iMyanmarHouse.com - Best Property Website for Myanmar
×

က်န္းမာစြာေနထိုင္ျခင္း

လက္ေတြ႕အက်ဆံုးအခ်က္ကိုေျပာပါဆိုရင္ လူတေယာက္မွာ က်န္းက်န္းမာမာေနထိုင္ျခင္းဟာ ေကာင္းမြန္တဲ့ လိုအပ္တဲ့အခ်က္တစ္ခုျဖစ္ပါတယ္ ။ ကိုယ္၀န္ရေစဖို႕အတြက္ က်န္းမာစြာေနထိုင္တာကလဲ အေရးအၾကီးဆံုးလုပ္ေဆာင္ခ်က္ပါ ။ ကိုယ္ခႏၶာထဲမွာကိုယ့္ရဲ႕မ်ိဳးေအာင္ဖို႕အတြက္ သန္႔ရွင္းလတ္ဆတ္တဲ့ အစားအစာမ်ား ၊ ဟင္းသီးဟင္းရြက္မ်ား ၊ အသီးအႏွံမ်ားကိုအာဟာရစံုလင္စြာ ဗီတာမင္ဓါတ္ေတြစံုလင္ေနေအာင္ စားေသာက္ေပးဖို႕လိုပါတယ္။ အေရာင္စံုလင္စြာပါ၀င္တဲ့ဟင္းသီးဟင္းရြက္မ်ားျဖစ္ ၊ ဇင့္(zinc)ဓါတ္ၾကြယ္၀တဲ့အစားအစာမ်ား ၊ ေဖာ္လစ္(folic)ဓါတ္ၾကြယ္၀တဲ့အစားအစာမ်ားကို ေန႕စဥ္ပါ၀င္ေအာင္ စားသံုးေပးတာဟာကိုယ္၀န္ရေစဖို႕အေထာက္အကူျဖစ္ေစပါတယ္ ။

 သင့္ေတာ္တဲ့ကိုယ္အေလးခ်ိန္ရွိုျခင္း

ကိုယ္၀န္ေဆာင္ဖို႕အတြက္ ကိုယ့္မွာသင့္ေတာ္တဲ့ကိုယ္အေလးခ်ိန္ရွိဖို႕ လိုအပ္ပါတယ္ ။ အရမ္း၀တာ ၊ အရမ္းပိန္လြန္းတာေတြက ကေလးရႏိုင္မွု႕ကို ေလ်ာ့နည္းေစပါတယ္ ။ ဒါေၾကာင့္ ကိုယ္၀န္စေဆာင္မယ္လို႕ဆံုးျဖတ္ထားတယ္ဆိုရင္ အရင္ဆံုးသင့္ေတာ္တဲ့ကိုယ္အေလးခ်ိန္အရင္ဆံုး ရရွိေအာင္တည္ေဆာက္ထားပါ ။ ဒါဟာ ကိုယ္၀န္ေဆာင္မယ့္မိခင္ေလာင္း နဲ႔ အမ်ိဳးသားပါ လိုက္နာက်င့္သံုးရပါမယ္ ။

အရက္ နဲ႔ ေဆးလိပ္ျဖတ္ပါ

ဒါကေတာ့ အေျခခံအက်ဆံုးအခ်က္တစ္ခ်က္ပါ ။ ကိုယ္ခႏၵာမွာ ဆိုးက်ိဳးမ်ားျဖစ္ေပၚေစတဲ့အျပင္ အဆိပ္အေတာက္မ်ားက်န္ရစ္ေစတဲ့အတြက္ အရက္ နဲ႔ ေဆးလိပ္ကို ျဖတ္ကိုျဖတ္ရပါမယ္ ။ အမ်ိဳးသမီးပါ ေသာက္သံုးတတ္တယ္ဆိုရင္ အမ်ိဳးသားေရာ အမ်ိဳးသမီးပါ ျဖတ္ရပါမယ္ ။ အရက္နဲ႔ေဆးလိပ္မ်ားက မ်ိဳးေအာင္ႏိုင္စြမ္းကို ေလွ်ာ့နည္းေစလို႕ပဲျဖစ္ပါတယ္ ။

 ကယ္ဖင္းဓါတ္ ( Caffeine )

