iMyanmarHouse.com - Best Property Website for Myanmar
×

(၁) အရွယ်တင်နုပျိုတယ်







(၆) ကလေးလေးလို

Credit:Shwemom
ပို့သပေးပါတယ်။

#Unicode Version
သင့်ချစ်သူဟာ 5 ပေ 2 လက်မ အရပ်အမြင့်သာ ရှိတယ်ဆိုရင် သင်လည်း အောက်ပါ ကောင်းကျိုးတွေ ခံစားရမှာ မလွဲပါဘူး။ အရပ်မြင့်တဲ့ ချစ်သူမျိုး ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ သင့်မှာ ဒီအားသားချက်တွေ မရနိုင်တဲ့အတွက် နည်းနည်းတော့ စိတ်မကောင်းစရာပါဘဲ။ အရပ်ပုတဲ့ ချစ်သူကို ပိုင်ဆိုင်ထားတယ်ဆိုရင် ဒီအချက်ကလေးတွေတော့ ခံစားရမှာ မလွဲပါဘူး
(၁) အရွယ်တင်နုပျိုတယ်

သုတေသနစစ်တမ်းအရလည်း အရပ်ပုတဲ့သူတွေဟာ အသက်ကြီးတယ်လို့ မထင်ရပါဘူးတဲ့။ ဒါ့အပြင် အရွယ်တင်မှုမှာ လည်း အရပ်ရှည်တဲ့သူတွေထက် ပိုသာပါတယ်။ ဒီလိုအခြေအနေဟာ သင့်ချစ်သူကို အပျိုမလေးအတိုင်း ဆယ်စုနှစ်စာလောက် ပိုမြင်ရစေမှာပါ။
(၂) နွေးထွေးသော ဖက်တွယ်မှီခိုမှု

သင့်နဲ့ အရပ်တူအမျိုးသမီးတစ်ယောက်ဆီက ဒီလို ဖက်တွယ်မှီခိုမှုကို ရနိုင်မှာ မဟုတ်ပါဘူး။ အရပ်ပုတဲ့ ချစ်သူကသာ သင့်
လည်ပင်ကနေ စီးစီးပိုးပိုးဖက်ပြီး၊ အားရပါးရ အချစ်သက်သေပြနိုင်မှာ ဖြစ်ပါတယ်။

(၃) တိုးတိုးလေး ပြောစရာရှိတဲ့အခါတိုင်း ပိုအထာကျတယ်

သူမမှာ တိုးတိုးလေး ပြောစရာရှိတဲ့ဆိုရင် သင်က သူပြောတာကို ကောင်းကောင်းကြားဖို့ သူ့ပါးစပ်နဲ့ကို သင့်နားရွက်ကပ်
ကပ်ပေးရမယ်၊ ဒါဟာ သင် မက်တပ်ရပ်နေတဲ့ အနေအထားဆို ဘေးပတ်ဝန်းကျင်က အတော်ချစ်တတ်ကြတဲ့ စုံတွဲလို့ အထင်ရှိစေမှာပါ။
(၄) အလွယ်တကူ ပွေ့ချီမြှောက်ကစားနိုင်တယ်

အရပ်ပုတဲ့ကောင်မလေးတွေက ကိုယ်အလေးချိန်လည်း နည်းပါးပါတယ်။ သင် သူ့ကို ခါးကနေပဲဖြစ်ဖြစ်၊ ဒူးကွေးနဲ့ လည်ပင်းကနေပဲဖြစ်ဖြစ် သိုင်းမ မြှောက်ကစားမယ်ဆိုရင်လည်း အားအများကြီး စိုက်စရာ မလိုပါဘူး။ အရပ်ရှည်တဲ့ ကောင်မလေးကို ဒီလို မ,ရရင် သင် စားသာလိမ့်မယ် မထင်ပါနဲ့။
(၅) အနမ်းပေးတိုင်း ကဗျာဆန်တယ်

ကိုးရီးယားအချစ်ဇာတ်လမ်းတွဲတွေလိုပဲ သူမကို အနမ်းပေးတဲ့အခါတိုင်း သူ့ခါးလေးကို အပေါ်ကို ပင့်ဖက်လိုက်၊ သူမက ခြေဖျားလေး မမှီတမှီထောက်ပြီး သင့်အနမ်းတွေကို တုန့်ပြန်လိုက်၊ ဒါက သိပ်ကို ရိုမက်တစ် ဆန်တဲ့ မြင်ကွင်းလေးပါဘဲ။

(၆) ကလေးလေးလို

အရပ်ပုတဲ့ကောင်မလေးတွေက ဘယ်အချိန်ပဲကြည့်ကြည့် ကလေးလေးတွေလိုပါဘဲ။ အဝတ်အစားအတွက်လည်း သိပ်ပူပူပင်ပင် မရှိရပါဘူး။ နောက်ပြီး ဘယ်လိုအဝတ်ကိုပဲ ဝတ်ဝတ် လှပြီးသားပါဘဲ။ ဂါဝန်လေးနဲ့ဆိုရင် ပိုလှသလို၊ ဘောင်းဘီလေးနဲ့ဆိုရင်လည်း ချစ်စရာလေးပါဘဲ။ အရပ်ရှည်တဲ့ အမျိုးသမီးတွေက ကိုယ်ကြပ်အဝတ်အစား ဝတ်လိုက်ရင် အရိုးတွေက ငေါထွက်လာရော။ ဒီအတွက် သင့်ချစ်သူက စိုးရိမ်စရာ မရှိပါဘူး။
Credit:Shwemom

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top