iMyanmarHouse.com - Best Property Website for Myanmar
×


အခ်ိန္အခါမွာ မိခင္ေတြအစားမွားလို႔ျဖစ္ေစ ကေလးေတြကိုယ္တိုင္ အစားမွားလို႔ုျဖစ္ေစ ဝမ္းေလ်ာတဲ့အခါ ဘာလုပ္ရမလည္းဆိုတာနဲ႔ ပတ္သတ္ၿပီး က်န္းမာေရးဗဟုသုတအေနနဲ႔ ေျပာျပေပးပါမယ္ေနာ္...
႐ုတ္တရက္ ဝမ္းေလွ်ာျခင္းသည္ ပိုးမႊားအမ်ိဳးမ်ိဳးေၾကာင့္ျဖစ္သည္။

အဖ်ား အန္ျခင္း ဗိုက္နာျခင္း အစာမစားျခင္း လကၡဏာမ်ားတြဲရွိႏိုင္သည္။

၃ရက္မွ ၁၀ ရက္ထိ ၾကာသည္။ တတ္ကြၽမ္းေသာ ဆရာဝန္မၫႊန္ပဲ ေဆးမတိုက္ပါႏွင့္။ ဝမ္းပိတ္ေဆး ေျပးမဝယ္ပါႏွင့္။ မလိုပါ။ ဝမ္းပိတ္ေဆးတိုက္လွ်င္ ဝမ္းထဲက ပိုးက အူအျပင္ထြက္မသြားႏိုင္ဘဲ ေရာဂါရွည္ၾကာလိမ့္မည္။ ကေလးကိုယ္ခံအားက ပိုးကို ႏိုင္ေအာင္တိုက္ဖို႔ ႀကိဳးစားမည္။ အခ်ိဳ႕အေျခအေနမ်ားတြင္ ပိုးသတ္ေဆးလိုသည္။ ဆရာဝန္ႏွင့္ေဆြးေႏြးပါ။

ဝမ္းေလွ်ာေသာကေလးကို ေသေစႏိုင္ေသာ အဓိက အေၾကာင္းရင္းက ေဆးမတိုက္၍ မဟုတ္ဘဲ ေသးမထြက္၍ ျဖစ္သည္။ ေသးထြက္စရာမရွိေလာက္ေအာင္ ေရဓာတ္ဆုံးရႈံးေန၍ ျဖစ္သည္။

***ထို႔ေၾကာင့္ ေရျဖည့္ေပးပါ။***

မိခင္ႏို႔စို႔ေသာကေလးကို အႀကိမ္ေရ ပိုတိုက္ပါ။ ႏို႔ဗူးတိုက္လွ်င္ ဓာတ္ဆားရည္ တိုက္ပါ။ ႏို႔ဗူးကို အႀကိမ္နည္းနည္းႏွင့္ မၾကာခဏတိုက္ပါ။ ကေလးႀကီးမ်ားကို ဓာတ္ဆားရည္တိုက္ပါ။ သန႔္စင္ေသာ အစာ အားလုံးစား၍ ရသည္။

လူႀကီးမ်ားက ကေလး ေသးခံ ဝမ္းခံ အႏွီး လဲတိုင္း လက္ကို ဆပ္ျပာႏွင့္ ေသခ်ာေဆးပါ။ ႏို႔ဗူး ကိုင္တြယ္ေသာလက္ ေရာဂါပိုး ကင္းစင္ပါေစ။

ေအာက္ပါ အခ်က္မ်ားရွိလွ်င္ ကေလးေဆး႐ုံသြားပါ

၁/ တစ္ေန႔ ၈-၁၀ ႀကိမ္ထက္ သြားလွ်င္

၂/ အန္လြန္း၍ အရည္ ဓာတ္ မဝင္လွ်င္

၃/ ကေလး ဘာမွ မေသာက္လွ်င္

၄/ ကေလး ေသးမထြက္ပဲ ေျခလက္ ေအးစက္ၿပီး မ်က္တြင္းခ်ိဳင့္ဝင္လွ်င္

၅/ ဝမ္းထဲ ေသြးပါလွ်င္

၆/ အစိမ္းေရာင္ အန္လွ်င္

ကဲ ေမေမတို႔ေရ သားသားမီးမီးေလးေတြကို ေသခ်ာဂ႐ုစိုက္ၾကပါေနာ္.......
Credit: Child Health Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