ကယ္ဖင္းဓါတ္ကအမ်ိဳးသမီးမ်ားရဲ႕ မ်ိဳးဆက္ပြားျခင္းကို ဘယ္လိုမွအေထာက္အကူမျပဳႏိုင္ပါဘူး ။ ကယ္ဖင္းဓါတ္မ်ားေသာအစားအစာမ်ားျဖစ္တဲ့ ေကာ္ဖီ ၊ ေခ်ာကလက္ စတာေတြကိုစားသံုးျခင္းကိုေလ်ာ့က်သင့္ပါတယ္ ။

 ပံုမွန္လိင္ဆက္ဆံျခင္း

 လိင္ဆက္ဆံျခင္းကိုပံုမွန္တစ္ပတ္ကို ႏွစ္ၾကိမ္ ၊ သံုးၾကိိမ္ အပတ္စဥ္တိုင္းျပဳလုပ္ေပးျခင္းျဖင့္ကိုယ္၀န္ေဆာင္ႏိုင္ဖို႕ အခြင့္အလမ္းပိုမ်ားေစတယ္လို႕ ဆိုပါတယ္ ။အမိ်ဳးသမီးမ်ားအေနနဲ႔ ဆက္ဆံျပီးခ်ိန္တိုင္း ခ်က္ခ်င္းထျပီးေရခ်ိဳးျခင္းထက္ ဆယ္မိနစ္ ဆယ့္ငါးမိနစ္ခန္႕ အိပ္ယာထက္မွာ လဲေလွာင္းေနျပီး ခါးအေပၚပိုင္းျမင့္တဲ့အေနအထားေရာက္ေအာင္ တင္ပါးေအာက္မွာေခါင္းအံုးနဲ႔ခံထားေပးပါ ။ ဒါမွ က်န္းမာတဲ့ သုတ္ပိုးျခင္းအလြယ္တကူလ်င္ျမန္စြာေပါင္းစပ္ေစတယ္လို႕ဆိုပါတယ္ ။

 ရာသီစက္ဝန္းကို နားလည္သိရွိျခင္း

အမ်ိဳးသမီးမ်ားအေနနဲ႕ ပံုမွန္ (၂၈) ရက္ ၊ ရာသီစက္၀န္းအတြက္ ရာသီေပၚခ်ိန္အစရက္မွ ေနာက္ႏွစ္ပတ္အတြင္းမ်ိဳးဥေၾကြေလ့ရွိပါတယ္ ။ ထိုရက္အတြင္း လိင္ဆက္ဆံမယ္ဆို ကိုယ္၀န္ရေစဖို႕အေကာင္းဆံုးကာလပါ ။အမ်ိဳးသားသုတ္ပိုးက အမ်ိဳးသမီးကိုယ္တြင္းမွာခုႏွစ္ရက္ေလာက္ အသက္ရွင္ႏိုင္ေပမယ့္ အမ်ိဳးသမီးမ်ိဳးဥမ်ားကေတာ့ (၁၂)နာရီ မွ ( ၂၄ ) နာရီအတြင္းသာ အသက္ရွင္ႏိုင္စြမ္းရွိတယ္လို႕ဆိုပါတယ္ ။ ဒါေၾကာင့္ကိုယ့္ရာသီစက္၀န္းကို ေကာင္းစြာနားလည္ထားတာက ကိုယ္၀န္ေဆာင္ဖို႕ၾကိဳးစားရာမွာအေရးၾကီးပါတယ္ ။

ဆရာ၀န္မ်ားနဲ႔ေတြ႕ဆံုေမးျမန္းတိုင္ပင္ပါ

ျမန္မာႏိုင္ငံမွာ လူအမ်ားစုကကိုယ္၀န္ေဆာင္ႏိုင္ဖို႕ ဆရာ၀န္မ်ားနဲ႔ သြားေရာက္တိုင္ပင္ေဆြးေႏြးတာအရမ္းနည္းေနပါေသးတယ္ ။ နီးစပ္ရာတျခားသူမ်ားကညႊန္းတဲ့ ေဆးမ်ားေသာက္တာ ၊ ကုသတာေတြကမလိုလားအပ္သလို ကိုယ္၀န္ေဆာင္ႏိုင္ဖုိ႔လည္း အခ်ိန္ပိုၾကာေစႏုိင္ပါတယ္ ။ ဒါေၾကာင့္ တတ္ကၽႊမ္းတဲ့ကေလးအထူးကုမ်ားနဲ႔ျပသျပီး အခက္အခဲေတြကို ပြင့္ပြင့္လင္းလင္း ေဆြးေႏြးေျပာဆိုတိုင္ပင္ပါ  ။

