iMyanmarHouse.com - Best Property Website for Myanmar
×

သူငယ္ခ်င္းတစ္ေယာက္ေၾကာင့္ လူလယ္ေကာင္မွာ အရွက္ရဘူးလား။ လူေတြၾကား သူငယ္ခ်င္းေတြက သင့္ကို လြန္လြန္က်ဴးက်ဴးစရင္း အရွက္ရေစတာမ်ိဳး ျဖစ္ဘူးလား။ ဒီလိုအေျခအေနမ်ိဳးေတြမွာ တံု႔ျပန္ရမယ့္နည္းေတြ ရွိပါတယ္။

၁ - အေၾကာင္းအရာေျပာင္း

ေျပာေနတဲ့အေၾကာင္းအရာကို သင့္ဘက္ကစေျပာင္းလိုက္ပါ။ မၾကိဳက္ေၾကာင္း သင့္ဘက္က မ်က္ႏွာအမူအရာနဲ႔ေတာင္ ျပေနစရာမလိုပါဘူး။ ဒီလို ေျပာင္းလိုက္တာနဲ႔ သင့္ဘက္က မၾကိဳက္ဘူးဆိုတာကို သူတို႔ သေဘာေပါက္သြားမွာပါ။ ဒါေပမယ့္ တခ်ိဳ႕က ခ်က္ခ်င္း သေဘာမေပါက္တတ္တာေၾကာင့္ ႏွစ္ခါ သံုးခါေလာက္ေတာ့ အေၾကာင္းအရာကို ေျပာင္းရတတ္ပါတယ္။

၂ - စကားကို ရပ္ပစ္

ခြင့္လႊတ္လို႔ရေလာက္တဲ့အေျခအေနကို ေက်ာ္ေတာ့မယ္ဆိုတာနဲ႔ စကားကိုရပ္ပစ္ပါ။ ရပ္ပစ္ျပီးတာနဲ႔ ေရွာင္ထြက္ခဲ့တာကေတာ့ အေကာင္းဆံုးပါပဲ။ ဒါေပမယ့္ ဒီနည္းမွာ ျပႆနာရွိတာက က်န္ခဲ့တဲ့လူေတြက သင့္အတင္းကို ေျပာတာပါ။ သူတို႔ အတင္းေျပာရင္လည္း ဒါက သူတို႔ဘယ္လုိလူျဖစ္တယ္ဆိုတာကို ေဖာ္ျပတာပါ။  သင္က လွည့္ထြက္ခဲ့ဖို႔ပါပဲ။

၃ - ရပ္ဖို႔ေျပာ

တစ္ဖက္လူက သူေျပာေနတာက ဘာအဓိပၸါယ္ျဖစ္ေနတယ္ဆိုတာကို မသိရင္ေတာ့ သင့္ဘက္က ရပ္ဖို႔ ေျပာေပးရမွာ ျဖစ္ပါတယ္။ သူေျပာေနတာေတြက သင့္ကို ထိခိုက္ေစတယ္ဆိုတာကို ဒီလိုရပ္ခိုင္းျပီး အသိေပးရမွာ ျဖစ္ပါတယ္။ ဒီလူကိုပဲ ဒီလုိမ်ိဳး ႏွစ္ခါသံုးခါ ေျပာေနရတယ္ဆိုရင္ေတာ့  မေကာင္းပါဘူး။ သူ႔ကို ခပ္ခြာခြာ ေနသင့္ပါတယ္။

၄ - ပါးနပ္ပါ

သင့္ကို အရွက္ရေစမယ့္ စကားမ်ိဳး ေျပာတယ္ဆိုရင္ "ဒီေန႔  ဘာျဖစ္ေနလဲ" "အဲ့လို ဘာလို႔ ေျပာတာလဲ" "နင္ေျပာလိုက္ေတာ့ ျပႆနာ ေျပလည္သြားလား" စတဲ့ စကားေတြကို ပါးနပ္စြာ ေျပာျပီး သတိေပးလို႔ရပါတယ္။ ေျပာေနသူဟာ သူဘာေျပာေနတယ္ဆိုတာကို သတိထားမိသြားမွာ ျဖစ္ပါတယ္။

