iMyanmarHouse.com - Best Property Website for Myanmar
×

ႏွလုံးက်န္းမာေရးဟာ လူတစ္ေယာက္ရဲ႕ ဘ၀မွာ အလြန္အေရးပါတဲ့ အပုိင္းမွာ ပါ၀င္ပါတယ္။ ႏွလုံးေရာဂါ၊ ႏွလုံးေသြးေၾကာ က်ဥ္းေရာဂါစသည္တုိ႔ဟာ လူတစ္ေယာက္ရဲ႕ ဘ၀ကုိ အခ်ိန္မေရြးေျပာင္းလဲ ပစ္လုိက္ႏုိင္ပါတယ္။ ဒါေၾကာင့္ ႏွလုံးေရာဂါကုိ  ႀကိဳတင္ကာကြယ္ရာ ေရာက္ေစမယ့္၊ ႏွလုံးက်န္းမာေရးကို ေရရွည္ထိန္းသိမ္းေပးမယ့္ အစားအစာေတြကို Shwemom က ေဖာ္ျပေပးလုိက္ပါတယ္။

(၁) အယ္လ္မြန္အေစ့

အယ္လ္မြန္အေစ့ဟာ Vitamin E, B, B2 (riboflavin) စတဲ့ဓာတ္ေတြ ပါ၀င္လုိ႔ ႏွလုံးအတြင္း ေသြးစီးဆင္းမႈကုိ မွန္ကန္ ေစၿပီး၊ စိတ္ဖိအားနဲ႔ စိုးရိမ္ေၾကာင့္က်မႈေတြကုိ ေလွ်ာ့ခ်ေပးႏုိင္ပါတယ္။  Magnesium, Zinc ဓာတ္ေတြကေတာ့ ေသြးဖိအားကို မွန္ကန္ေစၿပီး၊ စိတ္တည္ၿငိမ္မႈကုိ အမ်ားႀကီး အေထာက္အကူ ေပးပါတယ္။ တစ္ေန႔ကုိ လက္တစ္စုပ္စား သင့္တဲ့ အစားအစာပါ။
(၂) ကညႊတ္

ေရစပ္စပ္မွာ စုိက္ပ်ိဳးရတဲ့ ေရကညႊတ္နဲ႔ ကုန္းေပၚမွာ ေပါက္ေရာက္တဲ့ ကုန္းကညႊတ္ဆုိၿပီး ႏွစ္မ်ိဳးရွိပါတယ္။ ေရကညႊတ္က ပုိၿပီး အစြမ္းထက္ပါတယ္။ ေန႔စဥ္ သဘာ၀အရသာမျပတ္ ေၾကာ္ခ်က္စားေသာက္သင့္ပါတယ္။ ကညႊတ္မွာ Vitamins C နဲ႔ D ဓာတ္ေတြ ၾကြယ္၀စြာ ပါ၀င္လုိ႔ ႏွလုံးကုိ က်န္းမာေစၿပီး၊ ႏွလုံးေရာဂါျဖစ္မယ့္အေရးကလည္း ကာကြယ္ေပးႏုိင္ပါတယ္။

(၃) ပဲ

ျမန္မာ့႐ုိးရာအစားအစာထဲမွာပါတဲ့ ပဲမ်ိဳးစုံမွာ Sodium 14 mg၊ Potassium 96 mg ၊ Total Carbohydrate 13 g၊ ဗီတာမင္ 6၊ 12၊ မဂၢနီစီယံ၊ ကယ္လ္စီယံဓာတ္ (အနည္းငယ္) ပါ၀င္ၿပီး၊ မည္သည့္ ေဘးဥပဒ္မွ မရွိႏုိင္တဲ့ အစားအစာ တစ္မ်ိဳးပါ။ ႏွလုံးက်န္မားေရးကိုသာမက ခႏၶာကို္ယ္တစ္ခုလုံးရဲ႕ ကိုယ္တြင္းအဂၤါေတြအတြက္ပါ သင့္ေတာ္ပါတယ္။
(၄) ဘလူးဘယ္ရီ

ဘယ္ရီမ်ိဳးရင္း၀င္ ဘလူးဘယ္ရီအသီးမွာ အဓိကအားျဖင့္ သဘာ၀ကယ္လုိရီပါ၀င္ၿပီး ပုိတက္စီယမ္၊ ကာဘုိဟုိက္ၿဒိက္၊ အမွ်င္ဓာတ္ေတြကလည္း ႏွလုံးနဲ႔ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါေတြကို မျဖစ္ေစပါဘူး။ Vitamins C ကေတာ့ 24% အထိ ပါ၀င္သလုိ၊ အျခားသက္ေစာင့္ဗီတာမင္ေတြလည္း မ်ားျပားစြာ ပါ၀င္ပါတယ္။ ေန႔စဥ္ စားသုံးေပးပါက ႏွလုံးက်န္းမာေရးအတြက္ စုိးရိမ္စရာ မရွိပါဘူး။

