iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးအမ်ားစုက စကားအေျပာအဆိုနဲ႔ပတ္သက္ရင္ အမွားအယြင္းကိုသည္းမခံႏိုင္ၾကပါဘူး။အထူး သျဖင့္ေယာက္်ားေလးေတြအေနနဲ႔ မိန္းကေလးေတြကို ဘယ္လိုစကားေတြမေျပာသင့္ဘူးလဲဆိုတာသိထားဖို႔လိုပါ တယ္။ အဲဒီလိုမဟုတ္ဘဲ သင့္ခ်စ္သူ၊အိမ္ေထာင္ဖက္ကို မေျပာသင့္တာေတြသြားေျပာမိရင္အဲဒီေန႔ကေတာ့သင့္အတြက္ကံ မေကာင္းတဲ့ေန႔ပဲ။ဒါေၾကာင့္ မိန္းကေလးေတြကိုဘယ္လိုစကားေတြမေျပာသင့္ဘူးလဲဆိုတာနဲ႔ပတ္သက္ၿပီးShwemom ကေန စုစည္းေဖာ္ျပေပးလိုက္ပါတယ္။

(၁)ဆဲေရးတိုင္းထြာျခင္း


မိန္းကေလးေတြက ႏူးႏူးညံ့ညံ့ဆက္ဆံေျပာဆိုတာကိုသေဘာက်တတ္ပါတယ္။သူတို႔အေပၚဆိုးေနရင္ေတာင္ ေကာင္းေကာင္းမြန္မြန္အက်ိဳးအေၾကာင္းရွင္းျပရင္လက္ခံႏိုင္တဲ့သူေတြပါ။ဒါေပမယ့္သင့္အေနနဲ႔သူတို႔ကိုစိတ္မရွည္သလို ျမည္တြန္ေတာက္တီးတာမ်ိဳး၊စကားလံုးၾကမ္းၾကမ္း တမ္းတမ္းသံုးၿပီးေျပာဆိုတာမ်ိဳးလုပ္မိရင္ေတာ့သင္ကသူတို႔အတြက္ကမာၻ႕ ရန္သူျဖစ္သြားပါလိမ့္မယ္။
(၂)ရည္းစားေဟာင္းအေၾကာင္းေျပာျခင္း

ဒီအေၾကာင္းအရာကလည္း သူတို႔နဲ႔ေဆြးေႏြးတဲ့ေခါင္းစဥ္တစ္ခုပါပဲ။တခါတေလသူတို႔ကိုယ္တိုင္ေက်ေက်နပ္နပ္နဲ႔ ေမး လို႔ေျပာျပၿပီးခါမွ သ၀န္တိုၿပီးရန္ရွာတာမ်ိဳးလည္းခံရျပန္ပါတယ္။သင့္အေနနဲ႔လည္းသူမကိုတစ္ဘ၀လံုးစာအတြက္ရည္ ရြယ္ၿပီးမွေတာ့ ရည္းစားေဟာင္းနဲ႔ပတ္သက္တာမွန္သမွ် သင္ပုန္းေခ်လိုက္တာအေကာင္းဆံုးပါပဲ။
(၃)တျခားတစ္ေယာက္ကိုခ်ီးမႊမ္းျခင္း

မိန္းကေလးေတြက သ၀န္တိုတတ္တဲ့အမ်ိဳးဆိုတာထပ္ေျပာစရာလိုမယ္မထင္ေတာ့ပါဘူး။ခ်ီးမႊမ္းျခင္း၊ခ်ီးက်ဴးျခင္းအလုပ္က တကယ္ေတာ့ေကာင္းမြန္တဲ့အလုပ္ပါ။ဒါေပမယ့္ သူမေရွ႕မွာ တျခားမိန္းကေလးတစ္ေယာက္ကိုအမႊမ္းတင္တာ မ်ိဳးကို ေတာ့မလုပ္မိေအာင္သတိထားသင့္ပါတယ္။၀ဖန္အႀကံျပဳႏိုင္တယ္ဒါေပမယ့္သ၀န္တိုတတ္တဲ့သင့္ခ်စ္သူစိတ္ဆင္းရဲေအာင္ေတာ့ မလုပ္တာအေကာင္းဆံုးပါပဲ။
(၄)ေအးေဆးပါ

