အမွတ္တရထက္ စိတ္ပူစရာ ၊ ၀မ္းနည္းစရာ ၊ နာက်င္စရာေကာင္းတဲ့ အခ်စ္ေရးတစ္ခုကို အဆံုးသတ္ျပီးတဲ့အခါမွာ အခ်ိန္ေတာ္ေတာ္ၾကာၾကာထိ တစ္ေယာက္တည္း ျဖစ္ေနတတ္ပါတယ္..အစပိုင္းမွာေတာ့ အရမ္းကိုအထီးက်န္ခက္ခဲျပီးေတာ့ နာက်င္ခံစားရမွာပါ။ ဒါေပမယ့္ အခ်ိန္အတိုင္းအတာတစ္ခုကို ေရာက္သြားတဲ့အခါမွာေတာ့ တစ္ေယာက္တည္းေနရတာကို ေကာင္မေလးတစ္ေယာက္က ေနသားက်သြားပါလိမ့္မယ္။
မိန္းကေလးတစ္ေယာက္က တစ္ေယာက္တည္းေနရတာကို ေနသားက်လာတဲ့အခါ အျခားလူတစ္ေယာက္ကိုတြယ္တာဖို ့ဆိုတာ ေတာ္ေတာ္ခက္ခဲသြားပါျပီ..လြယ္လြယ္ေျပာရရင္ေတာ့ သံေယာဇဥ္တြယ္ဖို ့ ခက္သြားတာေပါ့ေနာ္..မိန္းကေလးတစ္ေယာက္က ကိုယ့္ကိုယ္ကိုဂရုစိုက္တတ္ျပီး ကိုယ့္အားကိုယ္ကိုးတတ္လာတဲ့အခါမွာ အားကိုးမရွာေတာ့ဘူး.. တျခားလူကိုမွီခို အားကိုးခ်င္စိတ္လည္း မရွိေတာ့ဘူး။
ဘာလို ့လဲဆိုေတာ့ သာယာတဲ့အခ်စ္ေရးတစ္ခုကို တည္ေဆာက္ခ်င္လို ့ သူမရဲ ့အခ်ိန္ေတြအမ်ားၾကီးကို ရင္းႏွီးျပီးၾကိဳးစားခဲ့ေပမယ့္ အိုေကမွာမစိုေျပပဲ နာက်င္စရာေတြနဲ ့ပဲ အဆံုးသတ္သြားတဲ့အခါမွာ အခ်စ္ဆိုတာကို ေနာက္တစ္ခါ ထပ္ရွာေဖြဖို ့ ေၾကာက္သြားတာပါ…ေျပာရရင္ေတာ့ သူမရဲ ့အခ်ိန္ေတြကို ေနာက္ထပ္အမွားတစ္ခုမွာ ထပ္ကုန္ဆံုးမွာ ေၾကာက္လို ့ပါ။
ဒါေၾကာင့္ အရင္အခ်စ္ေရးက ရခဲ့တဲ့ဒဏ္ရာေတြကို ကုစားရင္း အရင္က မလုပ္ျဖစ္ခဲ့တဲ့ ကိုယ္၀ါသနာပါတာေလးေတြ ၊ ကိုယ့္ႏွစ္သက္တဲ့အရာေလးေတြ လုပ္ဖို ့အခ်ိန္ေပးရင္း တစ္ေယာက္တည္း ေနျဖစ္သြားတာပါ… ဒီလိုအခ်ိန္မွာ ဘယ္လိုေကာင္ေလးပဲ လာကပ္ကပ္ no ပဲ…ခပ္ေခ်ေခ်နဲ ့ျငင္းျပီးသားပဲ ..ကိုယ့္ကိုစိတ္ညစ္စရာခ်ည္း ေပးေနတဲ့သူနဲ ့ အခ်ိန္ကုန္ဆံုးရတာထက္ တစ္ေယာက္တည္းေနရတာက ပိုသာပါတယ္… အသည္းေတြ ခဏခဏကြဲေနရတာထက္စာရင္ ခပ္ေခ်ေခ်နဲ ့အသည္းမာတဲ့ေကာင္မေလးလို ့ ေခၚခံရတာပိုသာပါတယ္.. ဟုတ္တယ္ဟုတ္ ?
