ေဆာ့၀ဲလ္ အင္ဂ်င္နီယာတစ္ေယာက္ျဖစ္တဲ့ ေဂ်ဟာ သူနဲ႔ကိုက္မယ့္အလုပ္တစ္ခုကိုရွာေဖြေနပါတယ္.. ေဂ်ဟာငယ္ရြယ္ျပီး စမတ္ၾကတဲ့ ကိုယ္ခႏၶာအမ်ိဳးအစားနဲ႔ ေကာင္မေလးတိုင္းကို ဆြဲညႈိ႕ႏိုင္မယ့္ အျပံဳးကို ဘုရားသခင္ဆီက လက္ေဆာင္ရရွိထားသူပါ ..။ ေကာင္မေလးေတြအျမင္မွာေတာ့ သူဟာ ရုပ္ရွင္ထဲက ဟီးရီုးတစ္ေယာက္လိုပါပဲ..။
ေဂ်ကေတာ့ ခုခ်ိန္ထိ မိန္းကေလးေတြကို ေလးေလးနက္နက္စိတ္၀င္စားတာမ်ိဳးမရွိေသးဘဲ ၀င္ေငြေကာင္းတဲ့အလုပ္တစ္ခုရရွိေရးသာ သူ႔ေခါင္းထဲမွာရွိခဲ့ပါတယ္..။ သူ႔ကို အလုပ္မ်ားစြာက ကမ္းလွမ္းခဲ့ေပမယ့္ သူစိိတ္၀င္စားတဲ့ ပံုစံမ်ဳိးမဟုတ္တာေၾကာင့္ သူ႔ဘက္က အၾကိမ္ၾကိမ္ျငင္း ပယ္ခဲ့ပါတယ္.။
အခ်ိန္အနည္းငယ္ၾကာတဲ့အထိ သူ႔စိတ္ၾကိဳက္ အလုပ္မရတဲ့အခါ ေဂ်ဟာ စိတ္ဓာတ္အၾကီးက်ယ္စိတ္ဓာတ္က် လာခဲ့ပါတယ္.. အဲ့ဒီေနာက္ စိတ္ပင္ပန္းမႈေတြကို ေျပေပ်ာက္ေစဖို႔ ကမ္းေျခတစ္ခုကို အပန္းေျဖ ထြက္လာခဲ့ ပါေတာ့တယ္..။
ညေနခင္းတစ္ခုမွာ ေဂ်တစ္ေယာက္ ကမ္းေျခမွာ အေညာင္းအညာေျပ လမ္းေလွ်ာက္ေနခဲ့ပါတယ္.. ပင္လယ္ျပင္နဲ႔ ညေနခင္းကလည္း အရမ္းလွပလို႔ေနပါတယ္....။
အဲ့ဒီအခ်ိန္မွာပဲ ၂၃ ႏွစ္အရြယ္ ေကာင္မေလးတစ္ေယာက္ ေဂ်႕ အနားသို႔ ေရာက္ရွိလာခဲ့ျပီး..
“ ဟိုင္း…ဒါလင္ ေစာင့္ေနတာၾကာျပီလား … ကြ်န္မ နည္းနည္းေနာက္က်သြားတယ္ ေဆာရီးေနာ္..” လို႔ဆိုျပီး ေဂ်႔လက္ကြဲဆြဲျပီးလို႔ တရင္းတႏွီးလွမ္းေျပာလာတဲ့အခါ…
ေဂ်ဟာ ခ်က္ျခင္းဘာမွ ျပန္မေျပာႏိုင္ဘဲ ေကာင္မေလးရဲ႕အလွအပထဲမွာ နစ္ေျမာသြားခဲ့ပါတယ္...။ သူမအလွက အေမွာင္မွာ မီးထိုးလိုက္သလို အရမ္း ထင္ေပၚလြန္းေနခဲ့ပါတယ္..
အဲ့ဒီေနာက္ ေဂ်ဟာ စိတ္လႈပ္ရွားစြာနဲ႔ ..
“ မင္း ကိုယ့္ကိုသိလို႔လား” ဆိိုျပီး ေမးလိုက္တဲ့အခါ..
“ အိုး .. ဒါလင္ ဘာျဖစ္ေနတာလဲ”
“ကြ်န္မက ရွင့္ရဲ႕ဆြီတီေလ ရွင္ က ေဂ်”
“မဟုတ္ဘူးလား” ဆိုျပီး ခ်စ္စရာေကာင္းတဲ့ အမူအရာေလးနဲ႔ ႏြဲ႕ႏြဲ႔ေလးျပန္ေျပာေတာ့ ေဂ်႔ ရင္ခုန္သံေတြပိုျပီး ဆူညံလာပါတယ္..။
ဆြီတီဆိုတဲ့ေကာင္မေလးမ်က္ႏွာက အရမ္းကို ခ်စ္ဖို႔ေကာင္းျပီး ခႏၶာကိုယ္ အခ်ိဳးအစားကလည္း ေျပာစရာမရွိေလာက္ေအာင္ ေျပျပစ္လွပလြန္းပါတယ္…။ ဒီလိုေကာင္မေလးမ်ိဳးနဲ႔သာ ခ်စ္သူျဖစ္ရမယ္ဆို ဘယ္ေယာက်ာ္းက ျငင္းပါ့မလဲဗ်ာ .. ဒါနဲ႔ သူမ သူ႔ကို ဘယ္လိုလုပ္မ်ားသိေနရတာလဲ ???
