လင္နဲ႔မယားပဲျဖစ္ျဖစ္၊ ခ်စ္သူဘ၀မွာပဲ ရွိေသးတဲ့ အတြဲေတြပဲျဖစ္ျဖစ္ တစ္ေယာက္နဲ႔တစ္ေယာက္ ခြန္းႀကီးခြန္းငယ္ စကားမ်ားၾကေလ့ ရွိပါတယ္။ ဒီလုိ အေတြ႕အႀကဳံကို စုံတြဲတုိင္း မကင္းႏုိင္ၾကပါဘူး။ ထုံးစံအတုိင္းဆုိရင္ တစ္ေယာက္ ေယာက္က အေလွ်ာ့ေပးလုိက္မွ ပဋိပကၡ ခ်ဳပ္ၿငိမ္းၾကပါတယ္။
ဒါေပမယ့္ စုံတြဲေတြကို ေလ့လာလုိက္တဲ့အခါမွာ “ငါမွားပါတယ္”လုိ႔ ၀န္ခံၾကသူ အမ်ားစုဟာ အမ်ိဳးသမီးေတြသာ ျဖစ္ေလ့ရွိ ပါတယ္။ အမ်ိဳးသားအမ်ားစုကေတာ့ ျဖစ္တဲ့ျပႆနာမွာ သူတုိ႔ဘက္က မွားေနတယ္ဆုိရင္ေတာင္မွ ေခါင္းမာသူမ်ားလုိ႔ ခံယူၿပီး သိသိႀကီးနဲ႔ ၀န္မခံဘဲ စကားရည္လုပြဲကို အႏုိင္ရေအာင္ ျငင္းတတ္ၾကေၾကာင္း ေတြ႕ရွိရပါတယ္။
ဒါေပမယ့္ ေယာက္်ားတုိင္း အျငင္းသန္တယ္လုိ႔ ဆုိလုိတာ မဟုတ္ပါဘူး။ ေယာက္်ားေတြမွာလည္း တစ္ခ်ိဳ႕ ေအးတိေအး
စက္နဲ႔ ဘာကုိမွ ျပႆနာမလုပ္တတ္တဲ့သူေတြလည္း အမ်ားႀကီး ရွိေနပါတယ္။ သုိ႔ေသာ္ အျငင္းသန္တဲ့ ျပႆနာကို မီးခြက္ထြန္းရွာၿပီး ပဋိပကၡဖန္တီးေလ့ရွိတဲ့ အမ်ိဳးသားတုိင္းမွာ တူညီတဲ့ ခႏၶာေဗဒဆုိင္ရာ ေျပာင္းလဲမႈ တစ္ခုရွိပါတယ္။
Elite Daily ရဲ႕ ေဖာ္ျပခ်က္အရ Testosterone levels သာမာန္ထက္ ျမင့္မားေနတဲ့ အမ်ိဳးသားေတြဟာ ေခါင္းမာေလ့ရွိ ၾကၿပီး၊ အျငင္းအခုန္ ထူျခင္းနဲ႔လည္း ဆက္စပ္မႈေတြရွိေၾကာင္း ေတြ႕ရွိခဲ့ရတယ္လုိ႔ ဆုိပါတယ္။ သူတုိ႕စိတ္ထဲမွာ အရာရာကုိ သူတုိ႔ကသာ အမွန္လုိ႔ ထင္ေလ့ရွိၿပီး၊ မွားတယ္ဆုိရင္လည္း ဘယ္ေတာ့မွ ၀န္မခံတတ္ၾကပါဘူး။
ပါေမာကၡ Colin Camerer က ” Testosterone ျမင့္မားျခင္းက ဦးေႏွာက္က မွားပါတယ္လုိ႔ သိထားတဲ့အခ်က္ေတြ ကုိေတာင္ အမွန္ေတြပဲလုိ႔ ျမင္မိေစေအာင္ လွ်ပ္တစ္ျပတ္ ဆုံးျဖတ္ခ်က္ေတြကို ျပဳလုပ္ေစပါတယ္ .. ဒီ Testosterone ဟာ ေခါင္းမာမႈရဲ႕ အရင္းခံျဖစ္ၿပီး၊ Level ျမင့္ရင္ ျမင့္သေလာက္ ဦးေႏွာက္ဆီကို အမွန္အတုိင္း ပုိ႔တဲ့အခ်က္အလတ္ေတြကို ျဖတ္ေတာက္ပစ္ၿပီး … ငါ အမွန္ပဲ ဆုိတဲ့ စိတ္ပုိင္းဆုိင္ရာ လႊမ္းမုိးမႈကို ခုိင္မာေစပါတယ္ “လုိ႔ ရွင္းျပခဲ့ပါတယ္။
Testosterone ျမင့္မားလွတဲ့ အမ်ိဳးသားေတြကို သီးသန္႔စစ္တမ္္းေကာက္ၾကည့္တဲ့အခါမွာလည္း 20% ဟာ သူတုိ႔ ဘယ္ေလာက္ပဲ မွားေနပါေစ၊ အမွန္ျဖစ္ေၾကာင္း ခုိင္ခုိင္မာမာ ယုံၾကည္ၾကတယ္လုိ႔ သိရပါတယ္။ ဒါ့အျပင္ အဲဒီအမွားကို
ေတာင္မွ ဆင္ေျခဆင္လက္ ျပည့္စုံစြာနဲ႔ သူ မွန္ေၾကာင္း အတင္းဇြတ္ျငင္းတဲ့ သူေတြလည္း ရွိတယ္လုိ႔ ဆုိပါတယ္။ တကယ္ေတာ့ အမ်ိဳးသားေတာ္ေတာ္မ်ားမ်ား အိမ္သူ/ခ်စ္သူနဲ႔ စကားမ်ားတဲ့အခါ သူတုိ႔ဘက္က မွားေၾကာင္း မေတာင္းပန္တတ္တာ Testosterone ျမင့္မားျခင္းေၾကာင့္သာ ျဖစ္တယ္လုိ႔ ဆုိရမွာပါ။
Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
လင်နဲ့မယားပဲဖြစ်ဖြစ်၊ ချစ်သူဘဝမှာပဲ ရှိသေးတဲ့ အတွဲတွေပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် ခွန်းကြီးခွန်းငယ် စကားများကြလေ့ ရှိပါတယ်။ ဒီလို အတွေ့အကြုံကို စုံတွဲတိုင်း မကင်းနိုင်ကြပါဘူး။ ထုံးစံအတိုင်းဆိုရင် တစ်ယောက် ယောက်က အလျှော့ပေးလိုက်မှ ပဋိပက္ခ ချုပ်ငြိမ်းကြပါတယ်။
