၁. ခင္ပြန္းျဖစ္သူဟာ မ်က္စိ ဂဏာမျငိမ္ မိန္းကေလးလွလွျမင္ရင္ ၾကာပစ္တတ္သူ ၊ အျမဲအေပ်ာ္အပါးလိုက္စားခ်င္ျပီး မိန္းမရႈပ္လာတဲ့ အခါမ်ိဳးမွာ အမ်ိဳးသမီးေတြဟာ ဘယ္လိုမွ ဘယ္လိုမွ သည္းခံႏိုင္စြမ္းမရွိေတာ့ဘဲ ကြာရွင္းဖို႔အထိ ဆံုးျဖတ္တတ္ၾကပါတယ္။ အမ်ိဳးသမီးေတြက အစားကိုပဲမွ်ေ၀စားမယ့္သူေတြျဖစ္ျပီး အခ်စ္ကိုေတာ့မွ်ေ၀မစားႏိုင္တဲ့သူေတြ ျဖစ္တာေၾကာင့္ပါပဲ။။
၂. ေငြေရးေၾကးေရးနဲ႔ပတ္သတ္ျပီး ခင္ပြန္းျဖစ္သူက မိန္းမကို အပ္ႏွံျခင္းမ်ိဳးမရွိရံုမက ဒီေလာက္ပဲသံုး ဒီေလာက္ပဲသံုးရမယ္ဆိုျပီး စည္းစနစ္ေတြခ်လို႔ ေနရာတကာ လိုက္လံစီမံလာတဲ့အခါမွာလည္း အမ်ိဳးသမီးေတြက သူတို႔လုပ္ပိုင္ခြင့္ဆိုတာ မရွိေတာ့တာေၾကာင္႔ ခင္ပြန္းအေပၚ စိတ္ပ်က္လာၾကပါတယ္။
၃. အခ်ိန္တိုင္း ေယာကၡမေတြ ေယာင္းမေတြက လင္မယားၾကားက ကိစၥတိုင္းကို ၀င္ေရာက္ စြက္ဖက္တဲ့အခါမ်ိဳး ၊ ေယာက်ာ္းျဖစ္သူကလည္း ဇနီးမယားထက္ အေမ နဲ႔ အမေတြကို ဦးစားေပးတာမ်ိဳး စတဲ့အေျခအေနမ်ိဳးေတြနဲ႔ ရင္ဆိုင္လာရတဲ့ အမ်ိဳးသမီးအမ်ားစုဟာလည္း အိမ္ေထာင္ေရးကို စိတ္ကုန္လို႔ ျပီး အမ်ိဳးသားကို စိတ္ပ်က္လာတတ္ပါတယ္။
၄. ေယာက်ာ္းက ဂရုမစိုက္ပဲ ပစ္ထားတာၾကာလာတဲ့အခါမ်ိဳးမွာလည္း အမ်ိဳးသမီးေတြဟာ ရင္းႏွီးတဲ့ တျခားေယာက်ာ္းတစ္ေယာက္ဆီက ေႏြးေထြးတဲ့ ၾကင္နာမႈေတြကို ယိမ္းယိုင္လာတတ္ျပီး လက္ရွိအမ်ိဳးသားကို စိတ္ကုန္လာကာ ကြာရွင္းဖို႔ ၾကိဳးစားလာၾကပါလိမ့္မယ္။
၅. ေန႔စဥ္အမွ် အိမ္ေဖာ္တစ္ေယာက္လို အိမ္မႈကိစၥေတြပဲျပဳလုပ္ေနရျပီး စိတ္ခ်မ္းသာေပ်ာ္ရႊင္မႈနဲ႔ေ၀းကြာေနတဲ့အမ်ိဳးသမီးေတြဟာလည္း ခင္ပြန္းနဲ႔ အိမ္ေထာင္ေရးဆိုတာကိုလွည့္မၾကည့္ခ်င္ေတ့ာဘဲ လက္ရွိဘ၀ကေနရုန္းထြက္ဖို႔ ၾကိဳးစားၾကပါလိမ့္မယ္။
၆. လိင္ကိစၥနဲ႔ပတ္သတ္ျပီး ေယာက်ား္ျဖစ္သူက အလြန္အမင္းေတာင္းဆိုလုိ႔ျဖစ္ေစ (သို႔) သာယာမႈမေပးႏိုင္လို႔ျဖစ္ေစ အမ်ိဳးသမီးတစ္ခ်ိဳ႔ဟာ ခင္ပြန္းသည္အေပၚ စိတ္ကုန္လာတတ္ပါတယ္။
၇. ေယာက်ာ္းျဖစ္သူက ၾကမ္းတမ္းရိုင္းစိုင္းျပီး ရိုက္ႏွက္မႈေတြျပဳလုပ္လာတဲ့အခါမွာလည္း အမ်ိဳးသမီးေတြဟာ ျပန္မၾကည့္ခ်င္ေလာက္ေအာင္ စိတ္ကုန္လာတတ္ျပီး အနားကထြက္ေျပးႏိုင္ဖို႔ နည္းလမ္းကိုသာ အျမဲရွာေနပါလိမ့္မယ္…။
Credit:Momolay
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
