iMyanmarHouse.com - Best Property Website for Myanmar
×

သူနာျပဳလုိ႔ေခၚတဲ႔ နတ္စ္မေလးေတြဟာ လူမႈရပ္၀န္းအတြက္ မရွိမျဖစ္ လိုအပ္ေသာ လူသားေတြျဖစ္ၾကကာ သမိုင္းထဲမွာလည္း လူမႈကူညီသူအျဖစ္ ထင္ရွားတဲ႔ ဖေလာ္ရင္႔ႏိုက္တင္ေဂးဟာဆိုရင္လည္း သူနာျပဳတစ္ဦးပဲ ျဖစ္ပါတယ္။ ဒါ႔အျပင္ ကြ်န္ေတာ္တုိ႔ေလးစားရတဲ႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ ပါရမီျဖည္႔ဖက္ ၾကင္ယာေတာ္ဟာလည္း သူနာျပဳတစ္ဦးပင္ျဖစ္တာမို႔ သူနာျပဳေတြဟာ ေလးစားစံထားေလာက္စရာ ပုဂၢိဳလ္မ်ားပဲ ျဖစ္ပါတယ္။ ဒါနဲ႔တင္မၿပီးေသးပါဘူး အမ်ိဳးသားေတြအေနနဲ႔ မိမိရဲ႕ခ်စ္ဇနီးေလာင္းကို ေရြးခ်ယ္ေတာ႔မယ္ဆို သူနာျပဳေလးေတြကို ဦးစားေပးစဥ္းစားသင္႔တဲ႔ အခ်က္ေတြကေတာ႔...

၁ - အျပဳအစုအယုအယေကာင္းတယ္

ဟုတ္တယ္ေလ သူတုိ႔ဟာ အၿမဲလိုလို လူနာကို ျပဳစုေနၾကရသူေတြဆိုေတာ႔ သင္႔လိုသန္သန္မာမာတစ္ဦးကို ဂရုစိုက္ျပဳစုေပးဖို႔ဆုိတာ သိပ္ခက္ခဲတဲ႔ ကိစၥမဟုတ္ေတာ႔ဘူးေလ။

၂ - နားေထာင္ေပးတတ္သူေတြျဖစ္တယ္

လူနာေတြရဲ႕ အားငယ္မႈေတြ၊ ေ၀ဒနာေတြကို အၿမဲနားေထာင္ေပးေနၾကရသူေတြမို႔ သင္႔အလုပ္ကအေၾကာင္းအရာေတြ၊ အခက္အခဲေတြကိုလည္း စိတ္ရွည္လက္ရွည္နားေထာင္ၿပီး သင္႔အတြက္ စိတ္ခြန္အားေတြလည္း ေပးဦးမွာပါ။

၃ - ေဆးေပးမီးယူ

ဒီအခ်က္ကလည္း ရွင္းတယ္ေလ။ သင္ေနမေကာင္းထိုင္မေကာင္းျဖစ္တဲ႔အခါ လိုအပ္တဲ႔ ျပဳစုကုသမႈေတြကို သူတို႔ေတြက သိၿပီးသားျဖစ္သလို ဆရာ၀န္ရဲ႕ညႊန္ၾကားခ်က္ေတြကိုလည္း အတိအက် လိုက္နာႏိုင္သူေတြမို႔ ေဆးေပးမီးယူအတြက္လည္း အသင္႔ေတာ္ဆံုးေပါ႔။

၄ - က်န္းမာေရးအသိအျမင္ရွိတယ္

ေဆးပညာရပ္ေတြနဲ႔ အၿမဲထိေတြ႔ေနရသူျဖစ္တဲ႔အျပင္ ကိုယ္တုိင္ကလည္း ျပဳစုကုသေပးေနရသူမို႔ ဟိုဟာစားရင္ ဟိုဟာျဖစ္မယ္၊ ဘယ္ဟာနဲ႔ ဘယ္ဟာနဲ႔ မတည္႔ဘူး၊ ဘယ္လိုေနထိုင္သင္႔သလဲဆိုတဲ႔ အခ်က္ေတြက သူတို႔အတြက္ေတာ႔ ထမင္းစားေရေသာက္ကိစၥေတြမို႔ သင္႔က်န္းမာေရးအတြက္ ႀကိဳတင္ကာကြယ္ႏုိင္ၿပီေလ။

၅ - ဖိအားမ်ားၿပီး ခက္ခဲတဲ႔အခ်ိန္ေတြကိုလည္း အလြယ္တကူေက်ာ္ျဖတ္ႏိုင္

သူတို႔ဟာ အေရးေပၚကိစၥေတြ၊ အသည္းအသန္ျဖစ္ေနတဲ႔ လူနာေတြကို ကိုင္တြယ္ေျဖရွင္းေနရသူမို႔ ရုတ္တရက္က်ေရာက္လာတဲ႔ ဖိအားေတြနဲ႔ အသားက်လုိ႔ေနပါၿပီ။ ဒီေတာ႔ ေလာကထဲက ေတာ္ရံုတန္ရံု ခက္ခဲမႈေတြက သူတို႔အတြက္ စာဖြဲ႔ေလာက္စရာ မဟုတ္ေတာ႔ဘူးေပါ႔။

