iMyanmarHouse.com - Best Property Website for Myanmar
×

ရည္းစားျဖစ္တုိင္း ကုိယ္နဲ႔ တသက္လံုး အေၾကာင္းပါခ်င္မွ ပါမွပါေနာ္။ တစ္ခါတစ္ေလကုိယ့္ဘက္က အလုိမက်လုိ႔ျဖစ္ေစ၊ သူဘက္ကစၿပီး ေဖာက္ျပန္လုိ႔ျဖစ္ေစ ဆက္လက္တြဲလုိ႔ အဆင္မေျပေတာ့တာေသခ်ာေနရင္ေတာ့ လက္တြဲျဖဳတ္ရမွာပဲပ်ိဳေမတုိ႔ေရ။ ရည္းစားတစ္ေထာင္လင္ေကာင္တစ္ေယာက္ဆုိတဲ့ စကားပံုလဲရွိတာပဲမဟုတ္လား။ အဲဒီလုိ ကုိယ္နဲ႔ ဘယ္လုိမွအဆင္မေျပႏုိင္တဲ့ လူမ်ိဳးကုိ ႀကိတ္မွိတ္ၿပီး ဆက္တြဲေနရင္ေတာ့ တစ္ဘ၀လံုး စိတ္ဆင္းရဲရၿပီ သာမွတ္ေပေတာ့ ပ်ိဳေမတုိ႔ေရ။ တစ္ခါတစ္ေလက်ေတာ့ က်မတုိ႔ရဲ႕ ဖူးစာရွင္ေတြက အခ်ိန္တန္မွ ေရာက္လာမ်ိဳးလည္းရွိတယ္ေလ။ ဒါ့ေၾကာင့္ ဒီလမွာ ပ်ိဳေမတုိ႔အတြက္ လံုး၀အဆင္မေျပေတာ့တဲ့ Relationship ကေန ဘယ္လုိေအာင္ျမင္စြာ ထြက္ခြာရမလဲဆုိတဲ့ အေၾကာင္းေလးေဆြးေႏြးပါရေစေနာ္။

(1)Change ကုိ မေၾကာက္ပါနဲ႔။
တစ္ခါတစ္ေလက်ေတာ့ ပ်ိဳေမတုိ႔ေရ ျမန္မာမိန္းကေလးျဖစ္ရတာလည္း အခက္သားေနာ္။ ကုိယ္က ဒီRelationship မွာ ဘယ္လုိမွ အဆင္မေျပေတာ့ရင္ေတာင္ပတ္၀န္းက်င္ကပဲရႈံခ်မလား၊ သြားပုတ္ေလလြင့္ေျပာမလားဆုိတာ စိုးရိမ္ေနတာနဲ႔တင္ အျပတ္ျပတ္နဲ႔ ႏွာေခါင္းေသြးထြက္ေနတဲ့ Relationship အပံုအပင္ပါေနာ္။ အဲဒီေတာ့ ဘာျဖစ္လာလဲဆုိေတာ့ မလုိအပ္ဘဲနဲ႔ ပ်ိဳေမတုိ႔ခမ်ာ စိတ္မြန္းၾကပ္လာပါေရာ။ ဒါ့အျပင္ အဆင္မေျပေတာ့တဲ့ လူတစ္ေယာက္ကုိ အတင္းဆြဲထားတဲ့အတြက္ ေပ်ာ္စရာလည္း မေကာင္းေတာ့ဘူးေလ။ ဘယ္ေလာက္ပဲ တန္ဖုိးႀကီးတဲ့ပစၥည္းျဖစ္ပါေစကုိယ္နဲ႔အဆင္မေျပဘူး၊ ကုိယ့္ကုိ စိတ္မြန္းၾကပ္လာေစမယ္ဆုိရင္ေတ့ စြန္႔လႊတ္ဖုိ႔ႀကိဳးစားသင့္ရင္ ႀကိဳးစားရမွာပဲ ပ်ိဳေမတုိ႔ေရ။ ဘာျဖစ္လုိ႔လည္းဆုိေတာ့ ကၽြန္မအပါ အ၀င္ ျမန္မာအမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားဟာ Change ကုိ ေၾကာက္ ၾကတယ္ေလ။ ေျပာင္း လုိက္လုိ႔ရွိရင္ ပုိဆုိးတဲ့ရလဒ္ေတြျဖစ္မလား ေတြးပူၾကတယ္။ အဲဒီေတာ့ ကၽြန္မ အႀကံေပးခ်င္တာက လံုး၀အဆင္မေျပဘူးဆုိတာ ေသခ်ာေနတဲ့ Relationship တစ္ခုကုိ ဆက္အသက္သြင္းဖုိ႔ေတာ့ မႀကိဳးစားပါနဲ႔ေနာ္။ ဒီလုိလုပ္လုိက္တဲ့အတြက္ ပ်ိဳေမတုိ႔ဘ၀ႀကီးပုိေကာင္းလာမယ္ဆုိတာ မေသခ်ာေပမယ့္ အခုျဖစ္ေနတဲ့ စိတ္ဆင္းရဲမြန္းၾကပ္မႈေတြေတာ့ ေပ်ာ္သြားပါလိမ့္မယ္။