စိတ္ဖိစီးမွု႕မ်ားကို အတတ္ႏိုင္ဆံုးေလွ်ာ့ခ်ေပးပါ

 ကိုယ္၀န္ေဆာင္ႏိုင္ဖို႕ ၊ ကိုယ္၀န္ရရွိဖို႕နဲ႔ပတ္သက္ျပီး စိတ္ပင္ပန္းရတယ္ဆိုတာ ျဖစ္္တတ္တဲ့သဘာ၀ပါ ။ဒါေပမယ့္မလိုလားအပ္တဲ့ စိတ္ဖိစီးမွု႕ေတြက ကိုယ္၀န္ေဆာင္ႏိုင္ဖို႕အေရးမွာလည္း အဟန္႕အတားျဖစ္ေစတယ္ဆိုတာ နားလည္လက္ခံထားဖို႕လိုအပ္ပါတယ္ေနာ္ ။ မလိုအားတဲ့စိတ္ဖိစီးမွု႕မ်ားကိုေလ်ာ့နည္းေအာင္ ေလ့က်င့္ခန္းမ်ား ၊ တရားထိုင္ျခင္းမ်ားျပဳလုပ္ေပးျခင္းမ်ားနဲ႔ ေျဖေဖ်ာက္ပါ ။

အခ်ိန္ယူပါ

ကိုယ္တိုင္ကကိုယ္၀န္ရႏိုင္ဖို႕မလြယ္ကူေသးဘူးဆိုရင္ အေလာတၾကီး ခ်က္ခ်င္းျဖစ္လာဖို႕အရမ္းေမွ်ာ္လင့္ခ်က္မထားေစခ်င္ပါဘူး ။ တခါတေလမွာကေလးဆိုတာ ကံတရားနဲ႔လဲသက္ဆိုင္ပါေသးတယ္ ။ ဒါေၾကာင့္ ကိုယ္၀န္ေဆာင္ႏိုင္ဖို႕ လံုေလာက္တဲ့အခ်ိန္ယူပါ ။

ဆရာ၀န္မ်ားနဲ႔အဆင္သင့္တိုင္းျပသပါ ။ အစားအေသာက္ ၊ အေနအထိုင္မ်ားကိုျပဳျပင္ေျပာင္းလဲျပီး က်န္းမာေအာင္ေနထိုင္ပါ ။ အမ်ိဳးသားေကာ အမ်ိဳးသမီးပါအေကာင္းဆံုးေနထိုင္ေျပာင္းလဲမယ္ဆိုရင္ ကိုယ္၀န္ေဆာင္ႏိုင္မယ့္အခြင့္အလမ္းမ်ား ေပၚေပါက္လာႏိုင္ပါတယ္ ။ မိခင္ေလာင္းမ်ားဘ၀ကို အျမန္ဆံုးပိုင္ဆိုင္ႏိုင္မယ္လို႔လဲယံုၾကည္ခ်က္ထားပါ ။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ကျန်းမာစွာနေထိုင်ခြင်း

လက်တွေ့အကျဆုံးအချက်ကိုပြောပါဆိုရင် လူတယောက်မှာ ကျန်းကျန်းမာမာနေထိုင်ခြင်းဟာ ကောင်းမွန်တဲ့ လိုအပ်တဲ့အချက်တစ်ခုဖြစ်ပါတယ် ။ ကိုယ်ဝန်ရစေဖို့အတွက် ကျန်းမာစွာနေထိုင်တာကလဲ အရေးအကြီးဆုံးလုပ်ဆောင်ချက်ပါ ။ ကိုယ်ခန္ဓာထဲမှာကိုယ့်ရဲ့မျိုးအောင်ဖို့အတွက် သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာများ ၊ ဟင်းသီးဟင်းရွက်များ ၊ အသီးအနှံများကိုအာဟာရစုံလင်စွာ ဗီတာမင်ဓါတ်တွေစုံလင်နေအောင် စားသောက်ပေးဖို့လိုပါတယ်။ အရောင်စုံလင်စွာပါဝင်တဲ့ဟင်းသီးဟင်းရွက်များဖြစ် ၊ ဇင့်(zinc)ဓါတ်ကြွယ်ဝတဲ့အစားအစာများ ၊ ဖော်လစ်(folic)ဓါတ်ကြွယ်ဝတဲ့အစားအစာများကို နေ့စဉ်ပါဝင်အောင် စားသုံးပေးတာဟာကိုယ်ဝန်ရစေဖို့အထောက်အကူဖြစ်စေပါတယ် ။

