iMyanmarHouse.com - Best Property Website for Myanmar
×

အသိေတြနဲ႔ sms ပို႔တဲ့အခါပဲျဖစ္ျဖစ္၊ သိပ္မခင္မင္တဲ့သူေတြနဲ႔ ဖုန္း message ပို႔တဲ့အခါပဲျဖစ္ျဖစ္ သင့္အေနနဲ႔ ေရွာင္ၾကည္သင့္တဲ့ အခ်က္ေလးေတြ ရွိပါတယ္။

၁။ ေဟ့လူ သူစိမ္း စသျဖင့္ မပို႔သင့္

တစ္ဦးနဲ႔တစ္ဦး မခင္ေပမယ့္ အေၾကာင္းေၾကာင္းေၾကာင့္ message ပို႔တဲ့အခါ သူစိမ္းဆိုတဲ့ အသံုးအႏႈန္းမ်ိဳးကို ေရွာင္သင့္ပါတယ္။ ဒီလိုဆုိရင္ တစ္ဖက္လူဘက္က ဘယ္လုိခံစားရမလဲ စဥ္းစားၾကည့္ပါ။

၂။ေသာက္တလြဲ၊ ေသာက္ေရးမပါဘူး စတာေတြကို message အစမွာ မေရးသင့္

ဘာမွေတာင္ မေျပာရေသးဘူး။ ေသာက္တလြဲ၊ ေသာက္ေရးမပါတာ စတဲ့ စကားလံုးေတြကို အဖြင့္အေနနဲ႔ သံုးမယ္ဆုိရင္ အပုိ႔ခံရတဲ့သူအေနနဲ႔ ဘယ္လိုမွ ဆက္ဖတ္ခ်င္မွာ မဟုတ္ေတာ့ပါဘူး။ ေျပာခ်င္တဲ့ အေၾကာင္းအရာကို ေျပာၿပီးမွ ခုနစကားလံုးေတြ ထည့္သင့္ရင္ ထည့္သံုးပါ။

၃။ကိုယ္က စာတိုကို ႏွစ္ခါ၊ သံုးခါပို႔တဲ့အထိ တစ္ဖက္က အေၾကာင္းျပန္မလာရင္ ထပ္မပို႔ပါနဲ႔။

ကိုယ္က စာတုိ ႏွစ္ခါေလာက္ ပို႔လိုက္ၿပီး ေစာင့္ေနေပမယ့္ တစ္ဖက္က ဘာမွအေၾကာင္းျပန္မလာလုိ႔ ဆက္တုိက္ပုိ႔တာမ်ိဳးေတြ မလုပ္ပါနဲ႔။ ဒီလိုလုပ္ျခင္းဟာ ကုိယ့္ဘက္က မူမမွန္ဘူးဆိုတာ ျပလိုက္သလို ျဖစ္သြားပါလိမ့္မယ္။

၄။ေမးၾကည့္တာပါ၊ ေျပာၾကည့္တာပါ ဆိုတဲ့ စကားကို မသံုးႏႈန္းသင့္ပါဘူး။

တစ္ခုခုကို သိခ်င္ရင္၊ တစ္ဖက္လူကို စိတ္ပူဂရုစိုက္တယ္ဆုိရင္ သိခ်င္တာ ေမးခ်င္တာကို ေမးလိုက္ပါ။ ေနေကာင္းတယ္မလား၊ ႏႈတ္ဆက္ရံုသက္သက္ပါ ဆုိတာမ်ိဳး မလုပ္ပါနဲ႔။ ေမးခ်င္ရင္ ေမးလိုက္ပါ။ ေျပာစရာရွိရင္လည္း ေျပာလိုက္တာ ပိုေကာင္းပါတယ္။

၅။ေမးခြန္းေတြ အရွည္ႀကီး၊ အမ်ားႀကီး တစ္ခုၿပီးတစ္ခု ေမးျမန္းတာ မျဖစ္သင့္ပါ။

sms ပို႔တယ္ ဆုိတာ စာတုိေလးေတြ ပို႔တာပါပဲ။ ဒါကို အေမးအေျဖက႑သဖြယ္ ကုိယ္သိခ်င္တဲ့ ေမးခြန္းေပါင္း ေသာင္းေျခာက္ေထာင္ကို ဒီကတစ္ဆင့္ တစ္ဖက္လူကို မေမးျမန္းသင့္ပါဘူး။ လူေတြ႕ၿပီး ေမးရင္းေမး၊ မဟုတ္ရင္ေတာ့ဖုန္းဆက္လိုက္တာ ေကာင္းပါတယ္။

၆။ဓာတ္ပံုေတြ ခဏခဏ ပို႔တာမ်ိဳးေရွာင္ပါ။

စကားေလးတစ္ခြန္းေျပာလုိက္ ပံုတစ္ပံု ပို႔ေပးလုိက္ လုပ္ေနတာမ်ိဳးေတြဟာ စိတ္ပ်က္စရာေကာင္းလြန္းပါတယ္။ ဒါကလည္း message တို၊ sms ပို႔တဲ့အခါ ေရွာင္သင့္တဲ့အရာပါပဲ။

