iMyanmarHouse.com - Best Property Website for Myanmar
×




- အ၀လွန်တာကြောင့်

ဘယ်လိုကုရမလဲ?

- ရေများများသောက်ပါ။


Credit:Momolay

#Unicode Version

၀မ်းချုပ်ခြင်းဆိုတာ လူအများစုဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုဖြစ်ပြီး ဒီကိစ္စအတွက် မကြာခဏစိတ်ညစ်ရလေ့ရှိပါတယ်။ ဒါပေမယ့် ယနေ့ကစပြီး ဒီအတွက်တာ့ မပူကြပါနဲ့တော့။ ဒီစာကိုဖတ်ပြီးရှင် ရှောရှောရှုရှုထွက်လွန်းလို့ ဟိုဟာလေးတွေဟာ ငါးရှဉ့်လေးတွေများလားလို့တောင် ထင်မှတ်မှားသွားပါလိမ့်မယ်။

ဘာလို့ဝမ်းချုပ်ရပါသလဲ?

ကျန်းမာရေးရှုထောင့်အရ ဝမ်းချုပ်ရခြင်း အကြောင်းရင်းတွေ အများအပြားရှိနိုင်ပါတယ်။ ဝမ်းချုပ်ခြင်းကို ဖြစ်လေ့ရှိစေတဲ့ အကြောင်းရင်းတွေကတော့...

- ကိုယ်တွင်းမှာ အမျှင်ဓါတ် (Fiber) လုံလောက်စွာမရှိတာကြောင့်
- ရေဓါတ်ခမ်းခြောက်တာကြောင့်
- နို့ထွက်ပစ္စည်းတွေ အစားများလွန်းတာကြောင့်
- သကြားနဲ့ အဆီများတာတွေ စားလွန်းတာကြောင့်
- အဝလွန်တာကြောင့်
- ကိုယ်ဝန်ရှိတာကြောင့် စသဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

ဘယ်လိုကုရမလဲ?

- တစ်နေ့မှာနာရီဝက်လောက် ဖြည်းဖြည်းမှန်မှန်လမ်းလျှောက်ပေးပါ။
- ရေများများသောက်ပါ။
- အမျှင်ဓါတ်ပါသော အသီးနဲ့ အစားအစာတွေ များများစားပါ။ (ဥပမာ - ထောပတ်သီး၊ မာလကာသီး)
- အသီးအရွက်များများစားပေးပါ။
- ဗိုလ်ထိုင်နဲ့အိမ်သာတက်တယ်ဆို ခြေဖျားထောက်သကဲ့သို့ ခြေဖဝါးကို ထောင်ထားပေးပါ။

ဒါတွေနဲ့မှာ အဆင်မပြေဘူး ဝမ်းအရမ်းချုပ်နေတယ်ဆိုရင်တော့ သက်ဆိုင်ရာဆရာဝန်နဲ့ ပြသပြီး ကုသမှုအကြံဉာဏ်တောင်းခံသင့်ပါတယ်။

Credit:Momolay

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top