iMyanmarHouse.com - Best Property Website for Myanmar
×

(၁) ဗုိက္အေနအထား

အကယ္၍ ကိုယ္၀န္ဟာ ၀မ္းဗုိက္အထက္၊ အလယ္၊ ေအာက္ ေနရာသုံးမ်ိဳးအနက္ ေအာက္မွာရွိတယ္လုိ႔ ခံစားရရင္ ေသခ်ာ ေပါက္ ေယာက္်ားေလး ကိုယ္၀န္လုိ႔ ဆုိပါတယ္။ ဒီအခ်က္ကို အာလ္ထရာေဆာင္းမ႐ိုက္ခင္မွာ စမ္းသပ္ၾကည့္ေတာ့ တကယ့္ကို ရာႏႈန္းျပည့္မွန္ကယ္တယ္လုိ႔ ဆုိပါတယ္။ ဒါေပမယ့္ အရပ္ပုတဲ့ မိခင္ေလာင္းေတြမွာေတာ့ ခန္႔မွန္းရတာ ခက္ခဲ တယ္လုိ႔ ဆုိပါတယ္။

(၂) ဆီးအေရာင္
ဆီးအေရာင္ဟာ ကိုယ္၀န္သည္အမ်ိဳးသမီးေတြမွာ အေျပာင္းအလဲေတြ ရွိပါတယ္။ ဆီးဟာ ပယင္းေရာင္ေဖ်ာ့ေဖ်ာ့၊ အေရာင္  ေရာစပ္မႈေတြ ရွိရင္ ေသခ်ာေပါက္ ေယာက္်ားေလး ကိုယ္၀န္လုိ႔ သိရပါတယ္။ အကယ္၍ ဆီးအေရာင္ဟာ မည္းညစ္ညစ္
ျဖစ္ေနရင္ ေယာက္်ားေလးလုိ႔လည္း သတ္မွတ္ၾကၿပီး၊ အျဖဴစြတ္စြတ္ဆုိရင္ေတာ့ မိန္းကေလးပါတဲ့။

(၃) ၀က္ၿခံ

တကယ္လုိ႔ ကိုယ္၀န္ေဆာင္ေနစဥ္အတြင္းမွာ သင္ ၀က္ၿခံေပါက္တယ္ဆုိရင္လည္း ဒါ ေယာက္်ားေလး ကိုယ္၀န္လုိ႔ ဆုိပါ
တယ္။ အေၾကာင္းကေတာ့ ကိုယ္၀န္ေဆာင္စဥ္မွာ ေယာက္်ားေလးသေႏၶသားဟာ မိခင္ကို ဟိုမုန္းအေျပာင္းအလဲ ျဖစ္ေစဖုိ႔ အလြန္တြန္းအားေပးလုိ႔ပါ။ ဟုိမုန္းအေျပာင္းအလဲ ႀကီးမားရင္လည္း ၀က္ၿခံထြက္တတ္ပါတယ္။ ဒါဟာ ေယာက္်ားေလး
ကုိယ္၀န္ရဲ႕ သေကၤတတစ္ခုပါဘဲ။
(၄) ရင္သားအရြယ္အစား အေျပာင္းအလဲ
အမ်ားအားျဖင့္ အမ်ိဳးသမီးေတြရဲ႕ ဘယ္ဘက္ရင္သားဟာ ညာဘက္ရင္သားထက္ ပုိႀကီးတတ္ၾကပါတယ္။ ဒါေပမယ့္ ကိုယ္၀န္ေဆာင္ေနစဥ္မွာ ညာဘက္ရင္သား ထူးထူးျခားျခား ႀကီးလာၿပီဆုိရင္ေတာ့ ေယာက္်ားေလးကိုယ္၀န္ကို လြယ္ထား
ရၿပီဆုိတဲ့ သေဘာပါ။
(၅) ေျခေထာက္ေတြ ေအးစက္ရင္
ကို္ယ္၀န္သည္ အမ်ိဳးသမီးဟာ ေျခေထာက္ေတြ ေအးစက္တဲ့ခံစားမႈကို ခဏခဏ ခံစားရတယ္ဆုိရင္ ေယာက္်ားေလးကိုယ္
၀န္ကို လြယ္ထားရၿပီလုိ႔ ဆုိလုိ႔ရပါတယ္။
အျခားအခ်က္မ်ား-

