ကြောနပ်ပါစေ။
Credit:Shwemom
ပို့သပေးပါတယ်။
#Unicode Version
မိန်းမဆိုတဲ့အမျိုးက နဂိုတည်းက အကြောင်းမရှိအကြောင်းရှာရစ်တတ်တဲ့အမျိုး။သေးသေးလေးကအစ လိုက်ခံစားတတ်တဲ့ စိတ်နုလွယ်တဲ့အမျိုး။ခုတစ်မျိုးတော်ကြာတစ်မျိုး စိတ်အပြောင်းအလဲကလည်းမြန်သေး။အဲ့တော့ ကိုယ့်မိန်းမကို ပြသနာရှာမိပြီလို့ထင်တိုင်း ရှောင်ရှားရမယ့်အချက်လေးတွေရှောင်ရှားပြီး အလိုက်သင့်လေးနေပေးဖို့လိုတယ်။အဲ့လိုမှာ ဇနီးသည်နဲ့အိမ်ထောင်ရေးရေရှည်တည်တံ့မှာ။အထူးသဖြင့် မသေးမျှင်လိုဇီဇာကြောင်၊ဒေါသထွက်တတ်တဲ့မိန်းမမျိုးဆိုပိုတောင်သတိထားသင့်တယ်။အဲ့တော့ဇနီးကြည်နည်းတွေက…
သူမ စကားပြောတဲ့အခါ ဂရုစိုက်နားထောင်ပေးလိုက်ပါ။
သူမ စကားပြောတဲ့အခါ ကြည့်လက်စ Tv ဖြစ်ဖြစ၊် Phone ဖြစ်ဖြစ် ခဏရပ်ပြီး သူမကို အချိန်ခဏပေးပြီးဂရုတစိုက်နားထောင်ပေးလိုက်ပါ။
သူမစကားပြောတဲ့အခါ သင့်မျက်လုံးတွေကိုမကြည့်ဝံ့တဲ့အခါ သူမမှာပြသနာတစ်ခုခုဖြစ်နေပြီဆိုတာသိပါစေ။
ဒီလိုအရိပ်ပြအကောင်မြင်တတ်ဖို့လည်းလိုပါတယ်။သူမပြသနာတွေကိုသေချာမေးပြီး ကြင်နာပေးလိုက်ပါ။ဖြေရှင်းပေးလိုက်ပါ။
သူမဒေါသထွက်နေရင် ဘယ်တော့မှ မသိချင်ယောင်မဆောင်မိပါစေနဲ့။
မဟုတ်ရင် ဒေါသပိုဆွလိုက်သလိုဖြစ်သွားနိုင်ပါတယ်။သူမကိုဒေါသထွက်အောင် ဘာတွေလုပ်မိလဲစဉ်းစား၊ ပြီးရင်တောင်းပန်လိုက်ပါ။မိန်းမဆိုတာမျိုးက အချော့ကြိုက်တတ်တဲ့အမျိုးပါ။
Anniversary နဲ့ သူမရဲ့ Birtday ကိုယောင်လို့တောင်မမေ့ပါစေနဲ့။
Anniversary နဲ့ သူမရဲ့ Birtday ကိုယောင်လို့တောင်မမေ့ပါစေနဲ့။
မိန်းကလေးတွေဟာ အသေးအဖွဲလေးတွေကအစ ခံစားချက်ပြင်းထန်တဲ့သူတွေမို့ ဒီရက်လေးတွေကိုမှတ်မိတာက သူမအတွက် အလေးထားခံရတဲ့ခံစားချက်မျိုးကို ဖြစ်စေပါတယ်။
သူမဘက်ကအမြဲရပ်တည်ပေးပါ။
သင့်ဇနီးဟာ သူများတွေနဲ့ သဟာဇာတမတည့်တော့ရင် သင့်ဇနီးသည်ဘက်ကပဲရှိပေးပါ။သူ့မိသားစုဝင်တွေ၊ သူ့အချစ်ဆုံးသူငယ်ချင်းဖြစ်နေရင်တောင် သင့်ဇနီးသည်ဘက်ကပဲရပ်တည်ပါ။
သူမရဲ့ရာသီလာချိန်ကိုလည်းသိထားပါစေ။