Credit:trend myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အသိတွေနဲ့ sms ပို့တဲ့အခါပဲဖြစ်ဖြစ်၊ သိပ်မခင်မင်တဲ့သူတွေနဲ့ ဖုန်း message ပို့တဲ့အခါပဲဖြစ်ဖြစ် သင့်အနေနဲ့ ရှောင်ကြည်သင့်တဲ့ အချက်လေးတွေ ရှိပါတယ်။

၁။ ဟေ့လူ သူစိမ်း စသဖြင့် မပို့သင့်

တစ်ဦးနဲ့တစ်ဦး မခင်ပေမယ့် အကြောင်းကြောင်းကြောင့် message ပို့တဲ့အခါ သူစိမ်းဆိုတဲ့ အသုံးအနှုန်းမျိုးကို ရှောင်သင့်ပါတယ်။ ဒီလိုဆိုရင် တစ်ဖက်လူဘက်က ဘယ်လိုခံစားရမလဲ စဉ်းစားကြည့်ပါ။

၂။သောက်တလွဲ၊ သောက်ရေးမပါဘူး စတာတွေကို message အစမှာ မရေးသင့်

ဘာမှတောင် မပြောရသေးဘူး။ သောက်တလွဲ၊ သောက်ရေးမပါတာ စတဲ့ စကားလုံးတွေကို အဖွင့်အနေနဲ့ သုံးမယ်ဆိုရင် အပို့ခံရတဲ့သူအနေနဲ့ ဘယ်လိုမှ ဆက်ဖတ်ချင်မှာ မဟုတ်တော့ပါဘူး။ ပြောချင်တဲ့ အကြောင်းအရာကို ပြောပြီးမှ ခုနစကားလုံးတွေ ထည့်သင့်ရင် ထည့်သုံးပါ။

၃။ကိုယ်က စာတိုကို နှစ်ခါ၊ သုံးခါပို့တဲ့အထိ တစ်ဖက်က အကြောင်းပြန်မလာရင် ထပ်မပို့ပါနဲ့။

ကိုယ်က စာတို နှစ်ခါလောက် ပို့လိုက်ပြီး စောင့်နေပေမယ့် တစ်ဖက်က ဘာမှအကြောင်းပြန်မလာလို့ ဆက်တိုက်ပို့တာမျိုးတွေ မလုပ်ပါနဲ့။ ဒီလိုလုပ်ခြင်းဟာ ကိုယ့်ဘက်က မူမမှန်ဘူးဆိုတာ ပြလိုက်သလို ဖြစ်သွားပါလိမ့်မယ်။

၄။မေးကြည့်တာပါ၊ ပြောကြည့်တာပါ ဆိုတဲ့ စကားကို မသုံးနှုန်းသင့်ပါဘူး။

တစ်ခုခုကို သိချင်ရင်၊ တစ်ဖက်လူကို စိတ်ပူဂရုစိုက်တယ်ဆိုရင် သိချင်တာ မေးချင်တာကို မေးလိုက်ပါ။ နေကောင်းတယ်မလား၊ နှုတ်ဆက်ရုံသက်သက်ပါ ဆိုတာမျိုး မလုပ်ပါနဲ့။ မေးချင်ရင် မေးလိုက်ပါ။ ပြောစရာရှိရင်လည်း ပြောလိုက်တာ ပိုကောင်းပါတယ်။

၅။မေးခွန်းတွေ အရှည်ကြီး၊ အများကြီး တစ်ခုပြီးတစ်ခု မေးမြန်းတာ မဖြစ်သင့်ပါ။

sms ပို့တယ် ဆိုတာ စာတိုလေးတွေ ပို့တာပါပဲ။ ဒါကို အမေးအဖြေကဏ္ဍသဖွယ် ကိုယ်သိချင်တဲ့ မေးခွန်းပေါင်း သောင်းခြောက်ထောင်ကို ဒီကတစ်ဆင့် တစ်ဖက်လူကို မမေးမြန်းသင့်ပါဘူး။ လူတွေ့ပြီး မေးရင်းမေး၊ မဟုတ်ရင်တော့ဖုန်းဆက်လိုက်တာ ကောင်းပါတယ်။

၆။ဓာတ်ပုံတွေ ခဏခဏ ပို့တာမျိုးရှောင်ပါ။

စကားလေးတစ်ခွန်းပြောလိုက် ပုံတစ်ပုံ ပို့ပေးလိုက် လုပ်နေတာမျိုးတွေဟာ စိတ်ပျက်စရာကောင်းလွန်းပါတယ်။ ဒါကလည်း message တို၊ sms ပို့တဲ့အခါ ရှောင်သင့်တဲ့အရာပါပဲ။

Credit:trend myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top