀကီးေတာင္းဖို႕ ဝင္လာတတ္ပါ တယ္။ လစာကလည္းအျမင့္ကိုမွန္းထား တယ္။ သင့္တင့္တဲ့ေနရာ၊ သင့္တင့္တဲ့ရာ ထူး၊ သင့္တင့္တဲ့လစာအတြက္ေတာ့ သူတို႕ ေမ်ွာ္မွန္းမထားပါဘူး။ ထိပ္ဆုံးေနရာတစ္ခု ကိုသာ အမ်ားစုကေမ်ွာ္လင့္ထားၾကပါ တယ္။
အလုပ္ေကာင္းေကာင္းဆိုတာက လည္းအေတြ႔အႀကံဳေကာင္းေကာင္းရွိဖို႕ လိုအပ္ပါတယ္။ အေတြ႔အႀကံဳေကာင္း ေကာင္းမရွိဘဲနဲ႕အလုပ္ေကာင္းေကာင္းမရ ႏိုင္ပါဘူး။ အလုပ္ေခၚစာေတြမွာေလ့လာ ၾကည့္ပါ။ ရာထူးႀကီးႀကီးေနရာေတြအတြက္ အလုပ္ေခၚယူတဲ့အခါ အရည္အခ်င္းတစ္ ခုကိုပဲ အဓိကမထားပါဘူး။ အေတြ႔အႀကံဳ ကလည္းမရွိမျဖစ္လိုအပ္ပါေသးတယ္။ ဒါ ေၾကာင့္ အလုပ္ေကာင္းေကာင္း၊ လစာ ေကာင္းေကာင္းတစ္ခုကိုထိုင္ေစာင့္မေနပါ နဲ႕။ ေျခလွမ္းငယ္ေလးတစ္ခုကလည္း မိုင္ ေပါင္းရာေထာင္ခ်ီခရီးရဲ႔ အစျဖစ္ေနလို႕ပါ။
ပညာမာနထားရွိပါ၊ အလြန္အက်ြံမျဖစ္ေစရန္ သတိထားပါ
ကိုယ္က ဘြဲ႔ေတြ၊ ဒီပလိုမာေတြ၊ ဟိုႏိုင္ငံ၊ ဒီႏိုင္ငံကအသိအမွတ္ျပဳလက္ မွတ္ေတြအမ်ားႀကီးရထားတာေၾကာင့္ အလုပ္ဆိုလ်ွင္ ရာထူးႀကီးႀကီးရမွလုပ္ႏိုင္ မယ္ဆိုတာမ်ိဳး ပညာမာနထားလို႕မရပါ ဘူး။ ကိုယ္ကလုပ္ငန္းခြင္မွာသင္ယူေလ့ လာဖို႕လိုအပ္တာမ်ိဳးရွိပါတယ္။ လုပ္ငန္းခြင္ အတြင္းမွာ သူကေတာ့ငါ့ေလာက္ေတာင္ ပညာတတ္တာမဟုတ္ဘူး၊ သူေပးတဲ့ အႀကံဉာဏ္ေတြယူစရာမလိုဘူး၊ သူေျပာ တာေတြလုပ္စရာမလိုဘူးဆိုတဲ့ တလြဲမာန မ်ိဳးမထားဖို႕လိုအပ္ပါတယ္။
တစ္ခါတစ္ရံမွာ ကိုယ့္လိုမ်ိဳးႏိုင္ငံျခား အသိအမွတ္ျပဳဘြဲ႔လက္မွတ္ေတြရမထားေပမဲ့ လုပ္ငန္းသေဘာသဘာ၀ကို ကိုယ့္ထက္ပိုၿပီးအေတြ႔အႀကံဳရွိေနတာမ်ိဳးကို လက္ခံသင္ယူႏိုင္ရပါမယ္။ သူတစ္ပါး ကကိုယ့္ေလာက္မတတ္ဘူးဆိုၿပီး လုပ္ငန္း ခြင္မွာသင္ယူလိုစိတ္မရွိတာကလည္း လြဲမွားတဲ့ပညာမာနတစ္ခုသာျဖစ္ပါတယ္။
အခြင့္အလမ္းကိုထိုင္ေစာင့္မေနပါနဲ႕၊ အခြင့္အလမ္းဆီကိုသြားပါ
