iMyanmarHouse.com - Best Property Website for Myanmar
×

"သူငယ္ခ်င္းေကာင္းဆိုတာ သင္သိထားတာထက္ကို သင့္အတြက္ ပိုတန္းဖုိးရွိတာ"

ဒီစာကို မဖတ္ခင္ သင့္ရဲ႕ သူငယ္ခ်င္းေကာင္းေတြဟာ ဘယ္သူေတြျဖစ္သလဲ ဆုိတာ အရင္ဆံုး စဥ္းစားၾကည့္လိုက္ပါဦး။ သူငယ္ခ်င္းေကာင္းဆုိတာ သင့္စိတ္ထဲက မျမင္ႏိုင္တဲ့ အရာတစ္ခ်ိဳ႕ကိုေတာင္ သူတုိ႔က ျမင္တတ္ၾကျပီး သင္ဘာေတြလုိအပ္ေနတယ္ ဆိုတာ ေထာက္ျပေျပာဆုိ အၾကံေကာင္းေတြ ေပးတတ္ၾကသူေတြပါ။  သင့္အတြက္ အျမဲအဆင္သင့္ ရွိေနတတ္သူေတြ ျဖစ္သလို သင္ ေပ်ာ္ရႊင္ေနခ်ိန္မွာ သူတုိ႔ပါ လိုက္ေပ်ာ္ရႊင္ေနတတ္ျပီး သင္ ခံစားနာက်င္ရခ်ိန္ေတြမွာလည္း အဲ့ဒီနာက်င္မႈေတြကို သင္နဲ႔အတူ ေ၀မ်ွ ခံစားေပးတတ္ၾကသူေတြေပါ့။

ဒါ့အျပင္ သူငယ္ခ်င္းေကာင္းေတြဟာ သင့္ကို ပိုမိုထူးခ်ြန္တဲ့သူ၊ ပိုေတာ္တဲ့သူ၊ ပိုေအာင္ျမင္တဲ့သူတစ္ေယာက္ ျဖစ္လာေအာင္လည္း လုပ္ေဆာင္ေပးႏိုင္တယ္လုိ႔ သုေတသီအမ်ားအျပားက ဆုိထားျပန္ပါတယ္။ ကဲ သူငယ္ခ်င္းေကာင္း ရွိျခင္းေၾကာင့္ သင္ ဘယ္လိုအက်ိဳးေက်းဇူးေတြ ခံစားလိမ့္မလဲ၊ ၾကည့္ၾကရေအာင္။

၁။ သင္ဟာ သင့္သူငယ္ခ်င္းေတြေၾကာင့္ ပိုမိုေပ်ာ္ရႊင္ရတယ္ဆုိတဲ့ ခံစားခ်က္မ်ိဳး မၾကာခဏ ခံစားရတယ္။

သုေတသီ ေတာ္ေတာ္မ်ားမ်ားရဲ႕ ဖြင့္ဟ ေျပာၾကားခ်က္ေတြအရေတာ့ အရြယ္ေရာက္ျပီးသူ အေယာက္ ၉၀၀ ေက်ာ္ဟာ သူတို႔တစ္ေယာက္တည္း ရွိေနခ်ိန္ေတြထက္စာရင္ သူတုိ႔သူငယ္ခ်င္းေတြနဲ႔ အတူရွိခ်ိန္ေတြဟာ သူတုိ႔အတြက္ ပိုမုိေပ်ာ္ရႊင္ရသလို စိတ္ဖိစီးမႈေတြအားလံုး ေလ်ာ့ပါးသြားေၾကာင္း ဖြင့္ဟထားၾကပါတယ္တဲ့။ သူငယ္ခ်င္းေတြနဲ႔ အတူရွိေနခ်ိန္ ခံစားရတဲ့ ေပ်ာ္ရႊင္မႈနဲ႔ ခ်စ္သူ၊ အမ်ိဳး၊ လုပ္ေဖာ္ကိုင္ဖက္ စတဲ့သူေတြနဲ႔ အတူရွိခ်ိန္ ခံစားရတာမ်ိဳးနဲ႔ေတာင္ မတူပါဘူးလုိ႔ ဆုိထားၾကပါတယ္။

၂။ အတိတ္တုန္းက အတူရွိခဲ့တဲ့ သူငယ္ခ်င္း အရင္းၾကီးေတြေၾကာင့္ သင္ဟာ ေအာင္ျမင္မႈေတြ ပိုရရွိလာတယ္။

