iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္လံုးနာတာ မ်က္လံုးယားတာကို လူတိုင္းလိုလို ႀကံဳေတြ႔ဖူးၾကမွာပါ။ အျမင္အာရံု ၾကည္လင္ေစဖို႔ မ်က္လံုးရဲ့ က်န္းမာေရးကို ဂရုစို္ကဖို႔လိုအပ္ပါတယ္။

မ်က္လံုးယားၿပီး မ်က္လံုးနာၿပီဆိုရင္ အိမ္မွာပဲ သဘာ၀နည္းလမ္းနဲ႔ ကုသနည္းေတြကို မွ်ေ၀ေပးခ်င္ပါတယ္။

ေရေအးေအးမွာ မ်က္ေတာင္ခတ္လိုက္ပါ

ဒါကေတာ့ စာဖတ္သူေတြလည္းသိၿပီးသားနည္းလမ္းျဖစ္မွာပါ။ မ်က္လံုးယားနာၿပီဆိုရင္ ေရသန္႔သန္႔ ေအးေအးေလးထဲမွာ မ်က္လံုးကိုႏွစ္ၿပီး မ်က္ေတာင္ခတ္လိုက္ပါ။ အဲလိုမွအလုပ္မျဖစ္ဘူးဆိုရင္ ေရခဲတံုးကို တဘက္နဲ႔ အုပ္ၿပီး မ်က္လံုးေပၚမွာ ကပ္ေပးထားပါ။

ေရခဲရိုက္ထားတဲ့အစားအစာေတြကိုသံုးမယ္

တကယ္လို႔မ်ား ေရခဲတံုးက အိမ္မွာမရႏိုင္ဘူးဆိုရင္ တျခား ေအးခဲတဲ့အစားအစာေတြကို အသံုးျပဳႏိုင္ပါတယ္။ ေရခဲရိုက္ထားတဲ့ အသီးအရြက္ကို သန္႔ရွင္းတဲ့ အ၀တ္စတစ္ခုေပၚက ကပ္ၿပီး မ်က္လံုးေပၚမွာ ၁၀ မိနစ္ေလာက္ကပ္ထားေပးပါ။

သခြားသီးကပ္မယ္

သခြားသီးကို အသားအေရအလွအပအတြက္ေရာ က်န္းမာေရးအတြက္ေရာ အသံုးျပဳႏိုင္ပါတယ္။ သခြားသီးကို ပါးပါးလွီးၿပီး ေရခဲစိမ္ထားကာ မ်က္လံုးေပၚမ်ာ ကပ္ေပးထားရမွာပါ။ ၁၀ မိနစ္ေလာက္ မ်က္ခြံေပၚကပ္ထားေပးရင္ မ်က္လံုးနီတာ မ်က္လံုးနာတာ သက္သာသြားမွာပါ။

ရွားေစာင္းလက္ပက္

ရွားေစာင္းလက္ပက္အႏွစ္ကိုယူၿပီး ေရခဲေသတၱာထဲထည့္ထားပါ။ ၿပီးရင္ ေရခဲေရအနည္းငယ္နဲ႔ ေရာၿပီးေမႊေပးပါ။ အဲဒီေနာက္ ၀ါဂြမ္းအသန္႔ကိုယူၿပီး မ်က္လံုးမွိတ္ကာ မ်က္ခြံေပၚကပ္ေပးထားပါ။

ငိုလိုက္ပါ

ငိုတာဟာလည္း မ်က္လံုးနာတာကို သက္သာေစပါတယ္။ ဆားစားပြဲတင္ဇြန္တစ္ဇြန္းကို ေရ ၁ လီတာနဲ႔ ေရာၿပီး ေမႊေပးပါ။

ၿပီးရင္ အရည္ေပ်ာ္သြားေအာင္ေစာင့္ပါ။ အဲဒီေနာက္ မ်က္လံုးထဲမွာ တစ္စက္ခ်ေပးပါ။ ၿပီးရင္မ်က္ရည္က်လာမွာျဖစ္ပါတယ္။