အလုပ္ေကာင္းေကာင္း၊ လစာ ေကာင္းေကာင္းလိုခ်င္ေပမဲ့ ကိုယ့္ဘက္က ႀကိဳးစားအားထုတ္မႈဘာမွမရွိဘဲနဲ႕ေတာ့ အဲဒီအလုပ္ေတြက အလိုအေလ်ာက္ကိုယ့္ ဆီကိုလိုက္လာမွာေတာ့မဟုတ္ပါဘူး။ ကိုယ္ကအခြင့္အလမ္းကိုထိုင္ေစာင့္ေနသူ တစ္ေယာက္ျဖစ္ေနသလား။ အခြင့္အလမ္း ကိုထိုင္မေစာင့္ပါနဲ႕။ အခြင့္အလမ္းကကိုယ့္ ဆီကိုမလာလ်ွင္ ကိုယ္ကအခြင့္အလမ္းဆီ ကိုသြားရမယ္ဆိုတာကို မေမ့ပါနဲ႕။ အဲဒီလို သြားဖို႕အတြက္ေတာ့ ကိုယ့္ဘက္ကလမ္း ေၾကာင္းမွန္မွန္ကန္ကန္ျဖစ္ဖို႕လိုပါတယ္။
အလုပ္တစ္ခုဝင္တဲ့အခါ မိတ္ေဆြ၊ အႀကီးအကဲေၾကာင့္ ဒီေနရာဒီရာထူးကို ရရွိခဲ့တာလား၊ ဒီေနရာ၊ ဒီရာထူးက ကိုယ္ နဲ႕ထိုက္တန္ရဲ႔လားဆိုတာကိုေတာ့ ျပန္ လည္သုံးသပ္ဖို႕လိုပါတယ္။ ဒါေၾကာင့္ အခြင့္အလမ္းကိုသြားတဲ့လမ္းေၾကာင္းက မွန္ကန္တဲ့လမ္းေၾကာင္းျဖစ္ဖို႕လိုပါေသး တယ္။ ဒီေနရာကိုဘာေၾကာင့္ရလာသလဲ လို႕ေမးလာတဲ့အခါ ကိုယ့္ဘက္က လိပ္ျပာ သန္႕သန္႕နဲ႕ေျဖႏိုင္ေအာင္ႀကိဳးစားအားထုတ္ သင့္ပါတယ္။
အခ်ဳပ္ဆိုရလ်ွင္ လူတိုင္းကေတာ့ လစာေကာင္းေကာင္း၊ အလုပ္ေကာင္း ေကာင္းလိုခ်င္ၾကပါတယ္။ ဒါေပမဲ့ အလုပ္ ေကာင္းေကာင္း၊ လစာေကာင္းေကာင္းဆို တာကလည္း လူတိုင္းမရႏိုင္ၾကပါဘူး။ ဘာေၾကာင့္မရႏိုင္သလဲလို႕သုံးသပ္ၾကည့္လိုက္ လ်ွင္ နံပါတ္တစ္အခ်က္က အရည္အခ်င္း ေၾကာင့္ပါ။ နံပါတ္ႏွစ္အခ်က္ကေတာ့ လုပ္ငန္းအေတြ႔အႀကံဳပါ။ နံပါတ္သုံး အခ်က္ကေတာ့ႀကိဳးစားအားထုတ္မႈနဲ႕ လုံ႕လဝီရိယလို႕ပဲေျပာခ်င္ပါတယ္။
‘‘ထိုက္တန္တဲ့ရင္းႏွီးမႈေတာ့ရွိရမယ္၊ မယုတ္မလြန္တဲ့ႀကိဳးစားမႈေတာ့စိုက္ရမယ္...နတ္စီတဲ့အိပ္မက္လွလွမ်ား လြယ္လြယ္နဲ႕ေတာ့မရ...’’ ဆိုတဲ့ သီခ်င္း ေလးအတိုင္းပဲ ရင္းႏွီးျမွဳပ္ႏွံမႈရယ္၊ ႀကိဳးစားအားထုတ္မႈရယ္ရွိဖို႕လိုပါတယ္။
Credit - ေက်ာ႔ေကခိုင္ (Myanmar-Network)
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