(2)ေလာကႀကီးမွာ ပုိေကာင္းတဲ့ အရာေတြ အၿမဲရွိေနတယ္ ဆိုတာယံုၾကည့္ထားပါ။
ကုိယ့္လက္ထဲရွိေနတဲ့ အရာကုိပဲ အေကာင္းဆံုးထင္ၿပီး ဆုပ္ကုိင္ထားတတ္တာ လူ႔သဘာ၀ပဲေလ။ ဒါေပမယ့္လည္း ေနရာတုိင္းမွာ ပုိေကာင္းတဲ့ အရာဆုိတာ အၿမဲရွီေနတတ္ပါတယ္ ေနာ္ ပ်ိဳေမတုိ႔ ေရာက္ခ်ိန္မတန္ေသးလုိ႔ မေရာက္ေသးတာပဲရွိတာပါ။ တစ္ခုေတ့ လုိတာေပါ့ ေနာ္။ ပုိေကာင္းတဲ့ အရာေတြနဲ႔ ထုိက္တန္ဖုိ႔ဆုိတာ ပ်ိဳေမတုိ႔ကုိယ္တုိင္ိကလည္း ပုိေကာင္းတဲ့ လူတစ္ေယာက္ျဖစ္ေအာင္ႀကိဳးစားရပါမယ္။
ပတ္၀န္းက်င္ကုိ ခဏေမ့လုိက္ပါ။

ပ်ိဳေမတုိ႔ေရ ကၽြန္မတုိ႔ရဲ႕ Relationship ဆံုးျဖတ္ခ်က္ေတြကုိ အလႊမ္းမုိးဆံုးအရာေတြထဲမွာ ပတ္၀န္းက်င္လည္း ပါပါတယ္ေနာ္။ ဘာလုိ႔လည္းဆုိေတာ့ ကၽြန္မတုိ႔ပတ္၀န္းက်င္ရဲ႕ တံု႔ျပန္မႈေတြကုိ ဂရုစုိက္ရတဲ့ ျမန္မာမိန္းကေလးျဖစ္ေနလုိ႔ပါပဲ။ဒါေပမယ့္ ကုိယ့္၀မ္းနာကုိယ္သာသိပါပ်ိဳေမတုိ႔ေရ။ ဘယ္သူကမွ ကုိယ့္ေလာက္ ဇာတ္လမး္အစအဆံုးမသိသလုိ ဘယ္သူကမွလည္း ကုိယ့္ဒုကၡေတြကုိ မွ်ေ၀ခံစားေပးမွာ မဟုတ္ပါဘူး။ မိမိအတြက္ မြန္းၾကပ္စရာေကာင္းေနတဲ့ အေျခအေနတစ္ခုကုိေတာ့ ပတ္၀န္းက်င္ေၾကာင့္ဆုိၿပီး ႀကိတ္မွိတ္ေရွ႕ဆက္ေနတာကုိ ကၽြန္မေတာ့ လံုး၀အားမေပးပါဘူး။ ပတ္၀န္းက်င္ ဆုိတာႀကီးကုိ ေၾကာက္ၿပီး စိတ္ဆင္ရဲ႕ေနတာကုိ အားမေပးေပမယ့္ ပတ္၀န္းက်င္ကုိ လံုး၀ဂရုမစုိက္ဘဲကုိယ္ထင္ရာကုိယ္လုပ္ေနရင္လည္း မျဖစ္သင့္ျပန္ဘူးေနာ္ ပ်ိဳေမတုိ႔။ ဘာလုိ႔လဲဆုိေတာ့ ကၽြန္မတုိ႔က ျမန္မာမိန္းကေလးေတြေလ။

