ဘီလူးစီးျခင္းဆုိတာ ႏုိးေနရက္နဲ႔ ေျခေတြလက္ေတြ လုံး၀လႈပ္မရဘဲ၊ ရင္ဘတ္ေပၚကို လူတစ္ေယာက္က သုိ႔မဟုတ္ မေကာင္းဆုိး၀ါးတစ္ေကာင္ေကာင္က တက္ၿပီးထုိင္ေအနဘိအလား တုန္လႈပ္ေျခာက္ျခားစိတ္ကုိ ျဖစ္ေစပါတယ္။ တစ္ခ်ိဳ႕က ဒီလုိ အျဖစ္မ်ိဳး တစ္ခါေလာက္ ႀကဳံဖူးလုိက္တာနဲ႔ ညဘက္ အိပ္စက္ရမွာေတာင္ ေၾကာက္ေနတဲ့အထိ ျဖစ္တတ္ပါတယ္။
သိပၸံပညာအရေတာ့ ဘီလူးစီးျခင္းဟာ မည္သုိ႔မည္ပုံ စိတ္ခံစားခ်က္ေတြေၾကာင့္ ျဖစ္တယ္ဆုိၿပီး အေၾကာင္းျပခ်က္ေတြ ေပး ထားေပမယ့္၊ တစ္ခ်ိဳ႕ကက်ေတာ့လည္း တကယ့္ကို ေၾကာက္မက္ဖြယ္ရာ မေကာင္းဆုိး၀ါးႀကီးတစ္ေကာင္က ျခယ္လွယ္
အုပ္စုိးေနတယ္လုိ႔ ျမင္ေနၾကပါတယ္။ အခု ဒုတိယအျမင္ကုိ ေဖာ္ျပေပးမွာ
Wikipedia မွာေတာ့ ဘီလူးစီးျခင္းကို Night Hag (ညစုန္းဖမ္းစားျခင္း)လုိ႔ ေဖာ္ျပထားပါတယ္။ အသုံးမ်ားတဲ့ စကားလုံး ကေတာ့ Sleep paralysis ျဖစ္ၿပီး၊ Nightmare လုိ႔ အဘိဓာန္ေတြမွာ ဖြင့္ဆုိၾကပါတယ္။ ယင္းေဖာ္ျပခ်က္ထဲမွာေတာ့ ဘီလူးစီးျခင္းကို မေကာင္းဆုိး၀ါးနတ္သားက စီမံျခယ္လွယ္ခြင့္ ရွိၿပီး၊ သူ စိတ္ဆုိးရင္ စိတ္ဆုိးသေလာက္ ကာယကံရွင္ကို ဒုကၡေရာက္ေစတယ္လုိ႔ ဆုိပါတယ္။
ယူဆခ်က္အမ်ိဳးမ်ိဳးနဲ႔ ဘီလူးစီးျခင္းအမ်ိဳးမ်ိဳး
စကင္ဒီေနဗီယန္းေတြကေတာ့ ဘီလူးစီးျခင္းကို ျဖစ္ေစသူက ညနတ္မိစာၦ (Mare) ရဲ႕ ျပဳစားမႈလုိ႔ ဆုိပါတယ္။ နယူးေဖာင္လန္မွာေတာ့ စုန္းမအဖြားအုိႀကီးဟာ သူမ ျပဳစားလုိတဲ့ သူကုိ ညဘက္မွာ ဖမ္းစားၿပီး၊ ၀ိဉာဥ္ခ်င္း ဖလွယ္လုိ႔ ဒီလုိျဖစ္တာလုိ႔ ယူဆၾကပါတယ္။
တူရကီ႐ုိးရာယုံၾကည္မႈမွာေတာ့ ဘီလူးစီးျခင္းကို Karabasan လုိ႔ ေခၚဆုိၿပီး၊ အိပ္စက္ခ်ိန္မွာ မေကာင္းဆုိး၀ါးက ၀င္ေရာက္စီးနင္းတာလုိ႔လည္း ယုံၾကည္ၾကပါတယ္။ ထုိင္းႏုိင္ငံမွာလည္း ဒီလုိျဖစ္ေအာင္ Phi Am ဆုိတဲ့ သရဲမိစာၦက လူရဲ႕ရင္ဘတ္၊ ကုတ္(ဂုတ္)စသည္တုိ႔ကို ခြစီးတာလုိ႔ ယုံၾကည္ၾကပါတယ္။
အျခားႏုိင္ငံေတြမွာလည္း ဒီလုိယူဆမႈမ်ိဳးနဲ႔ အေၾကာင္းအရာသာ ကြဲျပားသြားၿပီး ပုံစံအားျဖင့္ ဆင္တူေလးေတြ ယူဆၾကတာ မ်ားပါတယ္။ ျမန္မာႏုိင္ငံမွာလည္း ဒီလုိ ဘီလူးစီးခံရမႈမ်ိဳးကို သရဲ၊ မေကာင္းဆုိး၀ါးက ၀င္ၿပီး ပူးေအာင္းျခင္း၊ လႈပ္မရေအာင္ ခ်ဳပ္ေႏွာင္ထားျခင္းလုိ႔ ယူဆၾကပါတယ္။ အျခား ကြဲလြဲခ်က္ေတြေတာ့ ရွိေကာင္း ရွိႏုိင္ေပမယ့္ သိပၸံနည္းက်မဟုတ္တဲ့ ယူဆ မႈေတြမွာ အေျခခံအားျဖင့္ေတာ့ တစ္စုံတစ္ေယာက္က ရင္ဘတ္စသည္ေပၚကို တက္ထုိင္ေနျခင္းလုိ႔ ယူဆၾကပါတယ္။
Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ဘီလူးစီးခြင်းဆိုတာ နိုးနေရက်နဲ့ ခြေတွေလက်တွေ လုံးဝလှုပ်မရဘဲ၊ ရင်ဘတ်ပေါ်ကို လူတစ်ယောက်က သို့မဟုတ် မကောင်းဆိုးဝါးတစ်ကောင်ကောင်က တက်ပြီးထိုင်အေနဘိအလား တုန်လှုပ်ခြောက်ခြားစိတ်ကို ဖြစ်စေပါတယ်။ တစ်ချို့က ဒီလို အဖြစ်မျိုး တစ်ခါလောက် ကြုံဖူးလိုက်တာနဲ့ ညဘက် အိပ်စက်ရမှာတောင် ကြောက်နေတဲ့အထိ ဖြစ်တတ်ပါတယ်။
သိပ္ပံပညာအရတော့ ဘီလူးစီးခြင်းဟာ မည်သို့မည်ပုံ စိတ်ခံစားချက်တွေကြောင့် ဖြစ်တယ်ဆိုပြီး အကြောင်းပြချက်တွေ ပေး ထားပေမယ့်၊ တစ်ချို့ကကျတော့လည်း တကယ့်ကို ကြောက်မက်ဖွယ်ရာ မကောင်းဆိုးဝါးကြီးတစ်ကောင်က ခြယ်လှယ်
အုပ်စိုးနေတယ်လို့ မြင်နေကြပါတယ်။ အခု ဒုတိယအမြင်ကို ဖော်ပြပေးမှာ
Wikipedia မှာတော့ ဘီလူးစီးခြင်းကို Night Hag (ညစုန်းဖမ်းစားခြင်း)လို့ ဖော်ပြထားပါတယ်။ အသုံးများတဲ့ စကားလုံး ကတော့ Sleep paralysis ဖြစ်ပြီး၊ Nightmare လို့ အဘိဓာန်တွေမှာ ဖွင့်ဆိုကြပါတယ်။ ယင်းဖော်ပြချက်ထဲမှာတော့ ဘီလူးစီးခြင်းကို မကောင်းဆိုးဝါးနတ်သားက စီမံခြယ်လှယ်ခွင့် ရှိပြီး၊ သူ စိတ်ဆိုးရင် စိတ်ဆိုးသလောက် ကာယကံရှင်ကို ဒုက္ခရောက်စေတယ်လို့ ဆိုပါတယ်။
ယူဆချက်အမျိုးမျိုးနဲ့ ဘီလူးစီးခြင်းအမျိုးမျိုး
စကင်ဒီနေဗီယန်းတွေကတော့ ဘီလူးစီးခြင်းကို ဖြစ်စေသူက ညနတ်မိစ္ဆာ (Mare) ရဲ့ ပြုစားမှုလို့ ဆိုပါတယ်။ နယူးဖောင်လန်မှာတော့ စုန်းမအဖွားအိုကြီးဟာ သူမ ပြုစားလိုတဲ့ သူကို ညဘက်မှာ ဖမ်းစားပြီး၊ ဝိဉာဉ်ချင်း ဖလှယ်လို့ ဒီလိုဖြစ်တာလို့ ယူဆကြပါတယ်။
တူရကီရိုးရာယုံကြည်မှုမှာတော့ ဘီလူးစီးခြင်းကို Karabasan လို့ ခေါ်ဆိုပြီး၊ အိပ်စက်ချိန်မှာ မကောင်းဆိုးဝါးက ဝင်ရောက်စီးနင်းတာလို့လည်း ယုံကြည်ကြပါတယ်။ ထိုင်းနိုင်ငံမှာလည်း ဒီလိုဖြစ်အောင် Phi Am ဆိုတဲ့ သရဲမိစ္ဆာက လူရဲ့ရင်ဘတ်၊ ကုတ်(ဂုတ်)စသည်တို့ကို ခွစီးတာလို့ ယုံကြည်ကြပါတယ်။
အခြားနိုင်ငံတွေမှာလည်း ဒီလိုယူဆမှုမျိုးနဲ့ အကြောင်းအရာသာ ကွဲပြားသွားပြီး ပုံစံအားဖြင့် ဆင်တူလေးတွေ ယူဆကြတာ များပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီလို ဘီလူးစီးခံရမှုမျိုးကို သရဲ၊ မကောင်းဆိုးဝါးက ဝင်ပြီး ပူးအောင်းခြင်း၊ လှုပ်မရအောင် ချုပ်နှောင်ထားခြင်းလို့ ယူဆကြပါတယ်။ အခြား ကွဲလွဲချက်တွေတော့ ရှိကောင်း ရှိနိုင်ပေမယ့် သိပ္ပံနည်းကျမဟုတ်တဲ့ ယူဆ မှုတွေမှာ အခြေခံအားဖြင့်တော့ တစ်စုံတစ်ယောက်က ရင်ဘတ်စသည်ပေါ်ကို တက်ထိုင်နေခြင်းလို့ ယူဆကြပါတယ်။
Credit:Shwemom
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
ကမာၻအရပ္ရပ္မွာ အမ်ိဳးမ်ိဳးေခၚေဝၚၾကတဲ့ ဘီလူးစီးျခင္းအေၾကာင္း
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။