ေဂ်႕အေတြးေတြ ဟိုေရာက္ ဒီေရာက္ျဖစ္ေနစဥ္မွာပဲ ေကာင္မေလး က ေဂ့်ခါးကို သိုင္းဖက္ကာ အနမ္းတစ္ပြင့္ လွမ္းေပးလိုက္ပါတယ္..။ ခုနကဆူညံေနတဲ့ ေဂ်႕ရဲ႕ ရင္ခုန္သံေတြ အေ၀းကို လြင့္ထြက္သြားသလားမွတ္ရေလာက္ေအာင္ ေဂ်အသက္ရႈဖို႔ ေမ့မတတ္ပင္ျဖစ္သြားခဲ့ရပါတယ္..။
လူမွားေနျပီလို႔ေျပာဖို႔ဟန္ျပင္ခ်ိန္မွာပဲ ေကာင္မေလးက ေဂ်႔ႏႈတ္ခမ္းေလးကို သူမလက္ညႈိးေလးနဲ႔ဖိလိုက္ျပီး ေဂ့်ကို ပိုမိုတင္းၾကပ္စြာ ဖက္လိုက္ကာ စြဲမက္ဖြယ္ေကာင္းတဲ့ သူမ အနမ္းေတြနဲ႔ ဆက္ကာ ဆက္ကာ ညိႈ႔ယူ ဖမ္းစားလိုက္ပါေတာ့တယ္..။
သူမရဲ႕ ျပင္းျပင္းရွရွ အနမ္းေတြဟာ ေဂ်႕ တစ္သက္ ၾကံဳေတြ႔ဖူးသမွ် ဘယ္အနမ္းနဲ႔မွ ႏႈိင္းယွဥ္လို႔မရႏိုင္ေအာင္ တပ္မက္ဖြယ္ ေကာင္းေနခဲ့ပါတယ္..။ အဲဒီ့ အနမ္းေတြကို ေဂ် ဘယ္လိုမွ ေမ့ႏိုင္ေတာ့မယ္ မထင္ပါဘူး။။ သူမရဲ႕စြဲမက္ဖြယ္ အနမ္းေတြနဲ႔ ႏူးညံတဲ့ ေထြးေပြ႔မႈက သူ႔စိတ္ကို ေက်နပ္ ေပ်ာ္ရႊင္ေစခဲ့ပါတယ္…။
ခဏၾကာတဲ့အခါမွာ ေကာင္မေလးဟာ သူမရဲ႕ အနမ္းေတြနဲ႔ ေဂ့်ခႏၶာကိုယ္ကို တင္းၾကပ္စြာဖက္တြယ္ ထားတဲ့ သူမရဲ႕ လက္တစ္စံုကို တေျဖးေျဖး ေျဖေလွ်ာ့လိုက္ပါတယ္…
“ေက်းဇူးပါ ေဂ်…”
“ကြ်န္မရဲ႕ မေမွ်ာ္လင့္တဲ့ အျပဳအမႈေၾကာင့္ ရွင္စိတ္အေႏွာင့္အယွက္ျဖစ္သြားရင္ ေတာင္းပန္ပါတယ္…။ တကယ္ေတာ့ ကြ်န္မေနာက္ကို လူတစ္ခ်ိဳ႔ အသည္းအသန္ လိုက္ေႏွာင့္ယွက္ေနၾကလို႔ပါ… ကြ်န္မမွာ အခက္ခဲနည္းနည္းရွိလို႔ ကြ်န္မရွင့္ခ်စ္သူလို ဟန္ေဆာင္ျပီး သူတို႔ကိုလွည့္စားလိုက္ရတာပါ…”
“ကြ်န္မကို နားလည္ေပးႏိုင္မယ္ မဟုတ္လားရွင္… ရွင့္ခ်စ္သူအျဖစ္ဟန္ေဆာင္လိုက္တဲ့ အခိုက္အတန္႔ အခ်ိန္ေလးကို ကြ်န္မအျမဲသတိရေနပါမွာ…” ဆိုျပီး ေကာင္မေလး ဟာ သူ႔အနားမွ ထြက္ခြာသြားဖို႔ ေက်ာခိုင္းလိုက္စဥ္မွာ ေဂ်က ေကာင္မေလးလက္ကို ဖမ္းဆြဲလိုက္ျပီး
“တစ္ခုေလာက္ေမးပါရေစ… ကိုယ္နဲ႔ပတ္တသတ္တဲ့အေၾကာင္းအရာေတ ြမင္းဘယ္လိုသိလဲ” ဆိုလိုက္ေတာ့…