 အချိန်အခါမှာ မိခင်တွေအစားမှားလို့ဖြစ်စေ ကလေးတွေကိုယ်တိုင် အစားမှားလို့ဖြစ်စေ ဝမ်းလျောတဲ့အခါ ဘာလုပ်ရမလည်းဆိုတာနဲ့ ပတ်သတ်ပြီး ကျန်းမာရေးဗဟုသုတအနေနဲ့ ပြောပြပေးပါမယ်နော်...

ရုတ်တရက် ဝမ်းလျှောခြင်းသည် ပိုးမွှားအမျိုးမျိုးကြောင့်ဖြစ်သည်။

အဖျား အန်ခြင်း ဗိုက်နာခြင်း အစာမစားခြင်း လက္ခဏာများတွဲရှိနိုင်သည်။

၃ရက်မှ ၁၀ ရက်ထိ ကြာသည်။ တတ်ကျွမ်းသော ဆရာဝန်မညွှန်ပဲ ဆေးမတိုက်ပါနှင့်။ ဝမ်းပိတ်ဆေး ပြေးမဝယ်ပါနှင့်။ မလိုပါ။ ဝမ်းပိတ်ဆေးတိုက်လျှင် ဝမ်းထဲက ပိုးက အူအပြင်ထွက်မသွားနိုင်ဘဲ ရောဂါရှည်ကြာလိမ့်မည်။ ကလေးကိုယ်ခံအားက ပိုးကို နိုင်အောင်တိုက်ဖို့ ကြိုးစားမည်။ အချို့အခြေအနေများတွင် ပိုးသတ်ဆေးလိုသည်။ ဆရာဝန်နှင့်ဆွေးနွေးပါ။

ဝမ်းလျှောသောကလေးကို သေစေနိုင်သော အဓိက အကြောင်းရင်းက ဆေးမတိုက်၍ မဟုတ်ဘဲ သေးမထွက်၍ ဖြစ်သည်။ သေးထွက်စရာမရှိလောက်အောင် ရေဓာတ်ဆုံးရှုံးနေ၍ ဖြစ်သည်။

***ထို့ကြောင့် ရေဖြည့်ပေးပါ။***

မိခင်နို့စို့သောကလေးကို အကြိမ်ရေ ပိုတိုက်ပါ။ နို့ဗူးတိုက်လျှင် ဓာတ်ဆားရည် တိုက်ပါ။ နို့ဗူးကို အကြိမ်နည်းနည်းနှင့် မကြာခဏတိုက်ပါ။ ကလေးကြီးများကို ဓာတ်ဆားရည်တိုက်ပါ။ သန့်စင်သော အစာ အားလုံးစား၍ ရသည်။

လူကြီးများက ကလေး သေးခံ ဝမ်းခံ အနှီး လဲတိုင်း လက်ကို ဆပ်ပြာနှင့် သေချာဆေးပါ။ နို့ဗူး ကိုင်တွယ်သောလက် ရောဂါပိုး ကင်းစင်ပါစေ။

အောက်ပါ အချက်များရှိလျှင် ကလေးဆေးရုံသွားပါ

၁/ တစ်နေ့ ၈-၁၀ ကြိမ်ထက် သွားလျှင်

၂/ အန်လွန်း၍ အရည် ဓာတ် မဝင်လျှင်

၃/ ကလေး ဘာမှ မသောက်လျှင်

၄/ ကလေး သေးမထွက်ပဲ ခြေလက် အေးစက်ပြီး မျက်တွင်းချိုင့်ဝင်လျှင်

၅/ ဝမ်းထဲ သွေးပါလျှင်

၆/ အစိမ်းရောင် အန်လျှင်

ကဲ မေမေတို့ရေ သားသားမီးမီးလေးတွေကို သေချာဂရုစိုက်ကြပါနော်.......
Credit: Child Health Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top