iMyanmarHouse.com - Best Property Website for Myanmar
×



Credit:မိုမိုလေး
ပို့သပေးပါတယ်။


#Unicode Version


ကိုယ့်အပေါ်ဂရုစိုက်ပြီး ကြင်နာတဲ့သူက စိုးရိမ်လို့ စိတ်ပူပြီးပြောနေတဲ့အခါ ချစ်သူတစ်ယောက်အနေနဲ့ အားအားနေ နားပူနေတာပဲလို့ မတွေးဘဲ ငါ့ကို သူတန်ဖိုးထားပါလား အရမ်းချစ်ပါလားလို့ မြင်တတ်ပါစေ။ တစ်ခါတလေ သင်က သူ့ကို ဒီဖိနပ်လေး ဝတ်ပေးပါလားလို့ လူတွေရှေ့မှာဖြစ်စေ၊ လူမြင်ကွင်းကွယ်ရာမှာဖြစ်စေ ပြောတဲ့အခါ သူက သင်စိတ်တိုင်းကျ ဝတ်ပေးပါလိမ့်မယ်။ အဲဒါပာာ သူ့မှာ မာနမရှိလို့မဟုတ်ဘဲ သင့်ကိုချစ်တဲ့စိတ်နဲ့ သူ့ မာနတွေ ပျောက်ကွယ်သွားတာပါ။

သင်က သူ့ကိုစိတ်ဆိုးအောင်လုပ်ရင်လည်း သူက သင့်ကို ခွင့်လွှတ်ပေးပါလိမ့်မယ်။ အဲဒါပာာ သူက သင့်ကိုတန်ဖိုးထားမြတ်နိုးပြီး ချစ်နေလို့ပါပဲ။ ဒါပေမဲ့ စိတ်နာအောင်တော့ ဘယ်တော့မှ မလုပ်မိပါစေနဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူ့နာကျင်မှုဟာ တစ်နေ့မှာ သင့်အတွက် နောင်တဖြစ်နေမှာစိုးလို့ပါ။

ဒါကြောင့် ဘယ်တော့အခါမှာပဲဖြစ်ဖြစ် စကားကို ဆင်ခြင်ပြီးမှပြောပါနော်။ သမီးရည်းစားတွေကြားထဲမှာလည်း ဒီလိုပါပဲ။ လူတွေအာလုံး ကြားမှာလည်း အတူတူပေါ့။ လူတွေက ခံရတာကို ခွင့်လွှတ်နိုင်ကြပေမဲ့ ရင်ထဲမှာတော့ နာကျင်စွာနဲ့ အမြဲတမ်း သိမ်းဆည်း ထားတတ်ကြတယ်ဆိုတာကို ဘယ်တော့မှ လွယ်လွယ်နဲ့ လုံးဝမေ့မပစ်လိုက်ပါနဲ့။
Credit:မိုမိုလေး

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top