"ကိုယ့္ရဲ႕ ကာ႐ိုက္တာကို တာဝန္ေက်ခ်င္တဲ့အတြက္ေၾကာင့္ ႀကိဳးစားၿပီးလုပိခဲ့တာပါ" လို႔ဆိုလာတဲ့ ယြန္းယြန္း
ျမန္မာပရိသတ္ေတြနဲ႔ ရင္းႏွီးၿပီးသားျဖစ္သူ ငယ္စဥ္ကပင္ အႏုပညာေလာကထဲသို႔ ဝင္ေရာက္ခဲ့သူ အ႐ြယ္နဲ႔မလိုက္ဖက္ေအာင္ ပါရမီပါတဲ့ သ႐ုပ္ေဆာင္မႈေတြေၾကာင့္ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ အကယ္ဒမီဆုရခဲ့သူ သူမကေတာ့ ယြန္းယြန္းပဲျဖစ္ပါတယ္။
ယြန္းယြန္းကေတာ့ အခုဆိုရင္ ပထမႏွစ္ စိတ္ပညာဘာသာကို သင္ယူေနၿပီး တစ္ဖက္ကေနလည္း အႏုပညာအလုပ္ေတြကို လုပ္ကိုင္ေနပါတယ္။ ဆယ္ေက်ာ္သက္ သ႐ုပ္ေဆာင္အေနနဲ႔ "မေန႔ကျဖစ္သည္" ဇာတ္လမ္းတြဲမွာ အဓိကဇာတ္ေကာင္ အေနနဲ႔ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ပရိသတ္ကို အံ့အားသင့္ေစေလာက္ေအာင္ သ႐ုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။ ဒီဇာတ္ကားနဲ႔ ပတ္သတ္လို႔ ေဝဖန္သုံးသပ္ခ်က္ေတြ အမ်ားႀကီး ထြက္ေပၚလည္း ထြက္ေပၚခဲ့ပါတယ္။
ဒီဇာတ္ကားနဲ႔ ပရိသတ္ဆီျပန္ေရာက္လာတဲ့ ယြန္းယြန္းၿပီး အႏုပညာအလုပ္ေတြ ဆက္တိုက္ျပန္လုပ္လာေနတဲ့ ယြန္းယြန္းကေတာ့ သူမကို ပဲမ်ားလာတယ္လို႔ ေျပာတဲ့ေဝဖန္မႈအေပၚ ယခုလိုပဲ တုန႔္ျပန္ခဲ့ပါတယ္။ “ညီမကို ပဲမ်ားလာတယ္လို႔ ေျပာၾကတယ္။ အထူးသျဖင့္ ကေတာ့ “မေန႔ကျဖစ္သည္” ဇာတ္လမ္းတြဲေၾကာင့္ လို႔ထင္တယ္။ အဲဇာတ္လမ္းထဲမွာက ညီမက ပုံမွန္မဟုတ္ဘူးေလ၊ ႐ူးေနတဲ့ ကာ႐ိုက္တာမ်ိဳးဆိုေတာ့ အ႐ူးကို သဘာဝက်ေအာင္ သ႐ုပ္ေဆာင္ဖို႔က ပုံမွန္ သ႐ုပ္ေဆာင္လို႔ မရေတာ့ Over သ႐ုပ္ေဆာင္ ရတယ္။ အဲဒါကို သ႐ုပ္ေဆာင္တာ Over ျဖစ္တယ္လို႔ ေဝဖန္တာေတြရွိတယ္။ အေျပာခံရမွာ သိေပမယ့္လည္း ကိုယ္လုပ္ရမယ့္ ကာ႐ိုက္တာကို တာဝန္ေက်ခ်င္တဲ့ အတြက္ေၾကာင့္ ႀကိဳးစားၿပီးလုပ္ခဲ့တာပါ” လို႔ သူမကဆိုပါတယ္ ပရိသတ္ႀကီးေရ.......
Credit:Myanmarload
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
"ကိုယ့်ရဲ့ ကာရိုက်တာကို တာဝန်ကျေချင်တဲ့အတွက်ကြောင့် ကြိုးစားပြီးလုပိခဲ့တာပါ" လို့ဆိုလာတဲ့ ယွန်းယွန်း
မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်သူ ငယ်စဉ်ကပင် အနုပညာလောကထဲသို့ ဝင်ရောက်ခဲ့သူ အရွယ်နဲ့မလိုက်ဖက်အောင် ပါရမီပါတဲ့ သရုပ်ဆောင်မှုတွေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ အကယ်ဒမီဆုရခဲ့သူ သူမကတော့ ယွန်းယွန်းပဲဖြစ်ပါတယ်။
ယွန်းယွန်းကတော့ အခုဆိုရင် ပထမနှစ် စိတ်ပညာဘာသာကို သင်ယူနေပြီး တစ်ဖက်ကနေလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေပါတယ်။ ဆယ်ကျော်သက် သရုပ်ဆောင်အနေနဲ့ "မနေ့ကဖြစ်သည်" ဇာတ်လမ်းတွဲမှာ အဓိကဇာတ်ကောင် အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်ကို အံ့အားသင့်စေလောက်အောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သတ်လို့ ဝေဖန်သုံးသပ်ချက်တွေ အများကြီး ထွက်ပေါ်လည်း ထွက်ပေါ်ခဲ့ပါတယ်။
ဒီဇာတ်ကားနဲ့ ပရိသတ်ဆီပြန်ရောက်လာတဲ့ ယွန်းယွန်းပြီး အနုပညာအလုပ်တွေ ဆက်တိုက်ပြန်လုပ်လာနေတဲ့ ယွန်းယွန်းကတော့ သူမကို ပဲများလာတယ်လို့ ပြောတဲ့ဝေဖန်မှုအပေါ် ယခုလိုပဲ တုန့်ပြန်ခဲ့ပါတယ်။ “ညီမကို ပဲများလာတယ်လို့ ပြောကြတယ်။ အထူးသဖြင့် ကတော့ “မနေ့ကဖြစ်သည်” ဇာတ်လမ်းတွဲကြောင့် လို့ထင်တယ်။ အဲဇာတ်လမ်းထဲမှာက ညီမက ပုံမှန်မဟုတ်ဘူးလေ၊ ရူးနေတဲ့ ကာရိုက်တာမျိုးဆိုတော့ အရူးကို သဘာဝကျအောင် သရုပ်ဆောင်ဖို့က ပုံမှန် သရုပ်ဆောင်လို့ မရတော့ Over သရုပ်ဆောင် ရတယ်။ အဲဒါကို သရုပ်ဆောင်တာ Over ဖြစ်တယ်လို့ ဝေဖန်တာတွေရှိတယ်။ အပြောခံရမှာ သိပေမယ့်လည်း ကိုယ်လုပ်ရမယ့် ကာရိုက်တာကို တာဝန်ကျေချင်တဲ့ အတွက်ကြောင့် ကြိုးစားပြီးလုပ်ခဲ့တာပါ” လို့ သူမကဆိုပါတယ် ပရိသတ်ကြီးရေ.......
Credit:Myanmarload
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...