iMyanmarHouse.com - Best Property Website for Myanmar
×

လွပတဲ့ အျပံဳးေတြကို ပိုမိုလင္းလက္ေစဖို႔ သြားျဖဴျဖဴေလးေတြက ျဖည့္ဆည္းေပးႏိုင္ပါတယ္။ ဒါေပမယ့္ကိုယ့္ရဲ႕ သြားက ျဖဴျဖဴေလး မဟုတ္ပဲ ၀ါက်ဥ္က်ဥ္ေလး ျဖစ္ေနလို႔ စိတ္အလိုမက် ျဖစ္ေနသူေတြလည္း ရွိမွာပါ။ ဒီလို သြား၀ါတာေတြကို ေပ်ာက္ကင္းေစမယ့္ အေကာင္းဆံုး သဘာ၀နည္းလမ္းေတြ ရွိပါတယ္။

စေတာ္ဘယ္ရီ

စေတာ္ဘယ္ရီမွာ သြားျဖဴေအာင္ စြမ္းေဆာင္ေပးႏိုင္တဲ့ ဗီတာမင္စီေတြ မ်ားစြာ ပါ၀င္ပါတယ္။ စေတာ္ဘယ္ရီသီးကို ႀကိတ္ေခ်ၿပီး စေတာ္ဘယ္ရီ အဖတ္ေလးေတြနဲ႔ သြားကို ပြတ္တိုက္ေပးပါ။ တစ္ေန႕ကို ႏွစ္ႀကိမ္ေလာက္ ျပဳလုပ္ေပးမယ္ဆုိရင္ သြားျဖဴျဖဴေလးေတြ အျမန္ဆံုး ရရွိမွာပါ။ စေတာ္ဘယ္ရီကို သြားျဖဴေစဖို႔ ေနာက္တစ္နည္း အသံုးျပဳႏိုင္ပါေသးတယ္။ စေတာ္ဘယ္ရီ ခပ္ႀကီးႀကီးေလး တစ္လံုးကို မုန္႔ဖုတ္ေဆာ္ဒါ လက္ဖက္စားဇြန္း တ၀က္နဲ႔ ေရာေမႊပါ။ သြားမွာ ပြတ္တိုက္ေပးပါ။ ၿပီးရင္ ပံုမွန္အသံုးျပဳေနက် သြားတုိက္ေဆးနဲ႔ သြားတိုက္လိုက္ပါ။ သြား၀ါတာေတြ အျမန္ဆံုး ေပ်ာက္ကင္းေစႏိုင္ပါတယ္။

လိေမၼာ္သီး

ညအိပ္ရာမ၀င္မီ လိေမၼာ္သီး အခြံအတြင္းသားနဲ႔ သြားကိုပြတ္တိုက္ေပးပါ။ လိေမၼာ္သီးပါ ပါ၀င္တဲ့ ဗီတာမင္စီက သြားျဖဴေအာင္ စြမ္းေဆာင္ေပးႏိုင္ပါတယ္။ လိေမၼာ္သီးအခြံနဲ႔ ပြတ္တိုက္ေပးၿပီး ညအိပ္လိုက္ပါ။ မနက္ အိပ္ရာႏိုးမွ ပံုမွန္ သံုးေနက် သြားတိုက္ေဆးနဲ႔ သြားတိုက္ေပးမယ္ဆိုရင္ စိတ္တိုင္းက်တဲ့ သြားျဖဴျဖဴေလးေတြ ပိုင္ဆိုင္ရမွာပါ။

Credit:Momolay
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

လှပတဲ့ အပြုံးတွေကို ပိုမိုလင်းလက်စေဖို့ သွားဖြူဖြူလေးတွေက ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဒါပေမယ့်ကိုယ့်ရဲ့ သွားက ဖြူဖြူလေး မဟုတ်ပဲ ဝါကျဉ်ကျဉ်လေး ဖြစ်နေလို့ စိတ်အလိုမကျ ဖြစ်နေသူတွေလည်း ရှိမှာပါ။ ဒီလို သွားဝါတာတွေကို ပျောက်ကင်းစေမယ့် အကောင်းဆုံး သဘာဝနည်းလမ်းတွေ ရှိပါတယ်။

စတော်ဘယ်ရီ

စတော်ဘယ်ရီမှာ သွားဖြူအောင် စွမ်းဆောင်ပေးနိုင်တဲ့ ဗီတာမင်စီတွေ များစွာ ပါဝင်ပါတယ်။ စတော်ဘယ်ရီသီးကို ကြိတ်ချေပြီး စတော်ဘယ်ရီ အဖတ်လေးတွေနဲ့ သွားကို ပွတ်တိုက်ပေးပါ။ တစ်နေ့ကို နှစ်ကြိမ်လောက် ပြုလုပ်ပေးမယ်ဆိုရင် သွားဖြူဖြူလေးတွေ အမြန်ဆုံး ရရှိမှာပါ။ စတော်ဘယ်ရီကို သွားဖြူစေဖို့ နောက်တစ်နည်း အသုံးပြုနိုင်ပါသေးတယ်။ စတော်ဘယ်ရီ ခပ်ကြီးကြီးလေး တစ်လုံးကို မုန့်ဖုတ်ဆော်ဒါ လက်ဖက်စားဇွန်း တဝက်နဲ့ ရောမွှေပါ။ သွားမှာ ပွတ်တိုက်ပေးပါ။ ပြီးရင် ပုံမှန်အသုံးပြုနေကျ သွားတိုက်ဆေးနဲ့ သွားတိုက်လိုက်ပါ။ သွားဝါတာတွေ အမြန်ဆုံး ပျောက်ကင်းစေနိုင်ပါတယ်။

လိမ္မော်သီး

ညအိပ်ရာမဝင်မီ လိမ္မော်သီး အခွံအတွင်းသားနဲ့ သွားကိုပွတ်တိုက်ပေးပါ။ လိမ္မော်သီးပါ ပါဝင်တဲ့ ဗီတာမင်စီက သွားဖြူအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ လိမ္မော်သီးအခွံနဲ့ ပွတ်တိုက်ပေးပြီး ညအိပ်လိုက်ပါ။ မနက် အိပ်ရာနိုးမှ ပုံမှန် သုံးနေကျ သွားတိုက်ဆေးနဲ့ သွားတိုက်ပေးမယ်ဆိုရင် စိတ်တိုင်းကျတဲ့ သွားဖြူဖြူလေးတွေ ပိုင်ဆိုင်ရမှာပါ။

Credit:Momolay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top