သူငယ္ခ်င္းေတြနဲ႔ ရန္ျဖစ္တာ ကိုယ့္ရဲ့လုပ္ေဖာ္ခိုင္ဖက္ေတြက ကိုယ့္အေပၚ မေကာင္းေျပာတာမ်ိဳး ႀကံဳလာတဲ့အခါ ကိုယ့္ကို ထိခိုက္ပင္ပန္းေစပါတယ္။ အဲဒီအရာကို တႏံု႕ႏံု႕ေတြးေနမယ္ဆိုရင္ က်န္းမာေရးကို ထိခိုက္ေစပါတယ္။ မေကာင္းတဲ့ အေတြးအေခၚေတြ အႏႈတ္သေဘာေဆာင္တဲ့ အေတြးေတြကို ေျဖရွင္းဖို႔အတြက္ ရိုးရွင္းလြယ္ကူတဲ့ နည္းလမ္း ၄ သြယ္ကိုမွ်ေ၀ေပးပါမယ္။
ကိုယ့္ပတ္၀န္းက်င္ကလူေတြနဲ႔ အဆင္ေျပေအာင္ေနပါ။
ကၽြန္မတို႔ လူမႈပတ္၀န္းက်င္မွာ ကိုယ္နဲ႔ သဟဇာတျဖစ္တဲ့သူရွိသလို မျဖစ္တဲ့သူေတြလည္းရွိမွာပါ။ ဘာပဲျဖစ္ျဖစ္ ကိုယ့္ပတ္၀န္းက်င္ကလူေတြနဲ႔ အဆင္ေျပေအာင္ေနပါ။ အဲဒီလိုအဆင္ေျပေအာင္ေနတာဟာ သင့္ကို မေကာင္းတဲ့အေတြးေတြ မေတြးမိေစဖို႔ အကူအညီျဖစ္ပါတယ္။
ေရေႏြးၾကမ္းေသာက္ပါ။
မေကာင္းတဲ့ အေတြးအေခၚေတြ စိုးရိမ္ေသာကေတြကို ေျဖေဖ်ာက္ဖို႔အတြက္ ေရေႏြးၾကမ္းပူပူတစ္ခြက္ကို ေသာက္ေပးပါ။ ၂၀၁၂ ခုႏွစ္ေလ့လာခ်က္အရ အပူတစ္ခုခုေသာက္တာဟာ အထီးက်န္တဲ့ စိတ္ မေကာင္းတဲ့ စိတ္ခံစားခ်က္ေတြကို သက္သာေပ်ာက္ကင္းေစပါတယ္။
အားလံုးကို ထုတ္ပစ္လိုက္ပါ။
စာရြက္တစ္ရြက္ေပၚမွာ ကိုယ္မေက်နပ္တဲ့အရာေတြကို ခ်ေရးလိုက္တာပဲျဖစ္ျဖစ္ လုပ္ေပးပါ။ ၿပီးရင္လံုးေခ်ၿပီး အမိႈက္ပံုးထဲ ထည့္လိုက္ပါ။
သင့္ရဲ့ အျမင္ေတြကို ေျပာင္းလဲပါ။
သင္ဒီလိုေတြးရင္ တစ္ဖက္သားကလည္း ဒီလိုေတြးမွာပဲလို႔ သင္ျပန္ၿပီးစဥ္းစားၾကည့္လိုက္ပါ။ သင့္ရဲ့အျမင္ေတြ ထင္ျမင္ယူဆခ်က္ေတြကို ေျပာင္းလဲပစ္လိုက္ၿပီး တပါးသူကို စာနာေပးတာဟာ သင့္ကို အေကာင္းဘက္ကေန ေတြးေခၚတတ္လာေစဖို႔ အကူအညီေပးမွာပါ။
Credit:Mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
သူငယ်ချင်းတွေနဲ့ ရန်ဖြစ်တာ ကိုယ့်ရဲ့လုပ်ဖော်ခိုင်ဖက်တွေက ကိုယ့်အပေါ် မကောင်းပြောတာမျိုး ကြုံလာတဲ့အခါ ကိုယ့်ကို ထိခိုက်ပင်ပန်းစေပါတယ်။ အဲဒီအရာကို တနုံ့နုံ့တွေးနေမယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်စေပါတယ်။ မကောင်းတဲ့ အတွေးအခေါ်တွေ အနှုတ်သဘောဆောင်တဲ့ အတွေးတွေကို ဖြေရှင်းဖို့အတွက် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်း ၄ သွယ်ကိုမျှဝေပေးပါမယ်။
ကိုယ့်ပတ်ဝန်းကျင်ကလူတွေနဲ့ အဆင်ပြေအောင်နေပါ။
ကျွန်မတို့ လူမှုပတ်ဝန်းကျင်မှာ ကိုယ်နဲ့ သဟဇာတဖြစ်တဲ့သူရှိသလို မဖြစ်တဲ့သူတွေလည်းရှိမှာပါ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ပတ်ဝန်းကျင်ကလူတွေနဲ့ အဆင်ပြေအောင်နေပါ။ အဲဒီလိုအဆင်ပြေအောင်နေတာဟာ သင့်ကို မကောင်းတဲ့အတွေးတွေ မတွေးမိစေဖို့ အကူအညီဖြစ်ပါတယ်။
ရေနွေးကြမ်းသောက်ပါ။
မကောင်းတဲ့ အတွေးအခေါ်တွေ စိုးရိမ်သောကတွေကို ဖြေဖျောက်ဖို့အတွက် ရေနွေးကြမ်းပူပူတစ်ခွက်ကို သောက်ပေးပါ။ ၂၀၁၂ ခုနှစ်လေ့လာချက်အရ အပူတစ်ခုခုသောက်တာဟာ အထီးကျန်တဲ့ စိတ် မကောင်းတဲ့ စိတ်ခံစားချက်တွေကို သက်သာပျောက်ကင်းစေပါတယ်။
အားလုံးကို ထုတ်ပစ်လိုက်ပါ။
စာရွက်တစ်ရွက်ပေါ်မှာ ကိုယ်မကျေနပ်တဲ့အရာတွေကို ချရေးလိုက်တာပဲဖြစ်ဖြစ် လုပ်ပေးပါ။ ပြီးရင်လုံးချေပြီး အမှိုက်ပုံးထဲ ထည့်လိုက်ပါ။
သင့်ရဲ့ အမြင်တွေကို ပြောင်းလဲပါ။
သင်ဒီလိုတွေးရင် တစ်ဖက်သားကလည်း ဒီလိုတွေးမှာပဲလို့ သင်ပြန်ပြီးစဉ်းစားကြည့်လိုက်ပါ။ သင့်ရဲ့အမြင်တွေ ထင်မြင်ယူဆချက်တွေကို ပြောင်းလဲပစ်လိုက်ပြီး တပါးသူကို စာနာပေးတာဟာ သင့်ကို အကောင်းဘက်ကနေ တွေးခေါ်တတ်လာစေဖို့ အကူအညီပေးမှာပါ။
Credit:Mystylemyanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
မေကာင္းတဲ့ အေတြးအေခၚေတြကို ရွင္းထုတ္နည္း ၄ သြယ္
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။