သင္ ေက်ာင္းတုန္းက၊ ဒါမွမဟုတ္ အလုပ္ခြင္ စ၀င္ခ်ိန္ေတြတုန္းက၊ အဲ့ဒီလို အတိတ္ကာလအခ်ိန္၊ သင့္အတြက္ ခက္ခဲေနခ်ိန္ေတြတုန္းက သင့္ေဘးနားမွာရွိခဲ့တဲ့ သူငယ္ခ်င္းေတြေၾကာင့္ သင္ဟာ ခုခ်ိန္မွာ အလုပ္မွာျဖစ္ျဖစ္၊ အျခား သင့္၀ါသနာပါတဲ့ အရာေတြကို လုပ္ေဆာင္ေနရခ်ိန္မွာျဖစ္ျဖစ္ ေအာင္ျမင္မႈေတြ ရရွိေနတာမ်ိဳး ၾကံဳရပါလိမ့္မယ္။  ေျပာခ်င္တာက အသက္ ၂၀ တုန္းက သင့္ေဘးနားအတူရွိခဲ့တဲ့ သူငယ္ခ်င္းေတြေၾကာင့္ သင္ဟာ အသက္ ၃၀ မွာ ေအာင္ျမင္မႈဆုိတဲ့ အရာကို ခံစားရႏိုင္တယ္ဆုိတာပါပဲ။

၃။သင့္မွာ သူငယ္ခ်င္းေကာင္းေတြရွိရင္ ေဒါသထြက္တဲ့အခ်ိန္ေတြ နည္းသြားမယ္။

ကိုယ့္မွာ ေဒါသထြက္စရာရွိလာရင္ေတာင္ သင့္မွာ ဒီကိစၥကို ေျပာျပရမယ့္ သူငယ္ခ်င္းေကာင္း ရွိေနျပီေလ။ သူတုိ႔နဲ႔ ဒီကိစၥကို ဖုန္းနဲ႔ တုိင္ပင္ေျပာဆုိလိုက္တာပဲျဖစ္ျဖစ္၊ အျပင္မွာေတြ႔ၿပီး ေျပာဆုိလိုက္တာပဲျဖစ္ျဖစ္ သင့္စိတ္ထဲရွိေနတဲ့ ေဒါသအပူမီးေတြက ေလ်ာ့နည္းသြားမွာ အေသအခ်ာပါပဲ။

၄။ သင္ဟာ သူတစ္ပါးကို ပိုကူညီတတ္လာမယ္။

သင္ဟာ သင့္သူငယ္ခ်င္းေတြ သင့္အေပၚ ကူညီဖူးတာ၊ သူတုိ႔ဒုကၡေရာက္တဲ့အခ်ိန္ ျပန္ကူညီေပးခဲ့တာေတြကို အမွတ္ရတတ္သူတစ္ဦး ျဖစ္ေနမယ္ဆုိရင္ေတာ့ အကူအညီဆုိတာ ဘယ္သူ႔ကိုမဆုိ ေပးေကာင္းပါလားလုိ႔ သိလာမွာပါပဲ။ အဲ့ဒီေတာ့ သင္နဲ႔ ခင္ရံုခင္တဲ့သူ တစ္ေယာက္က အကူအညီေတာင္းလာရင္လည္း သင္ ကူညီတတ္လာပါလိမ့္မယ္။

၅။ သူငယ္ခ်င္းနဲ႔ အေတြးတူ၊ အျမင္တူ၊ စိတ္ကူးတူေနတာမ်ိဳး သင္သိတဲ့အခါ ခံစားရတဲ့ ရင္းႏွီးမႈတစ္ခုဟာ ဘာနဲ႔မွ မတူပါဘူး။

သူငယ္ခ်င္းနဲ႔ သြားအတူ၊ စားအတူ တြဲျဖစ္လာရင္ေတာ့ သင္တုိ႔ႏွစ္ေယာက္ဟာ အေတြးအေခၚ အယူအဆ တူလာပါလိမ့္မယ္။ အၾကိဳက္ေတြလည္း တူလာပါလိမ့္မယ္။ တစ္စံုတစ္ခုအေပၚ သင္တုိ႔ႏွစ္ဦး မွတ္ခ်က္ခ်တာမ်ိဳးေတြ တူလာတဲ့အခါ  သင္တုိ႔ႏွစ္ဦးရဲ႕ ရင္းႏွီးမႈအတုိင္းအတာ ျမင့္မားလာတာကို သိလာရတာေၾကာင့္ အဲ့ဒီကရတဲ့ ခံစားခ်က္က ဘာနဲ႔မွ တူမွာမဟုတ္ပါဘူး။ မိခင္တစ္ေယာက္တည္းက ေမြးတဲ့ညီအစ္မေတြေတာင္ သင္တုိ႔ေလာက္ ရင္းႏွီးပါ့မလားလုိ႔ ေတြးလာတဲ့အထိေပါ့။

