iMyanmarHouse.com - Best Property Website for Myanmar
×
Credit:shwemom
#Unicode Version
အောက်တိုဘာ(၂၃)မှ နိုဝင်ဘာ (၂၁)ရက်နေ့အကြားမွေးဖွားသူတွေကတော့ ဗြိစ္ဆာရာသီဖွားလို့ သတ်မှတ်ကြပါတယ်။ဒီလမှာတော့ အလုပ်ထက် မိသားစု အရေး၊တခြားကိုယ်ရေးကိုယ်တာ ကိစ္စတွေက သင့်ကို ကြီးစိုးနေပါလိမ့်မယ်။ အလုပ်ထက် တခြားနေရာတွေဆီစိတ်ရောက်နေတာကြောင့် အလုပ်အပေါ် ထားတဲ့ လောဘတွေနည်းလာတဲ့ စိတ်မျိုးဖြစ်နေပါလိမ့်မယ်။ကိုယ့်ရဲ့ ကြိုးစား မှုရလဒ်တွေအပေါ် တင်းတိမ်ကျေနပ်တဲ့ စိတ်မျိုး ဝင်နေပါလိမ့်မယ်။ တခြားသူ ဆီက အကူအညီယူတာ၊ပူးပေါင်းဆောင်ရွက်တာတွေက သင့်ရဲ့ ရည်မှန်းချက် ပြည့်မြောက် အောင်မြင်အောင် အထောက်အပံ့ဖြစ်စေပါလိမ့်မယ်။
အလုပ်အကိုင်– အတူပူးပေါင်းဆောင်ရွက်မှုတွေက အလုပ်မှာ အောင်မြင်မှုရေ စနိုင်သလို နောက်ဆုံး အလုပ်သစ်၊နေရာသစ်ဆီရောက်နိုင်တဲ့ အထိ သင့်အ တွက် အကျိုးထူးစေပါလိမ့်မယ်။ဒီလမှာ အလုပ်သစ်ကမ်းလှမ်းလာတာ မျိုးနဲ့ကြုံ ရနိုင်ပါတယ်။လူမှုဆက်ဆံရေး၊အလုပ်ကြိုးစားမှုတွေက အောင်မြင်မှုဆီ ရောက်ေ အာင် တွန်းပို့ ပေးမယ့်လပါ။
ငွေရေးကြေးရေး – ငွေကုန်ကြေးကျများပါလိမ့်မယ်။ငွေကြေးကံအတွက်တော့ အထောက်အပံ့ဖြစ်စေတဲ့ လမျိုးတော့ မဟုတ်ပါဘူး။
မေတ္တာရေး – single သမားတွေအဖို့ အချစ်ကို အဆင့်မြင့်မြင့်ထဲကနေ ရှာနေရင်း ချမ်းသာကြွယ်ဝပြီး သြဇာအာဏာလွှမ်းမိုးနိုင်တဲ့ ထူးချွန်တဲ့ သူမျိုး အပေါ် မေတ္တာတိမ်းညွတ်သွားမိတတ်ပါတယ်။မိသားစုဝင်တွေနဲ့ဆက်ဆံ ရေး ကတော့ (၂၀)အထိ အရမ်းကောင်းနေမှာပါ။ social life နဲ့ family life ကို ညီညီ မျှမျှဖြစ်အောင် ကြိုးစားပမ်းစား ထိန်းညှိယူရတဲ့ အခြေအနေမျိုးနဲ့ ကြုံရ တတ် ပါတယ်။အိမ်ထောင်ရှင်တွေအဖို့ သား၊သမီးရတနာ ရတတ်ပါတယ်။
ကျန်းမာရေး– လကုန်ပိုင်းလောက်မှာ ကျန်းမာရေးအညံံ့ကြုံရနိုင်ပါတယ်။ စိတ် ချမ်းသာမှုနဲ့မိသားစု ပျော်ရွှင်မှုက သင့်ရဲ့ကျန်းမာရေးအတွက် အများကြီး အထော က်အကူဖြစ်စေနိုင်တာကြောင့် စိတ်ချမ်းသာအောင်နေပါ။ခြုံပြောရရင်တော့ ဒီလ မှာ သင့်ရဲ့ဝတ်ပုံစားပုံနဲ့တခြားသူတွေအပေါ် ပြုမှုဆက်ဆံတွေက အရင်နဲ့မတူူ ထူးခြားနေပါလိမ့်မယ်။မိသားစုနဲ့ အတူ အချိန်ကောင်းလေးတွေကို အတူဖြတ် သန်းခွင့်ရ မယ့်လပါ။
Credit:shwemom
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top