iMyanmarHouse.com - Best Property Website for Myanmar
×

စိတ္ပိုင္းဆိုင္ရာ အဓမၼျပဳက်င္႔ခံရျခင္းဆိုတာ လူသားေတြ ေတာ္ရံုတန္ရံု သတိျပဳမိေလ႔မရွိတဲ႔ အႏၱရာယ္တစ္ခုပါ။ ဒီလိုစိတ္အဓမၼျပဳက်င္႔မႈေတြေၾကာင္႔ Depression ေတြ၀င္ၿပီး မိမိကိုယ္ကိုယ္ သတ္ေသမႈေတြ၊ ေလာကႀကီးကိုစိတ္ကုန္ၿပီး အရံႈးေပးသြားတာမ်ိဳးေတြ ျဖစ္ႏိုင္ပါတယ္။ ဒီေတာ႔ ဘယ္လိုအရာမ်ိဳးကို စိတ္ပိုင္းဆိုင္ရာ အဓမၼျပဳက်င္႔မႈလို႔ သတ္မွတ္မလဲ? သင္ကိုယ္တိုင္ကေရာ သူမ်ားကို စိတ္မုဒိန္းက်င္႔သူတစ္ဦး ျဖစ္ေနၿပီလား? ဒါမွမဟုတ္ သင္ဟာ စိတ္မုဒိန္းအက်င္႔ခံရသူတစ္ဦးလား?

၁ - လူၾကားသူၾကားထဲ အႏွိမ္ခံ အျပစ္တင္ခံရျခင္း။

ဟုတ္ပါတယ္... ဒီအခ်က္ကို သင္လည္း မုန္းမယ္ဆိုတာ ေသခ်ာပါတယ္။ ဘယ္သူမွ ကိုယ္႔အျပစ္ေတြကို လူၾကားထဲ ထုတ္ေဖာ္ျပသခံရတာ၊ အျပစ္တင္ခံရတာ မႀကိဳက္ပါဘူး။ ဒါေပမယ္႔ ျမန္မာ႔လူမႈအသိုက္အ၀န္းမွာေတာ႔ ဒီဟာကို ေနာင္က်ဥ္ေအာင္ဆံုးမျခင္းဆိုတဲ႔ အေၾကာင္းျပခ်က္နဲ႔ တြင္တြင္အသံုးခ်ေလ႔ရွိပါတယ္။ ဥပမာငယ္ငယ္က မွားေနတဲ႔ ကိုယ္႔ရဲ႕စာစီစာကံုးကို အခန္းေဖာ္သူငယ္ခ်င္းေတြေရွ႕ အက်ယ္ႀကီးဖတ္ျပတာမ်ိဳး၊ အျပစ္လုပ္မိလို႔ အတန္းေရွ႕ထြက္ လက္ေျမွာက္ရတာမ်ိဳးဟာ စိတ္အဓမၼက်င္႔ခံရျခင္း တစ္မ်ိဳးပါပဲ။ လူႀကီးျဖစ္လာေတာ႔လည္း ဒီလိုပါပဲ။ မိဘက အမ်ိဳးေတြေရွ႕မွာ ကိုယ္႔သားသမီး အသံုးမက်ေၾကာင္း ဂုဏ္ယူ၀င္႔ၾကြားစြာ ေျပာေနတတ္တာမ်ိဳး၊ ခ်စ္သူက ငါ႔ရည္းစားက ငါ႔ေလာက္ဘာမွသိတာမဟုတ္ဘူး၊ ငါပဲအကုန္လုပ္ေပးေနရတာ စသျဖင္႔ ျပဳမႈခံရတာမ်ိဳးေတြေပါ႔။