ကဲ စတုိရီေလးကို အဆံုးထိ ဖတ္ျပီးျပီဆုိရင္ သင့္သူငယ္ခ်င္းရဲ႕ ေဖ့စ္ဘြတ္ခ္ timeline ေပၚ ဒါေလး သြား share ေပးရင္း သင္ သူ႔ကို ဘယ္ေလာက္ခ်စ္ေၾကာင္း သူသိေအာင္ လုပ္ေဆာင္ေပးလိုက္ရေအာင္။

Credit: Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
"သူငယ်ချင်းကောင်းဆိုတာ သင်သိထားတာထက်ကို သင့်အတွက် ပိုတန်းဖိုးရှိတာ"

ဒီစာကို မဖတ်ခင် သင့်ရဲ့ သူငယ်ချင်းကောင်းတွေဟာ ဘယ်သူတွေဖြစ်သလဲ ဆိုတာ အရင်ဆုံး စဉ်းစားကြည့်လိုက်ပါဦး။ သူငယ်ချင်းကောင်းဆိုတာ သင့်စိတ်ထဲက မမြင်နိုင်တဲ့ အရာတစ်ချို့ကိုတောင် သူတို့က မြင်တတ်ကြပြီး သင်ဘာတွေလိုအပ်နေတယ် ဆိုတာ ထောက်ပြပြောဆို အကြံကောင်းတွေ ပေးတတ်ကြသူတွေပါ။  သင့်အတွက် အမြဲအဆင်သင့် ရှိနေတတ်သူတွေ ဖြစ်သလို သင် ပျော်ရွှင်နေချိန်မှာ သူတို့ပါ လိုက်ပျော်ရွှင်နေတတ်ပြီး သင် ခံစားနာကျင်ရချိန်တွေမှာလည်း အဲ့ဒီနာကျင်မှုတွေကို သင်နဲ့အတူ ဝေမျှ ခံစားပေးတတ်ကြသူတွေပေါ့။

ဒါ့အပြင် သူငယ်ချင်းကောင်းတွေဟာ သင့်ကို ပိုမိုထူးချွန်တဲ့သူ၊ ပိုတော်တဲ့သူ၊ ပိုအောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာအောင်လည်း လုပ်ဆောင်ပေးနိုင်တယ်လို့ သုတေသီအများအပြားက ဆိုထားပြန်ပါတယ်။ ကဲ သူငယ်ချင်းကောင်း ရှိခြင်းကြောင့် သင် ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားလိမ့်မလဲ၊ ကြည့်ကြရအောင်။

၁။ သင်ဟာ သင့်သူငယ်ချင်းတွေကြောင့် ပိုမိုပျော်ရွှင်ရတယ်ဆိုတဲ့ ခံစားချက်မျိုး မကြာခဏ ခံစားရတယ်။

သုတေသီ တော်တော်များများရဲ့ ဖွင့်ဟ ပြောကြားချက်တွေအရတော့ အရွယ်ရောက်ပြီးသူ အယောက် ၉၀၀ ကျော်ဟာ သူတို့တစ်ယောက်တည်း ရှိနေချိန်တွေထက်စာရင် သူတို့သူငယ်ချင်းတွေနဲ့ အတူရှိချိန်တွေဟာ သူတို့အတွက် ပိုမိုပျော်ရွှင်ရသလို စိတ်ဖိစီးမှုတွေအားလုံး လျော့ပါးသွားကြောင်း ဖွင့်ဟထားကြပါတယ်တဲ့။ သူငယ်ချင်းတွေနဲ့ အတူရှိနေချိန် ခံစားရတဲ့ ပျော်ရွှင်မှုနဲ့ ချစ်သူ၊ အမျိုး၊ လုပ်ဖော်ကိုင်ဖက် စတဲ့သူတွေနဲ့ အတူရှိချိန် ခံစားရတာမျိုးနဲ့တောင် မတူပါဘူးလို့ ဆိုထားကြပါတယ်။

၂။ အတိတ်တုန်းက အတူရှိခဲ့တဲ့ သူငယ်ချင်း အရင်းကြီးတွေကြောင့် သင်ဟာ အောင်မြင်မှုတွေ ပိုရရှိလာတယ်။

