သင္ဘ၀ လက္တြဲေဖာ္အျဖစ္ မိန္းကေလးတစ္ေယာက္ကုိ ေရြးခ်ယ္ေတာ့မယ္ဆုိရင္ေတာ့ သူ႕ရဲ႕ဆံပင္က ဘယ္ေလာက္ရွည္ေနတာ၊သူရဲ႕ ခႏၶာကုိယ္က ဘယ္ေလာက္ေျဖာင့္တာ၊သူက ဘာဘြဲ႕ေတြရထားတာ ဆုိတဲ့အရာေတြကုိ ခဏေလာက္ေမ့လုိက္ပါ။သင့္အေနနဲ႕ မိန္းကေလးတစ္ေယာက္ကုိ တစ္သက္လုံးလက္တြဲဖုိ႕စဥ္းစားေနတယ္ဆုိရင္ေတာ့ သူမဟာ စာဖတ္တဲ့ သူတစ္ေယာက္လားဆုိတဲ့အခ်က္ကုိ အေျခခံစဥ္းစားဖုိ႕လုိအပ္ပါတယ္။စာအုပ္ခ်စ္ျမတ္ႏုိးသူေတြ၊စာၾကည့္တုိက္မွာပဲ ေအာင္းေနတတ္တဲ့သူေတြဟာ သင့္လက္တြဲေဖာ္အျဖစ္ေရြးခ်ယ္သင့္တဲ့ သူေတြထဲမွာ ထိပ္ဆုံးက ရွိေနသင့္ၿပီး စာအုပ္စာေပ ခ်စ္ျမတ္ႏုိးတဲ့ မိန္းကေလးေတြကုိ လက္တြဲေဖာ္အျဖစ္ေရြးခ်ယ္သင့္တဲ့ အခ်က္ (၈) ခ်က္ကုိ Auntymay ပရိတ္သတ္ၾကီးအတြက္ ေဖာ္ျပလုိက္ပါတယ္။
၁။ သူမဟာဥာဏ္ရည္ ျမင့္မားတဲ့ သူတစ္ေယာက္ျဖစ္တယ္။
စာအုပ္ေတြ ပုိဖတ္ေလေလ သူမဟာ ေလာကၾကီးအေၾကာင္းပုိသိေလပါပဲ။ဒါအျပင့္ ေန႕စဥ္စာအုပ္ဖတ္တဲ့ မိန္းကေလးတစ္ေယာက္ဟာ သူမရဲ႕ စိတ္ဓာတ္ကုိၾကံခိုင္ေစဖုိ႕ ေလ့က်င့္ခန္းပုံမွန္ျပဳလုပ္ေနတာျဖစ္ပါတယ္။သင့္အေနနဲ႕ ဘ၀လက္တြဲေဖာ္အျဖစ္မိန္းကေလးတစ္ေယာက္ကုိ ေရြးခ်ယ္မယ္ဆုိရင္ ရုပ္ရည္သာမဟုတ္ဘဲ စိတ္ဓာတ္ပုိင္းဆုိင္ရာလွပတဲ့ မိန္းကေလးမ်ဳိးကုိ ေရြးခ်ယ္ဖုိ႕လုိအပ္ပါလိမ့္မယ္။
၂။သင့္ကုိ အေကာင္းဆုံး ေထာက္ပံ့ေပးႏုိင္ပါတယ္။
စာအုပ္မ်ားဖတ္ေလ့ရွိတဲ့ မိန္းကေလးတစ္ေယာက္ဟာအေၾကာင္းအရာ အမ်ားၾကီးကုိ သိရွိထားတဲ့ လူတစ္ေယာက္ျဖစ္ပါတယ္။အေၾကာင္းအရာ မ်ားစြာကုိ သိရွိထားတဲ့ လက္တြဲေဖာ္တစ္ေယာက္ဟာ ဘ၀ ခရီးကုိ ေလွ်ာက္လွမ္းရာမွာ ရုပ္ေခ်ာတာထက္ အသုံး၀င္ေၾကာင္း သင္ေတြ႕ရွိလာမရမွာျဖစ္ပါတယ္။
၃။ သူမဟာစကားေျပာေကာင္းသူ တစ္ေယာက္ျဖစ္တယ္။