၂ - အသိအမွတ္မျပဳဖယ္ထုတ္ခံထားရျခင္း။

ငယ္ငယ္က ထုတ္စီးတိုးတဲ႔အခါ၊ ကစားတဲ႔အခါ သူငယ္ခ်င္းေတြက ကိုယ္႔ကို လူရာမသြင္းပဲ ထမင္းဂ်ိဳးဟင္းဂ်ိဳးအေနနဲ႔ ထားတာမ်ိဳးေတြ။ အေပါင္းအသင္းေတြနဲ႔ ကလပ္ေတြ၊ ဘားေတြသြားတဲ႔အခါ ကိုယ္ကေပါင္းသင္းဆက္ဆံေရး မေကာငး္လို႔ ဒါမွမဟုတ္ ဆင္းရဲလို႔ ဖယ္ထုတ္ခံထားရတာမ်ိဳးေတြ၊ ေက်ာင္းေတြမွာ အဖြဲ႔လိုက္ပေရာဂ်က္ေတြလုပ္တဲ႔အခါ ကိုယ္႔ဆီက အႀကံဉာဏ္ေတြ လက္မခံတာမ်ိဳးေတြက ကိုယ္႔ကိုလူေတြနဲ႔ ေ၀းကြာသြားေစၿပီး အထီးက်န္မႈေ၀ဒနာကို ခံစားေစရႏိုင္တာပါ။ ဒီအခ်က္ဟာ တစ္ခါတစ္ရံမွာ သင္ကိုယ္တိုင္က လုပ္ေဆာင္သူျဖစ္ေနတတ္သလို၊ တစ္ခါတစ္ေလေတာ႔ သင္ဟာခံရသူျဖစ္တတ္ပါတယ္။

၃ - အသြင္အျပင္အေပၚခြဲျခားဆက္ဆံခံရျခင္း။

အရပ္ပုတဲ႔သူက်ေတာ႔ ဂ်ပု၊ အသားမဲတဲ႔သူၾကေတာ႔ ကုလား၊ ပိန္တဲ႔သူက် ငေဖာင္ရိုး၊ ၀တဲ႔သူၾက ၀က္မ စတဲ႔ စကားလံုးေတြဟာ ေန႔စဥ္လူေနမႈဘ၀ထဲမွာ မစိမ္းလွတဲ႔ စကားလံုးေတြ ျဖစ္ၾကၿပီး ဒါကိုပဲ ဘာမွမဟုတ္သလို ေျပာဆိုသံုးႏႈန္းတတ္ၾကပါတယ္။ ဒါေပမယ္႔ အဲ႔ဒီအရာေတြဟာလည္း တစ္ဖက္လူအေပၚ စိတ္အဓမၼက်င္႔မႈေတြပါပဲ။ လူေတြဟာ မိမိတို႔ရဲ႕ဘုရားေပးေသး ကိုယ္ခႏၶာသြင္ျပင္ေတြအေပၚ ေ၀ဖန္တာကို ရန္ျပဳမတံု႔ျပန္ရင္ေတာင္ စိတ္ထဲမွာေတာ႔ မႏွစ္သက္ၾကပါဘူး။ ဒီလိုေျပာခံရပါ မ်ားလာတဲ႔အခါ စိတ္ပိုင္းဆိုင္ရာ သိမ္ငယ္မႈေတြ ၀င္လာတတ္ၿပီး ႀကီးႀကီးမားမား အေျပာခံရရင္ေတာ႔ ေမြးဖြားတဲ႔ အေမနဲ႔ ေလာကႀကီးကို အျပစ္တင္ေတာ႔မယ္႔ စိတ္ဒဏ္ရာပါ ျဖစ္သြားႏိုင္ပါေသးတယ္။

၄ - အၿမဲလိုလိုအျပစ္တင္ခံရျခင္း။

ကိုယ္ကေတာ႔ ေကာင္းေလမလားဆိုၿပီး ႀကိဳးစားၿပီးလုပ္ပါရဲ႕ ဒါေပမယ္႔ ကိုယ္႔ရဲ႕ႀကိဳးစားမႈကို အသိအမွတ္ျပဳမခံရပဲ အၿမဲတမ္း တစ္ခုခု အျပစ္ေတြခ်ည္းပဲ တင္ခံေနရမယ္ဆိုရင္ ေနာက္ထပ္ႀကိဳးစားလိုစိတ္၊ အားထုတ္လိုစိတ္ေတြ ကုန္ခမ္းသြားတတ္ၾကျပန္ပါတယ္။ ဒီလိုအေျခအေနမ်ိဳးက မိဘနဲ႔ သားသမီးၾကား၊ ဆရာနဲ႔ တပည္႔ေတြၾကား၊ အထက္လူႀကီးနဲ႔ လက္ေအာက္၀န္ထမ္းအၾကား အၿမဲလိုလိုႀကံဳေတြ႔ရေလ႔ရွိတဲ႔ အျဖစ္အပ်က္တစ္ခုပါ။ ဒီအခ်က္ကေတာ႔ ႏွစ္ဦးႏွစ္ဖက္ၾကားမွာ အျပန္အလွန္နားလည္ေပးသင္႔တဲ႔ အခ်င္းအရာျဖစ္ၿပီး မိမိကိုယ္တိုင္ကလည္း တစ္ဖက္လူအေပၚ ဒီလိုမလုပ္မိဖို႔ အေရးႀကီးပါတယ္။