ကိစၥတစ္ခုခုဆို ေယာက္်ားေလးေတြ ေအးေဆးသေလာက္၊မိန္းကေလးေတြကေတာ့ ပ်ာယာခတ္ၿပီးပူပန္တတ္ၾကပါတယ္။ ဒါကလည္း အရာရာကိုအေလးအနက္ထားလြန္းတဲ့သူတို႔ရဲ႕အားနည္းခ်က္ေၾကာင့္လည္းျဖစ္ႏိုင္ပါတယ္။ တခါတေလသူ စိတ္သက္သာရာရပါေစဆိုၿပီး ေအးေဆးပါ၊ ဒါေတြၿပီးသြားမွာပါလို႔ေျပရာေျပေၾကာင္းေျပာမိလို႔ ေပါက္ကြဲေတာ့မယ့္ဗံုးကို စနက္တံျဖဳတ္လိုက္မိသလိုျဖစ္သြားတတ္တာမ်ိဳး ေယာက္်ားေလးေတြႀကံဳဖူးၾကမွာပါ။ဒါေၾကာင့္သတိထားသင့္ပါတယ္။

(၅)လစဥ္သူ႔ရဲ႕ ရက္ေတြမွာ ဂရုစိုက္ပါ
ဒီအခ်က္ကေတာ့ ေယာက္်ားေလးေတြသေဘာထားႀကီးႀကီးနဲ႔ နားလည္ျဖည့္ဆည္းေပးရမယ့္အခ်က္ပါပဲ။မိန္းကေလးေတြ ရဲ႕လစဥ္ရက္ေတြရွိပါတယ္။အဲဒီရက္ေတြမွာ သူတို႔ရဲ႕ေဟာ္မုန္းအေျပာင္းအလဲ၊ခံစားရတဲ့က်န္းမာေရး အဆင္မေျပ မႈေတြေၾကာင့္သူတို႔ရဲ႕ စိတ္အေျခအေနကထိရွလြယ္အေျခအေနျဖစ္ေနတတ္ပါတယ္။ဒီလိုအခ်ိန္ေတြမွာသင့္ဘက္က အတတ္ႏိုင္ဆံုး ခြင့္လႊတ္နားလည္ေပးသင့္ပါတယ္။

Credit:ျခဴးသစ္ႏြယ္@ChoChoThan(Shwemom)
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
မိန်းကလေးအများစုက စကားအပြောအဆိုနဲ့ပတ်သက်ရင် အမှားအယွင်းကိုသည်းမခံနိုင်ကြပါဘူး။အထူး သဖြင့်ယောက်ျားလေးတွေအနေနဲ့ မိန်းကလေးတွေကို ဘယ်လိုစကားတွေမပြောသင့်ဘူးလဲဆိုတာသိထားဖို့လိုပါ တယ်။ အဲဒီလိုမဟုတ်ဘဲ သင့်ချစ်သူ၊အိမ်ထောင်ဖက်ကို မပြောသင့်တာတွေသွားပြောမိရင်အဲဒီနေ့ကတော့သင့်အတွက်ကံ မကောင်းတဲ့နေ့ပဲ။ဒါကြောင့် မိန်းကလေးတွေကိုဘယ်လိုစကားတွေမပြောသင့်ဘူးလဲဆိုတာနဲ့ပတ်သက်ပြီးShwemom ကနေ စုစည်းဖော်ပြပေးလိုက်ပါတယ်။

(၁)ဆဲရေးတိုင်းထွာခြင်း


မိန်းကလေးတွေက နူးနူးညံ့ညံ့ဆက်ဆံပြောဆိုတာကိုသဘောကျတတ်ပါတယ်။သူတို့အပေါ်ဆိုးနေရင်တောင် ကောင်းကောင်းမွန်မွန်အကျိုးအကြောင်းရှင်းပြရင်လက်ခံနိုင်တဲ့သူတွေပါ။ဒါပေမယ့်သင့်အနေနဲ့သူတို့ကိုစိတ်မရှည်သလို မြည်တွန်တောက်တီးတာမျိုး၊စကားလုံးကြမ်းကြမ်း တမ်းတမ်းသုံးပြီးပြောဆိုတာမျိုးလုပ်မိရင်တော့သင်ကသူတို့အတွက်ကမ္ဘာ့ ရန်သူဖြစ်သွားပါလိမ့်မယ်။
(၂)ရည်းစားဟောင်းအကြောင်းပြောခြင်း