“ရွင္ ကြ်န္မတို႔ကုမၸဏီမွာ အလုပ္လာေလွ်ာက္ဖူးတယ္ေလ ကြ်န္မရွင့္ CV ကိုဖတ္ဖူးတည္းက ရွင့္ကိုသတိထားခဲ့မိတာ” လို႔ေျပာျပီး သူ႔အနားမွ ထြက္ခြာသြားခဲ့ပါေတာ့တယ္…။
မေမွ်ာ္လင့္ပဲ ျဖစ္ခဲ့တဲ့ထိုကိစၥဟာ ေဂ့် ရင္ကို ေရွာ့ျဖစ္ေစခဲ့ပါတယ္ … သူမဟာ သူ႔ရင္ထဲကအခ်စ္ေတြကို လႈိင္းထေအာင္ျပဳလုပ္ေပးသြားႏိုင္တဲ့ သူ႔ရဲ႔ ပထမဆံုးအခ်စ္ျဖစ္ခဲ့ပါတယ္..။ တကယ္ဆို သူမ ဘယ္ကုမၸဏီမွာ လုပ္သလဲဆိုတာ သူေမးခဲ့သင့္တာ… ။ ခုေတာ့ သူမကို သူဘယ္မွာလိုက္ရွာရမွန္း မသိရေအာင္ ျဖစ္ေနခဲ့ပါျပီ …။
ခုေတာ့ ေဂ်တစ္ေယာက္ အခ်စ္နတ္သမီးဆီက အခ်စ္ေတာင္းခံေနတဲ့ သူဖုန္းစားေလးလိုျဖစ္ေန ခဲ့ျပီေပါ့..။ စားခ်ိန္၊ အိပ္ခ်ိန္တိုင္း သူမအျပဳအမႈေတြကိုပဲ သတိရေနျပီး ေဂ် တစ္ေယာက္ေတာ့ အခ်စ္ဖ်ား ဖ်ားေနခဲ့ပါျပီ..။
ဒီလိုနဲ႔ပဲ ေဂ်တစ္ေယာက္ သူအလုပ္လွ်ာက္ခဲ့ဖူးတဲ့ ကုမၸဏီေတြရဲ႕ နာမည္ေတြျပန္ရွာ… အဲဒီကုမၸဏီေတြမွာ ဆြိတီနဲ႔ ပတ္သတ္တဲ့ အေၾကာင္းေတြစံုစမ္းႏွင့္ အခ်ိန္ေတြ ကုန္ခဲ့ပါတယ္… ဒါေပမယ့္ ဆြိတီနဲ႔ ပတ္သတ္တဲ့ ဘာသတင္းအစအနကိုမရရွိခဲ့ပါဘူး…။
ေနာက္ပိုင္းမွာ ေဂ်တစ္ေယာက္ သူ႔စိတ္တိုင္းက် အလုပ္တစ္ခုကိုရွာေတြ႔ခဲ့ပါတယ္…။
အဲ့ဒီကုမၸဏီမွာ သူအလုပ္လုပ္ခဲ့တာ ခုဆို ေျခာက္လခန္႔ရွိပါျပီ…။ အလုပ္တစ္ဖက္လုပ္ရင္း အမွတ္တမွတ္ေတြ႔ခဲ့ရတဲ့ သူ႔ရဲ႕အခ်စ္ကိုလည္း ခုခ်ိန္ထိရွာပံုေတာ္ ဖြင့္ေနတုန္းပါပဲ ..။ တဒဂၤအတြင္းျဖစ္ခဲ့တဲ့ကိစၥဆိုေပမယ့္ ခုခ်ိန္ထိ ဆြိတီဆိုတဲ့ ေကာင္မေလးကို သူ ေမ့လို႔မရႏိုင္ေသးပါဘူး …။
မနက္ျဖန္ ကုမၸဏီႏွစ္ပတ္လည္ ပါတီ မို႔ လိုအပ္တာေတြျပင္ဆင္ရင္း အလုပ္သိမ္းခ်ိန္ေနာက္က်ခဲ့ပါတယ္။ ကုမၸဏီမွျပန္ထြက္ခ်ိန္မွာေတာ့ မေမွ်ာ္လင့္တဲ့အရာတစ္ခုကိုျဖတ္ခနဲ႔ ေဂ် လွမ္းေတြ႔လိုက္ပါတယ္…။
အနက္ေရာင္ အေကာင္းစား ဇိမ္ခံကား တစ္စီးေပၚကို တက္သြားတဲ့ေကာင္မေလးတစ္ေယာက္
“အိုး ဆြီတီ..”
ဟုတ္ပါတယ္ သူရွာေနတဲ့ သူ႔ရဲ႕နတ္သမီးေလးပါ...