စာအုပ္ဖတ္တဲ့ သူေတာ္ေတာ္မ်ားမ်ားဟာ တည္ျငိမ္သြားတတ္ၾကပါတယ္။တည္ျငိမ္သြားလို႕ သူတုိ႕ဟာ လူေတြနဲ႕ စကားမေျပာတတ္ဘူးလုိ႕ေတာ့ မထင္လုိက္ပါနဲ႕။စာအုပ္မ်ားစြာကုိ ဖတ္ေလ့ရွိတဲ့ မိန္းကေလး တစ္ေယာက္အေနနဲ႕ သင္ေျပာသမွ် စကားတုိင္းနဲ႕ ဆက္စပ္ေနတဲ့ အေၾကာင္းအရာေတြအားလုံးကုိ သိရွိေနျပီး သင္ေျပာသမွ် စကားတုိင္းကုိ ေသခ်ာ နားေထာင္ေပးတတ္တဲ့ သူတစ္ေယာက္လည္း ျဖစ္ပါတယ္။
၄။သူမဟာစိတ္ကူးစိတ္သန္းေကာင္းမြန္တယ္။
ဇာတ္လမ္းဇာတ္အိမ္ေကာင္းမြန္တဲ့ ၀ထၱဳတစ္ပုဒ္ကုိ ဖတ္ႏုိင္ဖုိ႕ဆုိတာ ေတာ္ရုံတန္ရုံ စိတ္ကူးစိတ္သန္း ေကာင္းမြန္ရုံနဲ႕ မရပါဘူး။ဒါေၾကာင့္ စာအုပ္စဖတ္တဲ့ သူေတာ္ေတာ္မ်ားမ်ားဟာ ကာတြန္းစာအုပ္ေလးေတြနဲ႔ပဲ အစျပဳခဲ့ရတာပါ။စိတ္ကူးစိတ္သန္းေကာင္းမြန္တဲ့ မိန္းကေလးတစ္ေယာက္ဟာ အလြန္ေပ်ာ္ရႊင္တတ္တဲ့ သူတစ္ေယာက္ျဖစ္ျပီး စိတ္ကူးစိတ္သန္း အသစ္မ်ားအျမဲ ထြက္ေပၚေနတဲ့ သူတစ္ေယာက္ျဖစ္ပါတယ္။
၅။ သူမဟာ ရည္မွန္းခ်က္ႀကီးတဲ့ သူတစ္ေယာက္ျဖစ္တယ္။
စာအုပ္ဖတ္တယ္ဆိုတာ စာအုပ္အဆုံးထိ ေရာက္ေအာင္ဖတ္သြားဖုိ႕ ရည္မွန္းခ်က္ရွိမွရတာပါ။စာအုပ္ဖတ္ေနစဥ္ ဘယ္ေလာက္အိပ္ခ်င္ခ်င္၊စာအုပ္ဘယ္ေလာက္ထူထူ ျပီးေအာင္ဖတ္မယ္ဆုိတဲ့ ရည္မွန္းခ်က္နဲ႕ ဖတ္တဲ့သူတစ္ေယာက္ဟာ ဘ၀မွာလည္း သူမ ျဖစ္ႏုိင္တဲ့ အဆုံးစြန္အထိ ၾကဳိးစားမဲ့ ဆုိတဲ့ ရည္မွန္းခ်က္နဲ႕ ရွင္သန္တဲ့ မိန္းကေလး ျဖစ္ပါတယ္။
၆။ သူမဟာ တစ္ေယာက္တည္းေနႏုိင္တယ္။
စာၾကမ္းပုိး မိန္းကေလးတစ္ေယာက္ဟာ စာအုပ္တစ္အုပ္နဲ႕ ဆုိရင္ သူ႕ဘာသာ တစ္ေယာက္တည္း ေနတတ္ပါတယ္။သူမ စာဖတ္ေနတဲ့ အခ်ိန္ေတြဆုိ ဘယ္သူ႕ကိုမွ အေႏွာင့္အယွက္မေပးေတာ့ပါဘူး။တစ္ေယာက္တည္းေနတတ္တဲ့ မိန္းကေလးေတြဟာ လက္တြဲေဖာ္ေကာင္းေတြျဖစ္ျပီး သင့္ကုိပဲ အျမဲ မမွီခုိေနပါဘူး။
၇။ ခ်က္က် လက္က်ေတြးေခၚႏုိင္သူ ျဖစ္တယ္။