(၆) ကိုယ္၀န္သေႏၶသားရဲ႕ ႏွလုံးခုန္ႏႈန္း တစ္မိနစ္လွ်င္ 140 ေအာက္ ရွိတယ္ဆုိရင္ ေယာက္်ားေလးကိုယ္၀န္၊
(၇) မိခင္ေလာင္းဟာ သာမန္အခ်ိန္ထက္ ဆံပင္အရွည္ျမန္ေနတယ္လုိ႔ ယူဆရရင္လည္း ေယာက္်ားေလးကိုယ္၀န္၊
(၈) မိခင္ခ်င္ျခင္းတပ္တဲ့ အစားအစာဟာ အခ်ဥ္၊ အငန္ အစားအစာေတြျဖစ္ေနရင္လည္း ေယာက္်ားေလးကိုယ္၀န္၊
(၉) အိပ္စက္တဲ့ပုံစံမွာ သာမန္အိပ္စက္တဲ့ပုံစံနဲ႔ မတူပဲ ဘက္ဘက္ကုိသာ ေစာင္းၿပီး အိပ္စက္ေလ့ရွိရင္ ယာက္်ားေလး ကိုယ္၀န္၊

(၁၀) လက္ေတြ ခဏခဏ ေျခာက္ေသြ႕ျခင္း၊ လက္ဆီ မျပန္ျခင္း ခဏခဏျဖစ္လွ်င္ ေယာက္်ားေလးကိုယ္၀န္၊
(၁၁) ကိုယ္၀န္ေဆာင္ေနစဥ္မွာ မနက္ပုိင္း အဖ်ားတက္သလုိလုိ မျဖစ္ဘူးဆုိရင္ ေယာက္်ားေလးကိုယ္၀န္၊
(၁၂) ကိုယ္၀န္က ဘဲဥပုံနဲ႔မတူပဲ ခပ္၀ုိင္း၀ုိင္းေလး ျဖစ္ေနရင္ ေယာက္်ားေလးကိုယ္၀န္။

Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
 (၁) ဗိုက်အနေအထား

အကယ်၍ ကိုယ်ဝန်ဟာ ဝမ်းဗိုက်အထက်၊ အလယ်၊ အောက် နေရာသုံးမျိုးအနက် အောက်မှာရှိတယ်လို့ ခံစားရရင် သေချာ ပေါက် ယောက်ျားလေး ကိုယ်ဝန်လို့ ဆိုပါတယ်။ ဒီအချက်ကို အာလ်ထရာဆောင်းမရိုက်ခင်မှာ စမ်းသပ်ကြည့်တော့ တကယ့်ကို ရာနှုန်းပြည့်မှန်ကယ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အရပ်ပုတဲ့ မိခင်လောင်းတွေမှာတော့ ခန့်မှန်းရတာ ခက်ခဲ တယ်လို့ ဆိုပါတယ်။

(၂) ဆီးအရောင်
ဆီးအရောင်ဟာ ကိုယ်ဝန်သည်အမျိုးသမီးတွေမှာ အပြောင်းအလဲတွေ ရှိပါတယ်။ ဆီးဟာ ပယင်းရောင်ဖျော့ဖျော့၊ အရောင်  ရောစပ်မှုတွေ ရှိရင် သေချာပေါက် ယောက်ျားလေး ကိုယ်ဝန်လို့ သိရပါတယ်။ အကယ်၍ ဆီးအရောင်ဟာ မည်းညစ်ညစ်
ဖြစ်နေရင် ယောက်ျားလေးလို့လည်း သတ်မှတ်ကြပြီး၊ အဖြူစွတ်စွတ်ဆိုရင်တော့ မိန်းကလေးပါတဲ့။