လက္လွမ္းျပဖို႔ ဟန္ျပင္ခ်ိန္မွာ ပဲ သူမလိုက္ပါသြားတဲ့ကားက ထြက္လို႔သြားခဲ့ပါျပီ…။ သူTaxi တစ္စီးရဖို႔ ၾကိဳးစားခဲ့ေပမယ့္ Taxi တိုင္း လူပါေနတာမို႔ ဒီတစ္ေခါက္လည္း လြဲသြားခဲ့ရျပန္ပါျပီ…။
ေဂ်တစ္ေယာက္ ယူက်ံဴးမရစြာ နဲ႔ အိမ္ျပန္လာခဲ့ပါတယ္…။ ညတစ္ညလံုးသူအိပ္မေပ်ာ္ႏိုင္ခဲ့ပါ..။
ေနာက္ေန႔မနက္ ကုမၸဏီ ႏွစ္ပတ္လည္ပြဲကိုေရာက္ခဲ့ပါျပီ… ေဂ် အလုပ္ကိုသာေရာက္ရွိခဲ့ေပမယ့္ စိတ္ကေတာ့ မေန႔က ညအခ်ိန္မွာသာ ရွိေနခဲ့ပါတယ္..။ ေဂ် တငိုင္ငိုင္နဲ႔ ေတြးေတြးေငးေငးျဖစ္ေနခ်ိန္မွာပဲ ဲ ေဂ်႔ အနားသို႔ အရိပ္ေလးတစ္ခု ေရာက္ရွိလာပါတယ္…။
သူမ ….
ဟုတ္ပါတယ္ ကြ်န္ေတာ္ ေန႔စဥ္ေန႔တိုင္းတမ္းတေနရတဲ့ ဆြိတီပါ…
ေဂ် တစ္ေယာက္ ထပ္မံအံၾသရျပန္သည္… သူမက သူ႔အတြက္ မေမွ်ာ္လင့္တဲ့အခ်ိန္ေတြမွာ အျမဲေပၚေပၚလာတတ္တာေၾကာင့္ပါ…။ ဒီတစ္ခါေတာ့ ေဂ် သူမကို ဘယ္လိုမွ သူနားကအေပ်ာက္မခံေတာ့ ပါဘူး။။။
ေဂ် သူမလက္ကို တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ျပီး ခန္းမထဲမွ ထြက္လာခ့ဲသည္။။ လူရွင္းတဲ့ေနရာ အေရာက္မွာေတာ့…
မင္းကို ကိုယ္ဘယ္ေလာက္ထိလိုက္ရွာေနခဲ့လဲသိလား ဆြိတီ … ကိုယ္ ေန႔တိုင္းမင္းကို အခ်ိန္တိုင္းနီးပါး သတိရေနခဲ့တယ္… မင္းရဲ႕အနမ္းေတြကိုလည္း ကိုယ္တစ္ေန႔မွေမ့လို႔မရႏိုင္ခဲ့ဘူး… မင္းက ကိုယ့္ ရင္ကို ကိုင္လႈပ္ႏိုင္တဲ့ ကိုယ္ရဲ႕ပထမဆံုးအခ်စ္ပါ ဆိုျပီး ဆြီတီလက္ေလးကို ႏူးညံစြာကိုင္ျပီး မရပ္မနား တရစပ္ ေျပာခ်ပစ္လိုက္ပါတယ္..။
တကယ္ဆို ကြ်န္မက ရွင့္ကို အရင္ဆံုး စခ်စ္ခဲ့ရသူပါ ေဂ်.. ရွင္ ကြ်န္မတို႔ ကုမၸဏီမွာ CV လာတင္ကတည္း က ကြ်န္မ ရွင့္ကို စိတ္၀င္စားခဲ့တာ …။ မထင္မွတ္ပဲ ရွင္နဲ႔ ကမ္းေျခမွာဆံုခဲ့တယ္..။ အဲ့ဒီအခ်ိန္ ကြ်န္မအိမ္က ထြက္ေျပးလာခဲ့လို႔ ေဖေဖ့လူေတြ ကြ်န္မကို လုိက္ရွာေနခဲ့တဲ့အခ်ိန္ေပါ့…
ဒီေလာက္ဆို ေဂ် သေဘာက္ေပါက္မွာပါေနာ္… ။ ဆြိတီ့ ေဖေဖက ဒီကုမၸဏီရဲ႕ ဒါရိုက္တာေလ…ေဂ် ကြ်န္မနားကို ဘယ္အခ်ိန္ေရာက္လာမလဲ ဆိုျပီးေစာင့္ေနခဲ့ေပမယ့္ ခုမေစာင့္ႏိုင္ေတာ့လို႔ ေဂ့် အနားကို ကြ်န္မအေရာက္လာခဲ့တာ…ဆိုျပီး ႏူးညံ့တဲ့အျပံဳးေလးနဲ႔ ေျပာျပေနရွာပါတယ္..။