 သင့်တော်တဲ့ကိုယ်အလေးချိန်ရှိုခြင်း

ကိုယ်ဝန်ဆောင်ဖို့အတွက် ကိုယ့်မှာသင့်တော်တဲ့ကိုယ်အလေးချိန်ရှိဖို့ လိုအပ်ပါတယ် ။ အရမ်းဝတာ ၊ အရမ်းပိန်လွန်းတာတွေက ကလေးရနိုင်မှု့ကို လျော့နည်းစေပါတယ် ။ ဒါကြောင့် ကိုယ်ဝန်စဆောင်မယ်လို့ဆုံးဖြတ်ထားတယ်ဆိုရင် အရင်ဆုံးသင့်တော်တဲ့ကိုယ်အလေးချိန်အရင်ဆုံး ရရှိအောင်တည်ဆောက်ထားပါ ။ ဒါဟာ ကိုယ်ဝန်ဆောင်မယ့်မိခင်လောင်း နဲ့ အမျိုးသားပါ လိုက်နာကျင့်သုံးရပါမယ် ။

အရက် နဲ့ ဆေးလိပ်ဖြတ်ပါ

ဒါကတော့ အခြေခံအကျဆုံးအချက်တစ်ချက်ပါ ။ ကိုယ်ခန္ဒာမှာ ဆိုးကျိုးများဖြစ်ပေါ်စေတဲ့အပြင် အဆိပ်အတောက်များကျန်ရစ်စေတဲ့အတွက် အရက် နဲ့ ဆေးလိပ်ကို ဖြတ်ကိုဖြတ်ရပါမယ် ။ အမျိုးသမီးပါ သောက်သုံးတတ်တယ်ဆိုရင် အမျိုးသားရော အမျိုးသမီးပါ ဖြတ်ရပါမယ် ။ အရက်နဲ့ဆေးလိပ်များက မျိုးအောင်နိုင်စွမ်းကို လျှော့နည်းစေလို့ပဲဖြစ်ပါတယ် ။

 ကယ်ဖင်းဓါတ် ( Caffeine )

ကယ်ဖင်းဓါတ်ကအမျိုးသမီးများရဲ့ မျိုးဆက်ပွားခြင်းကို ဘယ်လိုမှအထောက်အကူမပြုနိုင်ပါဘူး ။ ကယ်ဖင်းဓါတ်များသောအစားအစာများဖြစ်တဲ့ ကော်ဖီ ၊ ချောကလက် စတာတွေကိုစားသုံးခြင်းကိုလျော့ကျသင့်ပါတယ် ။

 ပုံမှန်လိင်ဆက်ဆံခြင်း

 လိင်ဆက်ဆံခြင်းကိုပုံမှန်တစ်ပတ်ကို နှစ်ကြိမ် ၊ သုံးကြိမ် အပတ်စဉ်တိုင်းပြုလုပ်ပေးခြင်းဖြင့်ကိုယ်ဝန်ဆောင်နိုင်ဖို့ အခွင့်အလမ်းပိုများစေတယ်လို့ ဆိုပါတယ် ။အမျိုးသမီးများအနေနဲ့ ဆက်ဆံပြီးချိန်တိုင်း ချက်ချင်းထပြီးရေချိုးခြင်းထက် ဆယ်မိနစ် ဆယ့်ငါးမိနစ်ခန့် အိပ်ယာထက်မှာ လဲလှောင်းနေပြီး ခါးအပေါ်ပိုင်းမြင့်တဲ့အနေအထားရောက်အောင် တင်ပါးအောက်မှာခေါင်းအုံးနဲ့ခံထားပေးပါ ။ ဒါမှ ကျန်းမာတဲ့ သုတ်ပိုးခြင်းအလွယ်တကူလျင်မြန်စွာပေါင်းစပ်စေတယ်လို့ဆိုပါတယ် ။