လူငယ်တွေတော်တော်များများအ လုပ်ကောင်းကောင်းနဲ့ လစာအလွန် ကောင်းတဲ့အလုပ်ကိုလိုချင်ကြပါတယ်။ အဲဒီအတိုင်းပဲ အလုပ်ရှာဖွေတဲ့အခါ လစာ များတဲ့ကုမ္ပဏီ၊ အလုပ်ကောင်းတဲ့ကုမ္ပဏီ ဖြစ်မှအလုပ်လုပ်ချင်ကြတာများပါတယ်။ ကိုယ့်မှာအတွေ့အကြုံရှိလားဆိုတော့လည်း မရှိဘူး၊ သင့်တင့်တဲ့ကျွမ်းကျင်မှုရှိသလား ဆိုတော့လည်းမရှိပြန်ဘူး။ ဒါပေမဲ့ရှာနေ တာကတော့ အလုပ်ကောင်းကောင်း၊ လစာကောင်းကောင်းရတဲ့အလုပ်ပဲ။ ဒီအလုပ်မှမရလျှင် မလုပ်နိုင်ဘူးဆိုတဲ့လူငယ် တွေကိုတွေ့လာရပါတယ်။
ဒီတော့ကြားဖူးတဲ့ ဆိုရိုးစကားလေး တစ်ခုနဲ့ပဲဥပမာပေးချင်ပါတယ်။ ‘‘ထိပ်ဆုံး ကစတယ်ဆိုတဲ့ တစ်ခုတည်းသောအလုပ် ကတော့ တွင်းတူးတာပါပဲ’’ ဆိုတဲ့စကား လေးပါ။ ပြောကြားခဲ့တဲ့သူကိုတော့မမှတ် မိတော့ပါဘူး။ ဒီစကားလေးက သိပ်ကို အဓိပ္ပာယ်ရှိပါတယ်။ ဘယ်အလုပ်မဆို ထိပ်ဆုံးကမှစချင်တယ်ဆိုတဲ့ လူငယ်တွေ အတွက်တော့ အလွန်ကောင်းတဲ့ဥပမာ လေးတစ်ခုပါပဲ။ ဒီဥပမာလေးအတိုင်းပဲ ထိပ်ဆုံးကစတယ်ဆိုတဲ့အလုပ်က တွင်းတူး တာတစ်ခုကလွဲလျှင် ဘယ်အလုပ်မှထိပ် ဆုံးကနေအစပြုတယ်ဆိုတာမရှိပါဘူး။ ကိုယ် တိုင်ကြိုးစားအားထုတ်မှုကြောင့်သာ အဆင့်ဆင့်ထိပ်ဆုံးရောက်သွားနိုင်တယ်ဆို တဲ့အချက်ကို သတိပြုဆင်ခြင်ဖို့သာလိုတာ ပါ။
လူငယ်အများစုအလုပ်ရှာကြတဲ့အ ခါ ကိုယ့်နီးစပ်ရာပတ်ဝန်းကျင်ကမိတ်ဆွေ အပေါင်းအသင်းတွေကိုပြောနေကျစကား က အလုပ်ကောင်းကောင်းနဲ့လစာကောင်း တဲ့အလုပ်ရှိလျှင်ပြောပါဆိုတာမျိုးပါ။ အ လုပ်ကောင်းကောင်းနဲ့လစာကောင်းကောင်း အလုပ်တွေကရှိပါတယ်။ ဒါပေမဲ့ထိုက်တန် တဲ့ရင်းနှီးမြှုပ်နှံမှုမလုပ်ထားဘဲနဲ့တော့ အလုပ်ကောင်းကောင်း၊ လစာကောင်း ကောင်းဆိုတာမျိုးကို မျှော်မှန်းနေလို့မရပါ ဘူး။ အလုပ်ကောင်းကောင်း၊ လစာ ကောင်းရဖို့ကိုယ့်ဘက်က ဘာတွေလိုအပ် နေသေးတယ်၊ ဘာတွေဖြည့်ဆည်းထားဖို့ လိုအပ်တယ်ဆိုတာကို ဖော်ပြပေးချင်ပါတယ်။