အဲ့ဒီေနာက္ ေဂ် သူမကို တင္းၾကပ္စြာ ေပြ႔ဖက္နမ္းရႈပ္ပစ္လိုက္သည္..။သူမကလည္း သူရဲ႕ ၾကမ္းတမ္းတဲ့ အနမ္းေတြကို မခုခံခဲ့ပါဘူး။။။ သူမရဲ႕ ေႏြးေထြးတဲ့လက္တစ္စံုကလည္း သူ႔ကိုတင္းၾကပ္စြာ ျပန္လည္ ဖက္တြယ္ထားခဲ့ပါတယ္…။
တကယ္ဆို သူတို႔ ႏွစ္ေယာက္ၾကားက အခ်စ္က ဖြင့္ေျပာစရာ မလိုေတာ့ေအာင္ တစ္ေယာက္ေပၚ တစ္ေယာက္ စိုးမိုးထားခဲ့ျပီျဖစ္ပါေတာ့တယ္…။
Credit: မိုမိုေလး
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ဆော့ဝဲလ် အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ ဂျေဟာ သူနဲ့ကိုက်မယ့်အလုပ်တစ်ခုကိုရှာဖွေနေပါတယ်.. ဂျေဟာငယ်ရွယ်ပြီး စမတ်ကြတဲ့ ကိုယ်ခန္ဓာအမျိုးအစားနဲ့ ကောင်မလေးတိုင်းကို ဆွဲညှို့နိုင်မယ့် အပြုံးကို ဘုရားသခင်ဆီက လက်ဆောင်ရရှိထားသူပါ ..။ ကောင်မလေးတွေအမြင်မှာတော့ သူဟာ ရုပ်ရှင်ထဲက ဟီးရီုးတစ်ယောက်လိုပါပဲ..။
ဂျေကတော့ ခုချိန်ထိ မိန်းကလေးတွေကို လေးလေးနက်နက်စိတ်ဝင်စားတာမျိုးမရှိသေးဘဲ ဝင်ငွေကောင်းတဲ့အလုပ်တစ်ခုရရှိရေးသာ သူ့ခေါင်းထဲမှာရှိခဲ့ပါတယ်..။ သူ့ကို အလုပ်များစွာက ကမ်းလှမ်းခဲ့ပေမယ့် သူစိတ်ဝင်စားတဲ့ ပုံစံမျိုးမဟုတ်တာကြောင့် သူ့ဘက်က အကြိမ်ကြိမ်ငြင်း ပယ်ခဲ့ပါတယ်.။
အချိန်အနည်းငယ်ကြာတဲ့အထိ သူ့စိတ်ကြိုက် အလုပ်မရတဲ့အခါ ဂျေဟာ စိတ်ဓာတ်အကြီးကျယ်စိတ်ဓာတ်ကျ လာခဲ့ပါတယ်.. အဲ့ဒီနောက် စိတ်ပင်ပန်းမှုတွေကို ပြေပျောက်စေဖို့ ကမ်းခြေတစ်ခုကို အပန်းဖြေ ထွက်လာခဲ့ ပါတော့တယ်..။
ညနေခင်းတစ်ခုမှာ ဂျေတစ်ယောက် ကမ်းခြေမှာ အညောင်းအညာပြေ လမ်းလျှောက်နေခဲ့ပါတယ်.. ပင်လယ်ပြင်နဲ့ ညနေခင်းကလည်း အရမ်းလှပလို့နေပါတယ်....။
အဲ့ဒီအချိန်မှာပဲ ၂၃ နှစ်အရွယ် ကောင်မလေးတစ်ယောက် ဂျေ့ အနားသို့ ရောက်ရှိလာခဲ့ပြီး..
“ ဟိုင်း…ဒါလင် စောင့်နေတာကြာပြီလား … ကျွန်မ နည်းနည်းနောက်ကျသွားတယ် ဆောရီးနော်..” လို့ဆိုပြီး ဂျေ့လက်ကွဲဆွဲပြီးလို့ တရင်းတနှီးလှမ်းပြောလာတဲ့အခါ…
ဂျေဟာ ချက်ခြင်းဘာမှ ပြန်မပြောနိုင်ဘဲ ကောင်မလေးရဲ့အလှအပထဲမှာ နစ်မြောသွားခဲ့ပါတယ်...။ သူမအလှက အမှောင်မှာ မီးထိုးလိုက်သလို အရမ်း ထင်ပေါ်လွန်းနေခဲ့ပါတယ်..
အဲ့ဒီနောက် ဂျေဟာ စိတ်လှုပ်ရှားစွာနဲ့ ..
“ မင်း ကိုယ့်ကိုသိလို့လား” ဆိုပြီး မေးလိုက်တဲ့အခါ..