စာအုပ္ဖတ္တဲ့ သူေတြဟာ ဘယ္အရာရဲ႕ ေလာင္းရိပ္ေအာက္မွာမွ ရွိမေနဘဲ က်ဳိးေၾကာင္းက်က် ခြဲျခမ္းစိတ္ျဖာႏုိင္တဲ့ သူေတြ ျဖစ္ၾကပါတယ္။ဒီလုိခြဲျခမ္းစိတ္ျဖာႏုိင္တဲ့ အရည္အခ်င္းေၾကာင့္ ဘ၀ ရည္မွန္းခ်က္ေတြ ၊ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္တ့ဲ အခါမွာ အားကုိးရတဲ့ မိန္းကေလးမ်ဳိးျဖစ္ပါတယ္။
၈။ သင့္ကုိ စာအုပ္ဖတ္ဖုိ႕တြဲေခၚသြားႏုိင္တယ္။
သင္က စာအုပ္ဖတ္သူတစ္ေယာက္မဟုတ္ဘူးဆုိရင္ စာအုပ္ဖတ္တဲ့ မိန္းကေလးတစ္ေယာက္က စာအုပ္ဖတ္ဖုိ႕ သင့္ကုိ တုိက္တြန္းသြားမွာ ျဖစ္ျပီး သင္သူ႕ကုိေရြးခ်ယ္ခဲ့တာ ဘယ္ေလာက္ကံေကာင္းလဲဆုိတာကုိ အခ်ိန္ၾကာလာတာနဲ႕ အမွ် သိလာမွာ ျဖစ္ပါတယ္။
Credit:Auntymay
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
သင်ဘ၀ လက်တွဲဖော်အဖြစ် မိန်းကလေးတစ်ယောက်ကို ရွေးချယ်တော့မယ်ဆိုရင်တော့ သူ့ရဲ့ဆံပင်က ဘယ်လောက်ရှည်နေတာ၊သူရဲ့ ခန္ဓာကိုယ်က ဘယ်လောက်ဖြောင့်တာ၊သူက ဘာဘွဲ့တွေရထားတာ ဆိုတဲ့အရာတွေကို ခဏလောက်မေ့လိုက်ပါ။သင့်အနေနဲ့ မိန်းကလေးတစ်ယောက်ကို တစ်သက်လုံးလက်တွဲဖို့စဉ်းစားနေတယ်ဆိုရင်တော့ သူမဟာ စာဖတ်တဲ့ သူတစ်ယောက်လားဆိုတဲ့အချက်ကို အခြေခံစဉ်းစားဖို့လိုအပ်ပါတယ်။စာအုပ်ချစ်မြတ်နိုးသူတွေ၊စာကြည့်တိုက်မှာပဲ အောင်းနေတတ်တဲ့သူတွေဟာ သင့်လက်တွဲဖော်အဖြစ်ရွေးချယ်သင့်တဲ့ သူတွေထဲမှာ ထိပ်ဆုံးက ရှိနေသင့်ပြီး စာအုပ်စာပေ ချစ်မြတ်နိုးတဲ့ မိန်းကလေးတွေကို လက်တွဲဖော်အဖြစ်ရွေးချယ်သင့်တဲ့ အချက် (၈) ချက်ကို Auntymay ပရိတ်သတ်ကြီးအတွက် ဖော်ပြလိုက်ပါတယ်။
၁။ သူမဟာဉာဏ်ရည် မြင့်မားတဲ့ သူတစ်ယောက်ဖြစ်တယ်။
စာအုပ်တွေ ပိုဖတ်လေလေ သူမဟာ လောကကြီးအကြောင်းပိုသိလေပါပဲ။ဒါအပြင့် နေ့စဉ်စာအုပ်ဖတ်တဲ့ မိန်းကလေးတစ်ယောက်ဟာ သူမရဲ့ စိတ်ဓာတ်ကိုကြံခိုင်စေဖို့ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်နေတာဖြစ်ပါတယ်။သင့်အနေနဲ့ ဘဝလက်တွဲဖော်အဖြစ်မိန်းကလေးတစ်ယောက်ကို ရွေးချယ်မယ်ဆိုရင် ရုပ်ရည်သာမဟုတ်ဘဲ စိတ်ဓာတ်ပိုင်းဆိုင်ရာလှပတဲ့ မိန်းကလေးမျိုးကို ရွေးချယ်ဖို့လိုအပ်ပါလိမ့်မယ်။