Credit:Momolay
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

စိတ်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရခြင်းဆိုတာ လူသားတွေ တော်ရုံတန်ရုံ သတိပြုမိလေ့မရှိတဲ့ အန္တရာယ်တစ်ခုပါ။ ဒီလိုစိတ်အဓမ္မပြုကျင့်မှုတွေကြောင့် Depression တွေဝင်ပြီး မိမိကိုယ်ကိုယ် သတ်သေမှုတွေ၊ လောကကြီးကိုစိတ်ကုန်ပြီး အရှုံးပေးသွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီတော့ ဘယ်လိုအရာမျိုးကို စိတ်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှုလို့ သတ်မှတ်မလဲ? သင်ကိုယ်တိုင်ကရော သူများကို စိတ်မုဒိန်းကျင့်သူတစ်ဦး ဖြစ်နေပြီလား? ဒါမှမဟုတ် သင်ဟာ စိတ်မုဒိန်းအကျင့်ခံရသူတစ်ဦးလား?

၁ - လူကြားသူကြားထဲ အနှိမ်ခံ အပြစ်တင်ခံရခြင်း။

ဟုတ်ပါတယ်... ဒီအချက်ကို သင်လည်း မုန်းမယ်ဆိုတာ သေချာပါတယ်။ ဘယ်သူမှ ကိုယ့်အပြစ်တွေကို လူကြားထဲ ထုတ်ဖော်ပြသခံရတာ၊ အပြစ်တင်ခံရတာ မကြိုက်ပါဘူး။ ဒါပေမယ့် မြန်မာ့လူမှုအသိုက်အဝန်းမှာတော့ ဒီဟာကို နောင်ကျဉ်အောင်ဆုံးမခြင်းဆိုတဲ့ အကြောင်းပြချက်နဲ့ တွင်တွင်အသုံးချလေ့ရှိပါတယ်။ ဥပမာငယ်ငယ်က မှားနေတဲ့ ကိုယ့်ရဲ့စာစီစာကုံးကို အခန်းဖော်သူငယ်ချင်းတွေရှေ့ အကျယ်ကြီးဖတ်ပြတာမျိုး၊ အပြစ်လုပ်မိလို့ အတန်းရှေ့ထွက် လက်မြှောက်ရတာမျိုးဟာ စိတ်အဓမ္မကျင့်ခံရခြင်း တစ်မျိုးပါပဲ။ လူကြီးဖြစ်လာတော့လည်း ဒီလိုပါပဲ။ မိဘက အမျိုးတွေရှေ့မှာ ကိုယ့်သားသမီး အသုံးမကျကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောနေတတ်တာမျိုး၊ ချစ်သူက ငါ့ရည်းစားက ငါ့လောက်ဘာမှသိတာမဟုတ်ဘူး၊ ငါပဲအကုန်လုပ်ပေးနေရတာ စသဖြင့် ပြုမှုခံရတာမျိုးတွေပေါ့။

