iMyanmarHouse.com - Best Property Website for Myanmar
×

ဒီအမွားေလးေတြကို ျပင္မွ ဘရက္ရွ္နဲ႔ မိတ္ကပ္လိမ္းတဲ့အခါ သပ္သပ္ရပ္ရပ္ ညီညီညာညာနဲ႔ လွမွာေနာ္.. ဘရက္ရွ္ေတြကို မ်က္လံုး၊ ပါးရိုး၊ ပါးျပင္ေတြ လိမ္းျခယ္ရာမွာ အသံုးျပဳနည္း မွားေနမယ္ဆိုရင္ မိတ္ကပ္ကြက္တာေတြ၊ အေရာင္မညီတာေတြနဲ႔ ပ်က္လြယ္တာေတြ ျဖစ္ၿပီေလ။ ဒါေၾကာင့္မို႔ ဘရက္ရွ္ေလး သံုးၿပီး လိမ္းတဲ့ မမတို႔ ဒီအမွားေတြေတာ့ ျပင္ပါလို႔.. မွန္ကန္တဲ့ အသံုးျပဳနည္းေလးေတြ ဖတ္ၾကည့္ေပးေနာ္
Vyp28mkvroef8x1iy7az
မ်က္လံုးကာလာကို ဘရက္ရွ္သံုးၿပီး ျခယ္တယ္ဆိုရင္ ဘရက္ရွ္အလတ္ကို မသံုးရဘူးေန္ာ ဘရက္ရွ္ ခပ္ေသးေသးေလးနဲ႔ပဲ ဖြဖြေလး တို႔ရံု ထိရံု ဆြဲေပးပါ။ ဖိၿပီး လိမ္းမယ္ဆိုရင္ အေရာင္ျပန္႔တာေတြ ျဖစ္ႏိုင္ၿပီး ထူထူႀကီးနဲ႔ မလွႏိုင္ဘူးေနာ္..
Gzjhdsnoonjq6s6wntc1
Cream foundation ေတြကို လိမ္းတဲ့အခါမွာလည္း ဘရက္ရွ္ပြပြအႀကီးကို သံုးႏိုင္ေပမယ့္ အတင္းႀကီး ဖိၿပီး ပြတ္ဆြဲတာမ်ိဳး မလုပ္ပဲနဲ႔ သာသာေလးပဲ ဖိဆြဲတာေလး လုပ္ေပးဖို႔ လိုပါတယ္။ ဘရက္ရွ္ေလးနဲ႔ မိတ္ကပ္ကို ပါးနဲ႔ ေမးနားမွာ ေထာင့္ခၽြန္းပံုစံေလး လုပ္ၿပီးမွ ခပ္ဖြဖြေလး ဆြဲေပးပါ။ တစ္ေနရာတည္းမွာ မိတ္ကပ္ေတြ စုပံုၿပီး ဘရက္ရွ္နဲ႕ ဖိတာမ်ိဳး ေရွာင္ေပးပါ။
Mwatauixmodtjgjn6mdb
မိတ္ကပ္အေျခာက္လိမ္းၿပီးဆိုရင္လည္း တို႔ဖတ္ကို မသံုးပဲ ဘရက္ရွ္နဲ႔လိမ္းခ်င္တဲ့ မမေတြကေတာ့ ဘရက္ရွ္အေမႊးပြပြ ႀကီးႀကီးေလးကို သံုးပါ။ တစ္ေနရာတည္း တို႔ၿပီး စုပံုေအာင္ မလိမ္းနဲ႔ေနာ္။ ဘရက္ရွ္နဲ႔ မိတ္ကပ္ကိုတို႔လိုက္ ပါးတစ္ျပင္လံုး တို႔လိမ္းလိုက္ လုပ္ေပးပါ။ နဖူးဆုိလည္း အဲဒီလိုပဲ လုပ္ေပးေနာ္..

Ref: GLAMOUR
Credit:ၿဖိဳးျပည့္သူ(မိုမိုေလး)
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

 ဒီအမှားလေးတွေကို ပြင်မှ ဘရက်ရှ်နဲ့ မိတ်ကပ်လိမ်းတဲ့အခါ သပ်သပ်ရပ်ရပ် ညီညီညာညာနဲ့ လှမှာနော်.. ဘရက်ရှ်တွေကို မျက်လုံး၊ ပါးရိုး၊ ပါးပြင်တွေ လိမ်းခြယ်ရာမှာ အသုံးပြုနည်း မှားနေမယ်ဆိုရင် မိတ်ကပ်ကွက်တာတွေ၊ အရောင်မညီတာတွေနဲ့ ပျက်လွယ်တာတွေ ဖြစ်ပြီလေ။ ဒါကြောင့်မို့ ဘရက်ရှ်လေး သုံးပြီး လိမ်းတဲ့ မမတို့ ဒီအမှားတွေတော့ ပြင်ပါလို့.. မှန်ကန်တဲ့ အသုံးပြုနည်းလေးတွေ ဖတ်ကြည့်ပေးနော်

မျက်လုံးကာလာကို ဘရက်ရှ်သုံးပြီး ခြယ်တယ်ဆိုရင် ဘရက်ရှ်အလတ်ကို မသုံးရဘူးနေ်ာ ဘရက်ရှ် ခပ်သေးသေးလေးနဲ့ပဲ ဖွဖွလေး တို့ရုံ ထိရုံ ဆွဲပေးပါ။ ဖိပြီး လိမ်းမယ်ဆိုရင် အရောင်ပြန့်တာတွေ ဖြစ်နိုင်ပြီး ထူထူကြီးနဲ့ မလှနိုင်ဘူးနော်..

Cream foundation တွေကို လိမ်းတဲ့အခါမှာလည်း ဘရက်ရှ်ပွပွအကြီးကို သုံးနိုင်ပေမယ့် အတင်းကြီး ဖိပြီး ပွတ်ဆွဲတာမျိုး မလုပ်ပဲနဲ့ သာသာလေးပဲ ဖိဆွဲတာလေး လုပ်ပေးဖို့ လိုပါတယ်။ ဘရက်ရှ်လေးနဲ့ မိတ်ကပ်ကို ပါးနဲ့ မေးနားမှာ ထောင့်ချွန်းပုံစံလေး လုပ်ပြီးမှ ခပ်ဖွဖွလေး ဆွဲပေးပါ။ တစ်နေရာတည်းမှာ မိတ်ကပ်တွေ စုပုံပြီး ဘရက်ရှ်နဲ့ ဖိတာမျိုး ရှောင်ပေးပါ။

မိတ်ကပ်အခြောက်လိမ်းပြီးဆိုရင်လည်း တို့ဖတ်ကို မသုံးပဲ ဘရက်ရှ်နဲ့လိမ်းချင်တဲ့ မမတွေကတော့ ဘရက်ရှ်အမွှေးပွပွ ကြီးကြီးလေးကို သုံးပါ။ တစ်နေရာတည်း တို့ပြီး စုပုံအောင် မလိမ်းနဲ့နော်။ ဘရက်ရှ်နဲ့ မိတ်ကပ်ကိုတို့လိုက် ပါးတစ်ပြင်လုံး တို့လိမ်းလိုက် လုပ်ပေးပါ။ နဖူးဆိုလည်း အဲဒီလိုပဲ လုပ်ပေးနော်..

Ref: GLAMOUR
Credit:ဖြိုးပြည့်သူ(မိုမိုလေး)
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top