ဒါပေမယ့် စုံတွဲတွေကို လေ့လာလိုက်တဲ့အခါမှာ “ငါမှားပါတယ်”လို့ ဝန်ခံကြသူ အများစုဟာ အမျိုးသမီးတွေသာ ဖြစ်လေ့ရှိ ပါတယ်။ အမျိုးသားအများစုကတော့ ဖြစ်တဲ့ပြဿနာမှာ သူတို့ဘက်က မှားနေတယ်ဆိုရင်တောင်မှ ခေါင်းမာသူများလို့ ခံယူပြီး သိသိကြီးနဲ့ ဝန်မခံဘဲ စကားရည်လုပွဲကို အနိုင်ရအောင် ငြင်းတတ်ကြကြောင်း တွေ့ရှိရပါတယ်။
ဒါပေမယ့် ယောက်ျားတိုင်း အငြင်းသန်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ယောက်ျားတွေမှာလည်း တစ်ချို့ အေးတိအေး
စက်နဲ့ ဘာကိုမှ ပြဿနာမလုပ်တတ်တဲ့သူတွေလည်း အများကြီး ရှိနေပါတယ်။ သို့သော် အငြင်းသန်တဲ့ ပြဿနာကို မီးခွက်ထွန်းရှာပြီး ပဋိပက္ခဖန်တီးလေ့ရှိတဲ့ အမျိုးသားတိုင်းမှာ တူညီတဲ့ ခန္ဓာဗေဒဆိုင်ရာ ပြောင်းလဲမှု တစ်ခုရှိပါတယ်။
Elite Daily ရဲ့ ဖော်ပြချက်အရ Testosterone levels သာမာန်ထက် မြင့်မားနေတဲ့ အမျိုးသားတွေဟာ ခေါင်းမာလေ့ရှိ ကြပြီး၊ အငြင်းအခုန် ထူခြင်းနဲ့လည်း ဆက်စပ်မှုတွေရှိကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ သူတို့စိတ်ထဲမှာ အရာရာကို သူတို့ကသာ အမှန်လို့ ထင်လေ့ရှိပြီး၊ မှားတယ်ဆိုရင်လည်း ဘယ်တော့မှ ဝန်မခံတတ်ကြပါဘူး။
ပါမောက္ခ Colin Camerer က ” Testosterone မြင့်မားခြင်းက ဦးနှောက်က မှားပါတယ်လို့ သိထားတဲ့အချက်တွေ ကိုတောင် အမှန်တွေပဲလို့ မြင်မိစေအောင် လျှပ်တစ်ပြတ် ဆုံးဖြတ်ချက်တွေကို ပြုလုပ်စေပါတယ် .. ဒီ Testosterone ဟာ ခေါင်းမာမှုရဲ့ အရင်းခံဖြစ်ပြီး၊ Level မြင့်ရင် မြင့်သလောက် ဦးနှောက်ဆီကို အမှန်အတိုင်း ပို့တဲ့အချက်အလတ်တွေကို ဖြတ်တောက်ပစ်ပြီး … ငါ အမှန်ပဲ ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှုကို ခိုင်မာစေပါတယ် “လို့ ရှင်းပြခဲ့ပါတယ်။
Testosterone မြင့်မားလှတဲ့ အမျိုးသားတွေကို သီးသန့်စစ်တမ်းကောက်ကြည့်တဲ့အခါမှာလည်း 20% ဟာ သူတို့ ဘယ်လောက်ပဲ မှားနေပါစေ၊ အမှန်ဖြစ်ကြောင်း ခိုင်ခိုင်မာမာ ယုံကြည်ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲဒီအမှားကို
တောင်မှ ဆင်ခြေဆင်လက် ပြည့်စုံစွာနဲ့ သူ မှန်ကြောင်း အတင်းဇွတ်ငြင်းတဲ့ သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ တကယ်တော့ အမျိုးသားတော်တော်များများ အိမ်သူ/ချစ်သူနဲ့ စကားများတဲ့အခါ သူတို့ဘက်က မှားကြောင်း မတောင်းပန်တတ်တာ Testosterone မြင့်မားခြင်းကြောင့်သာ ဖြစ်တယ်လို့ ဆိုရမှာပါ။
Credit:Shwemom
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
ခ်စ္ေရးခ်စ္ရာ
»
ဗဟုသုတ
»
လူမႈ႔ဘဝ
» အိမ္သူနဲ႔ ပဋိပကၡျဖစ္ရင္ အမ်ိဳးသားေတြက ‘မွားပါတယ္’လုိ႔ ၀န္မခံၾကရျခင္းအေၾကာင္းရင္း
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။