အဲ့ဒီလိုမဟုတ္ပဲ ႏွစ္ဦးၾကား နာက်င္စရာေတြသာ မ်ားၿပီးရင္းမ်ားလာတာမ်ိဳး၊ ေရွ႕ဆက္ဖုိ႔ေတာင္ ျဖစ္ႏိုင္ပါေတာ့မလားဆုိၿပီး ေတြးေတာလာရၿပီဆုိရင္ေတာ့ ပထမဆံုးအေနနဲ႔ ကိုယ့္ရဲ႕ဆက္ဆံေရးအေျခအေနကို ျပန္သံုးသပ္ဖုိ႔ လိုလာပါၿပီ။
ဘယ္ေနရာမွာ ဘယ္လိုေလး ေနလိုက္မယ္၊ ကိုယ့္အက်င့္ကို ဘယ္လိုျပင္လိုက္မယ္၊ ႏွစ္ဦးသားဆက္ဆံေရးပိုမုိေကာင္းမြန္လာေအာင္ ဘယ္လိုအခ်က္ေလးေတြ က်င့္သံုးမယ္ဆုိၿပီး ေတြးေတာလိုက္ၿပီဆုိရင္ေတာ့ သင့္ဆက္ဆံေရး ေကာင္းမြန္လာေအာင္ ခုလိုအၾကံေပးပါရေစ။
၁။တစ္ဖက္သားကို တတ္ႏိုင္သေလာက္ အေကာင္းျမင္ေပးပါ။
တျခားသူလည္း မဟုတ္ပါဘူး။ ကိုယ္သိပ္ခ်စ္ပါတယ္ဆုိတဲ့ ကိုယ့္ခ်စ္သူအေပၚ မ်က္စိေဒါက္ေထာက္ၾကည့္ၿပီး အျပစ္တင္တာမ်ိဳးေတြ လုပ္တတ္တယ္ဆုိရင္ အဲ့ဒီအက်င့္ေလးကိုျပင္လိုက္ပါ။ ႏွစ္ဦးသားဆက္ဆံေရး ပိုမုိေကာင္းမြန္လာေအာင္ ငါတုိ႔ ဘယ္အခ်ိန္တုန္းက ဘယ္လိုေလးခ်စ္ခဲ့ၾကတာ၊ အရင္က ဘယ္လိုေပ်ာ္ဖုိ႔ေကာင္းခဲ့တာ စသျဖင့္ ကိုယ့္ရဲ႕ဆက္ဆံေရးကို ျမွင့္တင္ႏိုင္မယ့္ စကားမ်ိဳးေလးေတြ ေျပာေပးပါ။
၂။အရင္ကျပ ႆနာေတြကို ျပန္ေျပာၿပီး အျပစ္မရွာမိပါေစနဲ႔။
ႏွစ္ဦးသား ရန္နည္းနည္း မျဖစ္လိုက္နဲ႔။ ျဖစ္ၿပီဆိုတာနဲ႔ အရင္တုန္းက ျပႆ နာေဟာင္းေတြကို ပံုႀကီးခ်ဲ႕ၿပီး ျပန္ေျပာတာမ်ိဳး၊ ဘယ္တုန္းကေတာ့ ဘယ္လိုစသျဖင့္ စိတ္ထဲမွာေတးထားတာမ်ိဳးေတြ ေရွာင္ပါ။
၃။ေျပာေနက်စကားလံုးထဲမွာ အႏၱရာယ္အရွိဆံုးျဖစ္တဲ့ "ဒါေပမယ့္" ဆိုတာကို ေရွာင္ေျပာပါ။
သူက တစ္ခုခုေျပာေနတယ္။ ကိုယ့္ကို ရွင္းျပေနတာမ်ိဳးလည္း ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။ ဒါကို ကိုယ္က အဲ့ဒါကေတာ့ ဟုတ္ပါၿပီ ဒါေပမယ့္ ဟိုဟာကက်ေတာ့ေရာ စတဲ့ တစ္ဖက္လူေျပာတာကို အဆံုးထိေတာင္ နားေထာင္မေပးပဲ အျပစ္တင္တာမ်ိဳး မလုပ္မိပါေစနဲ႔။
၄။ေဒါသထြက္တဲ့အခါ သူနဲ႔ စကားမေျပာျဖစ္ေအာင္ ႀကိဳးစားလိုက္ပါ။