“ အိုး .. ဒါလင် ဘာဖြစ်နေတာလဲ”
“ကျွန်မက ရှင့်ရဲ့ဆွီတီလေ ရှင် က ဂျေ”
“မဟုတ်ဘူးလား” ဆိုပြီး ချစ်စရာကောင်းတဲ့ အမူအရာလေးနဲ့ နွဲ့နွဲ့လေးပြန်ပြောတော့ ဂျေ့ ရင်ခုန်သံတွေပိုပြီး ဆူညံလာပါတယ်..။
ဆွီတီဆိုတဲ့ကောင်မလေးမျက်နှာက အရမ်းကို ချစ်ဖို့ကောင်းပြီး ခန္ဓာကိုယ် အချိုးအစားကလည်း ပြောစရာမရှိလောက်အောင် ပြေပြစ်လှပလွန်းပါတယ်…။ ဒီလိုကောင်မလေးမျိုးနဲ့သာ ချစ်သူဖြစ်ရမယ်ဆို ဘယ်ယောကျာ်းက ငြင်းပါ့မလဲဗျာ .. ဒါနဲ့ သူမ သူ့ကို ဘယ်လိုလုပ်များသိနေရတာလဲ ???
ဂျေ့အတွေးတွေ ဟိုရောက် ဒီရောက်ဖြစ်နေစဉ်မှာပဲ ကောင်မလေး က ဂျေ့ခါးကို သိုင်းဖက်ကာ အနမ်းတစ်ပွင့် လှမ်းပေးလိုက်ပါတယ်..။ ခုနကဆူညံနေတဲ့ ဂျေ့ရဲ့ ရင်ခုန်သံတွေ အဝေးကို လွင့်ထွက်သွားသလားမှတ်ရလောက်အောင် ဂျေအသက်ရှုဖို့ မေ့မတတ်ပင်ဖြစ်သွားခဲ့ရပါတယ်..။
လူမှားနေပြီလို့ပြောဖို့ဟန်ပြင်ချိန်မှာပဲ ကောင်မလေးက ဂျေ့နှုတ်ခမ်းလေးကို သူမလက်ညှိုးလေးနဲ့ဖိလိုက်ပြီး ဂျေ့ကို ပိုမိုတင်းကြပ်စွာ ဖက်လိုက်ကာ စွဲမက်ဖွယ်ကောင်းတဲ့ သူမ အနမ်းတွေနဲ့ ဆက်ကာ ဆက်ကာ ညှို့ယူ ဖမ်းစားလိုက်ပါတော့တယ်..။
သူမရဲ့ ပြင်းပြင်းရှရှ အနမ်းတွေဟာ ဂျေ့ တစ်သက် ကြုံတွေ့ဖူးသမျှ ဘယ်အနမ်းနဲ့မှ နှိုင်းယှဉ်လို့မရနိုင်အောင် တပ်မက်ဖွယ် ကောင်းနေခဲ့ပါတယ်..။ အဲဒီ့ အနမ်းတွေကို ဂျေ ဘယ်လိုမှ မေ့နိုင်တော့မယ် မထင်ပါဘူး။။ သူမရဲ့စွဲမက်ဖွယ် အနမ်းတွေနဲ့ နူးညံတဲ့ ထွေးပွေ့မှုက သူ့စိတ်ကို ကျေနပ် ပျော်ရွှင်စေခဲ့ပါတယ်…။
ခဏကြာတဲ့အခါမှာ ကောင်မလေးဟာ သူမရဲ့ အနမ်းတွေနဲ့ ဂျေ့ခန္ဓာကိုယ်ကို တင်းကြပ်စွာဖက်တွယ် ထားတဲ့ သူမရဲ့ လက်တစ်စုံကို တဖြေးဖြေး ဖြေလျှော့လိုက်ပါတယ်…
“ကျေးဇူးပါ ဂျေ…”
“ကျွန်မရဲ့ မမျှော်လင့်တဲ့ အပြုအမှုကြောင့် ရှင်စိတ်အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်…။ တကယ်တော့ ကျွန်မနောက်ကို လူတစ်ချို့ အသည်းအသန် လိုက်နှောင့်ယှက်နေကြလို့ပါ… ကျွန်မမှာ အခက်ခဲနည်းနည်းရှိလို့ ကျွန်မရှင့်ချစ်သူလို ဟန်ဆောင်ပြီး သူတို့ကိုလှည့်စားလိုက်ရတာပါ…”
