ကိုယ္၀န္ေဆာင္မိခင္ေတြမွာ ေရေက်ာက္ေရာဂါ ကူးစက္ခံရပါက ေမြးဖြားလာမယ့္ ကေလးငယ္ေတြမွာ အသက္အႏၲရာယ္ ထိခိုက္ႏုိင္တာေၾကာင့္ သတိထားဖို႔လိုအပ္ေၾကာင္း ကေလးအထူးကုဆရာ၀န္ႀကီး ပါေမာကၡ ေဒါက္တာေကသီထြန္းက ေျပာၾကားလိုက္ပါတယ္။
ေရေက်ာက္ေရာဂါဟာ ေႏြအကုန္ မိုးအကူးနဲ႔ ေဆာင္းအကုန္ ေႏြအကူးကာလေတြမွာ အဓိက ျဖစ္ပြားတတ္ေပမယ့္ ယခုေနာက္ပိုင္း တစ္ႏွစ္ပတ္လံုး ကူးစက္မႈေတြရွိလာတာျဖစ္တယ္လို႔ သိရပါတယ္။
‘‘ကုိယ္၀န္ေဆာင္မိခင္ဟာ ေရေက်ာက္ေပါက္တဲ့ ကေလးနဲ႔ မေတြ႕ေအာင္ ေရွာင္ရမယ္။ ေရေက်ာက္က ေပါက္ၿပီး တစ္ပတ္အတြင္းလည္း ကူးႏုိင္သလို မေပါက္ခင္မွာကတည္းကလည္း ႀကိဳၿပီးေတာ့ ကူးစက္ႏုိင္တယ္။ တကယ္လို႔ ေရေက်ာက္ကူးစက္ခံရၿပီဆိုရင္ေတာ့ အလြန္ဂ႐ုစိုက္ရမယ္။ ျပေနတဲ့ သားဖြားမီးယပ္ ဆရာ၀န္နဲ႔လည္း တိုင္ပင္ဖို႔လိုတယ္’’ လို႔ ေဒါက္တာေကသီထြန္းက ေျပာထားေၾကာင္း ျပည္တြင္းသတင္းစာၾကီးတစ္ေစာင္မွာ ေဖာ္ျပထားတယ္။
ေရေက်ာက္ကူးစက္ခံရတဲ့ မိခင္ေတြမွာ ေမြးဖြားလာတဲ့ ကေလးငယ္ေတြရဲ႕ ခံႏုိင္ရည္အားနဲ႔ ကူးစက္ခံရတဲ့ ဗုိင္းရပ္စ္ပိုး အမ်ိဳးအစားေပၚ မူတည္ကာ အသက္အႏၲရာယ္ စိုးရိမ္ရႏုိင္တာ ျဖစ္ပါတယ္။
‘‘ေမြးခါနီးၿပီဆုိရင္လည္း ကေလးကို ေစာင့္ၾကည့္တဲ့နည္း ေတြရွိတယ္။ ကေလးကို ေရာဂါ လကၡဏာမေပၚေအာင္ ထိုးရမယ့္ ေဆးေတြလည္းရွိတယ္။ ျပန္ၿပီး ေတာ့ ေရေက်ာက္ပိုးေလ်ာ့သြား ေအာင္ေပးရတဲ့ေဆးေတြလည္းရွိ တယ္။ ကိုယ္၀န္ေဆာင္မိခင္ဟာ ေရေက်ာက္ ကူးစက္မိၿပီဆုိရင္ ေမြးလာတဲ့ကေလးမွာ ေမြးကင္းစ ကေလးဆရာ၀န္နဲ႔ ေတာက္ေလွ်ာက္ျပထားဖို႔လိုတယ္’’ လို႔လည္း ပါေမာကၡ ေဒါက္တာေကသီထြန္းက ေျပာထားပါတယ္။
တာ၀န္ယူကုသေပးရတဲ့ ေမွာ္ဘီျပည္သူ႔ေဆး႐ံု၊ တိုက္ႀကီးၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ံုနဲ႔ မဂၤလာဒံုျပည္သူ႔ေဆး႐ံုတို႔မွာ ကိုယ္၀န္ေဆာင္ကာလအတြင္း ေရေက်ာက္ေရာဂါကူးစက္ခံရျပီး လာေရာက္ျပသရတဲ့ ကေလးငယ္ေတြ ရွိသကဲ့သို႔ အသက္ဆံုး႐ႈံးရတဲ့ ကေလးငယ္ေတြလည္း ရွိေနတယ္လို႔ ဆိုပါတယ္။
ေရေက်ာက္ေရာဂါဟာ ထိတြ႕ကိုင္တြယ္မႈမွတစ္ဆင့္ ကူးစက္ႏုိင္သလို ေလမွတစ္ဆင့္လည္း ကူးစက္ႏုိင္တဲ့ ေရာဂါ တစ္ခုျဖစ္ျပီး ျမန္မာႏုိင္ငံမွာ ျဖစ္ပြားသူ စုစုေပါင္းရဲ႕ ၉၀ ရာခုိင္ႏႈန္းဟာ အသက္(၄)ႏွစ္မွ (၁၀) ႏွစ္ၾကား ကေလးငယ္ေတြျဖစ္ၿပီး က်န္ ၁၀ ရာခုိင္ႏႈန္းဟာ (၁၈) ႏွစ္ေအာက္ လူငယ္ေတြ ျဖစ္ပါတယ္။
ေရေက်ာက္ေရာဂါကို ႀကိဳတင္ကာကြယ္ႏုိင္ဖို႔ (၁)ႏွစ္သား အရြယ္မွာ ကာကြယ္ေဆးတစ္ႀကိမ္ထိုးႏွံရမွာျဖစ္ျပီး အသက္ (၅)ႏွစ္သားအရြယ္မွာ တစ္ႀကိမ္ ထပ္မံထိုးႏွံရမွာျဖစ္ပါတယ္။
Credit: 7Day Daily
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ကိုယ်ဝန်ဆောင်မိခင်တွေမှာ ရေကျောက်ရောဂါ ကူးစက်ခံရပါက မွေးဖွားလာမယ့် ကလေးငယ်တွေမှာ အသက်အန္တရာယ် ထိခိုက်နိုင်တာကြောင့် သတိထားဖို့လိုအပ်ကြောင်း ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာကေသီထွန်းက ပြောကြားလိုက်ပါတယ်။