ေဒါသအေလ်ာက္ေျပာလုိက္တဲ့စကားဟာ တစ္ဖက္လူကို နာက်င္ေစပါတယ္။ အားလံုးၿပီးသြားမွ ေတာင္းပန္ပါတယ္လို႔ ေျပာရင္လည္း တစ္ဖက္လူရဲ႕ စိတ္ထဲမွာ ကိုယ္ေဒါသအေလ်ာက္ေျပာလိုက္ၿပီးၿပီျဖစ္တဲ့ စကားလံုးေတြကို ခံစားေနရဦးမွာပါပဲ။ ဒါ့ေၾကာင့္ ေဒါသထြက္လာၿပီဆိုရင္ တစ္ဖက္လူနဲ႔ စကားမေျပာျဖစ္ေအာင္ေရွာင္လိုက္ပါ။ အဲ့ဒီလိုမဟုတ္ပဲ သူက ေဒါသထြက္ေနၿပီဆုိရင္လည္း အေၾကာင္းတစ္ခုခုျပၿပီး ေရွာင္ထြက္သြားလိုက္ပါ။ "ခဏေလး ကိုယ္ေရေသာက္မွ ျဖစ္ေတာ့မယ္" ဆုိတာမ်ိဳး၊ "ကိုယ္ အိမ္သာသြားၿပီး ျပန္လာမွ ဆက္ေျပာမယ္ "ဆိုတာမ်ိဳးနဲ႔ ေရွာင္ထြက္လိုက္ပါ။
၅။တတ္ႏိုင္သေလာက္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနပါ။
ကိုယ့္ခ်စ္သူနဲ ႔ႏွစ္ဦးတည္းရွိေနခ်ိန္ သီခ်င္းအတူတူေအာ္ဆုိၿပီး ရယ္ေမာပစ္လိုက္တာမ်ိဳး၊ ပန္းကန္အတူတူေဆးရင္ ကခုန္တာမ်ိဳး၊ သြားေနက် မဟုတ္တဲ့ ပန္းၿခံတစ္ခုခုသြားၿပီး ႏွစ္ဦးသား ၾကည္ၾကည္ႏူးႏူး စကားေျပာတာမ်ိဳးေတြ ျပဳလုပ္ေပးပါ။ လုပ္ေနက်အရာေတြခ်ည္း ထပ္တလဲလဲ လုပ္ေနတာမ်ိဳးေတြကေန ရုန္းထြက္ႏိုင္ပါေစ။
Credit:loveshop
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ချစ်သူရည်းစားတွေဖြစ်လာရင်တော့ စိတ်ကောက်တာ၊ စကားများတာ၊ သဝန်တိုတာမျိုးတွေ အမြဲကြုံနေရမှာပါ။ပြဿနာတက်တဲ့အခါ အဲ့ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းလိုက်နိုင်တယ်ဆိုရင်တော့ ဒါဟာကောင်းတဲ့အချက်ပေါ့။
အဲ့ဒီလိုမဟုတ်ပဲ နှစ်ဦးကြား နာကျင်စရာတွေသာ များပြီးရင်းများလာတာမျိုး၊ ရှေ့ဆက်ဖို့တောင် ဖြစ်နိုင်ပါတော့မလားဆိုပြီး တွေးတောလာရပြီဆိုရင်တော့ ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့ဆက်ဆံရေးအခြေအနေကို ပြန်သုံးသပ်ဖို့ လိုလာပါပြီ။
ဘယ်နေရာမှာ ဘယ်လိုလေး နေလိုက်မယ်၊ ကိုယ့်အကျင့်ကို ဘယ်လိုပြင်လိုက်မယ်၊ နှစ်ဦးသားဆက်ဆံရေးပိုမိုကောင်းမွန်လာအောင် ဘယ်လိုအချက်လေးတွေ ကျင့်သုံးမယ်ဆိုပြီး တွေးတောလိုက်ပြီဆိုရင်တော့ သင့်ဆက်ဆံရေး ကောင်းမွန်လာအောင် ခုလိုအကြံပေးပါရစေ။
၁။တစ်ဖက်သားကို တတ်နိုင်သလောက် အကောင်းမြင်ပေးပါ။
တခြားသူလည်း မဟုတ်ပါဘူး။ ကိုယ်သိပ်ချစ်ပါတယ်ဆိုတဲ့ ကိုယ့်ချစ်သူအပေါ် မျက်စိဒေါက်ထောက်ကြည့်ပြီး အပြစ်တင်တာမျိုးတွေ လုပ်တတ်တယ်ဆိုရင် အဲ့ဒီအကျင့်လေးကိုပြင်လိုက်ပါ။ နှစ်ဦးသားဆက်ဆံရေး ပိုမိုကောင်းမွန်လာအောင် ငါတို့ ဘယ်အချိန်တုန်းက ဘယ်လိုလေးချစ်ခဲ့ကြတာ၊ အရင်က ဘယ်လိုပျော်ဖို့ကောင်းခဲ့တာ စသဖြင့် ကိုယ့်ရဲ့ဆက်ဆံရေးကို မြှင့်တင်နိုင်မယ့် စကားမျိုးလေးတွေ ပြောပေးပါ။
