Credit:Shwemom
#Unicode Version
တရုတ်သုတေသနပညာရှင်တွေ ပြုလုပ်တဲ့ စစ်တမ်းတစ်ရပ်အရ အိပ်ချိန် ခြောက်နာရီထက် နည်းပါးတဲ့ အမျိုးသားတွေဟာ မျိုးအောင်ပြီးသား သုတ်ကောင်ရေကို နည်းပါးစေပြီး၊ သန်စွမ်းသော သုတ်ပိုးတွေကို သတ်ပစ်သလိုဖြစ်စေကြောင်း ထုတ် ပြန်ခဲ့ပါတယ်။
အများအားဖြင့် သန်းခေါင်ကျော်မှ အိပ်စက်လေ့ရှိတဲ့ အမျိုးသားတွေဟာ မိမိရဲ့ကျန်းမာပြီးသား သုတ်ကောင်တွေကို သတ်ပစ်သလို ဖြစ်စေတယ်လို့ သိရပါတယ်။ လူတစ်ယောက်ဟာ ယေဘုယျအားဖြင့် ရှစ်နာရီလောက်အထိ အိပ်စက်ခြင်းမှာ အသုံးချသင့်ပြီး၊ အနည်းဆုံးအိပ်ချိန်က တော့ 6 နာရီထက် မနည်းရှိသင့်တယ်လို့ ဆိုပါတယ်။
အမျိုးသားတွေဟာ ပုံမှန် 7 နာရီကျော်လောက် အိပ်စက်ရုံနဲ့ နှလုံးကျန်မာရေးကိုပါ ကောင်းစေပြီး၊ စိတ်ဖိအားတွေကို လည်း လျှော့ကျစေပါတယ်။ ဒါ့အပြင် မျိုးသန္ဓေအောင်မြင်ခြင်းကိုလည်း အထောက်အကူ ဖြစ်စေတယ်လို့ တရုတ်သိပ္ပံ ပညာရှင်တွေက ဆိုပါတယ်။
University of China မှ သုတေသနပညာရှင်တွေဟာ အမျိုးသား 1000 ကို လေ့လာခဲ့ပြီးနောက်၊ အိပ်စက်ချိန် နည်းပါးခြင်း၊ မလုံလောက်ခြင်းဟာ မျိုးဗီဇအောင်တဲ့ သုတ်ကောင်ရေ ထုတ်လွှတ်နိုင်မှု နည်းခြင်းများခြင်းနဲ့လည်း တိုက်ရိုက်သက်ဆိုင်နေကြောင်း တွေ့ရှိခဲ့ရပါတယ်။
သုတေသနပညာရှင်တွေက ” အိပ်စက်ချိန် နည်းပါးတဲ့သူတွေဟာ သုတ်ကောင်အရေအတွက်နဲ့ နှုန်းထားကျဆင်းမှုတွေ ခံစားရပြီး၊ တစ်ခြားအုပ်စုတွေနဲ့ နှိုင်းယှဉ်တဲ့အခါမှာလည်း သိသာထင်ရှားပါတယ် … ပုံမှန်အားဖြင့်တော့ အိပ်စက်ချိန် လုံလောက်တဲ့ အမျိုးသားတွေကို မမှီပါဘူး”လို့ ထုတ်ပြန်ခဲ့ပါတယ်။
ယခုကဲ့သို့သော စစ်တမ်းမျိုးကို 2013 ခုနှစ်က ပြုလုပ်ခဲ့ပြီး၊ အဲဒီတွေ့ရှိချက်တုန်းကလည်း အိပ်စက်ချိန် 6 နာရီထက် နည်းပါးတဲ့ အမျိုးသားတွေဟာ အိပ်စက်ချိန်လုံလောက်တဲ့ အမျိုးသားတွေနဲ့ယှဉ်ရင် သုတ်ကောင်ရေ 25%အထိ နည်းပါး ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
Credit:Shwemom
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
ကျန်းမာရေး
»
ဗဟုသုတ
»
လူမှု့ဘဝ
» သန်းခေါင်ကျော်မှ အိပ်တဲ့အမျိုးသားများတွင် သုတ်ကောင်ရေကျဆင်းကြောင်းတွေ့ရှိ
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။