iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္လံုးေအာက္ဖက္မွာ ေဖာင္းေဖာင္းအစ္အစ္ေလး ျဖစ္ေနတာက မ်က္လံုးအလွျခယ္သတဲ့အခါမွာ အေႏွာင့္အယွက္ ျဖစ္ေစပါတယ္။ တခ်ိဳ႕ကလည္း မ်က္လံုးေအာက္ဖက္မွာ ေဖာင္းအစ္တာေတြ မႏွစ္သက္ပါဘူး။ မ်က္လံုးေအာက္ဖက္ ေဖာင္းအစ္တာေတြ အျမန္ဆံုး ေျပေလ်ာ့ေစႏိုင္မယ့္ နည္းလမ္းေလးေတြ ရွိပါတယ္။

မ်က္လံုးမွာ အေအးဓါတ္ရွိဖို႔ လိုပါတယ္။ မ်က္လံုး အေအးဓါတ္ရဖို႔အတြက္ သခြားသီးေလး ပါးပါးလွီွးၿပီး မ်က္လံုးမွာ အိပ္ရာ၀င္ခါနီး ကပ္ထားေပးပါ။ အပူေတြစုပ္ယူလုိက္တာေၾကာင့္ သခြားသီးဖတ္ေလးေတြ ႏြမ္းသြားပါလိမ့္မယ္။ (၁၀) မိနစ္ေလာက္ ေန႔စဥ္ကပ္ထားေပးမယ္ဆိုရင္ မ်က္လံုးေဖာင္းအစ္တာေတြ သက္သာသြားမွာပါ။

အသင့္ေသာက္ လက္ဖက္ေျခာက္ အထုပ္ေလးေတြကို မ်က္လံုးမွာ ကပ္ေပးမယ္ဆိုရင္လည္း မ်က္လံုးေဖာင္းအစ္တာေတြ ေပ်ာက္ကင္းေစႏိုင္ပါတယ္။ အသင့္ေသာက္ လက္ဖက္ေျခာက္ထုပ္ေလးေတြကို ေရခဲေသတၱာထဲ မိနစ္(၃၀) ေလာက္ထည့္ထားေပးၿပီးမွ မ်က္လံုးမွာ ကပ္ပါ။ (၁၀) မိနစ္ေလာက္ ၾကာေအာင္ ထားေပးပါ။

ေနာက္ဆံုးနည္းတစ္ခုကေတာ့ အာလူးပါ။ အာလူးကုိ အခြံႏႊာၿပီး ေရေဆးပါ။ ပါးပါးလွီးၿပီး မ်က္လံုးမွာ (၁၀) မိနစ္ေလာက္ ကပ္ထားေပးပါ။ (၂) ႀကိမ္ေလာက္ လုပ္ၿပီးရင္ သိသိသာသာ မ်က္လံုးေဖာင္းအစ္တာေတြ ေလ်ာ့က်လာေစမွာပါ။
Credit:မိုမိုေလး
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
မျက်လုံးအောက်ဖက်မှာ ဖောင်းဖောင်းအစ်အစ်လေး ဖြစ်နေတာက မျက်လုံးအလှခြယ်သတဲ့အခါမှာ အနှောင့်အယှက် ဖြစ်စေပါတယ်။ တချို့ကလည်း မျက်လုံးအောက်ဖက်မှာ ဖောင်းအစ်တာတွေ မနှစ်သက်ပါဘူး။ မျက်လုံးအောက်ဖက် ဖောင်းအစ်တာတွေ အမြန်ဆုံး ပြေလျော့စေနိုင်မယ့် နည်းလမ်းလေးတွေ ရှိပါတယ်။

မျက်လုံးမှာ အအေးဓါတ်ရှိဖို့ လိုပါတယ်။ မျက်လုံး အအေးဓါတ်ရဖို့အတွက် သခွားသီးလေး ပါးပါးလှှီးပြီး မျက်လုံးမှာ အိပ်ရာဝင်ခါနီး ကပ်ထားပေးပါ။ အပူတွေစုပ်ယူလိုက်တာကြောင့် သခွားသီးဖတ်လေးတွေ နွမ်းသွားပါလိမ့်မယ်။ (၁၀) မိနစ်လောက် နေ့စဉ်ကပ်ထားပေးမယ်ဆိုရင် မျက်လုံးဖောင်းအစ်တာတွေ သက်သာသွားမှာပါ။

အသင့်သောက် လက်ဖက်ခြောက် အထုပ်လေးတွေကို မျက်လုံးမှာ ကပ်ပေးမယ်ဆိုရင်လည်း မျက်လုံးဖောင်းအစ်တာတွေ ပျောက်ကင်းစေနိုင်ပါတယ်။ အသင့်သောက် လက်ဖက်ခြောက်ထုပ်လေးတွေကို ရေခဲသေတ္တာထဲ မိနစ်(၃၀) လောက်ထည့်ထားပေးပြီးမှ မျက်လုံးမှာ ကပ်ပါ။ (၁၀) မိနစ်လောက် ကြာအောင် ထားပေးပါ။

နောက်ဆုံးနည်းတစ်ခုကတော့ အာလူးပါ။ အာလူးကို အခွံနွှာပြီး ရေဆေးပါ။ ပါးပါးလှီးပြီး မျက်လုံးမှာ (၁၀) မိနစ်လောက် ကပ်ထားပေးပါ။ (၂) ကြိမ်လောက် လုပ်ပြီးရင် သိသိသာသာ မျက်လုံးဖောင်းအစ်တာတွေ လျော့ကျလာစေမှာပါ။
Credit:မိုမိုလေး

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top