ရှိသင့်ရှိထိုက်တဲ့အရည်အချင်းပြည့်မီအောင် ကြိုးစားပါ
အလုပ်ကလည်းကောင်းရမယ်၊ လ စာကျတော့လည်းကောင်းကောင်းရတဲ့ အလုပ်ကျမှလုပ်ချင်တယ်ဆိုလျှင်တော့ ကိုယ့်ဘက်ကလည်း ပြည့်စုံလုံလောက်တဲ့ အရည်အချင်းကောင်းတွေ၊ အတွေ့အကြုံ ကောင်းတွေရှိဖို့လိုအပ်ပါသေးတယ်။ ဘယ် အရာကမှ အလကားမရနိုင်သလို ထိုက် တန်တဲ့ရင်းနှီးမြှုပ်နှံမှုမရှိဘဲနဲ့တော့ အလုပ် ကောင်းကောင်း၊ လစာကောင်းကောင်းဆို တာ အိပ်မက်မက်နေရုံပဲတတ်နိုင်မှာပါ။ ကိုယ်စိုက်ပျိုးသမျှ ကိုယ်တိုင်ပဲရိတ်သိမ်း ကြရပါတယ်။ ကိုယ့်ဘက်ကဖြည့်ဆည်း နိုင်သမျှ ဝမ်းစာအပြည့်ဖြည့်ထားမယ်ဆိုလျှင် အလုပ်ကောင်းတွေ၊ လစာကောင်းတွေက ကိုယ့်ကိုရှာဖွေသွားကြပါလိမ့်မယ်။
လူငယ်တချို့လွဲမှားနေကြတဲ့အရာက ကိုယ့်ဘက်ကတတ်နိုင်သလောက်မဖြည့်ဆည်းထားဘဲ အလုပ်ကောင်းကောင်း၊ လစာကောင်းကောင်းရတဲ့အလုပ်ကိုရှာဖွေ နေကြတာပါပဲ။ ခရီးမိုင်ပေါင်းများစွာက ခြေတစ်လှမ်းကနေအစပြုခဲ့ရတယ်ဆိုတာကို သတိမပြုမိကြတာလည်းဖြစ်နိုင်ပါတယ်။ အလုပ်ကောင်းကောင်း၊ လစာကောင်း ကောင်းလိုချင်ပြီဆိုရင် ကိုယ့်ဘက်ကလည်း သင့်တင့်လျောက်ပတ်တဲ့အရည်အချင်းတွေ၊ အရည်အသွေးတွေ၊ အတွေ့အကြုံတွေကို စုဆောင်းထားဖို့တော့ လိုအပ်ပါလိမ့်မယ်။
အလုပ်ကောင်းကောင်း၊ လစာကောင်းကောင်းအလုပ်တွေရဲ့ အရည်အချင်းလို အပ်ချက်တွေကိုလေ့လာပါ
လုပ်ငန်းခွင်တွေမှာ စာတွေ့အတွေ့ အကြုံထက်၊ လက်တွေ့လုပ်ငန်းခွင်နယ် ပယ်မှာ လုပ်ကိုင်နေသူရဲ့အတွေ့အကြုံက ပိုပြီးတော့များပြားတာကိုတွေ့ရပါတယ်။ ဘာသင်တန်းဆင်း၊ ညာသင်တန်းဆင်းဆို ပြီး လက်မှတ်ကြီးတွေကိုင်ပြီး အလုပ်ခွင်ထဲ ကိုရာထူးကြီးကြီးတောင်းဖို့ ဝင်လာတတ်ပါ တယ်။ လစာကလည်းအမြင့်ကိုမှန်းထား တယ်။ သင့်တင့်တဲ့နေရာ၊ သင့်တင့်တဲ့ရာ ထူး၊ သင့်တင့်တဲ့လစာအတွက်တော့ သူတို့ မျှော်မှန်းမထားပါဘူး။ ထိပ်ဆုံးနေရာတစ်ခု ကိုသာ အများစုကမျှော်လင့်ထားကြပါ တယ်။