ရေကျောက်ရောဂါဟာ နွေအကုန် မိုးအကူးနဲ့ ဆောင်းအကုန် နွေအကူးကာလတွေမှာ အဓိက ဖြစ်ပွားတတ်ပေမယ့် ယခုနောက်ပိုင်း တစ်နှစ်ပတ်လုံး ကူးစက်မှုတွေရှိလာတာဖြစ်တယ်လို့ သိရပါတယ်။
‘‘ကိုယ်ဝန်ဆောင်မိခင်ဟာ ရေကျောက်ပေါက်တဲ့ ကလေးနဲ့ မတွေ့အောင် ရှောင်ရမယ်။ ရေကျောက်က ပေါက်ပြီး တစ်ပတ်အတွင်းလည်း ကူးနိုင်သလို မပေါက်ခင်မှာကတည်းကလည်း ကြိုပြီးတော့ ကူးစက်နိုင်တယ်။ တကယ်လို့ ရေကျောက်ကူးစက်ခံရပြီဆိုရင်တော့ အလွန်ဂရုစိုက်ရမယ်။ ပြနေတဲ့ သားဖွားမီးယပ် ဆရာဝန်နဲ့လည်း တိုင်ပင်ဖို့လိုတယ်’’ လို့ ဒေါက်တာကေသီထွန်းက ပြောထားကြောင်း ပြည်တွင်းသတင်းစာကြီးတစ်စောင်မှာ ဖော်ပြထားတယ်။
ရေကျောက်ကူးစက်ခံရတဲ့ မိခင်တွေမှာ မွေးဖွားလာတဲ့ ကလေးငယ်တွေရဲ့ ခံနိုင်ရည်အားနဲ့ ကူးစက်ခံရတဲ့ ဗိုင်းရပ်စ်ပိုး အမျိုးအစားပေါ် မူတည်ကာ အသက်အန္တရာယ် စိုးရိမ်ရနိုင်တာ ဖြစ်ပါတယ်။
‘‘မွေးခါနီးပြီဆိုရင်လည်း ကလေးကို စောင့်ကြည့်တဲ့နည်း တွေရှိတယ်။ ကလေးကို ရောဂါ လက္ခဏာမပေါ်အောင် ထိုးရမယ့် ဆေးတွေလည်းရှိတယ်။ ပြန်ပြီး တော့ ရေကျောက်ပိုးလျော့သွား အောင်ပေးရတဲ့ဆေးတွေလည်းရှိ တယ်။ ကိုယ်ဝန်ဆောင်မိခင်ဟာ ရေကျောက် ကူးစက်မိပြီဆိုရင် မွေးလာတဲ့ကလေးမှာ မွေးကင်းစ ကလေးဆရာဝန်နဲ့ တောက်လျှောက်ပြထားဖို့လိုတယ်’’ လို့လည်း ပါမောက္ခ ဒေါက်တာကေသီထွန်းက ပြောထားပါတယ်။
တာဝန်ယူကုသပေးရတဲ့ မှော်ဘီပြည်သူ့ဆေးရုံ၊ တိုက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံနဲ့ မင်္ဂလာဒုံပြည်သူ့ဆေးရုံတို့မှာ ကိုယ်ဝန်ဆောင်ကာလအတွင်း ရေကျောက်ရောဂါကူးစက်ခံရပြီး လာရောက်ပြသရတဲ့ ကလေးငယ်တွေ ရှိသကဲ့သို့ အသက်ဆုံးရှုံးရတဲ့ ကလေးငယ်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ရေကျောက်ရောဂါဟာ ထိတွ့ကိုင်တွယ်မှုမှတစ်ဆင့် ကူးစက်နိုင်သလို လေမှတစ်ဆင့်လည်း ကူးစက်နိုင်တဲ့ ရောဂါ တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှာ ဖြစ်ပွားသူ စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းဟာ အသက်(၄)နှစ်မှ (၁၀) နှစ်ကြား ကလေးငယ်တွေဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်းဟာ (၁၈) နှစ်အောက် လူငယ်တွေ ဖြစ်ပါတယ်။
ရေကျောက်ရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့ (၁)နှစ်သား အရွယ်မှာ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံရမှာဖြစ်ပြီး အသက် (၅)နှစ်သားအရွယ်မှာ တစ်ကြိမ် ထပ်မံထိုးနှံရမှာဖြစ်ပါတယ်။
Credit: 7Day Daily
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
က်န္းမာေရး
»
ဗဟုသုတ
»
လူမႈ႔ဘဝ
» ကုိယ္ ၀န္ေဆာင္ မိခင္ ေရေက်ာက္ေရာဂါ ကူးစက္ခံရရင္ ေမြးဖြားမယ့္ ကေလးမွာ အသက္ အႏၲရာယ္ရွိႏုိင္
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။