Credit:mystylemyanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
မျက်လုံးနာတာ မျက်လုံးယားတာကို လူတိုင်းလိုလို ကြုံတွေ့ဖူးကြမှာပါ။ အမြင်အာရုံ ကြည်လင်စေဖို့ မျက်လုံးရဲ့ ကျန်းမာရေးကို ဂရုစိုကဖို့လိုအပ်ပါတယ်။

မျက်လုံးယားပြီး မျက်လုံးနာပြီဆိုရင် အိမ်မှာပဲ သဘာဝနည်းလမ်းနဲ့ ကုသနည်းတွေကို မျှဝေပေးချင်ပါတယ်။

ရေအေးအေးမှာ မျက်တောင်ခတ်လိုက်ပါ

ဒါကတော့ စာဖတ်သူတွေလည်းသိပြီးသားနည်းလမ်းဖြစ်မှာပါ။ မျက်လုံးယားနာပြီဆိုရင် ရေသန့်သန့် အေးအေးလေးထဲမှာ မျက်လုံးကိုနှစ်ပြီး မျက်တောင်ခတ်လိုက်ပါ။ အဲလိုမှအလုပ်မဖြစ်ဘူးဆိုရင် ရေခဲတုံးကို တဘက်နဲ့ အုပ်ပြီး မျက်လုံးပေါ်မှာ ကပ်ပေးထားပါ။

ရေခဲရိုက်ထားတဲ့အစားအစာတွေကိုသုံးမယ်

တကယ်လို့များ ရေခဲတုံးက အိမ်မှာမရနိုင်ဘူးဆိုရင် တခြား အေးခဲတဲ့အစားအစာတွေကို အသုံးပြုနိုင်ပါတယ်။ ရေခဲရိုက်ထားတဲ့ အသီးအရွက်ကို သန့်ရှင်းတဲ့ အဝတ်စတစ်ခုပေါ်က ကပ်ပြီး မျက်လုံးပေါ်မှာ ၁၀ မိနစ်လောက်ကပ်ထားပေးပါ။

သခွားသီးကပ်မယ်

သခွားသီးကို အသားအရေအလှအပအတွက်ရော ကျန်းမာရေးအတွက်ရော အသုံးပြုနိုင်ပါတယ်။ သခွားသီးကို ပါးပါးလှီးပြီး ရေခဲစိမ်ထားကာ မျက်လုံးပေါ်မျာ ကပ်ပေးထားရမှာပါ။ ၁၀ မိနစ်လောက် မျက်ခွံပေါ်ကပ်ထားပေးရင် မျက်လုံးနီတာ မျက်လုံးနာတာ သက်သာသွားမှာပါ။

ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်အနှစ်ကိုယူပြီး ရေခဲသေတ္တာထဲထည့်ထားပါ။ ပြီးရင် ရေခဲရေအနည်းငယ်နဲ့ ရောပြီးမွှေပေးပါ။ အဲဒီနောက် ဝါဂွမ်းအသန့်ကိုယူပြီး မျက်လုံးမှိတ်ကာ မျက်ခွံပေါ်ကပ်ပေးထားပါ။

ငိုလိုက်ပါ

ငိုတာဟာလည်း မျက်လုံးနာတာကို သက်သာစေပါတယ်။ ဆားစားပွဲတင်ဇွန်တစ်ဇွန်းကို ရေ ၁ လီတာနဲ့ ရောပြီး မွှေပေးပါ။

ပြီးရင် အရည်ပျော်သွားအောင်စောင့်ပါ။ အဲဒီနောက် မျက်လုံးထဲမှာ တစ်စက်ချပေးပါ။ ပြီးရင်မျက်ရည်ကျလာမှာဖြစ်ပါတယ်။

Credit:mystylemyanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top