၁. ခင်ပွန်းဖြစ်သူဟာ မျက်စိ ဂဏာမငြိမ် မိန်းကလေးလှလှမြင်ရင် ကြာပစ်တတ်သူ ၊ အမြဲအပျော်အပါးလိုက်စားချင်ပြီး မိန်းမရှုပ်လာတဲ့ အခါမျိုးမှာ အမျိုးသမီးတွေဟာ ဘယ်လိုမှ ဘယ်လိုမှ သည်းခံနိုင်စွမ်းမရှိတော့ဘဲ ကွာရှင်းဖို့အထိ ဆုံးဖြတ်တတ်ကြပါတယ်။ အမျိုးသမီးတွေက အစားကိုပဲမျှဝေစားမယ့်သူတွေဖြစ်ပြီး အချစ်ကိုတော့မျှဝေမစားနိုင်တဲ့သူတွေ ဖြစ်တာကြောင့်ပါပဲ။။
၂. ငွေရေးကြေးရေးနဲ့ပတ်သတ်ပြီး ခင်ပွန်းဖြစ်သူက မိန်းမကို အပ်နှံခြင်းမျိုးမရှိရုံမက ဒီလောက်ပဲသုံး ဒီလောက်ပဲသုံးရမယ်ဆိုပြီး စည်းစနစ်တွေချလို့ နေရာတကာ လိုက်လံစီမံလာတဲ့အခါမှာလည်း အမျိုးသမီးတွေက သူတို့လုပ်ပိုင်ခွင့်ဆိုတာ မရှိတော့တာကြောင့် ခင်ပွန်းအပေါ် စိတ်ပျက်လာကြပါတယ်။
၃. အချိန်တိုင်း ယောက္ခမတွေ ယောင်းမတွေက လင်မယားကြားက ကိစ္စတိုင်းကို ဝင်ရောက် စွက်ဖက်တဲ့အခါမျိုး ၊ ယောကျာ်းဖြစ်သူကလည်း ဇနီးမယားထက် အမေ နဲ့ အမတွေကို ဦးစားပေးတာမျိုး စတဲ့အခြေအနေမျိုးတွေနဲ့ ရင်ဆိုင်လာရတဲ့ အမျိုးသမီးအများစုဟာလည်း အိမ်ထောင်ရေးကို စိတ်ကုန်လို့ ပြီး အမျိုးသားကို စိတ်ပျက်လာတတ်ပါတယ်။
၄. ယောကျာ်းက ဂရုမစိုက်ပဲ ပစ်ထားတာကြာလာတဲ့အခါမျိုးမှာလည်း အမျိုးသမီးတွေဟာ ရင်းနှီးတဲ့ တခြားယောကျာ်းတစ်ယောက်ဆီက နွေးထွေးတဲ့ ကြင်နာမှုတွေကို ယိမ်းယိုင်လာတတ်ပြီး လက်ရှိအမျိုးသားကို စိတ်ကုန်လာကာ ကွာရှင်းဖို့ ကြိုးစားလာကြပါလိမ့်မယ်။
၅. နေ့စဉ်အမျှ အိမ်ဖော်တစ်ယောက်လို အိမ်မှုကိစ္စတွေပဲပြုလုပ်နေရပြီး စိတ်ချမ်းသာပျော်ရွှင်မှုနဲ့ဝေးကွာနေတဲ့အမျိုးသမီးတွေဟာလည်း ခင်ပွန်းနဲ့ အိမ်ထောင်ရေးဆိုတာကိုလှည့်မကြည့်ချင်တေ့ာဘဲ လက်ရှိဘဝကနေရုန်းထွက်ဖို့ ကြိုးစားကြပါလိမ့်မယ်။
၆. လိင်ကိစ္စနဲ့ပတ်သတ်ပြီး ယောကျာ်းဖြစ်သူက အလွန်အမင်းတောင်းဆိုလို့ဖြစ်စေ (သို့) သာယာမှုမပေးနိုင်လို့ဖြစ်စေ အမျိုးသမီးတစ်ချို့ဟာ ခင်ပွန်းသည်အပေါ် စိတ်ကုန်လာတတ်ပါတယ်။
၇. ယောကျာ်းဖြစ်သူက ကြမ်းတမ်းရိုင်းစိုင်းပြီး ရိုက်နှက်မှုတွေပြုလုပ်လာတဲ့အခါမှာလည်း အမျိုးသမီးတွေဟာ ပြန်မကြည့်ချင်လောက်အောင် စိတ်ကုန်လာတတ်ပြီး အနားကထွက်ပြေးနိုင်ဖို့ နည်းလမ်းကိုသာ အမြဲရှာနေပါလိမ့်မယ်…။
Credit:Momolay
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...