အလုပ်ကောင်းကောင်းဆိုတာက လည်းအတွေ့အကြုံကောင်းကောင်းရှိဖို့ လိုအပ်ပါတယ်။ အတွေ့အကြုံကောင်း ကောင်းမရှိဘဲနဲ့အလုပ်ကောင်းကောင်းမရ နိုင်ပါဘူး။ အလုပ်ခေါ်စာတွေမှာလေ့လာ ကြည့်ပါ။ ရာထူးကြီးကြီးနေရာတွေအတွက် အလုပ်ခေါ်ယူတဲ့အခါ အရည်အချင်းတစ် ခုကိုပဲ အဓိကမထားပါဘူး။ အတွေ့အကြုံ ကလည်းမရှိမဖြစ်လိုအပ်ပါသေးတယ်။ ဒါ ကြောင့် အလုပ်ကောင်းကောင်း၊ လစာ ကောင်းကောင်းတစ်ခုကိုထိုင်စောင့်မနေပါ နဲ့။ ခြေလှမ်းငယ်လေးတစ်ခုကလည်း မိုင် ပေါင်းရာထောင်ချီခရီးရဲ့ အစဖြစ်နေလို့ပါ။
ပညာမာနထားရှိပါ၊ အလွန်အကျွံမဖြစ်စေရန် သတိထားပါ
ကိုယ်က ဘွဲ့တွေ၊ ဒီပလိုမာတွေ၊ ဟိုနိုင်ငံ၊ ဒီနိုင်ငံကအသိအမှတ်ပြုလက် မှတ်တွေအများကြီးရထားတာကြောင့် အလုပ်ဆိုလျှင် ရာထူးကြီးကြီးရမှလုပ်နိုင် မယ်ဆိုတာမျိုး ပညာမာနထားလို့မရပါ ဘူး။ ကိုယ်ကလုပ်ငန်းခွင်မှာသင်ယူလေ့ လာဖို့လိုအပ်တာမျိုးရှိပါတယ်။ လုပ်ငန်းခွင် အတွင်းမှာ သူကတော့ငါ့လောက်တောင် ပညာတတ်တာမဟုတ်ဘူး၊ သူပေးတဲ့ အကြံဉာဏ်တွေယူစရာမလိုဘူး၊ သူပြော တာတွေလုပ်စရာမလိုဘူးဆိုတဲ့ တလွဲမာန မျိုးမထားဖို့လိုအပ်ပါတယ်။
တစ်ခါတစ်ရံမှာ ကိုယ့်လိုမျိုးနိုင်ငံခြား အသိအမှတ်ပြုဘွဲ့လက်မှတ်တွေရမထားပေမဲ့ လုပ်ငန်းသဘောသဘာဝကို ကိုယ့်ထက်ပိုပြီးအတွေ့အကြုံရှိနေတာမျိုးကို လက်ခံသင်ယူနိုင်ရပါမယ်။ သူတစ်ပါး ကကိုယ့်လောက်မတတ်ဘူးဆိုပြီး လုပ်ငန်း ခွင်မှာသင်ယူလိုစိတ်မရှိတာကလည်း လွဲမှားတဲ့ပညာမာနတစ်ခုသာဖြစ်ပါတယ်။
အခွင့်အလမ်းကိုထိုင်စောင့်မနေပါနဲ့၊ အခွင့်အလမ်းဆီကိုသွားပါ
