(၁)ရေများများသောက်ပါ
Credit:Auntymay
#Unicode Version
သင်္ကြန်မှာ လည်ခဲ့တာတွေ၊ပြီးခဲ့တဲ့ အားလပ်ရက်တွေက သွားခဲ့တဲ့ ခရီးစဉ်တွေ ဟာ အရမ်းပျော်စရာ ကောင်းခဲ့မှာ သေချာပါတယ်။ဒါပေမယ့် ပူပြင်းတဲ့ နေရော င်၊ချွေးနဲ့မိတ်ကပ်တွေ ပေါင်းလိုက်တဲ့ အပြင် လေထဲမှာလည်း ဖုန်မှုန့်တွေက ပါေ နတော့ ဘက်တီးရီးယားတွေ ပေါ က်ဖွားပြီး ဝက်ခြံထွက်လာတတ်ပါတယ်။ ဒါ့ အပြင် ပူအိုက်တဲ့ ရာသီ ဥတုရယ်၊ရေသောက်နည်းတာတွေကလည်း အသား အရေမှာ အဆိပ်အတောက်တွေ ပိုပြီး စုဝေးစေပါတယ်။ဒီလိုအခြေအနေတွေနဲ့ ကြုံနေရတဲ့ ပျိုမေတွေအတွက် အသားအရေပြန်လည်စိုပြေကာ၊ဝက်ခြံကင်းတဲ့ အသားအရေလေးကို ပြန်ရနိုင်တဲ့ ထိရောက်တဲ့ နည်းလမ်း(၃)ခုကို ဖော်ပြပေး ချင်ပါတယ်။
(၁)ရေများများသောက်ပါ
ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ တစ်နေ့ကို ရေ(၈)ခွက်လောက် အမြဲတမ်းသောက်ဖို့ပါ။ အသားအရေမှာ အဆိပ်အတောက်တွေ စုဝေးပြီး ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးစေတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုကတော့ ရေဓါတ်ခ မ်းခြောက်တာပါ။ခန္ဓာကိုယ်မှာ ရေဓါတ်ခမ်းခြောက်ပြီဆိုတာနဲ့ ခန္ဓာကိုယ်အ တွင်းပိုင်းက အစိတ်အပိုင်းတွေကို အားနည်းစေပါတယ်။ရေဓါတ်ကို ပြန်လည် ဖြည့်တင်းပေးခြင်းအားဖြင့် နေရောင်ခြည်နဲ့ မသန့်ရှင်းတဲ့ ရေတွေကြောင့် သင်္ကြန်ကာလအတွင်း ပျက်စီးခဲ့တဲ့ အသားအရေကို ပြန်လည် ကုစားေ ပးနိုင်မှာဖြစ်ပါတယ်။
(၂)Anti-Oxidant ပါဝင်တဲ့ အစားအစာကို စားပါ
ဟင်းသီးဟင်းရွက်တွေကို များများစားသင့်ပါတယ်။ကန်စွန်းဥ၊ဟင်းနုနွယ်ရွက်နဲ့ ပန်းဂေါ်ဖီစိမ်းတို့က အသားအရေအတွက် တကယ်ကို ကောင်းပါတယ်။ဟင်းသီး ဟင်းရွက်တွေမှာပါဝင်တဲ့ Anti-Oxidant ကအသားအရေပျက်စီးမှုနဲ့ အဆိပ် အတောက်တွေကို ဖြစ်စေတတ်တဲ့ Free-Radical လို့ခေါ်တဲ့ ဓါတ်တိုးပစ္စည်းေ တွကို လျှော့ချပေးတဲ့ အတွက် အသီးအရွက်တွေကိုစား သုံးပေးခြင်းဖြင့် အသားအရေကို ထိန်းသိမ်းပေးပြီးသားဖြစ်မှာပါ။
(၃)Pond’s Acne Clear ကို သုံးပါ
အသားအရေမှာရှိတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားဖို့ ဆိုရင်တော့ အရည် အသွေးမြင့်ပစ္စည်းတွေကို သုံးပေးဖို့ လိုပါတယ်။Pond’s Institute ကနေ အသစ်ထုတ်လိုက်တဲ့ New Pond’s Acne Clear မှာဆိုရင် Thymo-T Essence ပါဝင်တာကြောင့် ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားကို ထိန်းချုပ်ပြီး အရေပြားဆဲလ်တွေကနေ ရှင်းလင်းဖယ်ရှားပေးလိုက်တာကြောင့် ဝက်ခြံတွေကို (၃)ရက်အတွင်း သက်သာပျောက်ကင်းစေပါတယ်။
Credit:Auntymay
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...