(3)စိတ္ပါ၀င္စားစြာလုပ္ႏုိင္မယ့္ အရာေတြကုိ ႀကိဳတင္ရွာေဖြထားပါ။
ကၽြန္မတုိ႔ ဒီ Relationship ကုိ အဆံုးသတ္တာေတာ့ ဟုတ္ပါၿပီ။ ဒါႀကီးကုိ အဆံုးသတ္ၿပီးရင္ ကၽြန္မတုိ႔ပုိအားသြားတဲ့အခ်ိန္ေတြကုိ အျခားစိတ္ပါ၀င္စားမယ့္ေနရာေတြမွာ ျမွဳပ္ႏွံဖုိ႔လည္း လုိေသးတယ္ေနာ္ပ်ိဳေမတုိ႔။ ဆံုးျဖတ္ၿပီးမွ ျပန္ တသသျဖစ္ေနတာမ်ိဳး မျဖစ္ရေလေအာင္ အစပုိင္းကာလေတြမွာ ပ်ိဳေမတုိ႔ရဲ႕စိတ္ေလးေတြကုိ အျခားအက်ိဳးရွိေစမယ့္ အေျပာင္းအလဲေလးေတြနဲ႔ အစားထုိးဖုိ႔လုိပါတယ္။ ဒီလုိလုပ္တဲ့ေနရာမွာ ကၽြန္မအားေပးခ်င္တာေတာ့ ကုိယ္စိတ္၀င္စားတဲ့ အရာတစ္ခုခုကုိ သင္ယူပါ။ ပညာေရးသင္တန္းတစ္ခုတက္လည္းျဖစ္ႏုိင္သလုိ၊ လက္မႈပညာတစ္ခုကုိ သင္ယူတာလည္းျဖစ္ႏုိ္င္ပါတယ္။ အိမ္မႈကိစၥစိတ္၀င္စားတဲ့ ပ်ိဳေမတုိ႔လည္း အရင္ထက္ပုိၿပီး အိမ္မႈကိစၥေတြကုိ အခ်ိန္ေပးတာမ်ိဳး လုပ္သင့္ပါတယ္။
လူအမ်ားနဲ႔ တက္ႏုိင္သမွ် ေနၾကည့္ပါ။

လမ္းခြဲဖုိ႔ ဆံုးျဖတ္ၿပီးၿပီဆုိရင္ေတာ့ျဖင့္ မိမိဘက္မွာလည္း တက္ႏုိင္သေရြ႕ အထိအခုိက္မရွိေအာင္ ျပင္ဆင္ရပါမယ္ ပ်ိဳေမတုိ႔ေရ။ တစ္ေယာက္ထဲေနျခင္းဟာ စိတ္ကုိ အားငယ္ေစၿပိး ကုိယ္ခ်ထားတဲ့ ဆံုးျဖတ္ခ်က္ကုိ ေ၀၀ါးေစခ်င္တယ္။ အဲဒီေတာ့ ကၽြန္မအႀကံေပးခ်င္တာက တက္ႏုိင္သေရြ႕လူအမ်ားနဲ႔ ေနပါ။ မိသားစုနဲ႔ ပုိမုိရင္းရင္းႏွီးႏွီးေနတာမ်ိဳး၊ သူငယ္ခ်င္းေတြနဲ႔ မ်ားမ်ားေတြ႔တာမ်ိဳး လုပ္သင့္ပါတယ္။ ဒါမွမဟုတ္ရင္ ဆံပင္ေဆးဆုိးတာတုိ႔။ ေရွပင္းထြက္တာတုိ႔စတာေတြကလည္း အဆင္ေျပတာပါပဲ ပ်ိဳေမတုိ႔ေရ။

