iMyanmarHouse.com - Best Property Website for Myanmar
×

သင့္အေၾကာင္းကို မသိေသးတဲ့သူတစ္ေယာက္ကို တိတ္တိတ္ေလးသေဘာက်ၿပီး Crushေနတယ္ဆိုတာ ေတာ္ေတာ္ေလးရင္ခုန္ရၿပီး စိတ္လည္း လႈပ္ရွားရပါတယ္။ သူရဲ႕ facebook profile ကိုတိတ္တိတ္ေလး ၀င္ၾကည့္ရတာကလည္း သင့္အတြက္ အေကာင္းဆံုး အခိုက္အတန္႔ပဲ မဟုတ္လား။ တစ္ခါတစ္ေလမွာ စကားေျပာခ်င္ေပမယ့္ စကားေျပာဖို႔ မ၀ံ႔မရဲလည္း ျဖစ္ေနတတ္ပါတယ္။ သင္ကေရာ သင့္Crushရဲ႕ စိတ္၀င္စားမႈကို ရရွိေစဖို႔ ႀကိဳးစားေနတဲ့သူတစ္ေယာက္ပဲလား။ ၾကိဳးစားရမယ့္ နည္းေလးေတြကို ဒီမွာတိုးတိုးတိတ္တိတ္ေလးေျပာျပထားတယ္ေနာ္။

၁-ဟာသဥာဏ္ရႊင္ပါ။
မိန္းကေလးပဲျဖစ္ျဖစ္ ေယာက်ာ္းေလးပဲျဖစ္ျဖစ္ လူတိုင္းက ဟာသဥာဏ္ရွိဖို႔ဆိုတာ မလြယ္ပါဘူး။ ဒါေၾကာင့္လည္း ဟာသဥာဏ္ရွိတဲ့သူဆိုရင္ ပိုသေဘာက်ပါတယ္။ ဒီလိုဆုိေတာ့ လူရႊင္ေတာ္ေတြလို ဟာသေတြပဲ ေျပာရမလားဆိုတာလည္းမဟုတ္ေသးပါဘူး။ ဟီးဟီးဟားဟားေတြ မဟုတ္ဘဲ ဟာသေတြေျပာျပတတ္တဲ့၊ေပ်ာ္ေပ်ာ္ေနတတ္တဲ့ သူတစ္ေယာက္ဆိုတာ သိေစဖို႔ဆိုရင္ လံုေလာက္ပါတယ္။

၂-ဟန္မေဆာင္ပါနဲ႔။
လူတိုင္းက ဟန္ေဆာင္တတ္တဲ့သူဆို ဘယ္သူမွ သေဘာမက်ပါဘူး။ သင့္အေနနဲ႔ သူစိတ္၀င္စားေအာင္တျခားတစ္ေယာက္ရဲ႕ အမူအရာေတြ၊ဟန္ပန္ေတြကိုယူဖို႔ မလိုသလို သင္ရဲ႕ ပံုမွန္ပင္ကိုေနတတ္သလိုပဲ ေနပါ။

၃-တစ္ဖက္သားအေပၚေလးစားပါ။
သင္တို႔ႏွစ္ေယာက္ ဒိတ္ၾကတာပဲျဖစ္ျဖစ္ အမွတ္တမဲ႔ေတြ႔တာပဲျဖစ္ျဖစ္ ခ်ိဳခ်ိဳသာသာေျပာပါ။ တစ္ဖက္သားအေပၚေလးစားမႈထားတာက သူ႔ကို အေလးေပးရာေရာက္သလို ကိုယ္က ျပည့္၀တဲ့လူတစ္ေယာက္ဆိုတာကို သိသာေစပါတယ္။

၄-ေကာင္းေကာင္း၀တ္စားပါ။
အျမင္နဲ႔တင္ အရာရာကို ဆံုးျဖတ္လုိ႔မရေပမယ့္ သင့္ရဲ႕ ၀တ္ပံုစားပံုကလည္း သင့္ကို အကဲျဖတ္ႏိုင္တဲ့ အရာေတြထဲက တစ္ခုပါ။ပထမဦးဆံုးဒိတ္တဲ့အခါမွာ သပ္သပ္ရပ္ရပ္ ၀တ္စားသြားဖို႔လိုတဲ့အျပင္သင့္ Crush ကေက်ာင္းက ၊ရံုးက ဆိုရင္လည္း ေန႔တိုင္း သူျမင္သာေစမယ့္ပံုစံေတြ၊ၾကည့္လို႔ေကာင္းေနမယ့္ ပံုစံေတြ ၀တ္ဆင္ပါ။