ဒီအကြောင်းအရာကလည်း သူတို့နဲ့ဆွေးနွေးတဲ့ခေါင်းစဉ်တစ်ခုပါပဲ။တခါတလေသူတို့ကိုယ်တိုင်ကျေကျေနပ်နပ်နဲ့ မေး လို့ပြောပြပြီးခါမှ သဝန်တိုပြီးရန်ရှာတာမျိုးလည်းခံရပြန်ပါတယ်။သင့်အနေနဲ့လည်းသူမကိုတစ်ဘဝလုံးစာအတွက်ရည် ရွယ်ပြီးမှတော့ ရည်းစားဟောင်းနဲ့ပတ်သက်တာမှန်သမျှ သင်ပုန်းချေလိုက်တာအကောင်းဆုံးပါပဲ။
(၃)တခြားတစ်ယောက်ကိုချီးမွှမ်းခြင်း

မိန်းကလေးတွေက သဝန်တိုတတ်တဲ့အမျိုးဆိုတာထပ်ပြောစရာလိုမယ်မထင်တော့ပါဘူး။ချီးမွှမ်းခြင်း၊ချီးကျူးခြင်းအလုပ်က တကယ်တော့ကောင်းမွန်တဲ့အလုပ်ပါ။ဒါပေမယ့် သူမရှေ့မှာ တခြားမိန်းကလေးတစ်ယောက်ကိုအမွှမ်းတင်တာ မျိုးကို တော့မလုပ်မိအောင်သတိထားသင့်ပါတယ်။ဝဖန်အကြံပြုနိုင်တယ်ဒါပေမယ့်သဝန်တိုတတ်တဲ့သင့်ချစ်သူစိတ်ဆင်းရဲအောင်တော့ မလုပ်တာအကောင်းဆုံးပါပဲ။
(၄)အေးဆေးပါ

ကိစ္စတစ်ခုခုဆို ယောက်ျားလေးတွေ အေးဆေးသလောက်၊မိန်းကလေးတွေကတော့ ပျာယာခတ်ပြီးပူပန်တတ်ကြပါတယ်။ ဒါကလည်း အရာရာကိုအလေးအနက်ထားလွန်းတဲ့သူတို့ရဲ့အားနည်းချက်ကြောင့်လည်းဖြစ်နိုင်ပါတယ်။ တခါတလေသူ စိတ်သက်သာရာရပါစေဆိုပြီး အေးဆေးပါ၊ ဒါတွေပြီးသွားမှာပါလို့ပြေရာပြေကြောင်းပြောမိလို့ ပေါက်ကွဲတော့မယ့်ဗုံးကို စနက်တံဖြုတ်လိုက်မိသလိုဖြစ်သွားတတ်တာမျိုး ယောက်ျားလေးတွေကြုံဖူးကြမှာပါ။ဒါကြောင့်သတိထားသင့်ပါတယ်။

(၅)လစဉ်သူ့ရဲ့ ရက်တွေမှာ ဂရုစိုက်ပါ
ဒီအချက်ကတော့ ယောက်ျားလေးတွေသဘောထားကြီးကြီးနဲ့ နားလည်ဖြည့်ဆည်းပေးရမယ့်အချက်ပါပဲ။မိန်းကလေးတွေ ရဲ့လစဉ်ရက်တွေရှိပါတယ်။အဲဒီရက်တွေမှာ သူတို့ရဲ့ဟော်မုန်းအပြောင်းအလဲ၊ခံစားရတဲ့ကျန်းမာရေး အဆင်မပြေ မှုတွေကြောင့်သူတို့ရဲ့ စိတ်အခြေအနေကထိရှလွယ်အခြေအနေဖြစ်နေတတ်ပါတယ်။ဒီလိုအချိန်တွေမှာသင့်ဘက်က အတတ်နိုင်ဆုံး ခွင့်လွှတ်နားလည်ပေးသင့်ပါတယ်။

Credit:ခြူးသစ်နွယ်@ChoChoThan(Shwemom)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top