သေးသေးလေးကအစ လိုက်ဒေါသထွက်နေရင် ဘာကြောင့်ဖြစ်သလဲစဉ်းစားပါ။တကယ်လို့ ရာသီလာချိန်ဖြစ်နေရင်သင်ကပဲအလျှော့ပေးလိုက်ပါ။အမျိုးသမီးတွေဟာ ရာသီလာချိန်မှာဒေါသလွယ်လွယ်ထွက်တတ်တာကြောင့် သူမရာသီလာချိန်ကိုသိထားဖို့လိုပါတယ်။မသိရင်လည်း “မင်းရာသီလာလို့ဒေါသထွက်နေတာလား”လို့ယောင်လို့တောင် မပြောမိပါစေနဲ့။ ကိုယ်သေတွင်းကိုယ်တူးရာ ဖြစ်သွားနိုင်ပါတယ်။
ကြောနပ်ပါစေ။
သူမတစ်နေရာရာသွားမလား၊ တစ်ခုခုလုပ်မလားမေးတဲ့အခါ အဲ့ဒါသင့်ကိုမေးနေတာမဟုတ်ပဲ၊ သွားမယ် လုပ်မယ် ဆိုပြီးသူဖြစ်ချင်တာကိုပြောနေတယ်ဆိုတာ သိပါ။”ဘာမှမဟုတ်ဘူး”လို့ပြောရင်လည်း သြော်..ဘာမှမဟုတ်ဘူးပဲလို့မတွေးလိုက်ပါနဲ့။သူမဘာတွေဖြစ်နေသလဲ ပါးပါးနပ်နပ်နဲ့ မေးပါ။ ရတယ်။ပြသနာမရှိဘူးပြောပြ။မင်းပြောမှကိုယ်သိပြီး မင်းကိုကူညီနိုင်မှာလေ…စသဖြင့်ဖေးမ လိုတဲ့စိတ်နဲ့လေသံနဲ့မေးပါ။
ခရီးတွေကပြန်ရောက်တဲ့အခါ ပင်ပန်းတယ်လို့တန်းမပြောပါနဲ့။
မတွေ့ရတာကြာလို့လွမ်းကြောင်း၊နောက်တစ်ခေါက်အတူတူသွားဖို့အတွေးရှိကြောင်း စသဖြင့်နားဝင်ချိုစေမယ့် အပြောလေးတွေပြောတတ်ပါစေ။
ယောက်ျား(Gentleman)ပီသပါ။
ပြောစရာရှိတာကို ပြောပါ။”ဘာမှမဟုတ်တော့ပါဘူး”ဆိုတာမျိုးတွေမပြောပါနဲ့။ဦးစားပေးသင့်တာပေးပါ။ အလျှော့ပေးသင့်တာပေးပါ။သူမအတွက်အချိန်ပေးပါ။မိန်းမအလုပ်၊ယောက်ျား အလုပ်ခွဲမနေပဲ ကိုယ်ကကူညီပေးနိုင်တာရှိရင်ကူညီပေးလိုက်ပါ။
ဒါကတော့ အိမ်ထောင်သည်အများစုရဲ့အခြေအနေကိုခြုံငုံပြီးပြောတာဖြစ်ပါတယ်။ သင့််ဇနီးသည်အကြောင်းသင့်လောက် ဘယ်သူမှမသိနိုင်ပါဘူး။ဒီတော့ကိုယ့်ဇနီးသည်ရဲ့ စိတ်နေသဘောထားကိုကြည့်ပြီးသင့်မြတ်စွာနေထိုင်ရင်း ကျန်းမာပျော်ရွှင်သာယာတဲ့ မိသားစုလေးတွေပိုင်ဆိုင်နိုင်ကြပါစေ။
Credit:Shwemom
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
ချစ်ရေးချစ်ရာ
»
လူမှု့ဘဝ
» ပေါက်ကွဲနေတဲ့ဇနီးသည်တွေရဲ့မီးစကို ငြိမ်းပေးနိုင်တဲ့ခင်ပွန်းတို့ရဲ့ အမူအကျင့်များ
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။