၂။သင့်ကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။
စာအုပ်များဖတ်လေ့ရှိတဲ့ မိန်းကလေးတစ်ယောက်ဟာအကြောင်းအရာ အများကြီးကို သိရှိထားတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။အကြောင်းအရာ များစွာကို သိရှိထားတဲ့ လက်တွဲဖော်တစ်ယောက်ဟာ ဘ၀ ခရီးကို လျှောက်လှမ်းရာမှာ ရုပ်ချောတာထက် အသုံးဝင်ကြောင်း သင်တွေ့ရှိလာမရမှာဖြစ်ပါတယ်။
၃။ သူမဟာစကားပြောကောင်းသူ တစ်ယောက်ဖြစ်တယ်။
စာအုပ်ဖတ်တဲ့ သူတော်တော်များများဟာ တည်ငြိမ်သွားတတ်ကြပါတယ်။တည်ငြိမ်သွားလို့ သူတို့ဟာ လူတွေနဲ့ စကားမပြောတတ်ဘူးလို့တော့ မထင်လိုက်ပါနဲ့။စာအုပ်များစွာကို ဖတ်လေ့ရှိတဲ့ မိန်းကလေး တစ်ယောက်အနေနဲ့ သင်ပြောသမျှ စကားတိုင်းနဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာတွေအားလုံးကို သိရှိနေပြီး သင်ပြောသမျှ စကားတိုင်းကို သေချာ နားထောင်ပေးတတ်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။
၄။သူမဟာစိတ်ကူးစိတ်သန်းကောင်းမွန်တယ်။
ဇာတ်လမ်းဇာတ်အိမ်ကောင်းမွန်တဲ့ ဝထ္တုတစ်ပုဒ်ကို ဖတ်နိုင်ဖို့ဆိုတာ တော်ရုံတန်ရုံ စိတ်ကူးစိတ်သန်း ကောင်းမွန်ရုံနဲ့ မရပါဘူး။ဒါကြောင့် စာအုပ်စဖတ်တဲ့ သူတော်တော်များများဟာ ကာတွန်းစာအုပ်လေးတွေနဲ့ပဲ အစပြုခဲ့ရတာပါ။စိတ်ကူးစိတ်သန်းကောင်းမွန်တဲ့ မိန်းကလေးတစ်ယောက်ဟာ အလွန်ပျော်ရွှင်တတ်တဲ့ သူတစ်ယောက်ဖြစ်ပြီး စိတ်ကူးစိတ်သန်း အသစ်များအမြဲ ထွက်ပေါ်နေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။
၅။ သူမဟာ ရည်မှန်းချက်ကြီးတဲ့ သူတစ်ယောက်ဖြစ်တယ်။