(4)မိမိကုိယ္ကုိ ယံုၾကည့္မႈရွိပါေစ။
မဆံုးျဖတ္ခင္က ေသခ်ာစဥ္းစားတာေကာင္းေပမယ့္ ဆံုးျဖတ္ၿပီးၿပီဆုိရင္ေတာ့ မိမိဆံုးျဖတတ္ခ်က္ကုိ ယံုယံုၾကည့္ၾကည့္နဲ႔ အေကာင္အထည္ေဖာ္ပါလုိ႔ပဲ ကၽြန္မ အႀကံေပးခ်င္ပါတယ္။ ငါမွားမ်ားမွားသြားၿပီးလားဆုိတဲ့ အေတြးက ပ်ိဳေမတုိ႔စိတ္ကုိပင္ပန္းေစပါလိမ့္မယ္။ မိမိရဲ႕ ေရႊေရာင္အနာဂတ္ႀကီးကုိ စိတ္ကူၿပီး ခဲ့တဲ့ မြန္းၾကပ္တဲ့ အတိတ္ႀကီးကုိ ေမ့ပစ္လုိက္ပါ။ မိမိဟာ တစ္ေန႔မွာ ေအာင္ျမင္ရမယ္လို႔ယံုၾကည္ၿပီး လုပ္သင့္လုပ္ထုိက္တဲ့ အလုပ္ေတြကုိ သတိၱရွိရွိနဲ႔ ဆက္လုပ္ဖုိ႔ လုိပါတယ္။ ၿပီးသြားတဲ့ အတိတ္က ပ်ိဳေမတုိ႔ရဲ႕ အနာဂတ္ကုိ မဖ်တ္ဆီးမိေစဖုိ႔ကအေရးႀကီးတယ္ေနာ္။

ကဲဒီေလာက္ဆုိရင္ေတာ့ Relationship မွာ စိတ္ညစ္ေနတဲ့ ပ်ိဳေမတုိ႔အတြက္ အႀကံေကာင္းေလးတစ္ခုေတာ့ ရေလာက္ပါရဲ႕ေနာ္။ ဒါေပမယ့္ တစ္ခု သတိေပးခ်င္တာက ဘယ္အရာကုိမွ လြယ္လြယ္နဲ႔ေတာ့ မဆံုးျဖတ္ပါနဲ႔ေနာ္။ ဘက္ေပါင္းစံုက စဥ္းစားပါ။ နည္းလမ္းေပါင္းစံုနဲ႔ ေျဖရွင္းၾကည္ဖုိ႔ အႀကံေပးပါတယ္။ တစ္ေယာက္မေကာင္း တစ္ေယာက္ေျပာင္းတာမွန္ေပမယ့္ ကၽြန္မတုိ႔က ျမန္မာမိန္းကေလးျဖစ္ေနေလေတာ့ မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ေတြကုိ ေသခ်ာခ်တက္ဖုိ႔ေတာ့ လုိပါတယ္။ ဆံုးျဖတ္ခ်က္ခ်ၿပီးၿပီဆုိရင္ေတာ့ သတၱိရွိရွိသာ ကုိယ္လုပ္ရမယ့္အလုပ္ကုိ ဆက္လုပ္ပါ ပ်ိဳေမတုိ႔ေရ။ ကၽြန္မကေတာ့ စာဖက္သူ ပ်ိဳေမတုိ႔ဘ၀ေလးေအးခ်မ္းေနရင္ေက်နပ္ပါတယ္။

Credit : Chit Thinzar Phue Wai

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
 ရည်းစားဖြစ်တိုင်း ကိုယ်နဲ့ တသက်လုံး အကြောင်းပါချင်မှ ပါမှပါနော်။ တစ်ခါတစ်လေကိုယ့်ဘက်က အလိုမကျလို့ဖြစ်စေ၊ သူဘက်ကစပြီး ဖောက်ပြန်လို့ဖြစ်စေ ဆက်လက်တွဲလို့ အဆင်မပြေတော့တာသေချာနေရင်တော့ လက်တွဲဖြုတ်ရမှာပဲပျိုမေတို့ရေ။ ရည်းစားတစ်ထောင်လင်ကောင်တစ်ယောက်ဆိုတဲ့ စကားပုံလဲရှိတာပဲမဟုတ်လား။ အဲဒီလို ကိုယ်နဲ့ ဘယ်လိုမှအဆင်မပြေနိုင်တဲ့ လူမျိုးကို ကြိတ်မှိတ်ပြီး ဆက်တွဲနေရင်တော့ တစ်ဘဝလုံး စိတ်ဆင်းရဲရပြီ သာမှတ်ပေတော့ ပျိုမေတို့ရေ။ တစ်ခါတစ်လေကျတော့ ကျမတို့ရဲ့ ဖူးစာရှင်တွေက အချိန်တန်မှ ရောက်လာမျိုးလည်းရှိတယ်လေ။ ဒါ့ကြောင့် ဒီလမှာ ပျိုမေတို့အတွက် လုံးဝအဆင်မပြေတော့တဲ့ Relationship ကနေ ဘယ်လိုအောင်မြင်စွာ ထွက်ခွာရမလဲဆိုတဲ့ အကြောင်းလေးဆွေးနွေးပါရစေနော်။