 ရာသီစက်ဝန်းကို နားလည်သိရှိခြင်း

အမျိုးသမီးများအနေနဲ့ ပုံမှန် (၂၈) ရက် ၊ ရာသီစက်ဝန်းအတွက် ရာသီပေါ်ချိန်အစရက်မှ နောက်နှစ်ပတ်အတွင်းမျိုးဥကြွေလေ့ရှိပါတယ် ။ ထိုရက်အတွင်း လိင်ဆက်ဆံမယ်ဆို ကိုယ်ဝန်ရစေဖို့အကောင်းဆုံးကာလပါ ။အမျိုးသားသုတ်ပိုးက အမျိုးသမီးကိုယ်တွင်းမှာခုနှစ်ရက်လောက် အသက်ရှင်နိုင်ပေမယ့် အမျိုးသမီးမျိုးဥများကတော့ (၁၂)နာရီ မှ ( ၂၄ ) နာရီအတွင်းသာ အသက်ရှင်နိုင်စွမ်းရှိတယ်လို့ဆိုပါတယ် ။ ဒါကြောင့်ကိုယ့်ရာသီစက်ဝန်းကို ကောင်းစွာနားလည်ထားတာက ကိုယ်ဝန်ဆောင်ဖို့ကြိုးစားရာမှာအရေးကြီးပါတယ် ။

ဆရာဝန်များနဲ့တွေ့ဆုံမေးမြန်းတိုင်ပင်ပါ

မြန်မာနိုင်ငံမှာ လူအများစုကကိုယ်ဝန်ဆောင်နိုင်ဖို့ ဆရာဝန်များနဲ့ သွားရောက်တိုင်ပင်ဆွေးနွေးတာအရမ်းနည်းနေပါသေးတယ် ။ နီးစပ်ရာတခြားသူများကညွှန်းတဲ့ ဆေးများသောက်တာ ၊ ကုသတာတွေကမလိုလားအပ်သလို ကိုယ်ဝန်ဆောင်နိုင်ဖို့လည်း အချိန်ပိုကြာစေနိုင်ပါတယ် ။ ဒါကြောင့် တတ်ကျွှမ်းတဲ့ကလေးအထူးကုများနဲ့ပြသပြီး အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြောဆိုတိုင်ပင်ပါ  ။

စိတ်ဖိစီးမှု့များကို အတတ်နိုင်ဆုံးလျှော့ချပေးပါ

 ကိုယ်ဝန်ဆောင်နိုင်ဖို့ ၊ ကိုယ်ဝန်ရရှိဖို့နဲ့ပတ်သက်ပြီး စိတ်ပင်ပန်းရတယ်ဆိုတာ ဖြစ်တတ်တဲ့သဘာဝပါ ။ဒါပေမယ့်မလိုလားအပ်တဲ့ စိတ်ဖိစီးမှု့တွေက ကိုယ်ဝန်ဆောင်နိုင်ဖို့အရေးမှာလည်း အဟန့်အတားဖြစ်စေတယ်ဆိုတာ နားလည်လက်ခံထားဖို့လိုအပ်ပါတယ်နော် ။ မလိုအားတဲ့စိတ်ဖိစီးမှု့များကိုလျော့နည်းအောင် လေ့ကျင့်ခန်းများ ၊ တရားထိုင်ခြင်းများပြုလုပ်ပေးခြင်းများနဲ့ ဖြေဖျောက်ပါ ။

အချိန်ယူပါ

ကိုယ်တိုင်ကကိုယ်ဝန်ရနိုင်ဖို့မလွယ်ကူသေးဘူးဆိုရင် အလောတကြီး ချက်ချင်းဖြစ်လာဖို့အရမ်းမျှော်လင့်ချက်မထားစေချင်ပါဘူး ။ တခါတလေမှာကလေးဆိုတာ ကံတရားနဲ့လဲသက်ဆိုင်ပါသေးတယ် ။ ဒါကြောင့် ကိုယ်ဝန်ဆောင်နိုင်ဖို့ လုံလောက်တဲ့အချိန်ယူပါ ။

ဆရာဝန်များနဲ့အဆင်သင့်တိုင်းပြသပါ ။ အစားအသောက် ၊ အနေအထိုင်များကိုပြုပြင်ပြောင်းလဲပြီး ကျန်းမာအောင်နေထိုင်ပါ ။ အမျိုးသားကော အမျိုးသမီးပါအကောင်းဆုံးနေထိုင်ပြောင်းလဲမယ်ဆိုရင် ကိုယ်ဝန်ဆောင်နိုင်မယ့်အခွင့်အလမ်းများ ပေါ်ပေါက်လာနိုင်ပါတယ် ။ မိခင်လောင်းများဘဝကို အမြန်ဆုံးပိုင်ဆိုင်နိုင်မယ်လို့လဲယုံကြည်ချက်ထားပါ ။

Credit:Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top