ဒီေတာ့ ယူတို ့ေကာင္ေလးေတြ အဲလိုေကာင္မေလးကိုမွ ခ်စ္မိပါျပီ ဆိုရင္ေတာ့ ေျပာခ်င္တာကေတာ့ စိတ္မေကာင္းပါဘူး သားတို ့ရယ္ ။ လြယ္လြယ္နဲ ့ေတာ့ သူအခ်စ္ကိုရမွာမဟုတ္ဘူး ။ ေနာက္ထပ္အခ်စ္သစ္အတြက္ သူအဆင္သင့္ျဖစ္လာမယ့္ အခ်ိန္ကို စိတ္ရွည္ရွည္နဲ ့ေစာင့္ျပီး ခ်စ္ခြင့္ပန္တာကို သူလက္ခံလာဖို ့အတြက္ ေသခ်ာေလး အားထုတ္ၾကိဳးပမ္း ဖို ့ေတာ့လိုတယ္ေနာ္…
Credit;For Her Myanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အမှတ်တရထက် စိတ်ပူစရာ ၊ ဝမ်းနည်းစရာ ၊ နာကျင်စရာကောင်းတဲ့ အချစ်ရေးတစ်ခုကို အဆုံးသတ်ပြီးတဲ့အခါမှာ အချိန်တော်တော်ကြာကြာထိ တစ်ယောက်တည်း ဖြစ်နေတတ်ပါတယ်..အစပိုင်းမှာတော့ အရမ်းကိုအထီးကျန်ခက်ခဲပြီးတော့ နာကျင်ခံစားရမှာပါ။ ဒါပေမယ့် အချိန်အတိုင်းအတာတစ်ခုကို ရောက်သွားတဲ့အခါမှာတော့ တစ်ယောက်တည်းနေရတာကို ကောင်မလေးတစ်ယောက်က နေသားကျသွားပါလိမ့်မယ်။
မိန်းကလေးတစ်ယောက်က တစ်ယောက်တည်းနေရတာကို နေသားကျလာတဲ့အခါ အခြားလူတစ်ယောက်ကိုတွယ်တာဖို့ဆိုတာ တော်တော်ခက်ခဲသွားပါပြီ..လွယ်လွယ်ပြောရရင်တော့ သံယောဇဉ်တွယ်ဖို့ ခက်သွားတာပေါ့နော်..မိန်းကလေးတစ်ယောက်က ကိုယ့်ကိုယ်ကိုဂရုစိုက်တတ်ပြီး ကိုယ့်အားကိုယ်ကိုးတတ်လာတဲ့အခါမှာ အားကိုးမရှာတော့ဘူး.. တခြားလူကိုမှီခို အားကိုးချင်စိတ်လည်း မရှိတော့ဘူး။
ဘာလို့လဲဆိုတော့ သာယာတဲ့အချစ်ရေးတစ်ခုကို တည်ဆောက်ချင်လို့ သူမရဲ့အချိန်တွေအများကြီးကို ရင်းနှီးပြီးကြိုးစားခဲ့ပေမယ့် အိုကေမှာမစိုပြေပဲ နာကျင်စရာတွေနဲ့ပဲ အဆုံးသတ်သွားတဲ့အခါမှာ အချစ်ဆိုတာကို နောက်တစ်ခါ ထပ်ရှာဖွေဖို့ ကြောက်သွားတာပါ…ပြောရရင်တော့ သူမရဲ့အချိန်တွေကို နောက်ထပ်အမှားတစ်ခုမှာ ထပ်ကုန်ဆုံးမှာ ကြောက်လို့ပါ။
ဒါကြောင့် အရင်အချစ်ရေးက ရခဲ့တဲ့ဒဏ်ရာတွေကို ကုစားရင်း အရင်က မလုပ်ဖြစ်ခဲ့တဲ့ ကိုယ်ဝါသနာပါတာလေးတွေ ၊ ကိုယ့်နှစ်သက်တဲ့အရာလေးတွေ လုပ်ဖို့အချိန်ပေးရင်း တစ်ယောက်တည်း နေဖြစ်သွားတာပါ… ဒီလိုအချိန်မှာ ဘယ်လိုကောင်လေးပဲ လာကပ်ကပ် no ပဲ…ခပ်ချေချေနဲ့ငြင်းပြီးသားပဲ ..ကိုယ့်ကိုစိတ်ညစ်စရာချည်း ပေးနေတဲ့သူနဲ့ အချိန်ကုန်ဆုံးရတာထက် တစ်ယောက်တည်းနေရတာက ပိုသာပါတယ်… အသည်းတွေ ခဏခဏကွဲနေရတာထက်စာရင် ခပ်ချေချေနဲ့အသည်းမာတဲ့ကောင်မလေးလို့ ခေါ်ခံရတာပိုသာပါတယ်.. ဟုတ်တယ်ဟုတ် ?
ဒီတော့ ယူတို့ကောင်လေးတွေ အဲလိုကောင်မလေးကိုမှ ချစ်မိပါပြီ ဆိုရင်တော့ ပြောချင်တာကတော့ စိတ်မကောင်းပါဘူး သားတို့ရယ် ။ လွယ်လွယ်နဲ့တော့ သူအချစ်ကိုရမှာမဟုတ်ဘူး ။ နောက်ထပ်အချစ်သစ်အတွက် သူအဆင်သင့်ဖြစ်လာမယ့် အချိန်ကို စိတ်ရှည်ရှည်နဲ့စောင့်ပြီး ချစ်ခွင့်ပန်တာကို သူလက်ခံလာဖို့အတွက် သေချာလေး အားထုတ်ကြိုးပမ်း ဖို့တော့လိုတယ်နော်…
Credit;For Her Myanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Home
»
ခ်စ္ေရးခ်စ္ရာ
»
ဗဟုသုတ
»
လူမႈ႔ဘဝ
» အမွတ္တရေတြထက္ နာက်င္မႈေတြမ်ားတဲ့အခ်စ္ကို အဆံုးသတ္ျပီးတဲ့အခါ
အမွတ္တရေတြထက္ နာက်င္မႈေတြမ်ားတဲ့အခ်စ္ကို အဆံုးသတ္ျပီးတဲ့အခါ
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။