iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာျပည္ရဲ႕လက္ရွိအေအာင္ျမင္ဆုံးသ႐ုပ္ေဆာင္မင္းသမီးကိုေျပာပါဆိုရင္ေတာ့ အဲ့ဒီထဲမွာ သက္မြန္ျမင့္လည္းပါဝင္ပါတယ္။

ခ်စ္သက္လို႔ နာမည္ေျပာင္ေလးေခၚၾကတဲ့ ႐ုပ္ရွင္နဲ႔ဗြီဒီယိုသ႐ုပ္ေဆာင္ သက္မြန္ျမင့္ ကေတာ့ အႏုပညာသက္တမ္းဆယ္စုႏွစ္တစ္ခုနီးပါး ရွိေနခဲ့ပါၿပီ။

ပရိသတ္ေတြရဲ႕ခ်စ္ခင္အားေပးမႈေတြရရွိလာတဲ့ ခ်စ္သက္ဟာ သူမျဖတ္သန္းခဲ့တဲ့ အႏုပညာသက္တမ္းတစ္ေလွ်ာက္မွာ နာမည္ပ်က္မရွိပဲ က်ရာဇာတ္႐ုပ္ကို အေကာင္းဆုံးသ႐ုပ္ေဆာင္ႏိုင္ခဲ့လို႔ (၂၀၁၀)ခုႏွစ္ထဲက အကယ္ဒမီဆြတ္ခူးခဲ့တာပါ။

ဘယ္သူမွမရဖူးေသးတဲ့ ပရိသတ္ေတြကခ်စ္လြန္းလို႔ေပးၾကတဲ့ Focus Online ဆု (2012) နဲ႔ (2014) ဆုႏွစ္ဆုအျပင္ The Most Popular Celebrity 2011 ဆုကိုလည္း ရရွိခဲ့တာပါ။

ယခုႏွစ္မွာ အကယ္ဒမီဆုထပ္မံရရွိထားတဲ့ ခ်စ္သက္ဟာ မိုးႀကိဳးေမ မိုးစက္ေမ သီရိေမဆိုၿပီး ဇာတ္႐ုပ္ေတြနဲ႔ ေအာင္ျမင္ခဲ့တာေၾကာင့္ သူမရဲ႕သမီးငယ္ေလးကိုေတာင္ လဝန္းေမလို႔ အမည္ေပးခဲ့တာပါ။

ပိုၿပီးအံ့အားသင့္ရမွာက ခ်စ္သက္ဟာ ခ်င္းတိုင္းရင္းသူစစ္စစ္ျဖစ္ေပမယ့္ ဘုရားတရား ယုံၾကည္လို႔ ဗုဒၶဘာသာကိုေျပာင္းလဲကိုးကြယ္ခဲ့တာလို႔သိရပါတယ္။

အိမ္ေထာင္ေရးကံေကာင္းတဲ့ သက္မြန္ဟာ လက္ရွိမွာေတာ့ သားတစ္ေယာက္ သမီးတစ္ေယာက္ နဲ႔ ေပ်ာ္႐ႊင္စရာမိသားစုဘဝေလးပိုင္ဆိုင္ထားရပါတယ္။

ခင္ပြန္းျဖစ္သူကေတာ့ ကိုစစ္ႏိုင္ျဖစ္ၿပီး သားႀကီးေလး နာမည္က အားခ်စ္ ၊ သမီးငယ္ေလးနာမည္ကေတာ့ လဝန္းေမပါ။ သားသားနဲ႔မီးမီးကလည္း အရမ္းခ်စ္ဖို႔ေကာင္းလို႔ သူ႔ေမေမလိုပဲခ်စ္ေမႊးပါတယ္ေျပာရမွာပါပဲ။

လက္တေလာမွာ သူမဟာ ေၾကာ္ျငာေတြ႐ိုက္လိုက္ မိသားစုကိုလည္းအခ်ိန္ေပးေနရသလို ကေလးပစၥည္းေရာင္းတဲ့ကိုယ္ပိုင္ဆိုင္ေလးတစ္ဆိုင္ပါ ဖြင့္ထားတာပါ။

ခ်စ္သက္ အေၾကာင္းေလး ဖတ္ရင္းနဲ႔ သူမရဲ႕ငယ္ဘဝပုံရိပ္ေလးေတြနဲ႔ လက္ရွိပုံရိပ္ေလးေတြကို ျမင္ဖူးေအာင္ ျပန္လည္မွ်ေဝလိုက္ပါတယ္။

