က်န္းမာေရးေကာင္းဖို႔နဲ႔ ကိုယ္အ ေလးခ်ိန္က်ဖို႔အတြက္ ေလ့က်င့္ ခန္းပုံမွန္လုပ္ေလ့ရွိေပမယ့္ တ ခ်ဳိ႕ေသာ အိမ္ရွင္မေတြအတြက္ ဆိုရင္ ေလ့က်င့္ခန္းကို တသီးတ သန္႔လုပ္ဖို႔ အခ်ိန္မရသူေတြရွိတာ မို႔ အိမ္အလုပ္ေတြလုပ္ရင္း ၀ိတ္ ခ်ႏုိင္တဲ့အေၾကာင္းေလး မွ်ေ၀ လုိက္ပါတယ္။
အိမ္သန္႔ရွင္းေရးလုပ္ျခင္း- ထုိင္ လုိက္ထလုိက္၊ တက္လုိက္ ဆင္း လုိက္နဲ႔ တစ္ကိုယ္လုံး လႈပ္ရွား လုပ္ကိုင္ရတဲ့ အိမ္တြင္း၊ အိမ္ျပင္ သန္႔ရွင္းေရးလုပ္တာကလည္း ႂကြက္သားေတြကို သန္မာေစပါ တယ္။
တံျမက္စည္းလွည္း၊ ဖုန္သုတ္ျခင္း - လက္ေမာင္းနဲ႔ ေျခသလုံးႂကြက္ သားေတြကို သန္မာေစသလို ကယ္လိုရီလည္း က်ေစကာ ခါး ေလ့က်င့္ခန္းလည္း လုပ္ၿပီးသား ျဖစ္ေစပါတယ္။
အ၀တ္ေလွ်ာ္ျခင္း -စက္နဲ႔ေလွ်ာ္ တာထက္ အ၀တ္ေတြကိုလက္နဲ႔ ေလ်ာ္၊ လက္နဲ႔ညႇစ္၊ မီးပူတုိက္ တာေတြကလည္း လက္ေခ်ာင္း ေတြကို သန္မာေစပါတယ္။ ေနာက္ၿပီး မီးပူတုိက္ခုံနဲ႔ မီးပူတုိက္ တဲ့အခါမွာလည္း အင္အားသုံးရ တဲ့အတြက္ ခႏၶာကိုယ္အေပၚပိုင္း ႂကြက္သားေတြကို သန္မာေစပါ တယ္။
သစ္ပင္စုိက္ျခင္း -ၿခံထဲမွာ ေျမ ႀကီးတူးဆြစိုက္ပ်ဳိးေရး လုပ္တာက လည္း ေျခသလုံးႂကြက္သားေတြ၊ ေပါင္တံ၊ လက္ေမာင္း၊ ပခုံးေတြ ကိုသန္မာေစသလို ႏွလုံးခုန္ႏႈန္း ကို ျမန္ေစကာ ေသြးလည္ပတ္မႈ လည္းေကာင္းေစပါတယ္။ ေနာက္ၿပီး အမႈိက္သ႐ုိက္ေတြကို ထြန္ျခစ္နဲ႔ ဆဲြယူရွင္းလင္းတာက လည္း ကယ္လိုရီေတြကို ေလာင္ ကၽြမ္းေစပါတယ္။
ကားေရေဆးျခင္း -ကားေရေဆး တဲ့အခါမွာလည္း ေရသြားခပ္ လုိက္၊ ဆပ္ျပာပြတ္လုိက္၊ ဘရပ္ရွ္ တုိက္လုိက္နဲ႔ တစ္ကုိယ္လုံးလႈပ္ ရွားၿပီး ေဆးေၾကာရတဲ့အတြက္ နာရီ၀က္ေလာက္ လုပ္လုိက္တာ န႔ဲ ကယ္လုိရီပမာဏ ၁၅၀ ေလာက္ ေလာင္ကၽြမ္းေစတယ္လုိ႔ ဆုိပါတယ္။
ေဆးသုတ္ျခင္း - အိမ္အတြင္းပိုင္း ေလးကို ေဆးသုတ္မယ္ဆုိရင္ ေတာင္မွ သန္႔ရွင္းေရးလုပ္ရ၊ ေကာ္ပတ္စားရ၊ ေဆးသုတ္တာ ကို မတ္တတ္ရပ္လုိက္၊ ထုိင္လုိက္၊ အတက္၊ အဆင္းလုပ္လုိက္နဲ႔မို႔ ေလ့က်င့္ခန္းလုပ္ၿပီးသား ျဖစ္ေစ ပါတယ္။
ခ်က္ျပဳတ္ျခင္း - အသီးအႏွံ၊ အသား ငါးလွီးခၽြတ္တာ၊ ေမႊတာ၊ ထုေထာင္းတာေတြ လုပ္တာက လည္း ကယ္လုိရီေလာင္ကၽြမ္းေစ တာမို႔ ဟင္းခ်က္ရင္းေလ့က်င့္ခန္းေတာင္ လုပ္လုိ႔ရပါတယ္။ ေနာက္ၿပီး ပန္းကန္ေဆးတာကလည္း လက္ေမာင္းႂကြက္သားေတြ သန္မာဖုိ႔ ေထာက္ကူပါေသးတယ္။
Credit:7day daily