၅-သူ႕အၾကိဳက္နဲ႔ကိုယ့္အႀကိဳက္ ႏွိုင္းယွဥ္ၾကည့္ပါ။
တစ္ခါတေလမွာသူ႔အၾကိဳက္ေတြ သိေစဖို႔ ကိုယ့္အၾကိဳက္ေတြကိုေျပာၿပီး သူ႕အၾကိဳက္ေတြကိုစကားႏႈိက္ၾကည့္ပါ။ သူဘာဂီတအမ်ိဳးအစားနားေထာင္လဲ အၾကိဳက္ဆံုးမင္းသမီးက ဘယ္သူလဲ စသည္ျဖင့္ေပါ့။ သင္နဲ႔ အၾကိဳက္တူတာေတြရွိရင္လည္း ၀မ္းသာစကားဆိုပါ။

၆-သူ႕ကိုႏွစ္သက္ေနေၾကာင္းျပပါ။
နည္းနည္းရိပ္ဖမ္းသံဖမ္းေလာက္ အထာေပးတာက ဆိုးေတာ့မဆိုးပါဘူး။ သူ႔ကိုသင္ စိတ္၀င္စားေနတယ္ဆိုတာ သူရိပ္မိေအာင္ စကားစပါ။သူၾကိဳက္တတ္တဲ့သီခ်င္းေလး ဖြင့္ၿပီး “ဒီသီခ်င္းေလးနင္ၾကိဳက္တယ္ဆိုလို႔ငါအၿမဲ နားေထာင္ျဖစ္တယ္”လို႔ေျပာတာမ်ိဳးေပါ့။

၇-အၿမဲအဆင္သင့္ရွိပါ။
အၿမဲအဆင္သင့္ရွိေနေပးပါဆိုတာ လိုအပ္တိုင္းေျပးေတြ႔ေပးေနဖို႔လည္း မလိုပါဘူး။ အကူအညီလိုအပ္တဲ့အခါ ကူညီေပးတာ၊စိတ္မေကာင္းျဖစ္ေနတဲ့အခ်ိန္ ဖုန္းထဲကေန ႏွစ္သိမ့္ေပးတာမ်ိဳးေတြ လုပ္ပါ။

၈-နည္းေပါင္းစံုနဲ႔ အလုပ္မျဖစ္ေတာ့ဘူးဆိုရင္ ခ်စ္တဲ့အေၾကာင္းသာဖြင့္ေျပာလိုက္ပါ။
သင္ၾကိဳးစားသမွ်နည္းေတြလည္းကုန္ၿပီ တစ္ဖက္က ဘာမွအေၾကာင္းမထူးဘူးဆိုရင္ ခ်စ္ေနတဲ့အေၾကာင္း ဖြင့္ေျပာလိုက္ပါ။သူ႔ဘက္က ခ်စ္သည္ မခ်စ္သည္ အေျဖကိုသိရတဲ့အခါ သင္လည္း စိတ္ရွင္းသြားမွာ ျဖစ္ပါတယ္။

Credit:trend myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

သင့်အကြောင်းကို မသိသေးတဲ့သူတစ်ယောက်ကို တိတ်တိတ်လေးသဘောကျပြီး Crushနေတယ်ဆိုတာ တော်တော်လေးရင်ခုန်ရပြီး စိတ်လည်း လှုပ်ရှားရပါတယ်။ သူရဲ့ facebook profile ကိုတိတ်တိတ်လေး ဝင်ကြည့်ရတာကလည်း သင့်အတွက် အကောင်းဆုံး အခိုက်အတန့်ပဲ မဟုတ်လား။ တစ်ခါတစ်လေမှာ စကားပြောချင်ပေမယ့် စကားပြောဖို့ မဝံ့မရဲလည်း ဖြစ်နေတတ်ပါတယ်။ သင်ကရော သင့်Crushရဲ့ စိတ်ဝင်စားမှုကို ရရှိစေဖို့ ကြိုးစားနေတဲ့သူတစ်ယောက်ပဲလား။ ကြိုးစားရမယ့် နည်းလေးတွေကို ဒီမှာတိုးတိုးတိတ်တိတ်လေးပြောပြထားတယ်နော်။

၁-ဟာသဉာဏ်ရွှင်ပါ။
မိန်းကလေးပဲဖြစ်ဖြစ် ယောကျာ်းလေးပဲဖြစ်ဖြစ် လူတိုင်းက ဟာသဉာဏ်ရှိဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့်လည်း ဟာသဉာဏ်ရှိတဲ့သူဆိုရင် ပိုသဘောကျပါတယ်။ ဒီလိုဆိုတော့ လူရွှင်တော်တွေလို ဟာသတွေပဲ ပြောရမလားဆိုတာလည်းမဟုတ်သေးပါဘူး။ ဟီးဟီးဟားဟားတွေ မဟုတ်ဘဲ ဟာသတွေပြောပြတတ်တဲ့၊ပျော်ပျော်နေတတ်တဲ့ သူတစ်ယောက်ဆိုတာ သိစေဖို့ဆိုရင် လုံလောက်ပါတယ်။