(၅) ပန္းမုန္လာအစိမ္း
ပန္းမုန္လာအစိမ္းဟာ အမ်ိးသမီးေတြ ေန႔စဥ္အစားအစာထဲမွာ ထည့္သြင္းစားသုံးသင့္တဲ့ အစားအစာပါ။ ေယာက္်ားေတြ အတြက္လည္း အထူးသင့္ေတာ္ပါတယ္။ အထူးသျဖင့္ vitamin B နဲ႔ အျခားအေရးႀကီး ဗီတာမင္ေတြ Folic acid လုိ႔ ေခၚတဲ့ အဖုိးတန္ သတၱဳဓာတ္ေတြ ပါ၀င္လုိ႔ ရွိရင္းစြဲ ႏွလုံးေရာဂါကိုေတာင္ ေပ်ာက္ကင္းေစႏုိင္တယ္လုိ႔ ဆုိပါတယ္။
Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode version
နှလုံးကျန်းမာရေးဟာ လူတစ်ယောက်ရဲ့ ဘဝမှာ အလွန်အရေးပါတဲ့ အပိုင်းမှာ ပါဝင်ပါတယ်။ နှလုံးရောဂါ၊ နှလုံးသွေးကြော ကျဉ်းရောဂါစသည်တို့ဟာ လူတစ်ယောက်ရဲ့ ဘဝကို အချိန်မရွေးပြောင်းလဲ ပစ်လိုက်နိုင်ပါတယ်။ ဒါကြောင့် နှလုံးရောဂါကို  ကြိုတင်ကာကွယ်ရာ ရောက်စေမယ့်၊ နှလုံးကျန်းမာရေးကို ရေရှည်ထိန်းသိမ်းပေးမယ့် အစားအစာတွေကို Shwemom က ဖော်ပြပေးလိုက်ပါတယ်။

(၁) အယ်လ်မွန်အစေ့

အယ်လ်မွန်အစေ့ဟာ Vitamin E, B, B2 (riboflavin) စတဲ့ဓာတ်တွေ ပါဝင်လို့ နှလုံးအတွင်း သွေးစီးဆင်းမှုကို မှန်ကန် စေပြီး၊ စိတ်ဖိအားနဲ့ စိုးရိမ်ကြောင့်ကျမှုတွေကို လျှော့ချပေးနိုင်ပါတယ်။  Magnesium, Zinc ဓာတ်တွေကတော့ သွေးဖိအားကို မှန်ကန်စေပြီး၊ စိတ်တည်ငြိမ်မှုကို အများကြီး အထောက်အကူ ပေးပါတယ်။ တစ်နေ့ကို လက်တစ်စုပ်စား သင့်တဲ့ အစားအစာပါ။
(၂) ကညွှတ်

ရေစပ်စပ်မှာ စိုက်ပျိုးရတဲ့ ရေကညွှတ်နဲ့ ကုန်းပေါ်မှာ ပေါက်ရောက်တဲ့ ကုန်းကညွှတ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ ရေကညွှတ်က ပိုပြီး အစွမ်းထက်ပါတယ်။ နေ့စဉ် သဘာဝအရသာမပြတ် ကြော်ချက်စားသောက်သင့်ပါတယ်။ ကညွှတ်မှာ Vitamins C နဲ့ D ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်လို့ နှလုံးကို ကျန်းမာစေပြီး၊ နှလုံးရောဂါဖြစ်မယ့်အရေးကလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၃) ပဲ

မြန်မာ့ရိုးရာအစားအစာထဲမှာပါတဲ့ ပဲမျိုးစုံမှာ Sodium 14 mg၊ Potassium 96 mg ၊ Total Carbohydrate 13 g၊ ဗီတာမင် 6၊ 12၊ မဂ္ဂနီစီယံ၊ ကယ်လ်စီယံဓာတ် (အနည်းငယ်) ပါဝင်ပြီး၊ မည်သည့် ဘေးဥပဒ်မှ မရှိနိုင်တဲ့ အစားအစာ တစ်မျိုးပါ။ နှလုံးကျန်မားရေးကိုသာမက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကိုယ်တွင်းအင်္ဂါတွေအတွက်ပါ သင့်တော်ပါတယ်။
(၄) ဘလူးဘယ်ရီ

ဘယ်ရီမျိုးရင်းဝင် ဘလူးဘယ်ရီအသီးမှာ အဓိကအားဖြင့် သဘာဝကယ်လိုရီပါဝင်ပြီး ပိုတက်စီယမ်၊ ကာဘိုဟိုက်ဒြိက်၊ အမျှင်ဓာတ်တွေကလည်း နှလုံးနဲ့ နှလုံးသွေးကြောကျဉ်းရောဂါတွေကို မဖြစ်စေပါဘူး။ Vitamins C ကတော့ 24% အထိ ပါဝင်သလို၊ အခြားသက်စောင့်ဗီတာမင်တွေလည်း များပြားစွာ ပါဝင်ပါတယ်။ နေ့စဉ် စားသုံးပေးပါက နှလုံးကျန်းမာရေးအတွက် စိုးရိမ်စရာ မရှိပါဘူး။

(၅) ပန်းမုန်လာအစိမ်း
ပန်းမုန်လာအစိမ်းဟာ အမျိးသမီးတွေ နေ့စဉ်အစားအစာထဲမှာ ထည့်သွင်းစားသုံးသင့်တဲ့ အစားအစာပါ။ ယောက်ျားတွေ အတွက်လည်း အထူးသင့်တော်ပါတယ်။ အထူးသဖြင့် vitamin B နဲ့ အခြားအရေးကြီး ဗီတာမင်တွေ Folic acid လို့ ခေါ်တဲ့ အဖိုးတန် သတ္တုဓာတ်တွေ ပါဝင်လို့ ရှိရင်းစွဲ နှလုံးရောဂါကိုတောင် ပျောက်ကင်းစေနိုင်တယ်လို့ ဆိုပါတယ်။
Credit:Shwemom

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top