iMyanmarHouse.com - Best Property Website for Myanmar
×

“အခ်စ္ဆိုတာ ဘာလဲ..” အရြယ္ေရာက္ၿပီးသူတိုင္း ဒီေမးခြန္းကို စဥ္းစား အေျဖ ထုတ္ၾကည့္ ဖူးၾကမွာပါ။လူတိုင္းကေတာ့ အခ်စ္ကို ပံုစံမ်ိဳးစံုနဲ႔ အဓိပၸါယ္ဖြင့္တ တ္ၾကပါတယ္။အခ်စ္ဆိုတာ ဘာလဲလို႔ေမးရင္ေတာ့ အေသအခ်ာ ခ်က္က်လက္ က် ေျပာျပတတ္တဲ့သူ ရွားပါလိမ့္မယ္။အခ်စ္ကို သီိအိုရီနည္းက်က် အေျဖထု တ္ ၿပီး ရွင္းျပထားတဲ့ သူရွိပါတယ္။သူကေတာ့စိတ္ပညာရွင္ Robert Sternberg ပါ။ triangular theory of love ဆိုတဲ့ အခ်စ္သီအိုရီတစ္ခုကို (၁၉၈၅)ခုႏွစ္ က ထုတ္ခဲ့ပါတယ္။အခ်စ္ဆိုတာ ဘာလဲလို႔ သိခ်င္ေနတဲ့ စာဖတ္ သူေတြအတြက္  Robert Sternberg ေျပာတဲ့ အခ်စ္သီအိုရီကို ေဖာ္ျပေပး လိုက္ပါတယ္။

Robert Sternberg  ဟာ Yale  တကၠသိုလ္ရဲ႕ စိတ္ပညာဌာနမွာ ပါေမာကၡ တစ္ဦးအျဖစ္ တာ၀န္ထ မ္းေ ဆာင္ေနတဲ့ အခ်ိန္(၁၉၈၅)ခုႏွစ္က ဒီအခ်စ္သီိအိုရီ ကို ထုတ္ခဲ့တာပါ။ပါေမာကၡတာ၀န္ကို ထမ္းေဆာင္ေနတဲ့ အခ်ိန္တုန္းက Ster nberg ဟာ အခ်စ္တစ္ခုတည္း မဟုတ္ပါဘူး။ဥာဏ္ရည္ထက္ျမက္မႈ၊ တီထြင္ ဖန္တီး မႈ၊ေတြးေခၚမႈစတိုင္၊အမုန္း၊ေခါင္းေဆာင္မႈ အစရွိတဲ့အေၾကာင္း အရာေတြ ကိုလည္း သုေတသနေတြ လုပ္ခဲ့ၿပီး သီိအုိရီထုတ္ အေျဖရွာခဲ့ပါတယ္။”Triang ular theory”(အခ်စ္သီအိုရီ) မွာေတာ့ အဓိကအစိတ္အပိုင္း(၃)ခုကို အေျခခံ အေျဖထုတ္တြက္ခ်က္ထားတာပါ။ဒီ(၃)ခုဟာ အခ်စ္တစ္ခု ျဖစ္ေပၚလာဖို႔ မျဖစ္ မေနလိုအပ္တဲ့ အရာေတြပါ။ဘာေတြလဲဆိုေတာ့..(၁) စိတ္ဆႏၵျပင္းျပမႈ (Passion) ၊(၂) ရင္းႏွီးမႈ(Intimacy)နဲ႔ေနာက္ဆံုး အခ်က္ နံပါတ္(၃)အခ်က္ ကေတာ့ ကတိထားရွိမႈ(Commitment)တို႔ပါ။

Passion ဆိုတဲ့ ေခါင္းစဥ္ရဲ႕ေအာက္မွာေတာ့ ႏႈိးဆြမႈပါပါတယ္။ ရုပ္ပိုင္း ဆိုင္ရာ (သို႔)စိတ္ပို င္းဆိုင္ရာ ၊(သို႔) ႏွစ္ခုလံုးပါ။လူတစ္ေယာက္က တျခားတစ္ေယာက္ ကို စၿပီး စိတ္၀င္စားဖို႔ဆိုတာ ႏႈိးဆြမႈတစ္ခုေတာ့ လိုအပ္ပါတယ္။စိတ္လႈပ္ရွား တာ၊ရင္ခုန္တာ၊ေဒါသထြက္တာ၊စိတ္တိုတာ၊သ၀န္တိုတာ၊အဲ့ဒီလူအေပၚ sexu al (သို႔) Romantic ဆန္တဲ့ Feeling ျဖစ္ေပၚမိတာမ်ိဳးပါ။ အခ်စ္တစ္ခုေပါ က္ ဖြားလာဖို႔ လိုအပ္တဲ့ အေျခခံေဖာင္ေဒးရွင္း လို႔ေျပာလို႔ရပါတယ္။ Intimacy (ရင္းႏွီးမႈ)ဆိုတာကိုေတာ့ တစ္ေယာက္အေပၚ တစ္ေယာက္ စိတ္သက္ေသာင့္ သက္သာ ျဖစ္ေစတာမိ်ဳး၊ဒီလူအနားမွာ အတူရွိေနရရင္ စိတ္ေပ်ာ္တာ၊(good feelings)ရေနတယ္လုိ႔ ခံစားေနရတာ မ်ိဳးပါ။အရွင္းဆံုးအဓိပၸါယ္ဖြင့္ရရင္ေတာ့ ႏွလံုးသားခ်င္း နီးစပ္တယ္လုိ႔ ခံစားမိေနတာမ်ိဳးပါ။