အခ်ိန္ေတြေျပာင္းလဲလာသလို ခ်စ္သက္တစ္ေယာက္ေနာင္ႏွစ္ေတြမွာေရာ အကယ္ဒမီနဲ႔ပတ္သက္ၿပီး ဘယ္လိုၾကားရမလဲဆိတာ ေရွ႕ႏွစ္အတြက္ ေစာင့္ၾကည့္ရမွာေပါ့ေနာ္

Credit:Myanmarload
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
မြန်မာပြည်ရဲ့လက်ရှိအအောင်မြင်ဆုံးသရုပ်ဆောင်မင်းသမီးကိုပြောပါဆိုရင်တော့ အဲ့ဒီထဲမှာ သက်မွန်မြင့်လည်းပါဝင်ပါတယ်။

ချစ်သက်လို့ နာမည်ပြောင်လေးခေါ်ကြတဲ့ ရုပ်ရှင်နဲ့ဗွီဒီယိုသရုပ်ဆောင် သက်မွန်မြင့် ကတော့ အနုပညာသက်တမ်းဆယ်စုနှစ်တစ်ခုနီးပါး ရှိနေခဲ့ပါပြီ။

ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေရရှိလာတဲ့ ချစ်သက်ဟာ သူမဖြတ်သန်းခဲ့တဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ နာမည်ပျက်မရှိပဲ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့လို့ (၂၀၁၀)ခုနှစ်ထဲက အကယ်ဒမီဆွတ်ခူးခဲ့တာပါ။

ဘယ်သူမှမရဖူးသေးတဲ့ ပရိသတ်တွေကချစ်လွန်းလို့ပေးကြတဲ့ Focus Online ဆု (2012) နဲ့ (2014) ဆုနှစ်ဆုအပြင် The Most Popular Celebrity 2011 ဆုကိုလည်း ရရှိခဲ့တာပါ။

ယခုနှစ်မှာ အကယ်ဒမီဆုထပ်မံရရှိထားတဲ့ ချစ်သက်ဟာ မိုးကြိုးမေ မိုးစက်မေ သီရိမေဆိုပြီး ဇာတ်ရုပ်တွေနဲ့ အောင်မြင်ခဲ့တာကြောင့် သူမရဲ့သမီးငယ်လေးကိုတောင် လဝန်းမေလို့ အမည်ပေးခဲ့တာပါ။

ပိုပြီးအံ့အားသင့်ရမှာက ချစ်သက်ဟာ ချင်းတိုင်းရင်းသူစစ်စစ်ဖြစ်ပေမယ့် ဘုရားတရား ယုံကြည်လို့ ဗုဒ္ဓဘာသာကိုပြောင်းလဲကိုးကွယ်ခဲ့တာလို့သိရပါတယ်။

အိမ်ထောင်ရေးကံကောင်းတဲ့ သက်မွန်ဟာ လက်ရှိမှာတော့ သားတစ်ယောက် သမီးတစ်ယောက် နဲ့ ပျော်ရွှင်စရာမိသားစုဘဝလေးပိုင်ဆိုင်ထားရပါတယ်။

ခင်ပွန်းဖြစ်သူကတော့ ကိုစစ်နိုင်ဖြစ်ပြီး သားကြီးလေး နာမည်က အားချစ် ၊ သမီးငယ်လေးနာမည်ကတော့ လဝန်းမေပါ။ သားသားနဲ့မီးမီးကလည်း အရမ်းချစ်ဖို့ကောင်းလို့ သူ့မေမေလိုပဲချစ်မွှေးပါတယ်ပြောရမှာပါပဲ။

လက်တလောမှာ သူမဟာ ကြော်ငြာတွေရိုက်လိုက် မိသားစုကိုလည်းအချိန်ပေးနေရသလို ကလေးပစ္စည်းရောင်းတဲ့ကိုယ်ပိုင်ဆိုင်လေးတစ်ဆိုင်ပါ ဖွင့်ထားတာပါ။

ချစ်သက် အကြောင်းလေး ဖတ်ရင်းနဲ့ သူမရဲ့ငယ်ဘဝပုံရိပ်လေးတွေနဲ့ လက်ရှိပုံရိပ်လေးတွေကို မြင်ဖူးအောင် ပြန်လည်မျှဝေလိုက်ပါတယ်။

အချိန်တွေပြောင်းလဲလာသလို ချစ်သက်တစ်ယောက်နောင်နှစ်တွေမှာရော အကယ်ဒမီနဲ့ပတ်သက်ပြီး ဘယ်လိုကြားရမလဲဆိတာ ရှေ့နှစ်အတွက် စောင့်ကြည့်ရမှာပေါ့နော်

Credit:Myanmarload

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top