iMyanmarHouse.com - Best Property Website for Myanmar
×

"အသည္းကြဲတဲ့အခါ ႏွလံုးေရာဂါ ခံစားရတာနဲ႔ အတူတူျဖစ္"

အသည္းကြဲတာဟာ ႐ုပ္ပိုင္းဆိုင္ရာကိုပါ ထိခိုက္ ပ်က္စီးေစပါတယ္။

အသည္းကြဲေဝဒနာဟာ စိတ္ပိုင္းဆိုင္ရာ ေဝဒနာသာ ျဖစ္တယ္လို႔ ေယဘုယ် သတ္မွတ္ထားၾကတာပါ။ ဒါေပမယ့္ သုေတသီေတြရဲ႕ ေလ့လာခ်က္အရ အသည္းကြဲျခင္းဟာ ႐ုပ္ပိုင္းဆုိင္ရာကို အႀကီးအက်ယ္ ထိခိုက္ေစတယ္လို႔ ဆိုပါတယ္။

ခ်စ္ရတဲ့သူ တစ္စံုတစ္ေယာက္နဲ႔ မေတြ႔ရေတာ့တဲ့အခါမ်ိဳး အသည္းကြဲေဝဒနာ ခံစားရတတ္ၾကပါတယ္။ ဒါမွမဟုတ္ ခ်စ္ရ၊ ခင္ရတဲ့သူ ေသဆံုးသြားရင္လည္း အသည္းကြဲတာကို ခံစားရတတ္ၾကပါတယ္။ အသည္းကြဲေဝဒနာ ခံစားေနရခ်ိန္မွာ ခႏၶာကိုယ္အတြင္းမွာရွိတဲ့ ႏွလံုးကို သက္ေရာက္မႈ ရွိတယ္လို႔ ဆိုပါတယ္။ အဲဒီ သက္ေရာက္မႈဟာ ႏွလံုးေရာဂါ ေဝဒနာကို ခံစားရတဲ့ လူတစ္ေယာက္မွာ ျဖစ္လာတဲ့ သက္ေရာက္မႈနဲ႔ အတူတူျဖစ္တယ္လို႔ ဆိုပါတယ္။

ခ်စ္ခင္ရသူ တစ္ေယာက္ ေသဆံုးသြားတဲ့အခါ ကိုယ္အတြင္းမွာရွိတဲ့ ႏွလံုးကို သက္ေရာက္မႈက ေနာက္တစ္ႏွစ္ေလာက္အထိ ရွိေနတတ္တယ္လို႔ အေမရိကန္မွာလုပ္တဲ့ သုေတသနတစ္ခုက ေျပာထားပါတယ္။ ဒါဟာ လူ႔ခႏၶာကိုယ္အတြင္းက အစိတ္အပိုင္းေတြနဲ႔ စိတ္ပိုင္းဆုိင္ရာ တိုက္႐ိုက္ ဆက္ႏြယ္သက္ေရာက္မႈ ရွိတယ္ဆိုတဲ့ အဓိပၸါယ္ပါပဲ။

အသည္းကြဲျခင္းေၾကာင့္ စိတ္ဓာတ္က်ျခင္းကို ျဖစ္ေစပါတယ္။ တရားထုိင္ျခင္း၊ ေလ့က်င့္ခန္းလုပ္ျခင္းနဲ႔ ဝါသနာတစ္ခုခု ေလ့လာ လုိက္စားျခင္းတုိ႔က အသည္းကြဲေဝဒနာကို အျမန္ဆံုး ေပ်ာက္ေစႏုိင္တဲ့ နည္းလမ္းျဖစ္ပါတယ္။

Credit: duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
"အသည်းကွဲတဲ့အခါ နှလုံးရောဂါ ခံစားရတာနဲ့ အတူတူဖြစ်"

အသည်းကွဲတာဟာ ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက် ပျက်စီးစေပါတယ်။

အသည်းကွဲဝေဒနာဟာ စိတ်ပိုင်းဆိုင်ရာ ဝေဒနာသာ ဖြစ်တယ်လို့ ယေဘုယျ သတ်မှတ်ထားကြတာပါ။ ဒါပေမယ့် သုတေသီတွေရဲ့ လေ့လာချက်အရ အသည်းကွဲခြင်းဟာ ရုပ်ပိုင်းဆိုင်ရာကို အကြီးအကျယ် ထိခိုက်စေတယ်လို့ ဆိုပါတယ်။

ချစ်ရတဲ့သူ တစ်စုံတစ်ယောက်နဲ့ မတွေ့ရတော့တဲ့အခါမျိုး အသည်းကွဲဝေဒနာ ခံစားရတတ်ကြပါတယ်။ ဒါမှမဟုတ် ချစ်ရ၊ ခင်ရတဲ့သူ သေဆုံးသွားရင်လည်း အသည်းကွဲတာကို ခံစားရတတ်ကြပါတယ်။ အသည်းကွဲဝေဒနာ ခံစားနေရချိန်မှာ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ နှလုံးကို သက်ရောက်မှု ရှိတယ်လို့ ဆိုပါတယ်။ အဲဒီ သက်ရောက်မှုဟာ နှလုံးရောဂါ ဝေဒနာကို ခံစားရတဲ့ လူတစ်ယောက်မှာ ဖြစ်လာတဲ့ သက်ရောက်မှုနဲ့ အတူတူဖြစ်တယ်လို့ ဆိုပါတယ်။

ချစ်ခင်ရသူ တစ်ယောက် သေဆုံးသွားတဲ့အခါ ကိုယ်အတွင်းမှာရှိတဲ့ နှလုံးကို သက်ရောက်မှုက နောက်တစ်နှစ်လောက်အထိ ရှိနေတတ်တယ်လို့ အမေရိကန်မှာလုပ်တဲ့ သုတေသနတစ်ခုက ပြောထားပါတယ်။ ဒါဟာ လူ့ခန္ဓာကိုယ်အတွင်းက အစိတ်အပိုင်းတွေနဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်ရိုက် ဆက်နွယ်သက်ရောက်မှု ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

အသည်းကွဲခြင်းကြောင့် စိတ်ဓာတ်ကျခြင်းကို ဖြစ်စေပါတယ်။ တရားထိုင်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ဝါသနာတစ်ခုခု လေ့လာ လိုက်စားခြင်းတို့က အသည်းကွဲဝေဒနာကို အမြန်ဆုံး ပျောက်စေနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။

Credit: duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top