၂ - အသိအမှတ်မပြုဖယ်ထုတ်ခံထားရခြင်း။

ငယ်ငယ်က ထုတ်စီးတိုးတဲ့အခါ၊ ကစားတဲ့အခါ သူငယ်ချင်းတွေက ကိုယ့်ကို လူရာမသွင်းပဲ ထမင်းဂျိုးဟင်းဂျိုးအနေနဲ့ ထားတာမျိုးတွေ။ အပေါင်းအသင်းတွေနဲ့ ကလပ်တွေ၊ ဘားတွေသွားတဲ့အခါ ကိုယ်ကပေါင်းသင်းဆက်ဆံရေး မကောင်းလို့ ဒါမှမဟုတ် ဆင်းရဲလို့ ဖယ်ထုတ်ခံထားရတာမျိုးတွေ၊ ကျောင်းတွေမှာ အဖွဲ့လိုက်ပရောဂျက်တွေလုပ်တဲ့အခါ ကိုယ့်ဆီက အကြံဉာဏ်တွေ လက်မခံတာမျိုးတွေက ကိုယ့်ကိုလူတွေနဲ့ ဝေးကွာသွားစေပြီး အထီးကျန်မှုဝေဒနာကို ခံစားစေရနိုင်တာပါ။ ဒီအချက်ဟာ တစ်ခါတစ်ရံမှာ သင်ကိုယ်တိုင်က လုပ်ဆောင်သူဖြစ်နေတတ်သလို၊ တစ်ခါတစ်လေတော့ သင်ဟာခံရသူဖြစ်တတ်ပါတယ်။

၃ - အသွင်အပြင်အပေါ်ခွဲခြားဆက်ဆံခံရခြင်း။

အရပ်ပုတဲ့သူကျတော့ ဂျပု၊ အသားမဲတဲ့သူကြတော့ ကုလား၊ ပိန်တဲ့သူကျ ငဖောင်ရိုး၊ ဝတဲ့သူကြ ဝက်မ စတဲ့ စကားလုံးတွေဟာ နေ့စဉ်လူနေမှုဘဝထဲမှာ မစိမ်းလှတဲ့ စကားလုံးတွေ ဖြစ်ကြပြီး ဒါကိုပဲ ဘာမှမဟုတ်သလို ပြောဆိုသုံးနှုန်းတတ်ကြပါတယ်။ ဒါပေမယ့် အဲ့ဒီအရာတွေဟာလည်း တစ်ဖက်လူအပေါ် စိတ်အဓမ္မကျင့်မှုတွေပါပဲ။ လူတွေဟာ မိမိတို့ရဲ့ဘုရားပေးသေး ကိုယ်ခန္ဓာသွင်ပြင်တွေအပေါ် ဝေဖန်တာကို ရန်ပြုမတုံ့ပြန်ရင်တောင် စိတ်ထဲမှာတော့ မနှစ်သက်ကြပါဘူး။ ဒီလိုပြောခံရပါ များလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာ သိမ်ငယ်မှုတွေ ဝင်လာတတ်ပြီး ကြီးကြီးမားမား အပြောခံရရင်တော့ မွေးဖွားတဲ့ အမေနဲ့ လောကကြီးကို အပြစ်တင်တော့မယ့် စိတ်ဒဏ်ရာပါ ဖြစ်သွားနိုင်ပါသေးတယ်။

၄ - အမြဲလိုလိုအပြစ်တင်ခံရခြင်း။

ကိုယ်ကတော့ ကောင်းလေမလားဆိုပြီး ကြိုးစားပြီးလုပ်ပါရဲ့ ဒါပေမယ့် ကိုယ့်ရဲ့ကြိုးစားမှုကို အသိအမှတ်ပြုမခံရပဲ အမြဲတမ်း တစ်ခုခု အပြစ်တွေချည်းပဲ တင်ခံနေရမယ်ဆိုရင် နောက်ထပ်ကြိုးစားလိုစိတ်၊ အားထုတ်လိုစိတ်တွေ ကုန်ခမ်းသွားတတ်ကြပြန်ပါတယ်။ ဒီလိုအခြေအနေမျိုးက မိဘနဲ့ သားသမီးကြား၊ ဆရာနဲ့ တပည့်တွေကြား၊ အထက်လူကြီးနဲ့ လက်အောက်ဝန်ထမ်းအကြား အမြဲလိုလိုကြုံတွေ့ရလေ့ရှိတဲ့ အဖြစ်အပျက်တစ်ခုပါ။ ဒီအချက်ကတော့ နှစ်ဦးနှစ်ဖက်ကြားမှာ အပြန်အလှန်နားလည်ပေးသင့်တဲ့ အချင်းအရာဖြစ်ပြီး မိမိကိုယ်တိုင်ကလည်း တစ်ဖက်လူအပေါ် ဒီလိုမလုပ်မိဖို့ အရေးကြီးပါတယ်။

Credit:Momolay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top