Commitment ကေတာ့ အေပၚက ႏွစ္ခ်က္နဲ႔ မတူပါဘူး။တစ္ေယာက္နဲ႔ တ စ္ေယာက္ နီးစပ္ခ်င္လာ တဲ့ စိတ္၊Relationship တစ္ခုမွာ တစ္ေယာက္နဲ႔ တ စ္ေယာက္ စိတ္ေက်နပ္မႈရွိၿပီး ေရွ႕ဆက္နီးစပ္ခ်င္လာတဲ့ စိတ္မ်ိဳးကို ဆိုလိုတာ ပါ။သူ႔မွာလည္း ေနာက္ထပ္ ခြဲထြက္သြားတဲ့ အခ်က္(၃)ခုရွိပါတယ္။အဲ့ဒါကေ တာ့ တစ္ခုခုလုပ္ေပးမယ္လုိ႔ ကတိေပးတာ၊တစ္ေယာက္အေပၚ တစ္ေယာက္ သစၥာရွိခ်င္လာတာ၊ တစ္ေယာက္အေပၚ တစ္ေယာက္ ေဖးမခ်င္လာတာ၊အားေ ပးခ်င္လာတာပါ။ အခ်စ္ပမာဏ အတိုင္းအဆဟာ ဒီ(၃)ခ် က္အေပၚမွာ မူတ ည္ၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ မတူႏိုင္ပါဘူး။ဒါေပမယ့္ အခ်စ္တစ္ခု (Rela tionship) တစ္ခုေရရွည္ ခိုင္ၿမဲဖို႔ကေတာ့ ဒီ (၃)ခ်က္မျဖစ္မေနလို ပါတယ္။

ဒီအခ်က္ထဲက တစ္ခ်က္(သို႔)ႏွစ္ခ်က္ေလာက္မ်ား လိုအပ္ေနခဲ့မယ္ဆိုရင္ေတာ့ ဒီ Relationship ဟာ အလြယ္တကူ ၿပိဳကြဲသြားပါလိမ့္မယ္။သူငယ္ခ်င္း အခ်စ္လား၊စိတ္ကစားမိရံုသက္သက္လား၊ႀကိဳက္တာလား ဆိုတဲ့ အခ်စ္ပံု စံအမ်ိဳး မ်ိိဳးဟာ အေပၚမွာ ေဖာ္ျပထားတဲ့ အခ်က္သံုးခ်က္ထဲက ဘယ္ႏွစ္ခ်က္ပါလဲဆိုတဲ့ အေပၚမွာ မူတည္ၿပီးကြဲသြားတာပါ။triangular theory of love မွာေတာ့ အခ်စ္ပံုစံအမ်ိဳးမ်ိဳးျဖစ္ေပၚလာပံုကို ေဖာ္ျပထားပါတယ္။အဲ့ဒီထဲကမွ တစ္ခိ်ဳ႕ကို ေကာက္ႏုတ္ေဖာ္ျပေပးခ်င္ပါတယ္။

ႀကိဳက္တာ – ခ်စ္တာနဲ႔ႀကိဳက္တာ ဘာကြာလဲဆိုတာတဲ့ သူေတြအတြက္ အေျဖ ပါ။ဒီအခ်စ္ အမ်ိဳးအစားမွာေတာ့  intimacy (နီးစပ္မႈ)ဆိုတဲ့ အခ်က္ကလြဲၿပီး က် န္တဲ့ ႏွစ္ခုမပါပါဘူး။ဆုိလိုတာက နီးစပ္မႈရွိတယ္၊ ဒါေၾကာင့္ ဒီလူ႔အေပၚမွာ သေ ဘာက်၊ႏွစ္လိုတဲ့ စိတ္ျဖစ္တယ္၊ဒါေပမယ့္ အခ်စ္လားဆိုေတာ့လည္း ေရေရ ရာရာ အေျဖမထြက္ဘူးဆိုတဲ့ စိတ္မိ်ဳးပါ။နီးစပ္မႈေၾကာင့္ ျဖစ္ေပၚလာတတ္တဲ့ အခ်စ္လို႔ ထင္ေယာင္ထင္မွား ျဖစ္ေစတဲ့ အခ်စ္အတုအေယာင္ပါ။

