iMyanmarHouse.com - Best Property Website for Myanmar
×
#Unicode Version
၁။ ပိုပြီးလန်းဆန်းကျန်းမာလာမယ်
မနက်ခင်းမှာ ရေသောက်ခြင်းကို စတင်ပြီး ရက်အနည်းငယ်အကြာမှာ ခန္ဓာကိုယ်ပေါ့ပါးလာတာကို ခံစားရပါလိမ့်မယ်။ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်နဲ့ အညစ်အကြေးတွေကို အလွယ်တကူစွန့်ထုတ်ရှင်းလင်း ပစ်လိုက်နိုင်တာကြောင့် ဖြစ်ပါတယ်။
၂။ ခန္ဓာဗေဒဖြစ်စဉ်တိုးတက်ကောင်းမွန်လာမယ်
မနက်ခင်းရေသောက်ခြင်းက စားသောက်မှုပုံစံကို ပုံမှန်တိုးတက်ကောင်းမွန်စေပါတယ်။ မကြာခဏဆာလောင်ခြင်း မဖြစ်စေနိုင်သလို အစာပြေစားချင်စိတ်လည်း လျော့ပါးစေပါတယ်။ ခွန်အားလည်းပြည့်စေပါတယ်။
၃။ ကိုယ်အလေးချိန်ကျလာစေတယ်
အစားစာချင်စိတ်ကို လျော့နည်းသွားစေတာကြောင့် အစာချေဖျက်မှုနှုန်း နှေးသွားစေပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်က ခွန်အားပြည့်ဝစေပြီး ကိုယ်လက်လှုပ်ရှားမှုပိုလုပ်နိုင်စေပါတယ်။
၄။ အစာမကြေရင်ပြည့်တာတွေ သက်သာစေတယ်
မနက်ခင်းရေပုံမှန်သောက်ခြင်းအားဖြင့် အစာမကြေ ရင်ပြည့်ရင်ကယ်တာတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
၅။ အသားအရေ ကောင်းမွန်လာတယ်
မနက်ခင်း ဘာအစာမှမစားခင် ရေသောက်ခြင်းအားဖြင့် မျက်နှာမှာရှိတဲ့အရေးအကြောင်းတွေကို ပျောက်ကင်းစေပြီး အရွယ်တင်နုပျိုကျန်းမာစေနိုင်ပါတယ်။
၆။ ဆံပင်ဆံသားတွေ ပိုကောင်းလာတယ်
ဆံပင်ဆံသားမကောင်းသူတွေအတွက်တော့ မနက်ခင်းရေသောက်ခြင်းဖြင့် ကျန်းမာသန်စွမ်းပြီး တောက်ပတဲ့ ဆံကေသာကို ပိုင်ဆိုင်လာနိုင်မှာပါ။
၇။ ဆီးလမ်းကြောင်း ပိုးမဝင်အောင် ကာကွယ်နိုင်တယ်
ဆီးလမ်းကြောင်း ပိုးဝင်တဲ့ပြဿနာနဲ့ ပတ်သက်ပြီး ပဋိဇီဝဆေးဝါးတွေထက် ရေသောက်ခြင်းက ပိုထိရောက်ပါတယ်။
၈။ နာမကျန်းမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်
မနက်ခင်းရေသောက်ခြင်းလို ရိုးရှင်လွယ်ကူတဲ့ နည်းလမ်းက ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေတာကြောင့် နာမကျန်းဖြစ်စေနိုင်တဲ့ ရောဂါတွေကို ပိုပြီးခံနိုင်ရည်ရှိလာစေပါတယ်။
အခုလို ရလဒ်တွေရရှိဖို့ တစ်နေ့တာမှာ ရေသောက်သုံးရမယ့် နည်းလမ်းကတော့ —-
အိပ်ရာက နိုးနိုးချင်း မျက်နှာမသစ် သွားမတိုက်ရသေးခင်၊ ဘာအစာမှမစားရသေးခင်မှာ ဖန်ခွက်လေးခွက်စာ ရေသောက်ပါ။ စစချင်း လေးခွက်မသောက်နိုင်ရင် တစ်ခွက်နဲ့စပြီးမှ ဖြည်းဖြည်းချင်း တိုးသွားပါ။
ရေသောက်ပြီး (၄၅)မိနစ်အတွင်း ဘာမှမစားမသောက်ပါနဲ့။
(၄၅)မိနစ်ပြီးရင် ပုံမှန်အတိုင်း စားသောက်နိုင်ပါပြီ။
မနက်စာ၊ နေ့လည်စာနဲ့ ညစာတွေ စားပြီး (၂)နာရီအတွင်း ဘာမှမစားမသောက်ပါနဲ့။
Credit:Gentleman Magazine
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top