“ကျွန်မကို နားလည်ပေးနိုင်မယ် မဟုတ်လားရှင်… ရှင့်ချစ်သူအဖြစ်ဟန်ဆောင်လိုက်တဲ့ အခိုက်အတန့် အချိန်လေးကို ကျွန်မအမြဲသတိရနေပါမှာ…” ဆိုပြီး ကောင်မလေး ဟာ သူ့အနားမှ ထွက်ခွာသွားဖို့ ကျောခိုင်းလိုက်စဉ်မှာ ဂျေက ကောင်မလေးလက်ကို ဖမ်းဆွဲလိုက်ပြီး
“တစ်ခုလောက်မေးပါရစေ… ကိုယ်နဲ့ပတ်တသတ်တဲ့အကြောင်းအရာတေ ွမင်းဘယ်လိုသိလဲ” ဆိုလိုက်တော့…
“ရှင် ကျွန်မတို့ကုမ္ပဏီမှာ အလုပ်လာလျှောက်ဖူးတယ်လေ ကျွန်မရှင့် CV ကိုဖတ်ဖူးတည်းက ရှင့်ကိုသတိထားခဲ့မိတာ” လို့ပြောပြီး သူ့အနားမှ ထွက်ခွာသွားခဲ့ပါတော့တယ်…။
မမျှော်လင့်ပဲ ဖြစ်ခဲ့တဲ့ထိုကိစ္စဟာ ဂျေ့ ရင်ကို ရှော့ဖြစ်စေခဲ့ပါတယ် … သူမဟာ သူ့ရင်ထဲကအချစ်တွေကို လှိုင်းထအောင်ပြုလုပ်ပေးသွားနိုင်တဲ့ သူ့ရဲ့ ပထမဆုံးအချစ်ဖြစ်ခဲ့ပါတယ်..။ တကယ်ဆို သူမ ဘယ်ကုမ္ပဏီမှာ လုပ်သလဲဆိုတာ သူမေးခဲ့သင့်တာ… ။ ခုတော့ သူမကို သူဘယ်မှာလိုက်ရှာရမှန်း မသိရအောင် ဖြစ်နေခဲ့ပါပြီ …။
ခုတော့ ဂျေတစ်ယောက် အချစ်နတ်သမီးဆီက အချစ်တောင်းခံနေတဲ့ သူဖုန်းစားလေးလိုဖြစ်နေ ခဲ့ပြီပေါ့..။ စားချိန်၊ အိပ်ချိန်တိုင်း သူမအပြုအမှုတွေကိုပဲ သတိရနေပြီး ဂျေ တစ်ယောက်တော့ အချစ်ဖျား ဖျားနေခဲ့ပါပြီ..။
ဒီလိုနဲ့ပဲ ဂျေတစ်ယောက် သူအလုပ်လျှာက်ခဲ့ဖူးတဲ့ ကုမ္ပဏီတွေရဲ့ နာမည်တွေပြန်ရှာ… အဲဒီကုမ္ပဏီတွေမှာ ဆွိတီနဲ့ ပတ်သတ်တဲ့ အကြောင်းတွေစုံစမ်းနှင့် အချိန်တွေ ကုန်ခဲ့ပါတယ်… ဒါပေမယ့် ဆွိတီနဲ့ ပတ်သတ်တဲ့ ဘာသတင်းအစအနကိုမရရှိခဲ့ပါဘူး…။
နောက်ပိုင်းမှာ ဂျေတစ်ယောက် သူ့စိတ်တိုင်းကျ အလုပ်တစ်ခုကိုရှာတွေ့ခဲ့ပါတယ်…။
အဲ့ဒီကုမ္ပဏီမှာ သူအလုပ်လုပ်ခဲ့တာ ခုဆို ခြောက်လခန့်ရှိပါပြီ…။ အလုပ်တစ်ဖက်လုပ်ရင်း အမှတ်တမှတ်တွေ့ခဲ့ရတဲ့ သူ့ရဲ့အချစ်ကိုလည်း ခုချိန်ထိရှာပုံတော် ဖွင့်နေတုန်းပါပဲ ..။ တဒင်္ဂအတွင်းဖြစ်ခဲ့တဲ့ကိစ္စဆိုပေမယ့် ခုချိန်ထိ ဆွိတီဆိုတဲ့ ကောင်မလေးကို သူ မေ့လို့မရနိုင်သေးပါဘူး …။
မနက်ဖြန် ကုမ္ပဏီနှစ်ပတ်လည် ပါတီ မို့ လိုအပ်တာတွေပြင်ဆင်ရင်း အလုပ်သိမ်းချိန်နောက်ကျခဲ့ပါတယ်။ ကုမ္ပဏီမှပြန်ထွက်ချိန်မှာတော့ မမျှော်လင့်တဲ့အရာတစ်ခုကိုဖြတ်ခနဲ့ ဂျေ လှမ်းတွေ့လိုက်ပါတယ်…။
အနက်ရောင် အကောင်းစား ဇိမ်ခံကား တစ်စီးပေါ်ကို တက်သွားတဲ့ကောင်မလေးတစ်ယောက်
“အိုး ဆွီတီ..”
ဟုတ်ပါတယ် သူရှာနေတဲ့ သူ့ရဲ့နတ်သမီးလေးပါ...