အရူးအမူးစြဲလမ္းမႈ – passion(စိတ္ဆႏၵျပင္းျပမႈ၊ခ်စ္ေဇာအဟုန္)ေတြေတာ့ ပါပါရဲ႕ က်န္တဲ့ ႏွစ္ခ်က္က ပါမလာတာမ်ိဳးပါ။Relationship တစ္ခု ျဖစ္လာဖို႔ မျဖစ္ႏို္င္တဲ့ အေျဖအေ နမ်ိဳးပါ။ဥပမာ- မင္းသား လီမင္ဟိုအေပၚ အရမ္းစြဲလမ္းေ နၿပီ၊အရမ္းလည္း ခ်စ္ေနၿပီိ ဒါေပမယ့္ သူနဲ႔ကို ယ္ၾကားမွာ နီးစပ္မႈမရွိဘူး၊ အျပန္ အလွန္ကတိသစၥာထားခ်င္လာတဲ့ အဆင့္မ်ိဳးကေတာ့ ဘယ္လိုမွ စိတ္ကူး ယဥ္ ၾကည့္လို႔ မရတဲ့ အေျခအေနမိ်ဳးပါ။အရူးအမူးေတာ့ စြဲလမ္းပါရဲ႕ ဘာမွဆက္ျဖစ္ မလာတဲ့ အေျခအေနမ်ိဳး ပါ။စိတ္ကူးယဥ္အခ်စ္၊အခ်ိန္မေရြး ေပ်ာက္ကြယ္သြားႏိုင္ တဲ့ အခ်စ္မ်ဳိးလို႔ သတ္မွတ္လို႔ရပါတယ္။

Romantic love – ဒါကေတာ့ ခ်စ္ေဇာအဟုန္ေတြ အျမင့္ဆံုး ဒီဂရီေရာက္ေ နတဲ့ အခ်စ္ပါ။ commitment ဆိုတဲ့ အခ်က္ကလြဲလုိ႔ ႏွစ္ခ်က္လံုး ပါေနတဲ့ အခ်စ္ပါ။ဒီလိုစိတ္မ်ိဳးကေတာ့ ရိုမန္တစ္ေတာ့ ဆန္ေပမယ့္ ေကာက္ရိုး မီးလို ခဏတာပဲ တဟုန္းဟုန္းေတာက္ႏိုင္တဲ့ အခ်စ္ပါ။
Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
“အချစ်ဆိုတာ ဘာလဲ..” အရွယ်ရောက်ပြီးသူတိုင်း ဒီမေးခွန်းကို စဉ်းစား အဖြေ ထုတ်ကြည့် ဖူးကြမှာပါ။လူတိုင်းကတော့ အချစ်ကို ပုံစံမျိုးစုံနဲ့ အဓိပ္ပါယ်ဖွင့်တ တ်ကြပါတယ်။အချစ်ဆိုတာ ဘာလဲလို့မေးရင်တော့ အသေအချာ ချက်ကျလက် ကျ ပြောပြတတ်တဲ့သူ ရှားပါလိမ့်မယ်။အချစ်ကို သီအိုရီနည်းကျကျ အဖြေထု တ် ပြီး ရှင်းပြထားတဲ့ သူရှိပါတယ်။သူကတော့စိတ်ပညာရှင် Robert Sternberg ပါ။ triangular theory of love ဆိုတဲ့ အချစ်သီအိုရီတစ်ခုကို (၁၉၈၅)ခုနှစ် က ထုတ်ခဲ့ပါတယ်။အချစ်ဆိုတာ ဘာလဲလို့ သိချင်နေတဲ့ စာဖတ် သူတွေအတွက်  Robert Sternberg ပြောတဲ့ အချစ်သီအိုရီကို ဖော်ပြပေး လိုက်ပါတယ်။