၆ - ဂုဏ္ယူစရာပြဲတိုးေသာအလုပ္အကိုင္

လူသားေတြ၊ လူနာေတြကို ကုသျပဳစုေပးေနသူတစ္ဦးျဖစ္တာမို႔ သူနာျပဳအလုပ္ဟာ စိတ္ထားတတ္ရင္ ပရဟိတအလုပ္တစ္ခုလို႔ေတာင္ ဆိုႏုိင္ပါတယ္။ ဒီေတာ႔ က်ဳပ္မိန္းမက သူနာျပဳေလလို႔ ေျပာရမွာ အင္မတန္ဂုဏ္ယူစရာ ကိစၥတစ္ခုမဟုတ္လား။ သူမ်ားေတြက အားက်ေနမွာေတာ႔ ျမင္ေယာင္ပါေသး။

Credit:Momolay

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version


သူနာပြုလို့ခေါ်တဲ့ နတ်စ်မလေးတွေဟာ လူမှုရပ်ဝန်းအတွက် မရှိမဖြစ် လိုအပ်သော လူသားတွေဖြစ်ကြကာ သမိုင်းထဲမှာလည်း လူမှုကူညီသူအဖြစ် ထင်ရှားတဲ့ ဖလော်ရင့်နိုက်တင်ဂေးဟာဆိုရင်လည်း သူနာပြုတစ်ဦးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့လေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပါရမီဖြည့်ဖက် ကြင်ယာတော်ဟာလည်း သူနာပြုတစ်ဦးပင်ဖြစ်တာမို့ သူနာပြုတွေဟာ လေးစားစံထားလောက်စရာ ပုဂ္ဂိုလ်များပဲ ဖြစ်ပါတယ်။ ဒါနဲ့တင်မပြီးသေးပါဘူး အမျိုးသားတွေအနေနဲ့ မိမိရဲ့ချစ်ဇနီးလောင်းကို ရွေးချယ်တော့မယ်ဆို သူနာပြုလေးတွေကို ဦးစားပေးစဉ်းစားသင့်တဲ့ အချက်တွေကတော့...

၁ - အပြုအစုအယုအယကောင်းတယ်

ဟုတ်တယ်လေ သူတို့ဟာ အမြဲလိုလို လူနာကို ပြုစုနေကြရသူတွေဆိုတော့ သင့်လိုသန်သန်မာမာတစ်ဦးကို ဂရုစိုက်ပြုစုပေးဖို့ဆိုတာ သိပ်ခက်ခဲတဲ့ ကိစ္စမဟုတ်တော့ဘူးလေ။

၂ - နားထောင်ပေးတတ်သူတွေဖြစ်တယ်

လူနာတွေရဲ့ အားငယ်မှုတွေ၊ ဝေဒနာတွေကို အမြဲနားထောင်ပေးနေကြရသူတွေမို့ သင့်အလုပ်ကအကြောင်းအရာတွေ၊ အခက်အခဲတွေကိုလည်း စိတ်ရှည်လက်ရှည်နားထောင်ပြီး သင့်အတွက် စိတ်ခွန်အားတွေလည်း ပေးဦးမှာပါ။

၃ - ဆေးပေးမီးယူ

ဒီအချက်ကလည်း ရှင်းတယ်လေ။ သင်နေမကောင်းထိုင်မကောင်းဖြစ်တဲ့အခါ လိုအပ်တဲ့ ပြုစုကုသမှုတွေကို သူတို့တွေက သိပြီးသားဖြစ်သလို ဆရာဝန်ရဲ့ညွှန်ကြားချက်တွေကိုလည်း အတိအကျ လိုက်နာနိုင်သူတွေမို့ ဆေးပေးမီးယူအတွက်လည်း အသင့်တော်ဆုံးပေါ့။

၄ - ကျန်းမာရေးအသိအမြင်ရှိတယ်

ဆေးပညာရပ်တွေနဲ့ အမြဲထိတွေ့နေရသူဖြစ်တဲ့အပြင် ကိုယ်တိုင်ကလည်း ပြုစုကုသပေးနေရသူမို့ ဟိုဟာစားရင် ဟိုဟာဖြစ်မယ်၊ ဘယ်ဟာနဲ့ ဘယ်ဟာနဲ့ မတည့်ဘူး၊ ဘယ်လိုနေထိုင်သင့်သလဲဆိုတဲ့ အချက်တွေက သူတို့အတွက်တော့ ထမင်းစားရေသောက်ကိစ္စတွေမို့ သင့်ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်နိုင်ပြီလေ။

၅ - ဖိအားများပြီး ခက်ခဲတဲ့အချိန်တွေကိုလည်း အလွယ်တကူကျော်ဖြတ်နိုင်

သူတို့ဟာ အရေးပေါ်ကိစ္စတွေ၊ အသည်းအသန်ဖြစ်နေတဲ့ လူနာတွေကို ကိုင်တွယ်ဖြေရှင်းနေရသူမို့ ရုတ်တရက်ကျရောက်လာတဲ့ ဖိအားတွေနဲ့ အသားကျလို့နေပါပြီ။ ဒီတော့ လောကထဲက တော်ရုံတန်ရုံ ခက်ခဲမှုတွေက သူတို့အတွက် စာဖွဲ့လောက်စရာ မဟုတ်တော့ဘူးပေါ့။

၆ - ဂုဏ်ယူစရာပွဲတိုးသောအလုပ်အကိုင်

လူသားတွေ၊ လူနာတွေကို ကုသပြုစုပေးနေသူတစ်ဦးဖြစ်တာမို့ သူနာပြုအလုပ်ဟာ စိတ်ထားတတ်ရင် ပရဟိတအလုပ်တစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ ဒီတော့ ကျုပ်မိန်းမက သူနာပြုလေလို့ ပြောရမှာ အင်မတန်ဂုဏ်ယူစရာ ကိစ္စတစ်ခုမဟုတ်လား။ သူများတွေက အားကျနေမှာတော့ မြင်ယောင်ပါသေး။

Credit:Momolay

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top