(၃) ဝက်ခြံ

တကယ်လို့ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ သင် ဝက်ခြံပေါက်တယ်ဆိုရင်လည်း ဒါ ယောက်ျားလေး ကိုယ်ဝန်လို့ ဆိုပါ
တယ်။ အကြောင်းကတော့ ကိုယ်ဝန်ဆောင်စဉ်မှာ ယောက်ျားလေးသန္ဓေသားဟာ မိခင်ကို ဟိုမုန်းအပြောင်းအလဲ ဖြစ်စေဖို့ အလွန်တွန်းအားပေးလို့ပါ။ ဟိုမုန်းအပြောင်းအလဲ ကြီးမားရင်လည်း ဝက်ခြံထွက်တတ်ပါတယ်။ ဒါဟာ ယောက်ျားလေး
ကိုယ်ဝန်ရဲ့ သင်္ကေတတစ်ခုပါဘဲ။
(၄) ရင်သားအရွယ်အစား အပြောင်းအလဲ
အများအားဖြင့် အမျိုးသမီးတွေရဲ့ ဘယ်ဘက်ရင်သားဟာ ညာဘက်ရင်သားထက် ပိုကြီးတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်နေစဉ်မှာ ညာဘက်ရင်သား ထူးထူးခြားခြား ကြီးလာပြီဆိုရင်တော့ ယောက်ျားလေးကိုယ်ဝန်ကို လွယ်ထား
ရပြီဆိုတဲ့ သဘောပါ။
(၅) ခြေထောက်တွေ အေးစက်ရင်
ကိုယ်ဝန်သည် အမျိုးသမီးဟာ ခြေထောက်တွေ အေးစက်တဲ့ခံစားမှုကို ခဏခဏ ခံစားရတယ်ဆိုရင် ယောက်ျားလေးကိုယ်
ဝန်ကို လွယ်ထားရပြီလို့ ဆိုလို့ရပါတယ်။
အခြားအချက်များ-

(၆) ကိုယ်ဝန်သန္ဓေသားရဲ့ နှလုံးခုန်နှုန်း တစ်မိနစ်လျှင် 140 အောက် ရှိတယ်ဆိုရင် ယောက်ျားလေးကိုယ်ဝန်၊
(၇) မိခင်လောင်းဟာ သာမန်အချိန်ထက် ဆံပင်အရှည်မြန်နေတယ်လို့ ယူဆရရင်လည်း ယောက်ျားလေးကိုယ်ဝန်၊
(၈) မိခင်ချင်ခြင်းတပ်တဲ့ အစားအစာဟာ အချဉ်၊ အငန် အစားအစာတွေဖြစ်နေရင်လည်း ယောက်ျားလေးကိုယ်ဝန်၊
(၉) အိပ်စက်တဲ့ပုံစံမှာ သာမန်အိပ်စက်တဲ့ပုံစံနဲ့ မတူပဲ ဘက်ဘက်ကိုသာ စောင်းပြီး အိပ်စက်လေ့ရှိရင် ယာက်ျားလေး ကိုယ်ဝန်၊

(၁၀) လက်တွေ ခဏခဏ ခြောက်သွေ့ခြင်း၊ လက်ဆီ မပြန်ခြင်း ခဏခဏဖြစ်လျှင် ယောက်ျားလေးကိုယ်ဝန်၊
(၁၁) ကိုယ်ဝန်ဆောင်နေစဉ်မှာ မနက်ပိုင်း အဖျားတက်သလိုလို မဖြစ်ဘူးဆိုရင် ယောက်ျားလေးကိုယ်ဝန်၊
(၁၂) ကိုယ်ဝန်က ဘဲဥပုံနဲ့မတူပဲ ခပ်ဝိုင်းဝိုင်းလေး ဖြစ်နေရင် ယောက်ျားလေးကိုယ်ဝန်။


Credit:Shwemom

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top