၂။အရင်ကပြ ဿနာတွေကို ပြန်ပြောပြီး အပြစ်မရှာမိပါစေနဲ့။
နှစ်ဦးသား ရန်နည်းနည်း မဖြစ်လိုက်နဲ့။ ဖြစ်ပြီဆိုတာနဲ့ အရင်တုန်းက ပြဿ နာဟောင်းတွေကို ပုံကြီးချဲ့ပြီး ပြန်ပြောတာမျိုး၊ ဘယ်တုန်းကတော့ ဘယ်လိုစသဖြင့် စိတ်ထဲမှာတေးထားတာမျိုးတွေ ရှောင်ပါ။
၃။ပြောနေကျစကားလုံးထဲမှာ အန္တရာယ်အရှိဆုံးဖြစ်တဲ့ "ဒါပေမယ့်" ဆိုတာကို ရှောင်ပြောပါ။
သူက တစ်ခုခုပြောနေတယ်။ ကိုယ့်ကို ရှင်းပြနေတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါကို ကိုယ်က အဲ့ဒါကတော့ ဟုတ်ပါပြီ ဒါပေမယ့် ဟိုဟာကကျတော့ရော စတဲ့ တစ်ဖက်လူပြောတာကို အဆုံးထိတောင် နားထောင်မပေးပဲ အပြစ်တင်တာမျိုး မလုပ်မိပါစေနဲ့။
၄။ဒေါသထွက်တဲ့အခါ သူနဲ့ စကားမပြောဖြစ်အောင် ကြိုးစားလိုက်ပါ။
ဒေါသအလျောက်ပြောလိုက်တဲ့စကားဟာ တစ်ဖက်လူကို နာကျင်စေပါတယ်။ အားလုံးပြီးသွားမှ တောင်းပန်ပါတယ်လို့ ပြောရင်လည်း တစ်ဖက်လူရဲ့ စိတ်ထဲမှာ ကိုယ်ဒေါသအလျောက်ပြောလိုက်ပြီးပြီဖြစ်တဲ့ စကားလုံးတွေကို ခံစားနေရဦးမှာပါပဲ။ ဒါ့ကြောင့် ဒေါသထွက်လာပြီဆိုရင် တစ်ဖက်လူနဲ့ စကားမပြောဖြစ်အောင်ရှောင်လိုက်ပါ။ အဲ့ဒီလိုမဟုတ်ပဲ သူက ဒေါသထွက်နေပြီဆိုရင်လည်း အကြောင်းတစ်ခုခုပြပြီး ရှောင်ထွက်သွားလိုက်ပါ။ "ခဏလေး ကိုယ်ရေသောက်မှ ဖြစ်တော့မယ်" ဆိုတာမျိုး၊ "ကိုယ် အိမ်သာသွားပြီး ပြန်လာမှ ဆက်ပြောမယ် "ဆိုတာမျိုးနဲ့ ရှောင်ထွက်လိုက်ပါ။
၅။တတ်နိုင်သလောက် ပျော်ပျော်ရွှင်ရွှင်နေပါ။
ကိုယ့်ချစ်သူနဲ့နှစ်ဦးတည်းရှိနေချိန် သီချင်းအတူတူအော်ဆိုပြီး ရယ်မောပစ်လိုက်တာမျိုး၊ ပန်းကန်အတူတူဆေးရင် ကခုန်တာမျိုး၊ သွားနေကျ မဟုတ်တဲ့ ပန်းခြံတစ်ခုခုသွားပြီး နှစ်ဦးသား ကြည်ကြည်နူးနူး စကားပြောတာမျိုးတွေ ပြုလုပ်ပေးပါ။ လုပ်နေကျအရာတွေချည်း ထပ်တလဲလဲ လုပ်နေတာမျိုးတွေကနေ ရုန်းထွက်နိုင်ပါစေ။
Credit:loveshop
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...