iMyanmarHouse.com - Best Property Website for Myanmar
×

ေယာဂဟာ ေလ႔က်င္႔ခန္းတစ္ခုအျဖစ္သာမက အႏုပညာတစ္ခုလို႔လည္း ဆိုႏုိင္ၿပီး ေယာဂေလ႔က်င္႔ခန္းေတြကို ပံုမွန္ျပဳလုပ္မယ္ဆုိရင္ စိတ္ပိုင္းဆိုင္ရာေရာ၊ ရုပ္ပိုင္းဆိုင္ရာမွာပါ က်န္းမာသန္စြမ္းႏုပ်ိဳေစမွာ အမွန္ပါ။ ေယာဂကေန သင္႔ကိုေခၚေဆာင္လာေပးမယ္႔ အက်ိဳးေက်းဇူးေတြက အမ်ားႀကီးပါ။ တစ္ခ်ိဳ႕အရာေတြကိုေတာ႔ သင္သိၿပီးသား ျဖစ္ေကာင္းျဖစ္ပါလိမ္႔မယ္။

၁ - ကိုယ္ခႏၶာေပ်ာ႔ေျပာင္း

ေယာဂကိုစြဲစြဲၿမဲၿမဲ ပံုမွန္ကစားသူေတြဟာ ကိုယ္ခႏၶာသြက္လက္ေပါ႔ပါးၿပီး အရိုးအဆစ္ေတြဟာလည္း အၿမဲေပ်ာ႔ေျပာင္းေနၾကတာပါ။ ပထမဆံုး စကစားခ်ိန္မွာေတာ႔ သင္႔ရဲ႕လႈပ္ရွားမႈေတြဟာ အကန္႔အသတ္ရွိႏိုင္ေပမယ္႔ ေယာဂနဲ႔ပံုမွန္ထိေတြ႔မိသြားရင္ေတာ႔ သင္ဟာငွက္ေမႊးေလးလို ေပါ႔ပါးေနမွာပါ။

၂ - အ၀လြန္ျခင္းကိုတားျမစ္ႏိုင္

ေယာဂေလ႔က်င္႔ခန္းဟာ ကိုယ္ခႏၶာေပၚက မလိုအပ္တဲ႔ အဆီပိုေတြကို ေလ်ာ႔ပါးေစႏိုင္တယ္ဆိုတာ ျငင္းမရတဲ႔ အခ်က္တစ္ခုျဖစ္ၿပီး အဆီခ်၊ ၀ိတ္ခ်လိုသူေတြအတြက္ က်န္းမာေရးနဲ႔ အသင္႔ေတာ္ဆံုးနည္းလမ္းက ေယာဂကစားျခငး္ပါပဲ။

၃ - အစာေျခစနစ္ကိုပိုေကာင္းေစ

ေယာဂေလ႔က်င္႔ခန္းျပဳလုပ္စဥ္ လႈပ္ရွားမႈေတြဟာ အစာအိမ္ရဲ႕ အစာေျခဖ်က္မႈစနစ္ကို ပိုမိုအားေကာင္းေစၿပီး အစာမေက် ေလေရာဂါရွိတဲ႔သူေတြ၊ အစာအိမ္ေရာဂါရွိတဲ႔သူေတြဟာ ေယာဂကစားျခင္းျဖင္႔ သက္သာေပ်ာက္ကင္းေစေၾကာင္း အံ႔ၾသဖြယ္သိရွိရျပန္ပါတယ္။

၄ - အသက္႐ႈလို႔ပိုေကာင္း

ေယာဂေလ႔က်င္႔ခန္းမွာ ျပဳလုပ္ရတဲ႔ အသက္႐ႈေလ႔က်င္႔ခန္းေတြဟာ သင္႔ကိုယ္ခႏၶာရဲ႕ အသက္႐ႈစနစ္ကို ပိုမိုေကာင္းမြန္ေစၿပီး အဆုတ္က်န္းမာေရးအတြက္လည္း မ်ားစြာအေထာက္အကူျပဳမွာပါ။

၅ - ေသြးဖိအားနဲ႔ သၾကားဓါတ္ကိုေလ်ာ႔က်ေစ

ဆီးခ်ိဳ၊ ေသြးခ်ိဳေရာဂါသည္ေတြအတြက္လည္း ေယာဂေလ႔က်င္႔ခန္းက အထူးသင္႔ေတာ္ေနျပန္ပါေရာေလ။ ေယာဂေလ႔က်င္႔ခန္းကို ပံုမွန္ျပဳလုပ္ေပးမယ္ဆိုရင္ ေသြးဖိအားနဲ႔ ေသြးအတြင္းက သၾကားပမာဏကို ေလ်ာ႔က်ေစပါသတဲ႔။