(1)Change ကို မကြောက်ပါနဲ့။
တစ်ခါတစ်လေကျတော့ ပျိုမေတို့ရေ မြန်မာမိန်းကလေးဖြစ်ရတာလည်း အခက်သားနော်။ ကိုယ်က ဒီRelationship မှာ ဘယ်လိုမှ အဆင်မပြေတော့ရင်တောင်ပတ်ဝန်းကျင်ကပဲရှုံချမလား၊ သွားပုတ်လေလွင့်ပြောမလားဆိုတာ စိုးရိမ်နေတာနဲ့တင် အပြတ်ပြတ်နဲ့ နှာခေါင်းသွေးထွက်နေတဲ့ Relationship အပုံအပင်ပါနော်။ အဲဒီတော့ ဘာဖြစ်လာလဲဆိုတော့ မလိုအပ်ဘဲနဲ့ ပျိုမေတို့ခမျာ စိတ်မွန်းကြပ်လာပါရော။ ဒါ့အပြင် အဆင်မပြေတော့တဲ့ လူတစ်ယောက်ကို အတင်းဆွဲထားတဲ့အတွက် ပျော်စရာလည်း မကောင်းတော့ဘူးလေ။ ဘယ်လောက်ပဲ တန်ဖိုးကြီးတဲ့ပစ္စည်းဖြစ်ပါစေကိုယ်နဲ့အဆင်မပြေဘူး၊ ကိုယ့်ကို စိတ်မွန်းကြပ်လာစေမယ်ဆိုရင်တေ့ စွန့်လွှတ်ဖို့ကြိုးစားသင့်ရင် ကြိုးစားရမှာပဲ ပျိုမေတို့ရေ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မအပါ အဝင် မြန်မာအမျိုးသမီးတော်တော်များများဟာ Change ကို ကြောက် ကြတယ်လေ။ ပြောင်း လိုက်လို့ရှိရင် ပိုဆိုးတဲ့ရလဒ်တွေဖြစ်မလား တွေးပူကြတယ်။ အဲဒီတော့ ကျွန်မ အကြံပေးချင်တာက လုံးဝအဆင်မပြေဘူးဆိုတာ သေချာနေတဲ့ Relationship တစ်ခုကို ဆက်အသက်သွင်းဖို့တော့ မကြိုးစားပါနဲ့နော်။ ဒီလိုလုပ်လိုက်တဲ့အတွက် ပျိုမေတို့ဘဝကြီးပိုကောင်းလာမယ်ဆိုတာ မသေချာပေမယ့် အခုဖြစ်နေတဲ့ စိတ်ဆင်းရဲမွန်းကြပ်မှုတွေတော့ ပျော်သွားပါလိမ့်မယ်။

(2)လောကကြီးမှာ ပိုကောင်းတဲ့ အရာတွေ အမြဲရှိနေတယ် ဆိုတာယုံကြည့်ထားပါ။
ကိုယ့်လက်ထဲရှိနေတဲ့ အရာကိုပဲ အကောင်းဆုံးထင်ပြီး ဆုပ်ကိုင်ထားတတ်တာ လူ့သဘာဝပဲလေ။ ဒါပေမယ့်လည်း နေရာတိုင်းမှာ ပိုကောင်းတဲ့ အရာဆိုတာ အမြဲရှီနေတတ်ပါတယ် နော် ပျိုမေတို့ ရောက်ချိန်မတန်သေးလို့ မရောက်သေးတာပဲရှိတာပါ။ တစ်ခုတေ့ လိုတာပေါ့ နော်။ ပိုကောင်းတဲ့ အရာတွေနဲ့ ထိုက်တန်ဖို့ဆိုတာ ပျိုမေတို့ကိုယ်တိုငိကလည်း ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်အောင်ကြိုးစားရပါမယ်။
ပတ်ဝန်းကျင်ကို ခဏမေ့လိုက်ပါ။