Robert Sternberg  ဟာ Yale  တက္ကသိုလ်ရဲ့ စိတ်ပညာဌာနမှာ ပါမောက္ခ တစ်ဦးအဖြစ် တာဝန်ထ မ်းေ ဆာင်နေတဲ့ အချိန်(၁၉၈၅)ခုနှစ်က ဒီအချစ်သီအိုရီ ကို ထုတ်ခဲ့တာပါ။ပါမောက္ခတာဝန်ကို ထမ်းဆောင်နေတဲ့ အချိန်တုန်းက Ster nberg ဟာ အချစ်တစ်ခုတည်း မဟုတ်ပါဘူး။ဉာဏ်ရည်ထက်မြက်မှု၊ တီထွင် ဖန်တီး မှု၊တွေးခေါ်မှုစတိုင်၊အမုန်း၊ခေါင်းဆောင်မှု အစရှိတဲ့အကြောင်း အရာတွေ ကိုလည်း သုတေသနတွေ လုပ်ခဲ့ပြီး သီအိုရီထုတ် အဖြေရှာခဲ့ပါတယ်။”Triang ular theory”(အချစ်သီအိုရီ) မှာတော့ အဓိကအစိတ်အပိုင်း(၃)ခုကို အခြေခံ အဖြေထုတ်တွက်ချက်ထားတာပါ။ဒီ(၃)ခုဟာ အချစ်တစ်ခု ဖြစ်ပေါ်လာဖို့ မဖြစ် မနေလိုအပ်တဲ့ အရာတွေပါ။ဘာတွေလဲဆိုတော့..(၁) စိတ်ဆန္ဒပြင်းပြမှု (Passion) ၊(၂) ရင်းနှီးမှု(Intimacy)နဲ့နောက်ဆုံး အချက် နံပါတ်(၃)အချက် ကတော့ ကတိထားရှိမှု(Commitment)တို့ပါ။

Passion ဆိုတဲ့ ခေါင်းစဉ်ရဲ့အောက်မှာတော့ နှိုးဆွမှုပါပါတယ်။ ရုပ်ပိုင်း ဆိုင်ရာ (သို့)စိတ်ပို င်းဆိုင်ရာ ၊(သို့) နှစ်ခုလုံးပါ။လူတစ်ယောက်က တခြားတစ်ယောက် ကို စပြီး စိတ်ဝင်စားဖို့ဆိုတာ နှိုးဆွမှုတစ်ခုတော့ လိုအပ်ပါတယ်။စိတ်လှုပ်ရှား တာ၊ရင်ခုန်တာ၊ဒေါသထွက်တာ၊စိတ်တိုတာ၊သဝန်တိုတာ၊အဲ့ဒီလူအပေါ် sexu al (သို့) Romantic ဆန်တဲ့ Feeling ဖြစ်ပေါ်မိတာမျိုးပါ။ အချစ်တစ်ခုပေါ က် ဖွားလာဖို့ လိုအပ်တဲ့ အခြေခံဖောင်ဒေးရှင်း လို့ပြောလို့ရပါတယ်။ Intimacy (ရင်းနှီးမှု)ဆိုတာကိုတော့ တစ်ယောက်အပေါ် တစ်ယောက် စိတ်သက်သောင့် သက်သာ ဖြစ်စေတာမျိုး၊ဒီလူအနားမှာ အတူရှိနေရရင် စိတ်ပျော်တာ၊(good feelings)ရနေတယ်လို့ ခံစားနေရတာ မျိုးပါ။အရှင်းဆုံးအဓိပ္ပါယ်ဖွင့်ရရင်တော့ နှလုံးသားချင်း နီးစပ်တယ်လို့ ခံစားမိနေတာမျိုးပါ။

Commitment ကတော့ အပေါ်က နှစ်ချက်နဲ့ မတူပါဘူး။တစ်ယောက်နဲ့ တ စ်ယောက် နီးစပ်ချင်လာ တဲ့ စိတ်၊Relationship တစ်ခုမှာ တစ်ယောက်နဲ့ တ စ်ယောက် စိတ်ကျေနပ်မှုရှိပြီး ရှေ့ဆက်နီးစပ်ချင်လာတဲ့ စိတ်မျိုးကို ဆိုလိုတာ ပါ။သူ့မှာလည်း နောက်ထပ် ခွဲထွက်သွားတဲ့ အချက်(၃)ခုရှိပါတယ်။အဲ့ဒါကေ တာ့ တစ်ခုခုလုပ်ပေးမယ်လို့ ကတိပေးတာ၊တစ်ယောက်အပေါ် တစ်ယောက် သစ္စာရှိချင်လာတာ၊ တစ်ယောက်အပေါ် တစ်ယောက် ဖေးမချင်လာတာ၊အားေ ပးချင်လာတာပါ။ အချစ်ပမာဏ အတိုင်းအဆဟာ ဒီ(၃)ချ က်အပေါ်မှာ မူတ ည်ပြီး တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။ဒါပေမယ့် အချစ်တစ်ခု (Rela tionship) တစ်ခုရေရှည် ခိုင်မြဲဖို့ကတော့ ဒီ (၃)ချက်မဖြစ်မနေလို ပါတယ်။

