အလွတပ္ၾကသူေတြ၊ ပါဝါမ်ားလြန္းလို႔ မ်က္ကပ္မွန္နဲ႔မွ အဆင္ေျပမယ့္လူေတြနဲ႔ မ်က္မွန္က အလုပ္လုပ္ရတာ အဆင္မေျပလို႔ မ်က္ကပ္မွန္တပ္သူေတြ ရွိၾကမယ္ ထင္ပါရဲ႕။ မ်က္ကပ္မွန္တပ္သူေတြ လုပ္ေလ့လုပ္ထရွိတဲ့ အမွားေတြကိုလည္း ျမင္ေနရတယ္။ မ်က္ကပ္မွန္တပ္သူတစ္ဦးအေနနဲ႔ ဒီအမွားေတြဟာ မလုပ္သင့္တဲ့အမွားေတြပါ။ ကိုယ့္မ်က္စိကို ညႇာတာရင္ ဒါေတြမလုပ္ပါနဲ႔ေတာ့။
၁။ မ်က္ကပ္မွန္မခၽြတ္ဘဲ ညအိပ္မိတာမ်ိဳး မလုပ္ပါနဲ႔။ မ်က္လံုးရဲ႕ မ်က္ႏွာျပင္ကိုကာကြယ္ေပးတဲ့ အင္ဇိုင္းနဲ႔ antibodies ေတြက ေအာက္ဆီဂ်င္လိုအပ္ပါတယ္။ ညဘက္ မ်က္စိကိုမွိတ္ထားရင္ ေအာက္ဆီဂ်င္သိပ္မရေတာ့ဘူး။ ဒါကိုမွ မ်က္ကပ္မွန္နဲ႔ထပ္ၿပီးကာထားတာမ်ိဳး မလုပ္မိဖုိ႔အတြက္ မ်က္ကပ္မွန္ကို ညေရာက္ရင္ ခၽြတ္ထားပါ။
၂။ လက္ေတြကို ေသေသခ်ာခ်ာ သန္႔ရွင္းေအာင္ေဆးေၾကာၿပီးမွ မ်က္ကပ္မွန္ကိုကိုင္ပါေနာ္။ ဘူးထဲေတာ့ ေသခ်ာသိမ္းပါရဲ႕ လက္ကိုေတာ့ သန္႔ရွင္းေအာင္ေဆးဖုိ႔ ေမ့ေနၾကတယ္။
၃။ ေဆးရည္ကို ေန႔တုိင္းလဲေပးဖုိ႔လည္း မေမ့ပါနဲ႔။ မ်က္ကပ္မွန္ေဆးရည္ကို တစ္ေန႔တစ္ခါလဲဖုိ႔ သတိေပးလိုက္ပါတယ္။
၄။ အေရးႀကီးတဲ့အခ်က္ကို ေျပာဦးမယ္။ မ်က္ကပ္မွန္တပ္ၿပီး ေရခ်ိဳးတာ၊ ေရကူးတာေတြပါ။ လံုးဝ မလုပ္သင့္ဘူး။ ဘံုဘိုင္ေခါင္းကေရနဲ႔လည္း မ်က္ကပ္မွန္တပ္ထားတုန္း မ်က္လံုးကိုမထိေတြ႕ေစသင့္ဘူး။ ေရထဲမွာပါတဲ့ မျမင္ႏိုင္တဲ့ပိုးေတြက မ်က္စိကို ဒုကၡေပးႏိုင္တယ္။
၅။ အခ်ိန္အၾကာႀကီး ပစ္ထားတယ္။ ဘယ္လိုမ်ိဳးလဲဆုိေတာ့ မ်က္မွန္ကိုပဲ ရက္ဆက္တပ္ေနၿပီး မ်က္ကပ္မွန္ကို လံုးဝထုတ္ေတာင္မၾကည့္ေတာ့တာမ်ိဳး။ တကယ္ေတာ့ မ်က္ကပ္မွန္ဟာ ၁၂ နာရီမွ ၁၄ နာရီအထိပဲ သိမ္းထားသင့္တယ္။ မတပ္ဘဲထားတာ ရက္ၾကာၿပီဆုိ အသစ္တစ္စံုဝယ္မွ အဆင္ေျပမယ္။
Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အလှတပ်ကြသူတွေ၊ ပါဝါများလွန်းလို့ မျက်ကပ်မှန်နဲ့မှ အဆင်ပြေမယ့်လူတွေနဲ့ မျက်မှန်က အလုပ်လုပ်ရတာ အဆင်မပြေလို့ မျက်ကပ်မှန်တပ်သူတွေ ရှိကြမယ် ထင်ပါရဲ့။ မျက်ကပ်မှန်တပ်သူတွေ လုပ်လေ့လုပ်ထရှိတဲ့ အမှားတွေကိုလည်း မြင်နေရတယ်။ မျက်ကပ်မှန်တပ်သူတစ်ဦးအနေနဲ့ ဒီအမှားတွေဟာ မလုပ်သင့်တဲ့အမှားတွေပါ။ ကိုယ့်မျက်စိကို ညှာတာရင် ဒါတွေမလုပ်ပါနဲ့တော့။
၁။ မျက်ကပ်မှန်မချွတ်ဘဲ ညအိပ်မိတာမျိုး မလုပ်ပါနဲ့။ မျက်လုံးရဲ့ မျက်နှာပြင်ကိုကာကွယ်ပေးတဲ့ အင်ဇိုင်းနဲ့ antibodies တွေက အောက်ဆီဂျင်လိုအပ်ပါတယ်။ ညဘက် မျက်စိကိုမှိတ်ထားရင် အောက်ဆီဂျင်သိပ်မရတော့ဘူး။ ဒါကိုမှ မျက်ကပ်မှန်နဲ့ထပ်ပြီးကာထားတာမျိုး မလုပ်မိဖို့အတွက် မျက်ကပ်မှန်ကို ညရောက်ရင် ချွတ်ထားပါ။
၂။ လက်တွေကို သေသေချာချာ သန့်ရှင်းအောင်ဆေးကြောပြီးမှ မျက်ကပ်မှန်ကိုကိုင်ပါနော်။ ဘူးထဲတော့ သေချာသိမ်းပါရဲ့ လက်ကိုတော့ သန့်ရှင်းအောင်ဆေးဖို့ မေ့နေကြတယ်။
၃။ ဆေးရည်ကို နေ့တိုင်းလဲပေးဖို့လည်း မမေ့ပါနဲ့။ မျက်ကပ်မှန်ဆေးရည်ကို တစ်နေ့တစ်ခါလဲဖို့ သတိပေးလိုက်ပါတယ်။
၄။ အရေးကြီးတဲ့အချက်ကို ပြောဦးမယ်။ မျက်ကပ်မှန်တပ်ပြီး ရေချိုးတာ၊ ရေကူးတာတွေပါ။ လုံးဝ မလုပ်သင့်ဘူး။ ဘုံဘိုင်ခေါင်းကရေနဲ့လည်း မျက်ကပ်မှန်တပ်ထားတုန်း မျက်လုံးကိုမထိတွေ့စေသင့်ဘူး။ ရေထဲမှာပါတဲ့ မမြင်နိုင်တဲ့ပိုးတွေက မျက်စိကို ဒုက္ခပေးနိုင်တယ်။
၅။ အချိန်အကြာကြီး ပစ်ထားတယ်။ ဘယ်လိုမျိုးလဲဆိုတော့ မျက်မှန်ကိုပဲ ရက်ဆက်တပ်နေပြီး မျက်ကပ်မှန်ကို လုံးဝထုတ်တောင်မကြည့်တော့တာမျိုး။ တကယ်တော့ မျက်ကပ်မှန်ဟာ ၁၂ နာရီမှ ၁၄ နာရီအထိပဲ သိမ်းထားသင့်တယ်။ မတပ်ဘဲထားတာ ရက်ကြာပြီဆို အသစ်တစ်စုံဝယ်မှ အဆင်ပြေမယ်။
Credit:Duwun
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
မ်က္ကပ္မွန္တပ္သူေတြ သတိမထားမိတဲ့ အက်င့္ဆိုး (၅) ခု
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။