ပျိုမေတို့ရေ ကျွန်မတို့ရဲ့ Relationship ဆုံးဖြတ်ချက်တွေကို အလွှမ်းမိုးဆုံးအရာတွေထဲမှာ ပတ်ဝန်းကျင်လည်း ပါပါတယ်နော်။ ဘာလို့လည်းဆိုတော့ ကျွန်မတို့ပတ်ဝန်းကျင်ရဲ့ တုံ့ပြန်မှုတွေကို ဂရုစိုက်ရတဲ့ မြန်မာမိန်းကလေးဖြစ်နေလို့ပါပဲ။ဒါပေမယ့် ကိုယ့်ဝမ်းနာကိုယ်သာသိပါပျိုမေတို့ရေ။ ဘယ်သူကမှ ကိုယ့်လောက် ဇာတ်လမ်းအစအဆုံးမသိသလို ဘယ်သူကမှလည်း ကိုယ့်ဒုက္ခတွေကို မျှဝေခံစားပေးမှာ မဟုတ်ပါဘူး။ မိမိအတွက် မွန်းကြပ်စရာကောင်းနေတဲ့ အခြေအနေတစ်ခုကိုတော့ ပတ်ဝန်းကျင်ကြောင့်ဆိုပြီး ကြိတ်မှိတ်ရှေ့ဆက်နေတာကို ကျွန်မတော့ လုံးဝအားမပေးပါဘူး။ ပတ်ဝန်းကျင် ဆိုတာကြီးကို ကြောက်ပြီး စိတ်ဆင်ရဲ့နေတာကို အားမပေးပေမယ့် ပတ်ဝန်းကျင်ကို လုံးဝဂရုမစိုက်ဘဲကိုယ်ထင်ရာကိုယ်လုပ်နေရင်လည်း မဖြစ်သင့်ပြန်ဘူးနော် ပျိုမေတို့။ ဘာလို့လဲဆိုတော့ ကျွန်မတို့က မြန်မာမိန်းကလေးတွေလေ။

(3)စိတ်ပါဝင်စားစွာလုပ်နိုင်မယ့် အရာတွေကို ကြိုတင်ရှာဖွေထားပါ။
ကျွန်မတို့ ဒီ Relationship ကို အဆုံးသတ်တာတော့ ဟုတ်ပါပြီ။ ဒါကြီးကို အဆုံးသတ်ပြီးရင် ကျွန်မတို့ပိုအားသွားတဲ့အချိန်တွေကို အခြားစိတ်ပါဝင်စားမယ့်နေရာတွေမှာ မြှုပ်နှံဖို့လည်း လိုသေးတယ်နော်ပျိုမေတို့။ ဆုံးဖြတ်ပြီးမှ ပြန် တသသဖြစ်နေတာမျိုး မဖြစ်ရလေအောင် အစပိုင်းကာလတွေမှာ ပျိုမေတို့ရဲ့စိတ်လေးတွေကို အခြားအကျိုးရှိစေမယ့် အပြောင်းအလဲလေးတွေနဲ့ အစားထိုးဖို့လိုပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာ ကျွန်မအားပေးချင်တာတော့ ကိုယ်စိတ်ဝင်စားတဲ့ အရာတစ်ခုခုကို သင်ယူပါ။ ပညာရေးသင်တန်းတစ်ခုတက်လည်းဖြစ်နိုင်သလို၊ လက်မှုပညာတစ်ခုကို သင်ယူတာလည်းဖြစ်နိုင်ပါတယ်။ အိမ်မှုကိစ္စစိတ်ဝင်စားတဲ့ ပျိုမေတို့လည်း အရင်ထက်ပိုပြီး အိမ်မှုကိစ္စတွေကို အချိန်ပေးတာမျိုး လုပ်သင့်ပါတယ်။
လူအများနဲ့ တက်နိုင်သမျှ နေကြည့်ပါ။