၆ - စိတ္ဖိအားေတြနည္းၿပီး စား၀င္အိပ္ေပ်ာ္ေစ

ေယာဂဟာ ကိုယ္ခႏၶာကိုယ္သာမက စိတ္ကိုလည္း လတ္ဆတ္သန္စြမ္းေစေသာ သဘာ၀ေလ႔က်င္႔ခန္းတစ္ခုျဖစ္ၿပီး ေယာဂပံုမွန္ကစားသူမ်ားဟာ နတ္ေရကန္ထဲ ဆင္းစိမ္ထားသလို ထာ၀စဥ္ႏုပ်ိဳလို႔ စား၀င္အိပ္ေပ်ာ္ အၿမဲက်န္းမာေနသူေတြပါ။
Credit:Momolay
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ယောဂဟာ လေ့ကျင့်ခန်းတစ်ခုအဖြစ်သာမက အနုပညာတစ်ခုလို့လည်း ဆိုနိုင်ပြီး ယောဂလေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်မယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာမှာပါ ကျန်းမာသန်စွမ်းနုပျိုစေမှာ အမှန်ပါ။ ယောဂကနေ သင့်ကိုခေါ်ဆောင်လာပေးမယ့် အကျိုးကျေးဇူးတွေက အများကြီးပါ။ တစ်ချို့အရာတွေကိုတော့ သင်သိပြီးသား ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

၁ - ကိုယ်ခန္ဓာပျော့ပြောင်း

ယောဂကိုစွဲစွဲမြဲမြဲ ပုံမှန်ကစားသူတွေဟာ ကိုယ်ခန္ဓာသွက်လက်ပေါ့ပါးပြီး အရိုးအဆစ်တွေဟာလည်း အမြဲပျော့ပြောင်းနေကြတာပါ။ ပထမဆုံး စကစားချိန်မှာတော့ သင့်ရဲ့လှုပ်ရှားမှုတွေဟာ အကန့်အသတ်ရှိနိုင်ပေမယ့် ယောဂနဲ့ပုံမှန်ထိတွေ့မိသွားရင်တော့ သင်ဟာငှက်မွှေးလေးလို ပေါ့ပါးနေမှာပါ။

၂ - အဝလွန်ခြင်းကိုတားမြစ်နိုင်

ယောဂလေ့ကျင့်ခန်းဟာ ကိုယ်ခန္ဓာပေါ်က မလိုအပ်တဲ့ အဆီပိုတွေကို လျော့ပါးစေနိုင်တယ်ဆိုတာ ငြင်းမရတဲ့ အချက်တစ်ခုဖြစ်ပြီး အဆီချ၊ ဝိတ်ချလိုသူတွေအတွက် ကျန်းမာရေးနဲ့ အသင့်တော်ဆုံးနည်းလမ်းက ယောဂကစားခြင်းပါပဲ။

၃ - အစာခြေစနစ်ကိုပိုကောင်းစေ

ယောဂလေ့ကျင့်ခန်းပြုလုပ်စဉ် လှုပ်ရှားမှုတွေဟာ အစာအိမ်ရဲ့ အစာခြေဖျက်မှုစနစ်ကို ပိုမိုအားကောင်းစေပြီး အစာမကျေ လေရောဂါရှိတဲ့သူတွေ၊ အစာအိမ်ရောဂါရှိတဲ့သူတွေဟာ ယောဂကစားခြင်းဖြင့် သက်သာပျောက်ကင်းစေကြောင်း အံ့သြဖွယ်သိရှိရပြန်ပါတယ်။

၄ - အသက်ရှုလို့ပိုကောင်း

ယောဂလေ့ကျင့်ခန်းမှာ ပြုလုပ်ရတဲ့ အသက်ရှုလေ့ကျင့်ခန်းတွေဟာ သင့်ကိုယ်ခန္ဓာရဲ့ အသက်ရှုစနစ်ကို ပိုမိုကောင်းမွန်စေပြီး အဆုတ်ကျန်းမာရေးအတွက်လည်း များစွာအထောက်အကူပြုမှာပါ။

၅ - သွေးဖိအားနဲ့ သကြားဓါတ်ကိုလျော့ကျစေ

ဆီးချို၊ သွေးချိုရောဂါသည်တွေအတွက်လည်း ယောဂလေ့ကျင့်ခန်းက အထူးသင့်တော်နေပြန်ပါရောလေ။ ယောဂလေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် သွေးဖိအားနဲ့ သွေးအတွင်းက သကြားပမာဏကို လျော့ကျစေပါသတဲ့။

၆ - စိတ်ဖိအားတွေနည်းပြီး စားဝင်အိပ်ပျော်စေ

ယောဂဟာ ကိုယ်ခန္ဓာကိုယ်သာမက စိတ်ကိုလည်း လတ်ဆတ်သန်စွမ်းစေသော သဘာဝလေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး ယောဂပုံမှန်ကစားသူများဟာ နတ်ရေကန်ထဲ ဆင်းစိမ်ထားသလို ထာဝစဉ်နုပျိုလို့ စားဝင်အိပ်ပျော် အမြဲကျန်းမာနေသူတွေပါ။

Credit:Momolay

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top