၅ - ႏွစ္ဦးတည္းေဆြးေႏြး

ဘာေၾကာင့္ အရွက္ရေအာင္ လိုက္လုပ္ေနတယ္ဆိုတာကို ႏွစ္ဦးတည္းေဆြးေႏြးပါ။ တစ္ခါတစ္ေလ တစ္ဖက္လူဟာ သူ႔အက်င့္ေၾကာင့္ ဒီလိုေျပာေနတာမ်ိဳး ျဖစ္တတ္ျပီး သင့္ဘက္က မေက်နပ္တာကို သိေတာင္ မသိတတ္ပါဘူး။ ေဆြးေႏြးမႈလုပ္တဲ့အခါ ႏွစ္ဦးတည္း ေအးေအးေဆးေဆး ေဆြးေႏြးလို႔ရမယ့္ ေနရာမ်ိဳးကို ေရြးခ်ယ္သင့္ပါတယ္။

၆ - မသိက်ိဳးကၽြံျပဳ

အသိမ္ေမြ႕ဆံုးနည္းကေတာ့ ဒီလူကို ရွိတယ္လို႔ အသိအမွတ္မျပဳေတာ့တာျဖစ္ပါတယ္။ အတတ္ႏုိင္ဆံုး ကင္းကင္းရွင္းရွင္းေနတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီလိုေနထုိင္လိုက္တာဟာ ျပႆနာကို မေျဖရွင္းႏိုင္ဘဲ တစ္ဖက္ကပါ သင့္အေပၚ စိမ္းကားသြားႏုိင္ပါတယ္။ သင္ဘက္က ခပ္တန္းတန္းေနတယ္ဆိုတာကို ျပႆနာရွိေနတဲ့ သင္တုိ႔ႏွစ္ေယာက္ပဲသိျပီး က်န္တဲ့လူေတြ မသိရင္ ပိုေကာင္းပါတယ္။

၇ - သင့္အမွားလား ဆန္းစစ္

သူ႔ဘက္က သင့္ကို အရွက္ရေအာင္ လုိက္လုပ္ေနရတာဟာ သင္ကလည္း သူ႔ကို အရွက္ရေအာင္ လုပ္ထားလို႔ပါ။ ဒီလုိလုပ္မိတာကိုေတာ့ သင့္ဘက္က သတိမျပဳမိဘဲ ျဖစ္ေနတာပါ။ ဒီလိုအေျခအေနဆိုရင္ေတာ့ သင့္ဘက္ကေတာင္းပန္ျပီး ျပႆနာကို ေက်ေအးရမွာ ျဖစ္ပါတယ္။
Credit:duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
သူငယ်ချင်းတစ်ယောက်ကြောင့် လူလယ်ကောင်မှာ အရှက်ရဘူးလား။ လူတွေကြား သူငယ်ချင်းတွေက သင့်ကို လွန်လွန်ကျူးကျူးစရင်း အရှက်ရစေတာမျိုး ဖြစ်ဘူးလား။ ဒီလိုအခြေအနေမျိုးတွေမှာ တုံ့ပြန်ရမယ့်နည်းတွေ ရှိပါတယ်။

၁ - အကြောင်းအရာပြောင်း

ပြောနေတဲ့အကြောင်းအရာကို သင့်ဘက်ကစပြောင်းလိုက်ပါ။ မကြိုက်ကြောင်း သင့်ဘက်က မျက်နှာအမူအရာနဲ့တောင် ပြနေစရာမလိုပါဘူး။ ဒီလို ပြောင်းလိုက်တာနဲ့ သင့်ဘက်က မကြိုက်ဘူးဆိုတာကို သူတို့ သဘောပေါက်သွားမှာပါ။ ဒါပေမယ့် တချို့က ချက်ချင်း သဘောမပေါက်တတ်တာကြောင့် နှစ်ခါ သုံးခါလောက်တော့ အကြောင်းအရာကို ပြောင်းရတတ်ပါတယ်။

၂ - စကားကို ရပ်ပစ်

ခွင့်လွှတ်လို့ရလောက်တဲ့အခြေအနေကို ကျော်တော့မယ်ဆိုတာနဲ့ စကားကိုရပ်ပစ်ပါ။ ရပ်ပစ်ပြီးတာနဲ့ ရှောင်ထွက်ခဲ့တာကတော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် ဒီနည်းမှာ ပြဿနာရှိတာက ကျန်ခဲ့တဲ့လူတွေက သင့်အတင်းကို ပြောတာပါ။ သူတို့ အတင်းပြောရင်လည်း ဒါက သူတို့ဘယ်လိုလူဖြစ်တယ်ဆိုတာကို ဖော်ပြတာပါ။  သင်က လှည့်ထွက်ခဲ့ဖို့ပါပဲ။