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ကျန်းမာရေးကောင်းဖို့နဲ့ ကိုယ်အ လေးချိန်ကျဖို့အတွက် လေ့ကျင့် ခန်းပုံမှန်လုပ်လေ့ရှိပေမယ့် တ ချို့သော အိမ်ရှင်မတွေအတွက် ဆိုရင် လေ့ကျင့်ခန်းကို တသီးတ သန့်လုပ်ဖို့ အချိန်မရသူတွေရှိတာ မို့ အိမ်အလုပ်တွေလုပ်ရင်း ဝိတ် ချနိုင်တဲ့အကြောင်းလေး မျှေ၀ လိုက်ပါတယ်။
အိမ်သန့်ရှင်းရေးလုပ်ခြင်း- ထိုင် လိုက်ထလိုက်၊ တက်လိုက် ဆင်း လိုက်နဲ့ တစ်ကိုယ်လုံး လှုပ်ရှား လုပ်ကိုင်ရတဲ့ အိမ်တွင်း၊ အိမ်ပြင် သန့်ရှင်းရေးလုပ်တာကလည်း ကြွက်သားတွေကို သန်မာစေပါ တယ်။
တံမြက်စည်းလှည်း၊ ဖုန်သုတ်ခြင်း - လက်မောင်းနဲ့ ခြေသလုံးကြွက် သားတွေကို သန်မာစေသလို ကယ်လိုရီလည်း ကျစေကာ ခါး လေ့ကျင့်ခန်းလည်း လုပ်ပြီးသား ဖြစ်စေပါတယ်။
အဝတ်လျှော်ခြင်း -စက်နဲ့လျှော် တာထက် အဝတ်တွေကိုလက်နဲ့ လျော်၊ လက်နဲ့ညှစ်၊ မီးပူတိုက် တာတွေကလည်း လက်ချောင်း တွေကို သန်မာစေပါတယ်။ နောက်ပြီး မီးပူတိုက်ခုံနဲ့ မီးပူတိုက် တဲ့အခါမှာလည်း အင်အားသုံးရ တဲ့အတွက် ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားတွေကို သန်မာစေပါ တယ်။
သစ်ပင်စိုက်ခြင်း -ခြံထဲမှာ မြေ ကြီးတူးဆွစိုက်ပျိုးရေး လုပ်တာက လည်း ခြေသလုံးကြွက်သားတွေ၊ ပေါင်တံ၊ လက်မောင်း၊ ပခုံးတွေ ကိုသန်မာစေသလို နှလုံးခုန်နှုန်း ကို မြန်စေကာ သွေးလည်ပတ်မှု လည်းကောင်းစေပါတယ်။ နောက်ပြီး အမှိုက်သရိုက်တွေကို ထွန်ခြစ်နဲ့ ဆွဲယူရှင်းလင်းတာက လည်း ကယ်လိုရီတွေကို လောင် ကျွမ်းစေပါတယ်။
ကားရေဆေးခြင်း -ကားရေဆေး တဲ့အခါမှာလည်း ရေသွားခပ် လိုက်၊ ဆပ်ပြာပွတ်လိုက်၊ ဘရပ်ရှ် တိုက်လိုက်နဲ့ တစ်ကိုယ်လုံးလှုပ် ရှားပြီး ဆေးကြောရတဲ့အတွက် နာရီဝက်လောက် လုပ်လိုက်တာ နဲ့ ကယ်လိုရီပမာဏ ၁၅၀ လောက် လောင်ကျွမ်းစေတယ်လို့ ဆိုပါတယ်။
ဆေးသုတ်ခြင်း - အိမ်အတွင်းပိုင်း လေးကို ဆေးသုတ်မယ်ဆိုရင် တောင်မှ သန့်ရှင်းရေးလုပ်ရ၊ ကော်ပတ်စားရ၊ ဆေးသုတ်တာ ကို မတ်တတ်ရပ်လိုက်၊ ထိုင်လိုက်၊ အတက်၊ အဆင်းလုပ်လိုက်နဲ့မို့ လေ့ကျင့်ခန်းလုပ်ပြီးသား ဖြစ်စေ ပါတယ်။
ချက်ပြုတ်ခြင်း - အသီးအနှံ၊ အသား ငါးလှီးချွတ်တာ၊ မွှေတာ၊ ထုထောင်းတာတွေ လုပ်တာက လည်း ကယ်လိုရီလောင်ကျွမ်းစေ တာမို့ ဟင်းချက်ရင်းလေ့ကျင့်ခန်းတောင် လုပ်လို့ရပါတယ်။ နောက်ပြီး ပန်းကန်ဆေးတာကလည်း လက်မောင်းကြွက်သားတွေ သန်မာဖို့ ထောက်ကူပါသေးတယ်။
Credit:7day daily
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အိမ္အလုပ္ေတြလုပ္ရင္းနဲ႔ ကိုယ္အေလးခ်ိန္က်ႏုိင္သတဲ့
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။