လမ်းခွဲဖို့ ဆုံးဖြတ်ပြီးပြီဆိုရင်တော့ဖြင့် မိမိဘက်မှာလည်း တက်နိုင်သရွေ့ အထိအခိုက်မရှိအောင် ပြင်ဆင်ရပါမယ် ပျိုမေတို့ရေ။ တစ်ယောက်ထဲနေခြင်းဟာ စိတ်ကို အားငယ်စေပြိး ကိုယ်ချထားတဲ့ ဆုံးဖြတ်ချက်ကို ေ၀ဝါးစေချင်တယ်။ အဲဒီတော့ ကျွန်မအကြံပေးချင်တာက တက်နိုင်သရွေ့လူအများနဲ့ နေပါ။ မိသားစုနဲ့ ပိုမိုရင်းရင်းနှီးနှီးနေတာမျိုး၊ သူငယ်ချင်းတွေနဲ့ များများတွေ့တာမျိုး လုပ်သင့်ပါတယ်။ ဒါမှမဟုတ်ရင် ဆံပင်ဆေးဆိုးတာတို့။ ရှေပင်းထွက်တာတို့စတာတွေကလည်း အဆင်ပြေတာပါပဲ ပျိုမေတို့ရေ။

(4)မိမိကိုယ်ကို ယုံကြည့်မှုရှိပါစေ။
မဆုံးဖြတ်ခင်က သေချာစဉ်းစားတာကောင်းပေမယ့် ဆုံးဖြတ်ပြီးပြီဆိုရင်တော့ မိမိဆုံးဖြတတ်ချက်ကို ယုံယုံကြည့်ကြည့်နဲ့ အကောင်အထည်ဖော်ပါလို့ပဲ ကျွန်မ အကြံပေးချင်ပါတယ်။ ငါမှားများမှားသွားပြီးလားဆိုတဲ့ အတွေးက ပျိုမေတို့စိတ်ကိုပင်ပန်းစေပါလိမ့်မယ်။ မိမိရဲ့ ရွှေရောင်အနာဂတ်ကြီးကို စိတ်ကူပြီး ခဲ့တဲ့ မွန်းကြပ်တဲ့ အတိတ်ကြီးကို မေ့ပစ်လိုက်ပါ။ မိမိဟာ တစ်နေ့မှာ အောင်မြင်ရမယ်လို့ယုံကြည်ပြီး လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို သတ္တိရှိရှိနဲ့ ဆက်လုပ်ဖို့ လိုပါတယ်။ ပြီးသွားတဲ့ အတိတ်က ပျိုမေတို့ရဲ့ အနာဂတ်ကို မဖျတ်ဆီးမိစေဖို့ကအရေးကြီးတယ်နော်။

ကဲဒီလောက်ဆိုရင်တော့ Relationship မှာ စိတ်ညစ်နေတဲ့ ပျိုမေတို့အတွက် အကြံကောင်းလေးတစ်ခုတော့ ရလောက်ပါရဲ့နော်။ ဒါပေမယ့် တစ်ခု သတိပေးချင်တာက ဘယ်အရာကိုမှ လွယ်လွယ်နဲ့တော့ မဆုံးဖြတ်ပါနဲ့နော်။ ဘက်ပေါင်းစုံက စဉ်းစားပါ။ နည်းလမ်းပေါင်းစုံနဲ့ ဖြေရှင်းကြည်ဖို့ အကြံပေးပါတယ်။ တစ်ယောက်မကောင်း တစ်ယောက်ပြောင်းတာမှန်ပေမယ့် ကျွန်မတို့က မြန်မာမိန်းကလေးဖြစ်နေလေတော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို သေချာချတက်ဖို့တော့ လိုပါတယ်။ ဆုံးဖြတ်ချက်ချပြီးပြီဆိုရင်တော့ သတ္တိရှိရှိသာ ကိုယ်လုပ်ရမယ့်အလုပ်ကို ဆက်လုပ်ပါ ပျိုမေတို့ရေ။ ကျွန်မကတော့ စာဖက်သူ ပျိုမေတို့ဘဝလေးအေးချမ်းနေရင်ကျေနပ်ပါတယ်။

Credit : Chit Thinzar Phue Wai

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top