လက်လှမ်းပြဖို့ ဟန်ပြင်ချိန်မှာ ပဲ သူမလိုက်ပါသွားတဲ့ကားက ထွက်လို့သွားခဲ့ပါပြီ…။ သူTaxi တစ်စီးရဖို့ ကြိုးစားခဲ့ပေမယ့် Taxi တိုင်း လူပါနေတာမို့ ဒီတစ်ခေါက်လည်း လွဲသွားခဲ့ရပြန်ပါပြီ…။
ဂျေတစ်ယောက် ယူကျူံးမရစွာ နဲ့ အိမ်ပြန်လာခဲ့ပါတယ်…။ ညတစ်ညလုံးသူအိပ်မပျော်နိုင်ခဲ့ပါ..။
နောက်နေ့မနက် ကုမ္ပဏီ နှစ်ပတ်လည်ပွဲကိုရောက်ခဲ့ပါပြီ… ဂျေ အလုပ်ကိုသာရောက်ရှိခဲ့ပေမယ့် စိတ်ကတော့ မနေ့က ညအချိန်မှာသာ ရှိနေခဲ့ပါတယ်..။ ဂျေ တငိုင်ငိုင်နဲ့ တွေးတွေးငေးငေးဖြစ်နေချိန်မှာပဲ ဲ ဂျေ့ အနားသို့ အရိပ်လေးတစ်ခု ရောက်ရှိလာပါတယ်…။
သူမ ….
ဟုတ်ပါတယ် ကျွန်တော် နေ့စဉ်နေ့တိုင်းတမ်းတနေရတဲ့ ဆွိတီပါ…
ဂျေ တစ်ယောက် ထပ်မံအံသြရပြန်သည်… သူမက သူ့အတွက် မမျှော်လင့်တဲ့အချိန်တွေမှာ အမြဲပေါ်ပေါ်လာတတ်တာကြောင့်ပါ…။ ဒီတစ်ခါတော့ ဂျေ သူမကို ဘယ်လိုမှ သူနားကအပျောက်မခံတော့ ပါဘူး။။။
ဂျေ သူမလက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီး ခန်းမထဲမှ ထွက်လာခဲ့သည်။။ လူရှင်းတဲ့နေရာ အရောက်မှာတော့…
မင်းကို ကိုယ်ဘယ်လောက်ထိလိုက်ရှာနေခဲ့လဲသိလား ဆွိတီ … ကိုယ် နေ့တိုင်းမင်းကို အချိန်တိုင်းနီးပါး သတိရနေခဲ့တယ်… မင်းရဲ့အနမ်းတွေကိုလည်း ကိုယ်တစ်နေ့မှမေ့လို့မရနိုင်ခဲ့ဘူး… မင်းက ကိုယ့် ရင်ကို ကိုင်လှုပ်နိုင်တဲ့ ကိုယ်ရဲ့ပထမဆုံးအချစ်ပါ ဆိုပြီး ဆွီတီလက်လေးကို နူးညံစွာကိုင်ပြီး မရပ်မနား တရစပ် ပြောချပစ်လိုက်ပါတယ်..။
တကယ်ဆို ကျွန်မက ရှင့်ကို အရင်ဆုံး စချစ်ခဲ့ရသူပါ ဂျေ.. ရှင် ကျွန်မတို့ ကုမ္ပဏီမှာ CV လာတင်ကတည်း က ကျွန်မ ရှင့်ကို စိတ်ဝင်စားခဲ့တာ …။ မထင်မှတ်ပဲ ရှင်နဲ့ ကမ်းခြေမှာဆုံခဲ့တယ်..။ အဲ့ဒီအချိန် ကျွန်မအိမ်က ထွက်ပြေးလာခဲ့လို့ ဖေဖေ့လူတွေ ကျွန်မကို လိုက်ရှာနေခဲ့တဲ့အချိန်ပေါ့…
ဒီလောက်ဆို ဂျေ သဘောက်ပေါက်မှာပါနော်… ။ ဆွိတီ့ ဖေဖေက ဒီကုမ္ပဏီရဲ့ ဒါရိုက်တာလေ…ဂျေ ကျွန်မနားကို ဘယ်အချိန်ရောက်လာမလဲ ဆိုပြီးစောင့်နေခဲ့ပေမယ့် ခုမစောင့်နိုင်တော့လို့ ဂျေ့ အနားကို ကျွန်မအရောက်လာခဲ့တာ…ဆိုပြီး နူးညံ့တဲ့အပြုံးလေးနဲ့ ပြောပြနေရှာပါတယ်..။
အဲ့ဒီနောက် ဂျေ သူမကို တင်းကြပ်စွာ ပွေ့ဖက်နမ်းရှုပ်ပစ်လိုက်သည်..။သူမကလည်း သူရဲ့ ကြမ်းတမ်းတဲ့ အနမ်းတွေကို မခုခံခဲ့ပါဘူး။။။ သူမရဲ့ နွေးထွေးတဲ့လက်တစ်စုံကလည်း သူ့ကိုတင်းကြပ်စွာ ပြန်လည် ဖက်တွယ်ထားခဲ့ပါတယ်…။
တကယ်ဆို သူတို့ နှစ်ယောက်ကြားက အချစ်က ဖွင့်ပြောစရာ မလိုတော့အောင် တစ်ယောက်ပေါ် တစ်ယောက် စိုးမိုးထားခဲ့ပြီဖြစ်ပါတော့တယ်…။
Credit: မိုမိုလေး
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အနမ္းတစ္ခုေအာက္ က်ရႈံးျခင္း
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။