သင် ကျောင်းတုန်းက၊ ဒါမှမဟုတ် အလုပ်ခွင် စဝင်ချိန်တွေတုန်းက၊ အဲ့ဒီလို အတိတ်ကာလအချိန်၊ သင့်အတွက် ခက်ခဲနေချိန်တွေတုန်းက သင့်ဘေးနားမှာရှိခဲ့တဲ့ သူငယ်ချင်းတွေကြောင့် သင်ဟာ ခုချိန်မှာ အလုပ်မှာဖြစ်ဖြစ်၊ အခြား သင့်ဝါသနာပါတဲ့ အရာတွေကို လုပ်ဆောင်နေရချိန်မှာဖြစ်ဖြစ် အောင်မြင်မှုတွေ ရရှိနေတာမျိုး ကြုံရပါလိမ့်မယ်။  ပြောချင်တာက အသက် ၂၀ တုန်းက သင့်ဘေးနားအတူရှိခဲ့တဲ့ သူငယ်ချင်းတွေကြောင့် သင်ဟာ အသက် ၃၀ မှာ အောင်မြင်မှုဆိုတဲ့ အရာကို ခံစားရနိုင်တယ်ဆိုတာပါပဲ။

၃။သင့်မှာ သူငယ်ချင်းကောင်းတွေရှိရင် ဒေါသထွက်တဲ့အချိန်တွေ နည်းသွားမယ်။

ကိုယ့်မှာ ဒေါသထွက်စရာရှိလာရင်တောင် သင့်မှာ ဒီကိစ္စကို ပြောပြရမယ့် သူငယ်ချင်းကောင်း ရှိနေပြီလေ။ သူတို့နဲ့ ဒီကိစ္စကို ဖုန်းနဲ့ တိုင်ပင်ပြောဆိုလိုက်တာပဲဖြစ်ဖြစ်၊ အပြင်မှာတွေ့ပြီး ပြောဆိုလိုက်တာပဲဖြစ်ဖြစ် သင့်စိတ်ထဲရှိနေတဲ့ ဒေါသအပူမီးတွေက လျော့နည်းသွားမှာ အသေအချာပါပဲ။

၄။ သင်ဟာ သူတစ်ပါးကို ပိုကူညီတတ်လာမယ်။

သင်ဟာ သင့်သူငယ်ချင်းတွေ သင့်အပေါ် ကူညီဖူးတာ၊ သူတို့ဒုက္ခရောက်တဲ့အချိန် ပြန်ကူညီပေးခဲ့တာတွေကို အမှတ်ရတတ်သူတစ်ဦး ဖြစ်နေမယ်ဆိုရင်တော့ အကူအညီဆိုတာ ဘယ်သူ့ကိုမဆို ပေးကောင်းပါလားလို့ သိလာမှာပါပဲ။ အဲ့ဒီတော့ သင်နဲ့ ခင်ရုံခင်တဲ့သူ တစ်ယောက်က အကူအညီတောင်းလာရင်လည်း သင် ကူညီတတ်လာပါလိမ့်မယ်။

၅။ သူငယ်ချင်းနဲ့ အတွေးတူ၊ အမြင်တူ၊ စိတ်ကူးတူနေတာမျိုး သင်သိတဲ့အခါ ခံစားရတဲ့ ရင်းနှီးမှုတစ်ခုဟာ ဘာနဲ့မှ မတူပါဘူး။

သူငယ်ချင်းနဲ့ သွားအတူ၊ စားအတူ တွဲဖြစ်လာရင်တော့ သင်တို့နှစ်ယောက်ဟာ အတွေးအခေါ် အယူအဆ တူလာပါလိမ့်မယ်။ အကြိုက်တွေလည်း တူလာပါလိမ့်မယ်။ တစ်စုံတစ်ခုအပေါ် သင်တို့နှစ်ဦး မှတ်ချက်ချတာမျိုးတွေ တူလာတဲ့အခါ  သင်တို့နှစ်ဦးရဲ့ ရင်းနှီးမှုအတိုင်းအတာ မြင့်မားလာတာကို သိလာရတာကြောင့် အဲ့ဒီကရတဲ့ ခံစားချက်က ဘာနဲ့မှ တူမှာမဟုတ်ပါဘူး။ မိခင်တစ်ယောက်တည်းက မွေးတဲ့ညီအစ်မတွေတောင် သင်တို့လောက် ရင်းနှီးပါ့မလားလို့ တွေးလာတဲ့အထိပေါ့။

ကဲ စတိုရီလေးကို အဆုံးထိ ဖတ်ပြီးပြီဆိုရင် သင့်သူငယ်ချင်းရဲ့ ဖေ့စ်ဘွတ်ခ် timeline ပေါ် ဒါလေး သွား share ပေးရင်း သင် သူ့ကို ဘယ်လောက်ချစ်ကြောင်း သူသိအောင် လုပ်ဆောင်ပေးလိုက်ရအောင်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top