iMyanmarHouse.com - Best Property Website for Myanmar
×



Credit:မိုမိုလေး

ပို့သပေးပါတယ်။


#Unicode Version
ကိုယ့်အပေါ် အပြစ်လုပ်ထားတဲ့လူတစ်ယောက်ကို ချက်ခြင်း ဘာမှမဖြစ်သလိုပဲ လုံးဝ စိတ်ပိုင်းဖြတ်ပြီး ခွင့်လွှတ်လိုက်ဖို့ဆိုတာ တကယ်တမ်းတော့ အပြောလွယ်သလောက် လက်တွေ့မှာ တကယ်လုပ်ရခက်စေတဲ့အရာပါပဲ။ သူကြောင့် ကျခဲ့ရတဲ့မျက်ရည်တွေ သူကြောင့်ရခဲ့ရတဲ့ ဒဏ်ရာတွေက နက်ရင် နက်သလောက် ကိုယ့်စိတ်ကိုလည်း နင့်နေအောင် အရမ်းခံစားရတာပဲလေ။

ဒါပေမဲ့ ဒီဒဏ်ရာတွေကို သေသွားတဲ့အထိ တစ်ခါတည်း သယ်ဆောင်သွားမယ်ဆိုရင်တော့ မိအေး နှစ်ခါနာဆိုတဲ့ စကားပုံအတိုင်း နောက်ဆုံး ကိုယ်ပဲ ထပ်ခါထပ်ခါ နာကျင်ရပါတော့မယ်။ သူပေးခဲ့တဲ့ဒဏ်ရာကြောင့် ဝမ်းနည်းရတာက တစ်မျိုး၊ ကိုယ့်က သူ့ကို ခွင့်မလွှတ်နိုင်လို့ စိတ်ဒဏ်ရာ ရတာက တစ်မျိုးနဲ့ ကိုယ့်ပဲ ဝေဒနာမုန်တိုင်းတွေ များများလာဖို့ပဲ ရှိပါတယ် မပာုတ်လား။

ဒါကြောင့် သူ့ကို ခွင့်လွှတ်လိုက်ပါ။ သူ့အတွက်မပာုတ်ရင်တောင် ကိုယ့်ဘဝအတွက် ကိုယ့်အနာဂတ်အတွက် ကိုယ်ကြည့်ပြီးတော့ ခွင့်လွှတ်လိုက်ပါ။ သူမှသာ လူစိတ်နည်းနည်းရှိသေးရင် ကိုယ့်ရဲ့ခွင့်လွှတ်မှုတွေက သူ့ကို တစ်သက်လုံး ယူကျုံးမရအောင် နောင်တရစရာတွေချည်း အမြဲဖြစ်နေပါလိမ့်မယ်။ ကိုယ့်က ဒီအတိုင်းလေး ခွင့်လွှတ်ပေးလိုက်ရုံပါပဲ၊ ကျန်တာတွေကို ကံတရားက ဒီအတိုင်းပဲ ကြည့်မနေပါဘူး သူ့အလိုလို ပြန်စီမံသွားပါလိမ့်မယ်။
Credit:မိုမိုလေး

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top