iMyanmarHouse.com - Best Property Website for Myanmar
×

"ဘီယာေသာက္ျခင္းဟာ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ရာမွာ ကူညီေပးႏိုင္"

ေလ့လာမႈ အသစ္တစ္ခုရဲ ႔ ရွာေဖြေတြ႔ရွိခ်က္အရ ဘီယာေသာက္ျခင္းဟာ သင့္ကို ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ရာမွာ ကူညီေပးႏိုင္ၿပီး ကိုလက္စထေရာ ပမာဏကိုလည္း ေလ်ာ့က်ေစတယ္လို႔ သိရပါတယ္။

Oregon ျပည္နယ္ တကၠသိုလ္မွာရွိတဲ့ သုေတသီေတြဟာ ဘီယာမွာ ပါ၀င္တဲ့ Xanthohumol ဆိုတဲ့ သဘာ၀ထြက္ ပါ၀င္ပစၥည္း တစ္မ်ိဳးကို ၾကြက္ထီး အေကာင္ေရ အခ်ိဳ႕အား တိုက္ေကၽြးၾကည့္ခဲ့ပါတယ္။ ၾကြက္ တစ္ေကာင္ခ်င္းဆီကို ခႏၶာကိုယ္ရဲ႕ ကီလိုဂရမ္ တစ္ခုခ်င္းဆီနဲ႔ Xanthohumol ၃၀ မွ ၆၀ မီလီဂရမ္ အထိ ၃ လခန္႔ တိုက္ေကၽြးခဲ့တာပဲ ျဖစ္ပါတယ္။

ရလဒ္ အေနနဲ႔ကေတာ့ Xanthohumol အမ်ားဆံုး တိုက္ေကၽြးခံခဲ့ရတဲ့ ၾကြက္ေတြမွာ သိပ္သည္းမႈနည္းပါးတဲ့ လီပိုပရိုတင္း  ကိုလက္စထေရာေတြ ၈၀ ရာခိုင္ႏႈန္းခန္႔အထိ ေလ်ာ့က်သြားခဲ့ပါတယ္။ ဒါ့အျပင္ ထိုၾကြက္ေတြရဲ႕ အင္ဆူလင္ ပမာဏလည္း ၄၂ ရာခိုင္ႏႈန္းအထိ ေလ်ာ့နည္းသြားၿပီး Xanthohumol မတိုက္ေကၽြးထားတဲ့ ၾကြက္ေတြနဲ႔ ႏိႈင္းယွဥ္တဲ့အခါမွာေတာ့ ၂၂ ရာခိုင္ႏႈန္းအထိ ကိုယ္အေလးခ်ိန္ ေလ်ာ့က်သြားတာကိုလည္း ေတြ႔ခဲ့ရပါတယ္။

ပိုၿပီး စိတ္၀င္စားဖို႔ေကာင္းတာက Xanthohumol ဟာ ကင္ဆာေရာဂါကိုပါ တိုက္ဖ်က္ႏိုင္စြမ္း ရွိေနတာပါပဲ။ ဒီရွာေဖြေတြ႔ရွိခ်က္ေတြကို အေျခခံၿပီး သုေတသီေတြဟာ လူသားေတြအတြက္ Xanthohumol ကို အသံုးျပဳၿပီး ဘီယာမဟုတ္တဲ့ စားေသာက္ကုန္ တစ္ခုကို ဖန္တီးထုတ္လုပ္ဖို႔လည္း ႀကိဳးစားေနၾကပါၿပီ။

Credit: Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

"ဘီယာသောက်ခြင်းဟာ ကိုယ်အလေးချိန် လျှော့ချရာမှာ ကူညီပေးနိုင်"

လေ့လာမှု အသစ်တစ်ခုရဲ့ ရှာဖွေတွေ့ရှိချက်အရ ဘီယာသောက်ခြင်းဟာ သင့်ကို ကိုယ်အလေးချိန် လျှော့ချရာမှာ ကူညီပေးနိုင်ပြီး ကိုလက်စထရော ပမာဏကိုလည်း လျော့ကျစေတယ်လို့ သိရပါတယ်။

Oregon ပြည်နယ် တက္ကသိုလ်မှာရှိတဲ့ သုတေသီတွေဟာ ဘီယာမှာ ပါဝင်တဲ့ Xanthohumol ဆိုတဲ့ သဘာဝထွက် ပါဝင်ပစ္စည်း တစ်မျိုးကို ကြွက်ထီး အကောင်ရေ အချို့အား တိုက်ကျွေးကြည့်ခဲ့ပါတယ်။ ကြွက် တစ်ကောင်ချင်းဆီကို ခန္ဓာကိုယ်ရဲ့ ကီလိုဂရမ် တစ်ခုချင်းဆီနဲ့ Xanthohumol ၃၀ မှ ၆၀ မီလီဂရမ် အထိ ၃ လခန့် တိုက်ကျွေးခဲ့တာပဲ ဖြစ်ပါတယ်။

ရလဒ် အနေနဲ့ကတော့ Xanthohumol အများဆုံး တိုက်ကျွေးခံခဲ့ရတဲ့ ကြွက်တွေမှာ သိပ်သည်းမှုနည်းပါးတဲ့ လီပိုပရိုတင်း  ကိုလက်စထရောတွေ ၈၀ ရာခိုင်နှုန်းခန့်အထိ လျော့ကျသွားခဲ့ပါတယ်။ ဒါ့အပြင် ထိုကြွက်တွေရဲ့ အင်ဆူလင် ပမာဏလည်း ၄၂ ရာခိုင်နှုန်းအထိ လျော့နည်းသွားပြီး Xanthohumol မတိုက်ကျွေးထားတဲ့ ကြွက်တွေနဲ့ နှိုင်းယှဉ်တဲ့အခါမှာတော့ ၂၂ ရာခိုင်နှုန်းအထိ ကိုယ်အလေးချိန် လျော့ကျသွားတာကိုလည်း တွေ့ခဲ့ရပါတယ်။

ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက Xanthohumol ဟာ ကင်ဆာရောဂါကိုပါ တိုက်ဖျက်နိုင်စွမ်း ရှိနေတာပါပဲ။ ဒီရှာဖွေတွေ့ရှိချက်တွေကို အခြေခံပြီး သုတေသီတွေဟာ လူသားတွေအတွက် Xanthohumol ကို အသုံးပြုပြီး ဘီယာမဟုတ်တဲ့ စားသောက်ကုန် တစ်ခုကို ဖန်တီးထုတ်လုပ်ဖို့လည်း ကြိုးစားနေကြပါပြီ။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top