Credit:မိုမိုလေး
ပို့သပေးပါတယ်။
#Unicode Version
လူတစ်ယောက်ကို သိပ်ချစ်မိသွားပြီဆိုတာနဲ့ လုံးဝမခွဲချင်တော့ဘူးဆိုတဲ့စိတ်မျိုး အမြဲတမ်း အတွေးထဲမှာ ကိန်းအောင်းနေတတ်တယ်။ ရင်ထဲကလာတဲ့ အချစ်ဆိုတာ
ပာန်ဆောင်ဖို့ သိပ်ခက်ခဲပါတယ်။ အရမ်းချစ်မိသွားတဲ့အခါလည်း ရင်ထဲမှာ လေးလေးနက်နက် နေရာယူထားပြီး စွဲစွဲလမ်းလမ်းနဲ့ ချစ်နေမိတတ်ပါတယ်။
အရမ်းချစ်ကြတဲ့ ချစ်သူတွေမှာ တစ်ယောက်ကိုတစ်ယောက် ယုံကြည်နားလည်မှုရှိနေဖို့က အရေးကြီးဆုံးအရာဖြစ်သလို တကယ် အလိုအပ်ဆုံးအရာလဲဖြစ်ပါတယ်။ တစ်ခါတလေ အရမ်းချစ်ကြတဲ့ ချစ်သူတွေကြားမှာ စိတ်ဆိုးစိတ်ကောက်တာတွေလည်း ရှိတတ်ပါတယ်။ အဲလိုအချိန်မျိုးမှာ တစ်ယောက်နဲ့တစ်ယောက် အချိန်တွေ အကြာကြီး ဆွဲမနေဘဲ မာနတွေ မထားပဲ အပြန်အလှန်ပြန်ချော့လိုက်တာက အကောင်းဆုံးပါပဲ။
အရမ်းချစ်မိသွားတဲ့အခါ ချစ်သူအပေါ် မကြာခဏ သဝန်တိုတတ်ကြတာပါပဲ။ ကိုယ့်ကို အရမ်းချစ်လို့ သဝန်တိုတယ်လို့ပဲ တွေးပြီးတော့ ကျေနပ်လိုက်ပါ။ ကိုယ့်ကို သူက ချုပ်ကိုင်စိုးမိုးနေသလိုပဲလို့ တွေးမြင်နေရင် တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပဲချစ်ပါတယ်ပြောပြော အခန့်မသင့်ရင် ဘာမှမပာုတ်တာလေးတွေနဲ့လည်း အချစ်ဆိုတာ အချိန်မရွေး ချက်ခြင်းပျက်စီးသွားနိုင်ပါတယ်။
Credit:မိုမိုလေး
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
သိပ်ချစ်ရင် နားလည်ပေးပါ
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။