ဒီအချက်ထဲက တစ်ချက်(သို့)နှစ်ချက်လောက်များ လိုအပ်နေခဲ့မယ်ဆိုရင်တော့ ဒီ Relationship ဟာ အလွယ်တကူ ပြိုကွဲသွားပါလိမ့်မယ်။သူငယ်ချင်း အချစ်လား၊စိတ်ကစားမိရုံသက်သက်လား၊ကြိုက်တာလား ဆိုတဲ့ အချစ်ပုံ စံအမျိုး မျိုးဟာ အပေါ်မှာ ဖော်ပြထားတဲ့ အချက်သုံးချက်ထဲက ဘယ်နှစ်ချက်ပါလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီးကွဲသွားတာပါ။triangular theory of love မှာတော့ အချစ်ပုံစံအမျိုးမျိုးဖြစ်ပေါ်လာပုံကို ဖော်ပြထားပါတယ်။အဲ့ဒီထဲကမှ တစ်ချို့ကို ကောက်နုတ်ဖော်ပြပေးချင်ပါတယ်။

ကြိုက်တာ – ချစ်တာနဲ့ကြိုက်တာ ဘာကွာလဲဆိုတာတဲ့ သူတွေအတွက် အဖြေ ပါ။ဒီအချစ် အမျိုးအစားမှာတော့  intimacy (နီးစပ်မှု)ဆိုတဲ့ အချက်ကလွဲပြီး ကျ န်တဲ့ နှစ်ခုမပါပါဘူး။ဆိုလိုတာက နီးစပ်မှုရှိတယ်၊ ဒါကြောင့် ဒီလူ့အပေါ်မှာ သေ ဘာကျ၊နှစ်လိုတဲ့ စိတ်ဖြစ်တယ်၊ဒါပေမယ့် အချစ်လားဆိုတော့လည်း ရေရေ ရာရာ အဖြေမထွက်ဘူးဆိုတဲ့ စိတ်မျိုးပါ။နီးစပ်မှုကြောင့် ဖြစ်ပေါ်လာတတ်တဲ့ အချစ်လို့ ထင်ယောင်ထင်မှား ဖြစ်စေတဲ့ အချစ်အတုအယောင်ပါ။

အရူးအမူးစွဲလမ်းမှု – passion(စိတ်ဆန္ဒပြင်းပြမှု၊ချစ်ဇောအဟုန်)တွေတော့ ပါပါရဲ့ ကျန်တဲ့ နှစ်ချက်က ပါမလာတာမျိုးပါ။Relationship တစ်ခု ဖြစ်လာဖို့ မဖြစ်နိုင်တဲ့ အဖြေအေ နမျိုးပါ။ဥပမာ- မင်းသား လီမင်ဟိုအပေါ် အရမ်းစွဲလမ်းေ နပြီ၊အရမ်းလည်း ချစ်နေပြီ ဒါပေမယ့် သူနဲ့ကို ယ်ကြားမှာ နီးစပ်မှုမရှိဘူး၊ အပြန် အလှန်ကတိသစ္စာထားချင်လာတဲ့ အဆင့်မျိုးကတော့ ဘယ်လိုမှ စိတ်ကူး ယဉ် ကြည့်လို့ မရတဲ့ အခြေအနေမျိုးပါ။အရူးအမူးတော့ စွဲလမ်းပါရဲ့ ဘာမှဆက်ဖြစ် မလာတဲ့ အခြေအနေမျိုး ပါ။စိတ်ကူးယဉ်အချစ်၊အချိန်မရွေး ပျောက်ကွယ်သွားနိုင် တဲ့ အချစ်မျိုးလို့ သတ်မှတ်လို့ရပါတယ်။

Romantic love – ဒါကတော့ ချစ်ဇောအဟုန်တွေ အမြင့်ဆုံး ဒီဂရီရောက်ေ နတဲ့ အချစ်ပါ။ commitment ဆိုတဲ့ အချက်ကလွဲလို့ နှစ်ချက်လုံး ပါနေတဲ့ အချစ်ပါ။ဒီလိုစိတ်မျိုးကတော့ ရိုမန်တစ်တော့ ဆန်ပေမယ့် ကောက်ရိုး မီးလို ခဏတာပဲ တဟုန်းဟုန်းတောက်နိုင်တဲ့ အချစ်ပါ။
Credit:Shwemom

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top