၃ - ရပ်ဖို့ပြော

တစ်ဖက်လူက သူပြောနေတာက ဘာအဓိပ္ပါယ်ဖြစ်နေတယ်ဆိုတာကို မသိရင်တော့ သင့်ဘက်က ရပ်ဖို့ ပြောပေးရမှာ ဖြစ်ပါတယ်။ သူပြောနေတာတွေက သင့်ကို ထိခိုက်စေတယ်ဆိုတာကို ဒီလိုရပ်ခိုင်းပြီး အသိပေးရမှာ ဖြစ်ပါတယ်။ ဒီလူကိုပဲ ဒီလိုမျိုး နှစ်ခါသုံးခါ ပြောနေရတယ်ဆိုရင်တော့  မကောင်းပါဘူး။ သူ့ကို ခပ်ခွာခွာ နေသင့်ပါတယ်။

၄ - ပါးနပ်ပါ

သင့်ကို အရှက်ရစေမယ့် စကားမျိုး ပြောတယ်ဆိုရင် "ဒီနေ့  ဘာဖြစ်နေလဲ" "အဲ့လို ဘာလို့ ပြောတာလဲ" "နင်ပြောလိုက်တော့ ပြဿနာ ပြေလည်သွားလား" စတဲ့ စကားတွေကို ပါးနပ်စွာ ပြောပြီး သတိပေးလို့ရပါတယ်။ ပြောနေသူဟာ သူဘာပြောနေတယ်ဆိုတာကို သတိထားမိသွားမှာ ဖြစ်ပါတယ်။

၅ - နှစ်ဦးတည်းဆွေးနွေး

ဘာကြောင့် အရှက်ရအောင် လိုက်လုပ်နေတယ်ဆိုတာကို နှစ်ဦးတည်းဆွေးနွေးပါ။ တစ်ခါတစ်လေ တစ်ဖက်လူဟာ သူ့အကျင့်ကြောင့် ဒီလိုပြောနေတာမျိုး ဖြစ်တတ်ပြီး သင့်ဘက်က မကျေနပ်တာကို သိတောင် မသိတတ်ပါဘူး။ ဆွေးနွေးမှုလုပ်တဲ့အခါ နှစ်ဦးတည်း အေးအေးဆေးဆေး ဆွေးနွေးလို့ရမယ့် နေရာမျိုးကို ရွေးချယ်သင့်ပါတယ်။

၆ - မသိကျိုးကျွံပြု

အသိမ်မွေ့ဆုံးနည်းကတော့ ဒီလူကို ရှိတယ်လို့ အသိအမှတ်မပြုတော့တာဖြစ်ပါတယ်။ အတတ်နိုင်ဆုံး ကင်းကင်းရှင်းရှင်းနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုနေထိုင်လိုက်တာဟာ ပြဿနာကို မဖြေရှင်းနိုင်ဘဲ တစ်ဖက်ကပါ သင့်အပေါ် စိမ်းကားသွားနိုင်ပါတယ်။ သင်ဘက်က ခပ်တန်းတန်းနေတယ်ဆိုတာကို ပြဿနာရှိနေတဲ့ သင်တို့နှစ်ယောက်ပဲသိပြီး ကျန်တဲ့လူတွေ မသိရင် ပိုကောင်းပါတယ်။

၇ - သင့်အမှားလား ဆန်းစစ်

သူ့ဘက်က သင့်ကို အရှက်ရအောင် လိုက်လုပ်နေရတာဟာ သင်ကလည်း သူ့ကို အရှက်ရအောင် လုပ်ထားလို့ပါ။ ဒီလိုလုပ်မိတာကိုတော့ သင့်ဘက်က သတိမပြုမိဘဲ ဖြစ်နေတာပါ။ ဒီလိုအခြေအနေဆိုရင်တော့ သင့်ဘက်ကတောင်းပန်ပြီး ပြဿနာကို ကျေအေးရမှာ ဖြစ်ပါတယ်။

Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top