၂-ဟန်မဆောင်ပါနဲ့။
လူတိုင်းက ဟန်ဆောင်တတ်တဲ့သူဆို ဘယ်သူမှ သဘောမကျပါဘူး။ သင့်အနေနဲ့ သူစိတ်ဝင်စားအောင်တခြားတစ်ယောက်ရဲ့ အမူအရာတွေ၊ဟန်ပန်တွေကိုယူဖို့ မလိုသလို သင်ရဲ့ ပုံမှန်ပင်ကိုနေတတ်သလိုပဲ နေပါ။

၃-တစ်ဖက်သားအပေါ်လေးစားပါ။
သင်တို့နှစ်ယောက် ဒိတ်ကြတာပဲဖြစ်ဖြစ် အမှတ်တမဲ့တွေ့တာပဲဖြစ်ဖြစ် ချိုချိုသာသာပြောပါ။ တစ်ဖက်သားအပေါ်လေးစားမှုထားတာက သူ့ကို အလေးပေးရာရောက်သလို ကိုယ်က ပြည့်ဝတဲ့လူတစ်ယောက်ဆိုတာကို သိသာစေပါတယ်။

၄-ကောင်းကောင်းဝတ်စားပါ။
အမြင်နဲ့တင် အရာရာကို ဆုံးဖြတ်လို့မရပေမယ့် သင့်ရဲ့ ဝတ်ပုံစားပုံကလည်း သင့်ကို အကဲဖြတ်နိုင်တဲ့ အရာတွေထဲက တစ်ခုပါ။ပထမဦးဆုံးဒိတ်တဲ့အခါမှာ သပ်သပ်ရပ်ရပ် ဝတ်စားသွားဖို့လိုတဲ့အပြင်သင့် Crush ကကျောင်းက ၊ရုံးက ဆိုရင်လည်း နေ့တိုင်း သူမြင်သာစေမယ့်ပုံစံတွေ၊ကြည့်လို့ကောင်းနေမယ့် ပုံစံတွေ ဝတ်ဆင်ပါ။

၅-သူ့အကြိုက်နဲ့ကိုယ့်အကြိုက် နှိုင်းယှဉ်ကြည့်ပါ။
တစ်ခါတလေမှာသူ့အကြိုက်တွေ သိစေဖို့ ကိုယ့်အကြိုက်တွေကိုပြောပြီး သူ့အကြိုက်တွေကိုစကားနှိုက်ကြည့်ပါ။ သူဘာဂီတအမျိုးအစားနားထောင်လဲ အကြိုက်ဆုံးမင်းသမီးက ဘယ်သူလဲ စသည်ဖြင့်ပေါ့။ သင်နဲ့ အကြိုက်တူတာတွေရှိရင်လည်း ဝမ်းသာစကားဆိုပါ။

၆-သူ့ကိုနှစ်သက်နေကြောင်းပြပါ။
နည်းနည်းရိပ်ဖမ်းသံဖမ်းလောက် အထာပေးတာက ဆိုးတော့မဆိုးပါဘူး။ သူ့ကိုသင် စိတ်ဝင်စားနေတယ်ဆိုတာ သူရိပ်မိအောင် စကားစပါ။သူကြိုက်တတ်တဲ့သီချင်းလေး ဖွင့်ပြီး “ဒီသီချင်းလေးနင်ကြိုက်တယ်ဆိုလို့ငါအမြဲ နားထောင်ဖြစ်တယ်”လို့ပြောတာမျိုးပေါ့။

၇-အမြဲအဆင်သင့်ရှိပါ။
အမြဲအဆင်သင့်ရှိနေပေးပါဆိုတာ လိုအပ်တိုင်းပြေးတွေ့ပေးနေဖို့လည်း မလိုပါဘူး။ အကူအညီလိုအပ်တဲ့အခါ ကူညီပေးတာ၊စိတ်မကောင်းဖြစ်နေတဲ့အချိန် ဖုန်းထဲကနေ နှစ်သိမ့်ပေးတာမျိုးတွေ လုပ်ပါ။

၈-နည်းပေါင်းစုံနဲ့ အလုပ်မဖြစ်တော့ဘူးဆိုရင် ချစ်တဲ့အကြောင်းသာဖွင့်ပြောလိုက်ပါ။
သင်ကြိုးစားသမျှနည်းတွေလည်းကုန်ပြီ တစ်ဖက်က ဘာမှအကြောင်းမထူးဘူးဆိုရင် ချစ်နေတဲ့အကြောင်း ဖွင့်ပြောလိုက်ပါ။သူ့ဘက်က ချစ်သည် မချစ်သည် အဖြေကိုသိရတဲ့အခါ သင်လည်း စိတ်ရှင်းသွားမှာ ဖြစ်ပါတယ်။

Credit:trend myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top