စာအုပ်ဖတ်တယ်ဆိုတာ စာအုပ်အဆုံးထိ ရောက်အောင်ဖတ်သွားဖို့ ရည်မှန်းချက်ရှိမှရတာပါ။စာအုပ်ဖတ်နေစဉ် ဘယ်လောက်အိပ်ချင်ချင်၊စာအုပ်ဘယ်လောက်ထူထူ ပြီးအောင်ဖတ်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ဖတ်တဲ့သူတစ်ယောက်ဟာ ဘဝမှာလည်း သူမ ဖြစ်နိုင်တဲ့ အဆုံးစွန်အထိ ကြိုးစားမဲ့ ဆိုတဲ့ ရည်မှန်းချက်နဲ့ ရှင်သန်တဲ့ မိန်းကလေး ဖြစ်ပါတယ်။
၆။ သူမဟာ တစ်ယောက်တည်းနေနိုင်တယ်။
စာကြမ်းပိုး မိန်းကလေးတစ်ယောက်ဟာ စာအုပ်တစ်အုပ်နဲ့ ဆိုရင် သူ့ဘာသာ တစ်ယောက်တည်း နေတတ်ပါတယ်။သူမ စာဖတ်နေတဲ့ အချိန်တွေဆို ဘယ်သူ့ကိုမှ အနှောင့်အယှက်မပေးတော့ပါဘူး။တစ်ယောက်တည်းနေတတ်တဲ့ မိန်းကလေးတွေဟာ လက်တွဲဖော်ကောင်းတွေဖြစ်ပြီး သင့်ကိုပဲ အမြဲ မမှီခိုနေပါဘူး။
၇။ ချက်ကျ လက်ကျတွေးခေါ်နိုင်သူ ဖြစ်တယ်။
စာအုပ်ဖတ်တဲ့ သူတွေဟာ ဘယ်အရာရဲ့ လောင်းရိပ်အောက်မှာမှ ရှိမနေဘဲ ကျိုးကြောင်းကျကျ ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ သူတွေ ဖြစ်ကြပါတယ်။ဒီလိုခွဲခြမ်းစိတ်ဖြာနိုင်တဲ့ အရည်အချင်းကြောင့် ဘ၀ ရည်မှန်းချက်တွေ ၊ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့ အခါမှာ အားကိုးရတဲ့ မိန်းကလေးမျိုးဖြစ်ပါတယ်။
၈။ သင့်ကို စာအုပ်ဖတ်ဖို့တွဲခေါ်သွားနိုင်တယ်။
သင်က စာအုပ်ဖတ်သူတစ်ယောက်မဟုတ်ဘူးဆိုရင် စာအုပ်ဖတ်တဲ့ မိန်းကလေးတစ်ယောက်က စာအုပ်ဖတ်ဖို့ သင့်ကို တိုက်တွန်းသွားမှာ ဖြစ်ပြီး သင်သူ့ကိုရွေးချယ်ခဲ့တာ ဘယ်လောက်ကံကောင်းလဲဆိုတာကို အချိန်ကြာလာတာနဲ့ အမျှ သိလာမှာ ဖြစ်ပါတယ်။
Credit:Auntymay
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
ခ်စ္ေရးခ်စ္ရာ
»
ဗဟုသုတ
»
လူမႈ႔ဘဝ
» စာအုပ္ခ်စ္တတ္တဲ့ မိန္းကေလးမ်ားကုိ ခ်စ္သူအျဖစ္ ေရြးခ်ယ္သင့္သည္ အခ်က္(၈)ခ်က္
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။