အလုပ်ကောင်းကောင်း၊ လစာ ကောင်းကောင်းလိုချင်ပေမဲ့ ကိုယ့်ဘက်က ကြိုးစားအားထုတ်မှုဘာမှမရှိဘဲနဲ့တော့ အဲဒီအလုပ်တွေက အလိုအလျောက်ကိုယ့် ဆီကိုလိုက်လာမှာတော့မဟုတ်ပါဘူး။ ကိုယ်ကအခွင့်အလမ်းကိုထိုင်စောင့်နေသူ တစ်ယောက်ဖြစ်နေသလား။ အခွင့်အလမ်း ကိုထိုင်မစောင့်ပါနဲ့။ အခွင့်အလမ်းကကိုယ့် ဆီကိုမလာလျှင် ကိုယ်ကအခွင့်အလမ်းဆီ ကိုသွားရမယ်ဆိုတာကို မမေ့ပါနဲ့။ အဲဒီလို သွားဖို့အတွက်တော့ ကိုယ့်ဘက်ကလမ်း ကြောင်းမှန်မှန်ကန်ကန်ဖြစ်ဖို့လိုပါတယ်။
အလုပ်တစ်ခုဝင်တဲ့အခါ မိတ်ဆွေ၊ အကြီးအကဲကြောင့် ဒီနေရာဒီရာထူးကို ရရှိခဲ့တာလား၊ ဒီနေရာ၊ ဒီရာထူးက ကိုယ် နဲ့ထိုက်တန်ရဲ့လားဆိုတာကိုတော့ ပြန် လည်သုံးသပ်ဖို့လိုပါတယ်။ ဒါကြောင့် အခွင့်အလမ်းကိုသွားတဲ့လမ်းကြောင်းက မှန်ကန်တဲ့လမ်းကြောင်းဖြစ်ဖို့လိုပါသေး တယ်။ ဒီနေရာကိုဘာကြောင့်ရလာသလဲ လို့မေးလာတဲ့အခါ ကိုယ့်ဘက်က လိပ်ပြာ သန့်သန့်နဲ့ဖြေနိုင်အောင်ကြိုးစားအားထုတ် သင့်ပါတယ်။
အချုပ်ဆိုရလျှင် လူတိုင်းကတော့ လစာကောင်းကောင်း၊ အလုပ်ကောင်း ကောင်းလိုချင်ကြပါတယ်။ ဒါပေမဲ့ အလုပ် ကောင်းကောင်း၊ လစာကောင်းကောင်းဆို တာကလည်း လူတိုင်းမရနိုင်ကြပါဘူး။ ဘာကြောင့်မရနိုင်သလဲလို့သုံးသပ်ကြည့်လိုက် လျှင် နံပါတ်တစ်အချက်က အရည်အချင်း ကြောင့်ပါ။ နံပါတ်နှစ်အချက်ကတော့ လုပ်ငန်းအတွေ့အကြုံပါ။ နံပါတ်သုံး အချက်ကတော့ကြိုးစားအားထုတ်မှုနဲ့ လုံ့လဝီရိယလို့ပဲပြောချင်ပါတယ်။
‘‘ထိုက်တန်တဲ့ရင်းနှီးမှုတော့ရှိရမယ်၊ မယုတ်မလွန်တဲ့ကြိုးစားမှုတော့စိုက်ရမယ်...နတ်စီတဲ့အိပ်မက်လှလှများ လွယ်လွယ်နဲ့တော့မရ...’’ ဆိုတဲ့ သီချင်း လေးအတိုင်းပဲ ရင်းနှီးမြှုပ်နှံမှုရယ်၊ ကြိုးစားအားထုတ်မှုရယ်ရှိဖို့လိုပါတယ်။
Credit - ကျော့ကေခိုင် (Myanmar-Network)
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
သင္ဟာလစာေကာင္းေကာင္းရဖို႔ ထိုက္တန္ရဲ႕လား?
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။